ဂျင်းဝေ ဂျပန်
ပညတ်တော်ခေတ်တွင် ဘုရားသခင်သည် ယာဟွဲ-ယေဟောဝါ ဆိုသည့် နာမတော်ကို ယူခဲ့ပြီး၊ ကျေးဇူးတော်ခေတ်တွင် သူသည် ယေရှု နာမတော်ကို ယူခဲ့သည်၊ ထို့အပြင် ဗျာဒိတ်ကျမ်းတွင် ဘုရားသခင်သည် နောက်ထပ် နာမတော်အသစ်တစ်ခု ရရှိမည်ဟု ပရောဖက်ပြုခဲ့သည်။ ဘုရားသခင်သည် နာမတော်များကို အဘယ့်ကြောင့် ပြောင်းလဲခဲ့သနည်း။ ကျွန်မသည် သမ္မာတရား၏ ရှုထောင့်ကို နားမလည်ခဲ့သောကြောင့် သခင်ယေရှုပြန်ကြွလာခြင်းအပေါ်ကို တံခါးပိတ်မိလုနီးပါးဖြစ်ခဲ့သည်။ သို့သော်လည်း အဆုံးသတ်တွင် ရှာဖွေခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းကာလအပြီးတွင်၊ ကျွန်မသည် ဘုရားသခင်၏နာမတော်နောက်ကွယ်မှ နက်နဲမှုများကို နောက်ဆုံး၌ နားလည်သဘောပေါက်ခဲ့ပြီး၊ သခင်ယေရှုပြန်ကြွလာခြင်းကို ကြိုဆိုခဲ့ပါသည်။
0 Comments
Facebook စကားပြောဆိုခြင်း- ဖခမည်းတော်၏ အလိုတော်ကို ဆောင်ရွက်ခြင်း ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို သင်သိပါသလား Xiaowei
နံနက်စာစားပြီးနောက်တွင် Yeqi သည် သူမကွန်ပြူတာကို ဖွင့်ပြီး၊ Facebook ဝင်လိုက်သည်။ သူမသူငယ်ချင်း Lina ၏ အကောင့်ကို ကြည့်လိုက်ပြီး၊ သူမလက်ချောင်းများက ကီးဘုတ်အနှံ့တွင် တချောက်ချောက်မြည်အောင် လှုပ်ရှားရင်းဖြင့် သူမက “ နင်အွန်လိုင်းပေါ်မှာလား။ ငါ့နင့်ကို ပြောချင်တဲ့ မေးခွန်းတစ်ခုရှိတယ်။ ဒီမနက်မှာ နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်း ဖတ်ရင်းနဲ့ ဒီကျမ်းပိုဒ်ကို ဖတ်မိတယ်၊ “ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။” (ရှင်မဿဲ ၇:၂၂-၂၃) ငါ သခင့်နှုတ်ကပတ်တော်တွေအကြောင်း စဉ်းစားနေခဲ့ပြီး၊ နည်းနည်း စိတ်ရှုပ်ထွေးနေတယ်။ သခင့် နာမတော်နဲ့ ဆုတောင်းတဲ့၊ တရားဟောတဲ့၊ နတ်ဆိုးတွေကို နှင်ထုတ်ပြီး အံ့ဖွယ်တန်ခိုးတွေပြတဲ့ သူတွေက သခင့်အတည်ပြုချက် မရဘူးလို့ သခင်ကပြောရုံတင်မကဘူး၊ သခင်က သူတို့ကို အဓမ္မမှုကို ပြုတဲ့လူတွေလို့ပါ အမှန်တကယ် ခေါ်ခဲ့တာ ဘာဖြစ်လို့လဲ။ ဒီမှာဘာတွေဖြစ်နေတာလဲ။ အရင်တုန်းက ဒီလူတွေလိုပဲ ငါလည်း လေထဲမိုးထဲမှာ ဧဝံဂေလိတရားတော်ကို ဖြန့်ဝေဖို့ ခရီးတွေသွားခဲ့ပြီး၊ သခင့်အတွက် စိတ်အားထက်သန်စွာနဲ့ အသုံးခံခဲ့တဲ့အပြင်၊ ငါ့ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကိုလည်း ဆယ်ဖို့တစ်ဖို့ပေးလှူခဲ့တယ်။ ဒါတွေက ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်ရွက်နေပြီးတော့ အဆုံးသတ်မှာ သခင့်အတည်ပြုချက်ကို ရမယ်လို့ထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး ငါသိပ်မသေချာတော့ဘူး။ ပြီးတော့ ဒီကိစ္စကို ငါဘယ်လိုမြင်ရမှန်းလဲမသိဘူး” ဟု မေးလိုက်သည်။ “ ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်တွင်လား ကမ္ဘာပေါ်တွင်လား” ဆိုသည့် အကြောင်းကို အကျဉ်းချုပ် ပြောခြင် ရှန်းဂျင်း ရေးသားသည်
