ဂျင်းဝေ ဂျပန်
ပညတ်တော်ခေတ်တွင် ဘုရားသခင်သည် ယာဟွဲ-ယေဟောဝါ ဆိုသည့် နာမတော်ကို ယူခဲ့ပြီး၊ ကျေးဇူးတော်ခေတ်တွင် သူသည် ယေရှု နာမတော်ကို ယူခဲ့သည်၊ ထို့အပြင် ဗျာဒိတ်ကျမ်းတွင် ဘုရားသခင်သည် နောက်ထပ် နာမတော်အသစ်တစ်ခု ရရှိမည်ဟု ပရောဖက်ပြုခဲ့သည်။ ဘုရားသခင်သည် နာမတော်များကို အဘယ့်ကြောင့် ပြောင်းလဲခဲ့သနည်း။ ကျွန်မသည် သမ္မာတရား၏ ရှုထောင့်ကို နားမလည်ခဲ့သောကြောင့် သခင်ယေရှုပြန်ကြွလာခြင်းအပေါ်ကို တံခါးပိတ်မိလုနီးပါးဖြစ်ခဲ့သည်။ သို့သော်လည်း အဆုံးသတ်တွင် ရှာဖွေခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းကာလအပြီးတွင်၊ ကျွန်မသည် ဘုရားသခင်၏နာမတော်နောက်ကွယ်မှ နက်နဲမှုများကို နောက်ဆုံး၌ နားလည်သဘောပေါက်ခဲ့ပြီး၊ သခင်ယေရှုပြန်ကြွလာခြင်းကို ကြိုဆိုခဲ့ပါသည်။
0 Comments
ဇောင်းရင်နို တရုတ်ပြည်
ဘုရားသခင်၏ နာမတော်သည် ယေဟောဝါ ဖြစ်သည်၊ ဓမ္မဟောင်းကျမ်းတွင် “ ငါတစ်ပါးသည်သာ ယေဟောဝါဖြစ်ပြီး ငါမှတစ်ပါး ကယ်တင်သောအရှင်မရှိ၊” (ဟေရှာယ ၄၃း၁၁) “ ထိုအမည်သည် အစဉ် ငါ့အမည်ဖြစ်၏။ လူမျိုးအစဉ်အဆက်မပြတ် ငါ့ဘွဲ့နာမ ဖြစ်၏။” (ထွက်မြောက်ရာကျမ်း ၃:၁၅) ဟု မှတ်တမ်းတင်ထားသည့် အတိုင်းပင် ဖြစ်ပါသည်။ သို့သော်လည်း ဓမ္မသစ်ကျမ်းတွင် “ ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။” (ဟေဗြဲ ၁၃:၈) “ ထိုသခင်မှတပါးအဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။ ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ။” (တမန်တော် ၄:၁၁-၁၂) ဟု မှတ်တမ်းတင်ထားသည်။ ယေဟောဝါ နှင့် ယေရှုတို့သည် ဘုရားသခင်၏ နာမတော်များဖြစ်ကြောင်း ဤကျမ်းချက်များမှနေပြီး ကျွန်ုပ်တို့တွေ့မြင်နိုင်ပါသည်။ ဘုရားသခင်သည် ဓမ္မဟောင်းကျမ်းတွင် ယေဟောဝါဟု ခေါ်သော်လည်း ဓမ္မသစ်ကျမ်းတွင်မူ ယေရှုဟု ခေါ်သည်။ ဘုရားသခင်၏ နာမတော်က အဘယ့်ကြောင့် ပြောင်းလဲရသနည်း။ ကိုယ်တော့်နာမတော်များ၏ အဓိပ္ပါယ်မှာ အဘယ်နည်း။ ဤသမ္မာတရား၏ ရှုထောင့်ကို အတူတကွ စူးစမ်းလေ့လာကြပါစို့။ လီယူး စီရွမ် တရုတ်ပြည်နယ်
သခင်ယေရှုဆိုသည်မှာ မည်သူနည်း။ သူ၏ ခေတ်ပြိုင်များက မည်သည့် အရာကိုပြောခဲ့ကြသနည်း။ ရှင်လုကာ ၄:၂၂ တွင် “ ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်ခံ၍၊ တင့်တယ်လျောက်ပတ်သော နှုတ်ထွက်စကားကို အံ့ဩ ချီးမွမ်းလျက်၊ ဤသူသည် ယောသပ်၏ သားမဟုတ်တုံသောဟု ဆိုကြ၏။” ဟု မှတ်တမ်းတင် ထားပါသည်။ ရှင်ယောဟန် ၃:၂ တွင် “ အရှင်ဘုရား၊ ကိုယ်တော်သည် ပြတော်မူသော