ဟန်စရောင် ရေးသားသည် အီစတာဆိုသည်မှာ အဘယ်နည်း။ အီစတာ၏ အရင်းအမြစ် အီစတာ သို့မဟုတ် ရှင်ပြန်ထမြောက်ခြင်း တနင်္ဂနွေနေ့ ဟု လည်းခေါ်ဝေါ်ကြသည့်နေ့သည် သခင်ယေရှုက ကားတိုင်တော်ပေါ်တွင် အသေခံခဲ့ပြီး ၃ ရက်မြောက်တွင် ဖြစ်ပေါ်သည့် ကိုယ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို အောင်ပွဲခံကျင်းပသည့် အခါကြီးရက်ကြီး တစ်ရက် ဖြစ်ပါသည်။ ၎င်းသည် နှစ်စဉ်နှစ်တိုင်း နွေဦး နေ့တာနှင့် ညတာ ညီမျှသော ကာလပြီး ပထမဆုံး လပြည့်နေ့နောက်ပိုင်းမှ ပထမဆုံး တနင်္ဂနွေနေ့တွင် အတိအကျပင် ကျရောက်ပါသည်။ သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းကို အထိမ်းအမှတ်အဖြစ် ကျင်းပရန် နှင့် လူသားမျိုးနွယ်အတွက် ယေရှု ယူဆောင်လာသည့် ကယ်တင်ခြင်းနှင့် မျှော်လင့်ခြင်းတို့ကို နားလည်သဘောပေါက်ရန်၊ နှစ်စဉ် မတ်လ မှ ဧပြီလအထိ တကမ္ဘာလုံးမှ ခရစ်ယာန်များသည် အီစတာနေ့ရက်တွင် ပွဲတော်များကျင်းပကြသည်။ ထို့ကြောင့် ကျွန်မတို့ခရစ်ယာန်များသည် သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းကို အထိမ်းအမှတ်ကျင်းပရင်းဖြင့် ကိုယ်တော်၏ ရွေးနှုတ်သောအမှုတော် ပြီးဆုံးခဲ့ပြီဖြစ်သော်လည်း သေခြင်းမှ ပြန်လာပြီး လူသားများထံ အဘယ့်ကြောင့် ပေါ်ပေါက်လာရသည့် အကြောင်းအရင်းကို ကျွန်ုပ်တို့ သိပါသလား။ ပြီးနောက်တွင် ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းနှင့် လူသားမျိုးနွယ်ကို ကိုယ်တော်၏ပေါ်ထွန်းခြင်းတို့ နောက်ကွယ်မှ အဓိပ္ပါယ်မှာ အဘယ်နည်း။ သခင်ယေရှု၏ ရွေးနှုတ်ခြင်း အဓိပ္ပါယ် နှင့် လူသားများထံသို့ ကိုယ်တော်၏ ပေါ်ထွန်းခြင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များက “ သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်မှာ သခင်ယေရှုလုပ်ဆောင်ခဲ့တဲ့ ပထမဆုံးအရာက လူတိုင်းက သူ့ကိုမြင်ဖို့၊ သူတည်ရှိတယ်ဆိုတာကို အတည်ပြုဖို့နဲ့ သူ့ရဲ့ ရှင်ပြန်ထမြောက်ခြင်းကို အတည်ပြုဖို့ ဖြစ်ပါတယ်။ ထပ်ပြောရရင် ဒီအချက်က လူ့ဇာတိနဲ့ သူအလုပ်လုပ်နေတဲ့အချိန်မှာ သူတို့နဲ့ ရှိခဲ့တဲ့ ဆက်ဆံရေးအတိုင်း လူတွေနဲ့ သူ့ဆက်ဆံရေးကို ပြန်လည်ရရှိစေခဲ့ပြီး သူဟာ သူတို့မြင်နိုင်ပြီး