ဧဝံဂေလိဝဘ်ဆိုက်တစ်ခုသည် လတ်တလောကမှ စကားဝိုင်းကဏ္ဍအချို့ကို ပါးနပ်စွာဖြင့် စတင်ခဲ့ရာ တွင်၊ “ ‘ကောင်းကင်နိုင်ငံတော်သည် ကောင်းကင် တွင်လား ကမ္ဘာပေါ်တွင်လား’ ဆိုသည့် အကြောင်းကို အကျဉ်းချုပ်ပြောခြင်း” ၊ “ ပါဝင်ခြင်း- သင်ချီဆောင်ခံ ရပြီးပါသလား” ၊ “ မေးခွန်းတစ်ခု – သင်သည် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ပါ သလား” စသည်တို့ ပါဝင်ပါသည်။ အဆုံးတွင် ရှန်းဂျင်းသည် “ ‘ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်တွင်လား ကမ္ဘာပေါ်တွင်လား’ ဆိုသည့် အကြောင်းကို အကျဉ်းချုပ်ပြောခြင်း” ဆိုသည့် ကဏ္ဍကို ရွေးချယ်ခဲ့သည်။ သူမသည် သခင့်ကို ဆယ်စုနှစ်တစ်ခုကျော် အတွင်း ယုံကြည်ခဲ့ပြီး၊ သူမတွေ့ဖူးသမျှ ဝိညာဉ်ရေးရာ ခေါင်းဆောင်များက သူမကို “ ရှန်လင်း နင်က သခင့်ကို ရှာဖွေရမည် ဟု ပြောကြလေ့ရှိသည်ဟု ပြောခဲ့သောကြောင့် ဤအကြောင်းအရာကို စိတ်ဝင်းစားခဲ့သည်။ အနာဂတ်တွင် ကိုယ်တော်သည် ကျွန်မတို့ကို ကောင်းကင်နိုင်ငံတော်သို့ ခေါ်ဆောင်မည် ဖြစ်ပြီးလျှင်၊ ကျွန်မတို့သည် ကောင်းကင်နိုင်ငံတွင် အသက်ရှင် နေထိုင်ကြမည်။ ထိုနေရာသည် ရွှေများဖြင့် လုပ်ထားသည့် မြေကြီးများနှင့် နဂါးသွဲ့ကျောက်ဖြင့် နံရံများရှိသည့် နေရာတစ်ခုဖြစ်ပြီးလျှင်၊ ကျွန်မတို့ သေခြင်း၏ အရှုပ်အထွေးမှ ခပ်ဝေးဝေး နေနိုင်သည့် နေရာတစ်ခုလည်း ဖြစ်ပါသည်။” လွန်ခဲ့သော ဆယ်နှစ်အကျော်က ပထမဆုံးအကြိမ်အနေဖြင့် သူတို့က ၎င်းတို့ဤနည်းဖြင့် စကားပြောဆိုသည်ကို ကြားခဲ့သည်၊ သူမသည် လှပသည့် ကောင်းကင် နိုင်ငံတော်အကြောင်း အံ့သြဖွယ် အထင်မှားမှု အမျိုးစုံကို တေးမှတ်ထားခဲ့ပြီး၊ သခင်က သူမကို ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်မည့်အချိန် ရောက်လာမည့်နေ့ရက်ကို တောင့်တခဲ့သည်။ ထိုနေ့တွင် မည်သည့်အရာဖြစ်ပျက်မည်နည်း။ ကျွန်မသည် ကောင်းကင်နိုင်ငံတော်သို့ မည်သို့ သွားရောက်မည်နည်း။ ကောင်းကင်နိုင်ငံတော်သည် မည်မျှလှပသနည်း။ သူမသည် ကောင်းကင်နိုင်ငံတော်အကြောင်း စိတ်ကူး ယဉ်မှုအပြည့်နှင့် မျှော်လင့်ချက်တို့ အချိန်ပြည့်ရှိခဲ့ ပါသည်။ သဘာဝအလျောက် သူမအနေဖြင့် “ ဘုရားသခင်၏နိုင်ငံတော်သည် ကောင်းကင်တွင် ဖြစ်သလား သို့မဟုတ် မြေကြီးပေါ်တွင်ဖြစ်သလား” ဆိုသည့် အကြောင်းအရာကို လူအချို့ ဆွေးနွေး နေသည်ကို ရုတ်တရက် တွေ့မြင်ပါက အံ့အားသင့်မည် ဖြစ်ပါသည်။ ထို့ကြောင့် သူမသည် ဆီလျော်သည့် ချိတ်ဆက်မှုကို ကလစ်နှိပ်လိုက်သည်။ |
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|