ဤနိမိတ် လက္ခဏာတို့ကို ဘုရားသခင်၏အခွင့်မရှိလျှင် အဘယ်သူမျှ မပြနိုင်သည်ကို အကျွန်ုပ်တို့သည်ထောက်၍၊ ကိုယ်တော်သည် ဘုရားသခင်အထံတော်မှ ကြွလာတော်မူသောဆရာဖြစ်ကြောင်းကို သိကြပါ၏” ဟု ပြောထားပါသည်။ ထို့နောက် ရှင်မဿဲ ၁၆:၁၃-၁၄ တွင် သခင်ယေရှုက သူ၏တပည့်တော်များအား “ လူများတို့သည် လူသားဖြစ်သော ငါ့ကို အဘယ်သူဖြစ်သည်ဆိုကြသနည်း” ဟု မေးတော်မူရာ သူတို့က “ လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန်ဖြစ်သည်ဟူ၍၎င်း၊ အချို့က၊ ဧလိယဖြစ်သည် ဟူ ၍၎င်း၊ အချို့က၊ ယေရမိမှစ၍ ပရောဖက် တပါးပါးဖြစ်သည်ဟူ၍၎င်း ဆိုကြပါ၏” ဟု ပြောခဲ့ကြသည်။ ယုဒလူများ အကြားတွင် သခင်ယေရှု၏ ကိုယ်ပိုင်လက္ခဏာအကြောင်း ကွဲပြားသောစိတ်ကူး များစွာ ရှိသည်ကို ဤသမ္မာကျမ်းစာ ဆိုင်ရာ မှတ်တမ်းများက ကျွန်ုပ်တို့ တွေ့မြင်နိုင်ပါသည်။ အချို့က ကိုယ်တော်သည် ယောသပ်၏ သားဖြစ်သည်ဟု ပြောခဲ့ကြသည်၊ အချို့က သူ့ကို ဆရာ ဟု ခေါ်ကြပြီး၊ အချို့က သူသည် ဧလိယ၊ ယေရမိ သို့မဟုတ် အသက်ပြန်ရှင်လာသည့် ရှေးခေတ် ပရောဖက်တစ်ဦးဦး ဖြစ်သည်ဟု မှန်းဆခဲ့ကြသည်။ မည်သို့ပင်ဆိုစေကာမူ ကိုယ်တော်၏ ကိုယ်ပိုင်လက္ခဏာသည် လူများအကြားတွင် မဆုံးမရှိသည့် စကားရည်လုခြင်း အကြောင်းအရာ တစ်ခု ဖြစ်ခဲ့ပါသည်။ သို့သော်လည်း ကိုယ်တော်၏ စစ်မှန်သည့် ကိုယ်ပိုင်လက္ခဏာမှာ အဘယ်နည်း။ ကိုယ်တော်၏ ကိုယ်ပိုင်လက္ခဏာ ကို သန့်ရှင်းသောဝိညာဉ်တော်မှ ဟုတ်မှန်ကြောင်း ထင်ရှားစေသည့် မှတ်တမ်းတစ်စုံတစ်ရာ သမ္မာကျမ်းစာတွင် ပါရှိပါသလား။ ရှိပါသည်။ သခင်ယေရှုက သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေ ခြင်းခံရသော ကိုယ်တော်၏ တပည့်တော် ရှိမုန်ပေတရု မေးတော်မူသည့် အချိန်တွင် သူက “ ကိုယ်တော်သည် ခရစ်တော်တည်း” (ရှင်မဿဲ ၁၆:၁၆) ဟု ပြောခဲ့သည်။ သခင်ယေရှုက ပေတရု၏ အဖြေကို “ ရှိမုန်ဗာယောန၊ သင်သည်မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤ အကြောင်းအရာကို သင့်အားဘော်ပြသည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်သည် ဘော် ပြတော်မူသတည်း။” (ရှင်မဿဲ ၁၆:၁၇) ဟု မိန့်တော်မူရင်းဖြင့် အတည်ပြုတော်မူခဲ့သည်။ သခင်ယေရှုသည် ယောသပ် ၏ သားမဟုတ်ကြောင်း၊ ကိုယ်တော်သည် ဆရာတစ်ယောက် မဟုတ်ကြောင်း၊ ကိုယ်တော်သည် ပရောဖက်တစ်ပါး မဟုတ်ကြောင်း၊ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်းကို ဤအချက်မှ ကျွန်ုပ်တို့ သိရပါသည်။ |
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|