ထိတွေ့နိုင်တဲ့ ခရစ်တော်ဖြစ်တယ်။ ဒီနည်းလမ်းနဲ့ ရလဒ်တစ်ခုက သခင်ယေရှုဟာ လက်ဝါးကပ်တိုင်မှာ သံနဲ့ရိုက်ခံရပြီးနောက်မှာ သေခြင်းကနေ ရှင်ပြန်ထမြောက်လာတာကို လူတွေ သံသယမရှိတော့ဘူး။ လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့ သခင်ယေရှုရဲ့ လုပ်ဆောင်မှုမှာ သံသယမရှိတော့ဘူး။ နောက်ရလဒ် တစ်ခုက သခင်ယေရှုရဲ့ ရှင်ပြန်ထမြောက်ခြင်း ပြီးနောက်မှာ လူတွေဆီကို သခင်ယေရှု ပေါ်ထွန်းခြင်းနဲ့ လူတွေကို သူ့ကို မြင်ခွင့် ထိခွင့်ပေးခြင်းက ကျေးဇူးတော်ခေတ်မှာ လူသားမျိုးနွယ်ကို ခိုင်ခိုင်မာမာနဲ့ ထိန်းသိမ်းနိုင်စေခဲ့တယ်။ ဒီအချိန်ကနေစပြီးတော့ လူတွေဟာ အရင်ခေတ်ဖြစ်တဲ့ ပညတ်တော်ခေတ်ကို ပြန်မသွားနိုင်တော့ဘူး။ သခင်ယေရှုရဲ့ ‘ပျောက်ကွယ်ခြင်း’ သို့မဟုတ် ‘စွန့်ပစ်ခြင်း’ ကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ သခင်ယေရှုရဲ့ ဆုံးမစကားတွေနဲ့ သူလုပ်ဆောင်ခဲ့အလုပ်တွေကို လိုက်လျှောက်ရင်း ရှေ့ဆက်ပါလိမ့်မယ်။ ဒါကြောင့် ကျေးဇူးတော်ခေတ်မှာ အဆင့်အသစ်တစ်ခုဟာ စနစ်တကျ ပေါ်ထွက်လာတယ်။ ပညတ်တော်အောက်မှာရှိနေတဲ့ လူတွေဟာ အဲဒီအချိန်ကနေစပြီး စနစ်တကျ ထွက်ပေါ်လာခဲ့ပြီး အသစ်စတင်ခြင်းနဲ့အတူ ခေတ်သစ်တစ်ခုဆီကို ဝင်ရောက်ခဲ့ပါတယ်။ ဒါတွေက ရှင်ပြန်ထမြောက်အပြီးမှာ လူသားမျိုးနွယ်ဆီကို သခင်ယေရှု ပေါ်ထွန်းခြင်းရဲ့ အမျိုးမျိုးသော အဓိပ္ပာယ်တွေဖြစ်ပါတယ်။” (“ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် ၃” ) “ သခင်ယေရှု သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက်မှာ လိုအပ်တယ်လို့ သူထင်တဲ့ လူတွေဆီမှာ သူကိုယ်ထင်ပြခဲ့တယ်။ သူတို့နဲ့စကားပြောခဲ့ပြီး သူ့ရဲ့ ရည်ရွယ်ချက် တွေကို ထားခဲ့ရင်း၊ လူတွေအပေါ် သူ့ရဲ့မျှော်မှန်းချက်တွေကို ထားခဲ့ရင်း သူတို့အတွက် သတ်မှတ်ချက်တွေကို ပြဋ္ဌာန်းခဲ့တယ်။ ဆိုလိုတာကတော့ လူ့ဇာတိခံယူတဲ့ ဘုရားသခင်အနေနဲ့ လူ့ဇာတိခံယူထားတဲ့ အချိန်အတွင်းမှာ ဖြစ်စေ၊ လက်ဝါးကပ်တိုင်မှာ သံနဲ့အရိုက်ခံရပြီး သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက်မှာဖြစ်စေ၊ လူသားမျိုးနွယ်နဲ့ လူတွေအပေါ်ထားရှိတဲ့ သတ်မှတ်ချက်တွေအတွက် သူ့ရဲ့ အလေးထားမှုက မပြောင်းလဲပါဘူး။ သူဟာ လက်ဝါးကပ်တိုင်ပေါ် မရောက်ခင်မှာ ဒီတပည့်တော်တွေအတွက် စိုးရိမ်ခဲ့တယ်။ သူ့နှလုံးသားထဲမှာ လူတစ်ယောက်ချင်းစီတိုင်းရဲ့ အခြေအနေက ရှင်းလင်းနေပါတယ်။ လူတိုင်းရဲ့ ချို့ယွင်းချက်တွေကို သူနားလည်တယ်။ သူသေပြီး ရှင်ပြန်ထမြောက်ပြီးနောက် ဝိညာဉ်ခန္ဓာဖြစ်သွားတော့လည်း လူ့ဇာတိမှာရှိတုန်းကလိုပဲ လူတိုင်း အပေါ် သူ့ရဲ့ နားလည်မှုက အတူတူပါပဲ။ လူတွေက သူ့ရဲ့ ဝိသေသ လက္ခဏာကို ခရစ်တော်အနေနဲ့ လုံးဝ သေချာခြင်းမရှိဘူးဆိုတာကို သူသိခဲ့တယ်။ ဒါပေမဲ့ လူ့ဇာတိမှာရှိနေချိန်တုန်းက လူတွေအပေါ် သူတင်းကြပ်စွာ တောင်းဆိုမှုတွေ မပြုလုပ်ခဲ့ဘူး။ ဒါပေမဲ့ သူဟာ ရှင်ပြန်ထမြောက်ပြီးနောက်မှာ သူတို့ရှေ့မှာ ကိုယ်ထင်ပြခဲ့ပြီး သခင်ယေရှုဟာ ဘုရားသခင်ဆီကနေလာတယ်ဆိုတာ၊ သူဟာ လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်ဆိုတာကို သူတို့ကို လုံးဝ သေချာအောင်ပြုလုပ်ခဲ့ပြီး သူ့ရဲ့ ကိုယ်ထင်ပြခြင်းနဲ့ ရှင်ပြန်ထမြောက် ခြင်းကို လူသားမျိုးနွယ်ရဲ့ တစ်သက်တာ ကြိုးစားအားထုတ်မှုအတွက် အကြီးမားဆုံးမျှော်လင့်ချက်နဲ့ တွန်းအားအဖြစ် အသုံးပြုခဲ့တယ်။ သူ့ရဲ့ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းက သူ့နောက်လိုက်သူတွေ အားလုံးကို ခိုင်ခံ့စေခဲ့ရုံမကဘဲ ကျေးဇူးတော်ခေတ်ရဲ့ သူ့ရဲ့လုပ်ဆောင်မှုကို လူသားမျိုးနွယ်ကြားထဲမှာ သေသေချာချာ အကျိုးသက်ရောက်မှု ရှိစေခဲ့တာကြောင့် ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုရဲ့ ကယ်တင်ခြင်းရဲ့ ဧဝံဂေလိတရားတော်ဟာ လူသားမျိုးနွယ်ရဲ့ နေရာအနှံ့ကို တဖြည်းဖြည်းချင်း ပျံ့နှံ့သွားခဲ့တယ်။ သခင်ယေရှုရဲ့ ရှင်ပြန်ထမြောက်ခြင်းပြီးနောက်မှာ သူ့ရဲ့ ကိုယ်ထင်ပြခြင်းက အဓိပ္ပာယ်တစ်ခုခုရှိတယ်လို့ သင်ဆိုမလား။ … သူ့ရဲ့ ကိုယ်ထင်ပြမှုဟာ ခေတ်တစ်ခုကို ဖြစ်ပေါ်စေတာ၊ ခေတ်တစ်ခုကို တည်ဆောက်တာဟာ ဘုရားသခင်ဖြစ်တယ်ဆိုတာကို စွမ်းအားကြီး စွာ သက်သေပြရင်းနဲ့ ဘုရားသခင်ရဲ့ ပူပန်မှုနဲ့ ဂရုစိုက်မှုကို လူတွေ နောက်ထပ် တွေ့ကြုံခံစားရစေပါတယ်။ နောက်ပြီး ခေတ်တစ်ခုကို အဆုံးသတ်တဲ့သူဟာ သူပါပဲ။ သူ့ရဲ့ ကိုယ်ထင်ပြခြင်းကနေတစ်ဆင့် လူတွေအားလုံးရဲ့ ယုံကြည်ခြင်းကို ပိုမိုခိုင်မာစေခဲ့ပြီး သူ့ရဲ့ ကိုယ်ထင်ပြခြင်းကနေတစ်ဆင့် သူဟာ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်တယ်ဆိုတာကို သက်သေပြခဲ့တယ်။ ဒီအချက်က သူ့နောက်လိုက်တွေကို ထာဝရ အတည်ပြုချက်ကို ပေးခဲ့တယ်။ သူ့ရဲ့ကိုယ်ထင်ပြခြင်းကနေ တစ်ဆင့် ခေတ်သစ်မှာ သူ့အလုပ်ရဲ့ အဆင့်တစ်ခုကိုလည်း စတင်ခဲ့တယ်။” (“ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် ၃” ) ဟု မိန့်တော်မူထားသည်။ သခင်ယေရှုသည် သေခြင်းမှ ပြန်လာပြီးနောက် ကိုယ်တော်၏ တပည့်တော်များထံသို့ အကြိမ်ပေါင်းများစွာ ပေါ်ပေါက်ခဲ့ခြင်း နှင့် ဘုရားသခင်၏ အပတ်တကုတ် ဂရုစိုက်စောင့်ရှောက်မှုများ ၏ နက်နဲသိမ်မွေ့သော အဓိပ္ပါယ်တစ်ခု ရှိကြောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်မတို့ တွေ့မြင်နိုင်ပါသည်။ ထိုအချိန်က ကိုယ်တော့်ကို လိုက်လျှောက်ခဲ့သူများသည် ကိုယ်တော်၏ သွန်သင်ခြင်းများကို နားထောင်ခဲ့ပြီး၊ သခင်ပြုတော်မူခဲ့သည့် အံ့ဖွယ်အမှုများစွာကို တွေ့မြင်ခဲ့သည့်အပြင်၊ သူတို့က သခင်ယေရှုသည် သူတို့၏ သခင်ဖြစ်ကြောင်း၊ ကိုယ်တော်က ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း ဆိုခဲ့ကြသော်လည်း၊ သူတို့က ယေရှုသည် ခရစ်တော် ဖြစ်ကြောင်း နှင့် ကိုယ်တော်သည် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ကြောင်းတို့ကိုမူ စစ်မှန်သည့် နားလည်သဘောပေါက်ခြင်း မရှိခဲ့ကြကြောင်းကို ယေရှုက သိတော်မူခဲ့သည်။ သခင်ယေရှုသည် ရောမလူမျိုး အာဏာပိုင်များ၏ ဖမ်းဆီးခံရပြီး၊ စစ်သားများ ကျာပွတ်ဖြင့်ပြင်းထန်စွာ ရိုက်ခံရပြီး၊ ပြောင်လှောင်သရော်ခြင်းကို ခံရသည့်အချိန်တွင် ကိုယ်တော့် နောက်လိုက်သူအများစုသည် ကိုယ်တော်၏ ကိုယ်ပိုင် အမှတ်အသားနှင့် ပတ်သက်ပြီး သံသယများစွာ စရှိလာ သည့်အပြင်၊ သခင့်ကို သူတို့၏ ယုံကြည်မှုသည် တိုး၍ အားနည်းပြီးရင်း အားနည်းလာခဲ့သည်။ အထူးသဖြင့် သခင်ယေရှုသည် ကားတိုင်ပေါ်တွင် သံမှိုစွဲခံရပြီးနောက် သေဆုံးခဲ့သည့်အချိန်တွင် လူအများစုက ကိုယ်တော့်ကို လုံးလုံးလျားလျား စိတ်ပျက်ခဲ့ကြ သည့်အပြင်၊ သံသယအနေဖြင့် စတင်ခဲ့သည့်အရာသည် သခင်ယေရှုကို ငြင်းပယ်ခြင်း