ဝိညာဉ်ရေးဆိုင်ရာ အမေးအဖြေကဏ္ဍမှ ညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာပါ။
အခုရက်ပိုင်းမှာ ကျွန်တော် ရှုပ်ထွေးနေတဲ့အရာတစ်ခုရှိပြီးတော့ ညီအစ်ကိုမောင်နှမတို့ရဲ့ အကူအညီကို တောင်းခံလိုပါတယ်။ ကျွန်တော် သခင့်ကို ယုံကြည်ခဲ့တာ ဆယ်စုနှစ်များစွာရှိပါပြီ။ နောက်ပြီး သမ္မာကျမ်းစာဟာ ဘုရားသခင်အားဖြင့် ပေါ်ပေါက်လာတယ်လို့ပဲ ကျွန်တော် အမြဲတမ်း ထင်မြင်မိပါတယ်။ ဒါပေမဲ့ အခုရက်ပိုင်းမှာ သမ္မာကျမ်းစာထဲကက မှတ်တမ်းတွေက ကိုက်ညီမှုမရှိ တာတွေကို တအံ့တသြ တွေ့ရှိရပါတယ်။ ဥပမာ သမ္မာကျမ်းစာမှာ ပေတရုက သခင့်ကို သုံးကြိမ်ငြင်းဆိုတာနဲ့ပတ်သက်တဲ့ မှတ်တမ်းမှာ ရှင်မဿဲ ၂၆:၃၄ မှာ “ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညဉ့်တွင်ကြက်မတွန်မှီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊” လို့ပြောထားပါတယ်။ ဒါပေမဲ့ ရှင်မာကု ၁၄:၃၀ မှာ “ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညဉ့်တွင်ပင် ကြက်သည်နှစ်ကြိမ်မတွန်မှီ သင်သည် သုံး ကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊” လို့ ပြောပါတယ်။ ဒီနှစ်ပိုဒ်လုံးက ပေတရုငြင်းဆိုတာနဲ့ပတ်သက်ပေမဲ့ တစ်ခုမှာ ပေတရုဟာ ကြက်မတွန်မှီမှာ သခင့်ကို သုံးကြိမ်ငြင်းဆိုမယ်လို့ ပြောပြီး နောက်တစ်ခုမှာ ကြက်နှစ်ကြိမ်မတွန်မှီလို့ပြောထားတယ်။ ဒီတော့ အချိန်နဲ့ပတ်သက်ပြီး သိသိသာသာ မကိုက်ညီတာတစ်ခု ရှိနေတယ်။ နောက်ပြီးတော့လည်း ဓမ္မဟောင်းကျမ်းမှာ ဒါဝိတ်က ဣသလေရလူမျိုးတွေကို ရေတွက်တာကို မှတ်တမ်းတင်ထားတယ်။ ဓမ္မရာဇဝင်ဒုတိယစောင် ၂၄:၁ မှာ “ နောက်တဖန်ထာဝရဘုရားသည် ဣသရေလ အမျိုးကို အမျက်ထွက်တော်မူလျှင်၊ စာတန်သည် ရန်ဘက်ပြု၍ ဣသရေလလူနှင့် ယုဒလူတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ်ကိုတိုက်တွန်းလေ၏။” လို့ ဖော်ပြထားတယ်။ ဒါပေမဲ့ ရာဇဝင်ချုပ် ၂၁:၁ မှာ “ နောက်တဖန်စာတန်သည် ဣသရေလအမျိုး တဘက်၌ထ၍ ဣသရေလအမျိုးသားတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ်ကို တိုက်တွန်းလေ၏။” လို့ဖော်ပြထားတယ်။ နှစ်ပိုဒ်လုံးက ဒါဝိတ်က ဣသရေလလူမျိုးတွေကို ရေတွက်တာနဲ့ ပတ်သက်တယ်။ ဒါပေမဲ့ တစ်ခုမှာက ဣသရေလတွေကို ရေတွက်ဖို့ ယေဟောဝါက ဒါဝိတ်ကို တိုက်တွန်းတယ်လို့ပြောပြီး နောက်တစ်ခုမှာက ဣသရေလတွေကို ရေတွက်ဖို့ စာတန်က ဒါဝိတ်ကို တိုက်တွန်းတယ်လို့ပြောတယ်။ ဒါတွေက အဓိပ္ပါယ်လုံးဝ ဆန့်ကျင်နေတယ်။ ကျွန်တော် ဒါကိုတွေ့တော့ အရမ်းအံ့အားသင့်သွားတယ်။ သမ္မာကျမ်းစာမှာ ဒီအဖြစ်အပျက်တစ်ခုထဲမှာ ဖော်ပြချက်တွေက တိုက်ရိုက်ဆန့်ကျင့်နေတဲ့အဆင့်ထိတောင်မှ မကိုက်ညီတဲ့မှတ်တမ်းတွေက ဘာကြောင့် ပါနေရတာလဲ။ သမ္မာကျမ်းစာထဲက နှုတ်ကပတ်တော်အားလုံးက ဘုရားသခင်အားဖြင့် ဖြစ်ပေါ်လာတာဆိုရင် အမှားနည်းနည်းလေးမှတောင် မပါသင့်ဘူးလေ။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး ညီအစ်ကိုမောင်နှမတို့ရဲ့အမြင်ကို ကျွန်တော် အရမ်းသိချင်ပါတယ်။ ဝိညာဉ်ရေးဆိုင်ရာ အမေးအဖြေကဏ္ဍက ညီအစ်ကိုမောင်နှမတွေ ကျွန်တော် ရှုပ်ထွေးနေတာကို ကူညီဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ လီရှန် ၂၀၁၈ ခုနှစ် မေလ ၃ ရက်
0 Comments
|
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|