ဝူရမ်း တရုတ်ပြည် ဧဝံဂေလိသည် ကျွန်ုပ်တို့အတွက် သတင်းကောင်းဖြစ်သည်။ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်၏ အစတွင် ဘုရားသခင်သည် မောရှေကို ကိုယ်တော်တိုင် ခေါ်ဆောင်တော်မူပြီး၊ ဣသရေလလူမျိုး တို့ကို လမ်းပြရန် ပညတ်တော် ၆၁၃ ပါးကို ပေးသနားတော်မူဖို့အတွက် သူ့ကို အသုံးပြုခဲ့သည်။ ဣသရေလလူမျိုးများအတွက် ထိုပညတ်တော်များသည် ဘုရားသခင်က သူတို့အပေါ်သို့ ပေးအပ်နှင်း တော်မူသည့် သတင်းကောင်းဖြစ်ပြီး၊ ဆိုလိုသည်မှာ ဘုရားသခင်၏ ဧဝံဂေလိသည် သူတို့ထံသို့ ရောက်လာသည်ဟု ဖြစ်သည်။ ဤအချက်က ယေဟောဝါ ဘုရားသခင်သည် သူတို့ကို ကိုယ်တော်တိုင် ဦးဆောင်ပြီး၊ သူတို့အကြားတွင် ထင်ထင်ရှားရှား ပေါ်ထွန်းခဲ့ပြီဟု ဖြစ်သည်။ ယေဟောဝါဘုရားသခင်က “ ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကိုကျင့်သော သူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင် ကရုဏာကို ပြ …၏။” (တရားဟောရာကျမ်း ၅:၁၀) ဟု မိန့်တော်မူခဲ့သည်။ ထို့ကြောင့် ဣသရေလလူမျိုးတို့သည် ယေဟောဝါကို ကြောက်ရွံ့ရိုသေကာ၊ သူ့ပညတ်တော်များအတိုင်း နေထိုင်ကျင့်ကြံပြီး၊ သူ့ဧဝံဂေလိမှ သွေဖယ်သွားခြင်း မရှိသမျှ ကာလပတ်လုံး သူတို့သည် ကိုယ်တော်၏ ကောင်းကြီးမင်္ဂလာကို မျိုးဆက်တစ်ခုပြီး တစ်ခု ခံစားရမည်။
0 Comments
|
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|