ဖြစ်လာခဲ့သည်။ ဤသို့သော အခြေအနေတစ်ခုကို ဆန့်ကျင်ပြီး သခင်ယေရှုသည် ကိုယ်တော်ရှင်ပြန်ထမြောက်ပြီးနောက် လူသားများထံသို့ မပေါ်ထွန်းခဲ့ပါက၊ ကိုယ်တော့်နောက်လိုက်သူ များစွာတို့သည် သခင်ယေရှုကို ယုံကြည်ကြတော့မည် မဟုတ်သည့်အပြင်၊ သူတို့သည် ပညတ်တော်ခေတ်ကို ပြန်သွားကာ၊ ဓမ္မဟောင်းကျမ်း တရားတော်ကို ဆက်လက်ကျင့်သုံးကြမည်သာ ဖြစ်သည်။ ဘုရားသခင်သည် လူသားများ၏ အတွင်းအကျဆုံး နှလုံးသားများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး၊ သူတို့၏ အားနည်းချက်များကို နားလည်သဘောပေါက်တော်မူသော်လည်း၊ ထို့အပြင် ကိုယ်တော်က လူများသည် ဝိညာဉ်အသက်တာ နုနယ်ကြောင်းကို သိရှိတော်မူခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သခင်ယေရှုသည် သေခြင်းမှ ပြန်ကြွလာခဲ့ပြီး၊ ကိုယ်တော်၏ တပည့်တော်များထံသို့ အကြိမ်ပေါင်းများစွာ ပေါ်ထွန်းခဲ့ပြီး ဖြစ်သည်၊ ကိုယ်တော်သည် သူ့တပည့်တော်များကို စကားပြောဆိုတော်မူပြီး၊ ရှင်ပြန်ထမြောက်ခြင်း အပြီး ကိုယ်တော်၏ ဝိညာဉ်ခန္ဓာကို သူတို့ကို ပြတော်မူခဲ့ကာ၊ သူတို့နှင့် အတူ စားသောက်သည့်အပြင်၊ သူတို့ကို နှုတ်ကပတ်တော်ကျမ်းပိုဒ်များအား အသေးစိတ် ရှင်းပြတော်မူခဲ့ ပါသည်။ ဤအရာများအားလုံးကို ပြုတော်မူရခြင်းတွင် ကိုယ်တော်၏ ရည်ရွယ်ချက်မှာ သခင်ယေရှုသည် သေခြင်းမှ အမှန်တကယ် ပြန်လာတော်မူခဲ့ကြောင်း၊ ကိုယ်တော်သည် လူသားကို ချစ်တော်မူခဲ့သော၊ လူသားကို သနားကရုဏာတော် ထားတော်မူ ခဲ့သော ယေရှုသာ ဖြစ်မြဲ ဖြစ်ကြောင်း၊ သခင်ယေရှုသည် လူ့ဇာတိခံယူထားသည့် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ကြောင်း နှင့် ကိုယ်တော်သည် လူသားမျိုးနွယ်ကို ရွေးနှုတ်တော်မူရန် ကြွလာမည်ဟု သမ္မာကျမ်းစာတွင် ပရောဖက်ပြုထားသည့် မေရှိယဖြစ်ကြောင်းတို့ကို ကိုယ်တော်ကို လိုက်လျှောက်သူများအား သူတို့၏ နှလုံးသား ၏ နက်ရှိုင်းသော နေရာမှ သေချာစေရန် ဖြစ်ပါသည်။ သူတို့က သခင်ယေရှုကို သံသယမရှိတော့သကဲ့သို့၊ ငြင်းပယ်ခြင်းလည်း မရှိတော့သော်လည်း၊ ထိုအစား သူတို့သည် ကိုယ်တော့်ကို စိတ်ရင်းအတိုင်း ယုံကြည်ပြီး၊ သခင်ယေရှုကို သူတို့၏ သခင်အဖြစ် လက်ခံခဲ့ကြသည်။ လူသားများထံသို့ ရှင်ပြန်ထမြောက်ခြင်းနှင့် ပေါ်ထွန်းခြင်းအားဖြင့် ယေရှုသည် သခင့်ကို ယုံကြည်ရန် နှင့် လိုက်လျှောက်ရန် လူများ၏ ယုံကြည်မှုကို အားဖြည့်ပေးခြင်း ဖြစ်ကြောင်းကို ဤအချက်မှ ကျွန်မတို့ တွေ့မြင်နိုင်ပါသည်။ ဤသည်မှာ ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ အဓိပ္ပါယ်၏ ရှုထောင့်တစ်ခုဖြစ်ပါသည်။ ဤအချက်မှလွဲပြီး သခင်ယေရှုသည် ပေါ်ထွန်းလာပြီး၊ ဇာတိပကတိအားဖြင့် အမှုပြုခဲ့ကာ၊ ပညတ်တော်ခေတ်ကို လုံးလုံး လျားလျား အဆုံးသတ်စေခဲ့သည့်အပြင်၊ ကိုယ်တော်သည် ကျေးဇူးတော်ခေတ်ကို စတင်တော်မူခဲ့သည်။ ကိုယ်တော်သည် ရှင်ပြန်ထမြောက်ပြီးနောက်၊ လူ့ဇာတိခံယူထားသည့် သခင်ယေရှုသည့် ကားတိုင်တင်ခံရသော်လည်း၊ ကိုယ်တော်သည် အပြစ်နှင့် သေခြင်းတရားတို့ကို အောင်မြင် တော်မူခဲ့ပြီးဖြစ်ကြောင်း၊ ကိုယ်တော်သည် စာတန်ကို အနိုင်ယူခဲ့ပြီး ဖြစ်ကြောင်းနှင့် ကိုယ်တော်၏ ရွေးနှုတ်ခြင်း အမှုတော်ကို စုံလင်စေခဲ့ကာ၊ ဘုန်းတော်ကို ရရှိခဲ့ပြီဖြစ်ကြောင်း ဆိုသည့်အချက်ကို ယေရှုက လူများအား ပို၍ ရှင်းလင်းစွာပင် မြင်တွေ့စေတော်မူခဲ့သည်။ သခင်ယေရှုက ခေတ်အသစ်ကို စတင်တော်မူခဲ့ပြီး၊ လူသားမျိုးနွယ်ကို ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်မှ လုံးလုံးလျားလျား ခေါ်ထုတ်တော်မူခဲ့သည့်အပြင်၊ ကျေးဇူးတော်ခေတ်ကို ခိုင်မာစွာ တည်ထောင်ခဲ့သောကြောင့် ကိုယ်တော်သည် သူတို့အား ကျေးဇူးတော်ခေတ်၌ ဘုရားသခင်၏ လမ်းပြခြင်း၊ သိုးထိန်းခြင်းနှင့် ရေလောင်းခြင်းတို့ကို ခံယူဖြစ်စေခဲ့ပါသည်။ ဤနည်းအားဖြင့် သခင်ယေရှုက ရှင်ပြန်ထမြောက်ပြီး၊ ကောင်းကင်ဘုံသို့ ကြွတော်မူသည့်တိုင်၊ ကိုယ်တော်သည် လူများနှင့် စားသောက်ခြင်း၊ နေခြင်း သို့မဟုတ် လူသားများအတိုင်း ပြုမူခြင်း မရှိတော့သည့်တိုင်၊ လူများသည် ယေရှု၏နာမတော်ဖြင့် ဆုတောင်းနိုင်ဆဲ နှင့် ခေါ်ဆိုနိုင်ဆဲဖြစ်သည့်အပြင်၊ ကိုယ်တော်၏ သွန်သင်ချက်များကို ထိန်းသိမ်းကျင့်ကြံကာ၊ သခင်ယေရှုကို မဖြိုဖျက်နိုင်သည့် ယုံကြည်မှုဖြင့် လိုက်လျှောက်ပြီး၊ သခင့်ဧဝံဂေလိတရားတော်ကို ဖြန့်ဝေနိုင်ဆဲဖြစ်ပါသည်။ အထူးသဖြင့် သခင်ယေရှု ရှင်ပြန်ထမြောက်ပြီး၊ ကိုယ်တော့်နောက် လိုက်လျှောက်ခဲ့သည့် တပည့်တော်များထံတွင် ပေါ်ထွန်းပြီးနောက်တွင်၊ သူတို့ ယုံကြည်မှုသည် များစွာ ကြီးထွားလာခဲ့သည့်အပြင်၊ သခင့်ဧဝံဂေလိတရားတော်ကို ဖြန့်ဝေခြင်း သို့မဟုတ် ၎င်းအတွက် သက်သေခံခြင်းတို့ဖြစ်လာပါက၊ သူတို့သည် မည်သည့် ဆင်းရဲဒုက္ခ သို့မဟုတ် အန္တရာယ်ကိုမျှ မကြောက်ပဲ၊ သူတို့၏ ဇွဲလုံ့လတွင် အနိုင်မခံအရှုံးမပေးသောသူများ ဖြစ်လာကာ၊ ဧဝံဂေလိတရားတော်ကို ဖြန့်ဝေခြင်းတွင် သူတို့၏ အရာအားလုံးကို ဆက်ကပ်အပ်နှံကြသည်မှာ သခင့်အတွက် သူတို့ကိုယ်သူတို့ပင် မာတုရအဖြစ်ခံခဲ့ကြပါသည်။ အဆုံးသတ်တွင် ယေရှု၏ ဧဝံဂေလိတရားတော်သည် စကြာဝဠာတစ်ခုလုံးနှင့် တစ်ကမ္ဘာလုံးအနှံ့ ချဲ့ထွင်ခဲ့ကာ၊ သခင်ယေရှု၏ နောက်လိုက်များ၏ အရေအတွက်သည် အဆက်မပြတ် တိုးပွားလာသည်မှာ အိမ်ထောင်တိုင်းမှ လူတိုင်းသည် ကိုယ်တော်၏ ဧဝံဂေလိတရားတော်ကို ကြားဖူးပြီး၊ ၎င်းကို အားလုံး သိရှိသည့်အချိန်အထိပင် ဖြစ်ပါတော့သည်။ ဤအချက်မှလွဲပြီး သခင်ယေရှုသည် ပေါ်ထွန်းလာပြီး၊ ဇာတိပကတိအားဖြင့် အမှုပြုခဲ့ကာ၊ ပညတ်တော်ခေတ်ကို လုံးလုံးလျားလျား အဆုံးသတ်စေခဲ့သည့်အပြင်၊ ကိုယ်တော်သည် ကျေးဇူးတော်ခေတ်ကို စတင်တော်မူခဲ့သည်။ ကိုယ်တော်သည် ရှင်ပြန်ထမြောက်ပြီးနောက်၊ လူ့ဇာတိခံယူထားသည့် သခင်ယေရှုသည့် ကားတိုင်တင်ခံရသော်လည်း၊ ကိုယ်တော်သည် အပြစ်နှင့် သေခြင်းတရားတို့ကို အောင်မြင် တော်မူခဲ့ပြီးဖြစ်ကြောင်း၊ ကိုယ်တော်သည် စာတန်ကို အနိုင်ယူခဲ့ပြီး ဖြစ်ကြောင်းနှင့် ကိုယ်တော်၏ ရွေးနှုတ်ခြင်း အမှုတော်ကို စုံလင်စေခဲ့ကာ၊ ဘုန်းတော်ကို ရရှိခဲ့ပြီဖြစ်ကြောင်း ဆိုသည့်အချက်ကို ယေရှုက လူများအား ပို၍ ရှင်းလင်းစွာပင် မြင်တွေ့စေတော်မူခဲ့သည်။ သခင်ယေရှုက ခေတ်အသစ်ကို စတင်တော်မူခဲ့ပြီး၊ လူသားမျိုးနွယ်ကို ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်မှ လုံးလုံးလျားလျား ခေါ်ထုတ်တော်မူခဲ့သည့်အပြင်၊ ကျေးဇူးတော်ခေတ်ကို ခိုင်မာစွာ တည်ထောင်ခဲ့သောကြောင့် ကိုယ်တော်သည် သူတို့အား ကျေးဇူးတော်ခေတ်၌ ဘုရားသခင်၏ လမ်းပြခြင်း၊ သိုးထိန်းခြင်းနှင့် ရေလောင်းခြင်းတို့ကို ခံယူဖြစ်စေခဲ့ပါသည်။ ဤနည်းအားဖြင့် သခင်ယေရှုက ရှင်ပြန်ထမြောက်ပြီး၊ ကောင်းကင်ဘုံသို့ ကြွတော်မူသည့်တိုင်၊ ကိုယ်တော်သည် လူများနှင့် စားသောက်ခြင်း၊ နေခြင်း သို့မဟုတ် လူသားများအတိုင်း ပြုမူခြင်း မရှိတော့သည့်တိုင်၊ လူများသည် ယေရှု၏နာမတော်ဖြင့် ဆုတောင်းနိုင်ဆဲ နှင့် ခေါ်ဆိုနိုင်ဆဲဖြစ်သည့်အပြင်၊ ကိုယ်တော်၏ သွန်သင်ချက်များကို ထိန်းသိမ်းကျင့်ကြံကာ၊ သခင်ယေရှုကို မဖြိုဖျက်နိုင်သည့် ယုံကြည်မှုဖြင့် လိုက်လျှောက်ပြီး၊ သခင့်ဧဝံဂေလိတရားတော်ကို ဖြန့်ဝေနိုင်ဆဲဖြစ်ပါသည်။ အထူးသဖြင့် သခင်ယေရှု ရှင်ပြန်ထမြောက်ပြီး၊ ကိုယ်တော့်နောက် လိုက်လျှောက်ခဲ့သည့် တပည့်တော်များထံတွင် ပေါ်ထွန်းပြီးနောက်တွင်၊ သူတို့ ယုံကြည်မှုသည် များစွာ ကြီးထွားလာခဲ့သည့်အပြင်၊ သခင့်ဧဝံဂေလိတရားတော်ကို ဖြန့်ဝေခြင်း သို့မဟုတ် ၎င်းအတွက် သက်သေခံခြင်းတို့ဖြစ်လာပါက၊ သူတို့သည် မည်သည့် ဆင်းရဲဒုက္ခ သို့မဟုတ် အန္တရာယ်ကိုမျှ မကြောက်ပဲ၊ သူတို့၏ ဇွဲလုံ့လတွင် အနိုင်မခံအရှုံးမပေးသောသူများ ဖြစ်လာကာ၊ ဧဝံဂေလိတရားတော်ကို ဖြန့်ဝေခြင်းတွင် သူတို့၏ အရာအားလုံးကို ဆက်ကပ်အပ်နှံကြသည်မှာ သခင့်အတွက် သူတို့ကိုယ်သူတို့ပင် မာတုရအဖြစ်ခံခဲ့ကြပါသည်။ အဆုံးသတ်တွင် ယေရှု၏ ဧဝံဂေလိတရားတော်သည် စကြာဝဠာတစ်ခုလုံးနှင့် တစ်ကမ္ဘာလုံးအနှံ့ ချဲ့ထွင်ခဲ့ကာ၊ သခင်ယေရှု၏ နောက်လိုက်များ၏ အရေအတွက်သည် အဆက်မပြတ် တိုးပွားလာသည်မှာ အိမ်ထောင်တိုင်းမှ လူတိုင်းသည် ကိုယ်တော်၏ ဧဝံဂေလိတရားတော်ကို ကြားဖူးပြီး၊ ၎င်းကို လူတိုင်း သိရှိသည့်အချိန်အထိပင် ဖြစ်ပါတော့သည်။ ချစ်လှစွာသော ညီအစ်ကိုမောင်နှမများ ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ အဓိပ္ပါယ်ကို နားလည်စေသည့်အပြင်၊ ကိုယ်တော်၏ အမှုတော်တွင် တစ်ဖန် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ဂရုစိုက်ခြင်းနှင့် စိုးရိမ်မှုတို့ကို သိမှတ်နားလည်စေရန် ခွင့်ပေးခြင်းအတွက် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းတို့ကို ကျေးဇူးတော်ချီးမွမ်းကြပါစို့။ ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းပါသည်။
0 Comments
Leave a Reply. |
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|