လီယူး စီရွမ် တရုတ်ပြည်နယ် သခင်ယေရှုဆိုသည်မှာ မည်သူနည်း။ သူ၏ ခေတ်ပြိုင်များက မည်သည့် အရာကိုပြောခဲ့ကြသနည်း။ ရှင်လုကာ ၄:၂၂ တွင် “ ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်ခံ၍၊ တင့်တယ်လျောက်ပတ်သော နှုတ်ထွက်စကားကို အံ့ဩ ချီးမွမ်းလျက်၊ ဤသူသည် ယောသပ်၏ သားမဟုတ်တုံသောဟု ဆိုကြ၏။” ဟု မှတ်တမ်းတင် ထားပါသည်။ ရှင်ယောဟန် ၃:၂ တွင် “ အရှင်ဘုရား၊ ကိုယ်တော်သည် ပြတော်မူသော ဤနိမိတ် လက္ခဏာတို့ကို ဘုရားသခင်၏အခွင့်မရှိလျှင် အဘယ်သူမျှ မပြနိုင်သည်ကို အကျွန်ုပ်တို့သည်ထောက်၍၊ ကိုယ်တော်သည် ဘုရားသခင်အထံတော်မှ ကြွလာတော်မူသောဆရာဖြစ်ကြောင်းကို သိကြပါ၏” ဟု ပြောထားပါသည်။ ထို့နောက် ရှင်မဿဲ ၁၆:၁၃-၁၄ တွင် သခင်ယေရှုက သူ၏တပည့်တော်များအား “ လူများတို့သည် လူသားဖြစ်သော ငါ့ကို အဘယ်သူဖြစ်သည်ဆိုကြသနည်း” ဟု မေးတော်မူရာ သူတို့က “ လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန်ဖြစ်သည်ဟူ၍၎င်း၊ အချို့က၊ ဧလိယဖြစ်သည် ဟူ ၍၎င်း၊ အချို့က၊ ယေရမိမှစ၍ ပရောဖက် တပါးပါးဖြစ်သည်ဟူ၍၎င်း ဆိုကြပါ၏” ဟု ပြောခဲ့ကြသည်။ ယုဒလူများ အကြားတွင် သခင်ယေရှု၏ ကိုယ်ပိုင်လက္ခဏာအကြောင်း ကွဲပြားသောစိတ်ကူး များစွာ ရှိသည်ကို ဤသမ္မာကျမ်းစာ ဆိုင်ရာ မှတ်တမ်းများက ကျွန်ုပ်တို့ တွေ့မြင်နိုင်ပါသည်။ အချို့က ကိုယ်တော်သည် ယောသပ်၏ သားဖြစ်သည်ဟု ပြောခဲ့ကြသည်၊ အချို့က သူ့ကို ဆရာ ဟု ခေါ်ကြပြီး၊ အချို့က သူသည် ဧလိယ၊ ယေရမိ သို့မဟုတ် အသက်ပြန်ရှင်လာသည့် ရှေးခေတ် ပရောဖက်တစ်ဦးဦး ဖြစ်သည်ဟု မှန်းဆခဲ့ကြသည်။ မည်သို့ပင်ဆိုစေကာမူ ကိုယ်တော်၏ ကိုယ်ပိုင်လက္ခဏာသည် လူများအကြားတွင် မဆုံးမရှိသည့် စကားရည်လုခြင်း အကြောင်းအရာ တစ်ခု ဖြစ်ခဲ့ပါသည်။ သို့သော်လည်း ကိုယ်တော်၏ စစ်မှန်သည့် ကိုယ်ပိုင်လက္ခဏာမှာ အဘယ်နည်း။ ကိုယ်တော်၏ ကိုယ်ပိုင်လက္ခဏာ ကို သန့်ရှင်းသောဝိညာဉ်တော်မှ ဟုတ်မှန်ကြောင်း ထင်ရှားစေသည့် မှတ်တမ်းတစ်စုံတစ်ရာ သမ္မာကျမ်းစာတွင် ပါရှိပါသလား။ ရှိပါသည်။ သခင်ယေရှုက သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေ ခြင်းခံရသော ကိုယ်တော်၏ တပည့်တော် ရှိမုန်ပေတရု မေးတော်မူသည့် အချိန်တွင် သူက “ ကိုယ်တော်သည် ခရစ်တော်တည်း” (ရှင်မဿဲ ၁၆:၁၆) ဟု ပြောခဲ့သည်။ သခင်ယေရှုက ပေတရု၏ အဖြေကို “ ရှိမုန်ဗာယောန၊ သင်သည်မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤ အကြောင်းအရာကို သင့်အားဘော်ပြသည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်သည် ဘော် ပြတော်မူသတည်း။” (ရှင်မဿဲ ၁၆:၁၇) ဟု မိန့်တော်မူရင်းဖြင့် အတည်ပြုတော်မူခဲ့သည်။ သခင်ယေရှုသည် ယောသပ် ၏ သားမဟုတ်ကြောင်း၊ ကိုယ်တော်သည် ဆရာတစ်ယောက် မဟုတ်ကြောင်း၊ ကိုယ်တော်သည် ပရောဖက်တစ်ပါး မဟုတ်ကြောင်း၊ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်းကို ဤအချက်မှ ကျွန်ုပ်တို့ သိရပါသည်။ သခင်ယေရှုသည် ဘုရားသခင်၏ ပေါ်ထွန်းမှု၊ ခရစ်တော် ဖြစ်ကြောင်း ကျွန်ုပ်တို့ အဘယ်ကြောင့် ပြောသနည်း
ပထမဦးစွာ ဘုရားသခင့်နှုတ်ကပတ်တော်၏ ကျမ်းပိုဒ်နှစ်ခုကို ဖတ်ကြပါစို့ “ လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဖုံးလွှမ်းထားသည့် ဇာတိခန္ဓာပင်ဖြစ်သည်။ ယင်းဇာတိ ခန္ဓာမှာ အသွေးအသားတို့ဖြင့် တည်ဆောက်ထားသည့် မည်သည့် လူသား တစ်ဦးတစ်ယောက်နှင့်မျှ မတူညီပေ။ ဤသို့ ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် လူ့ခန္ဓာကိုယ်နှင့် အသွေးအသားဖြင့် မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့် လူ့ဇာတိခံယူခြင်းကြောင့် ဖြစ်သည်။ သူ၌ သာမန်လူ့ သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်မျိုးလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့် လူသားမျှ ပိုင်ဆိုင်ထားခြင်းမရှိ။ ဘုရားသဘောသဘာဝ အားဖြင့်လည်း ဘုရားသခင်ကိုယ်တော်တိုင်၏ အလုပ်ကို လုပ်ဆောင်နေသည့် အတောအတွင်း သာမန် လူ့သဘာဝအတိုင်း အသွေးအသားဖြင့် သာမန် လှုပ်ရှားမှု အားလုံးတို့ကို ဆက်လက် လုပ်ဆောင်နေသည်။” “ သာမန် လူ့သဘာဝရှိသော ခရစ်တော်သည် ဝိညာဉ်တော်ကို သဏ္ဌာန်ဖော်ဆောင်ထားသော ဇာတိခန္ဓာဖြစ်ပြီး၊ သာမန် လူ့သဘာဝ၊ သာမန် အသိစိတ်နှင့် လူသားအတွေးအခေါ်တို့ ပိုင်ဆိုင်ထားသည်။ ‘သဏ္ဌာန်ဖော်ဆောင် ခံရခြင်း’ ဆိုသည်မှာ ဘုရားသခင် လူသားဖြစ်လာခြင်း၊ ဝိညာဉ်တော် လူ့ဇာတိ ခံယူခြင်းကို ဆိုလိုသည်၊ ရှင်းရှင်းပြောရလျှင် ၎င်းမှာ ဘုရားသခင်ကိုယ်တိုင်က ဇာတိခန္ဓာထဲတွင် သာမန် လူ့သဘာဝနှင့် ကိန်းဝပ်ပြီး၊ ၎င်းမှတစ်ဆင့် သူ၏ ဘုရားသဘောသဘာဝ အလုပ်ကို ဖော်ပြခြင်း ဖြစ်သည်၊ သဏ္ဌာန်ဖော်ဆောင် ခံရခြင်း သို့မဟုတ် လူ့ဇာတိခံယူခြင်း ဆိုသည်မှာ ဤအရာပင်ဖြစ်သည်။” ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်ကြောင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်ုပ်တို့ သိရပါသည်။ အပြင်ပန်းမှဆိုလျှင်၊ ကိုယ်တော်သည် သာမာန် လူ့သဘာဝဖြင့် ပုဂ္ဂိုလ်တစ်ပါးဟု အသွင်ပေါက်သော်လည်း၊ လက်တွေ့တွင် ကိုယ်တော်သည် ဘုရားသခင် ဖြစ်သည်။ လူ့ဇာတိပကတိသည် ဘုရားသခင်၏ အမှုပြုနိုင်ပြီး၊ လူများအား အသက်တာတွင် ထောက်ပံ့ရန် သမ္မာတရားကို ဖော်ပြနိုင်သည်။ သခင်ယေရှု သည် သာမာန်လူ့သဘာဝနှင့် ဘုရား၏ သဘောသဘာဝအပြည့်အဝ ကို ပိုင်ဆိုင်ကြောင်း ကျွန်ုပ်တို့ တွေ့မြင်နိုင်သည်။ သခင်ယေရှုသည် သာမာန်မိသားစုတစ်ခုထဲတွင် မွေးဖွားလာခဲ့ပြီး၊ အမေရှိသည်၊ အစ်ကိုများနှင့် အစ်မများရှိသည်၊ ပြီးနောက်သာမာန်ပုံစံတွင် ကြီးပြင်းလာခဲ့သည်၊ သူစားသောက်ခဲ့ ကြောင်း၊ အဝတ်အစားဝတ်ခဲ့ကြောင်း၊ အမိုးလိုအပ်ခဲ့ကြောင်း၊ သာမာန်လူတစ်ယောက်ကဲ့သို့ ခရီးသွားခဲ့ကြောင်း၊ ထို့အပြင် သာမာန်လူ တစ်ယောက်ကဲ့သို့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ဒေါသနှင့် ဝမ်းမြောက်ခြင်းတို့ကို ခံစားခဲ့ကြောင်း ကျွန်ုပ်တို့ သိပါသည်။ သခင်ယေရှု အသက် ၂၉ နှစ်ရောက်သည့်အချိန်တွင်၊ သူ့အမှုတော်ကို စတင်ခဲ့ပြီး၊ ကောင်းကင် နိုင်ငံတော်၏ ဧဝံဂေလိကို ဟောကြားခဲ့သည်၊ နာမကျန်းသူကို အနာငြိမ်း စေခဲ့သည်၊ နတ်ဆိုးများကို မောင်းထုတ်ခဲ့သည်၊ ဘုရားသခင်၏ အံ့ဖွယ်အမှုများကို ထုတ်ဖော်ခဲ့သည်၊ လူသားမျိုးနွယ်ကို ပေါ်လျှံကြွယ်ဝသည့် ကျေးဇူးတော် ပေးအပ်ခဲ့သည်၊ ပြီးနောက် နောက်ဆုံးတွင် လူသားမျိုးနွယ်အားလုံး၏ အပြစ်များအတွက် အပြစ်ဖြေရာယဇ်တစ်ခု အဖြစ်နှင့် သူသည် ကားတိုင်တင်ခံရပြီး၊ လူသားမျိုးနွယ်ကို ရွေးနှုတ်ခြင်းဆိုင်ရာ သူ့အမှုတော်ကို စုံလင်စေခဲ့သည်။ ဤသည်မှာ သူ၏ သဘောသဘာဝမှတစ်ဆင့် ပြုခဲ့သည့် အမှုတော်ဖြစ်သည်။ သခင်ယေရှု ဖော်ပြခဲ့သည့် နှုတ်ကပတ်တော်များသည် တန်ခိုးနှင့် သြဇာအာဏာ အပြည့်ပါရှိပါသည်၊ ၎င်းတို့သည် သမ္မာတရားကို ပေးအပ်နှင်းနိုင်ပြီး၊ လမ်းခရီးကို ညွှန်ပြကာ၊ လူများကို အသက်တာဖြင့် ထောက်ပံ့နိုင်ခဲ့သည်။ ထို့ကြောင့် သခင်ယေရှု ယူတင်ဝတ်ဆောင်သည့် ဇာတိပကတိသည် သာမာန်လူတစ်ယောက်၏ ဇာတိပကတိနှင့် ကွာခြားခဲ့ရခြင်း ဖြစ်ပါသည်။ ကိုယ်တော်သည် ဘုရားသခင်ကို လုံးလုံးလျားလျား ကိုယ်စားပြုနိုင်ပြီး၊ ကိုယ်တော်သည် ဘုရားသခင်၏ ပေါ်ထွန်းမှုဖြစ်ခဲ့သည်။ ဘုရားသခင် ၏နှုတ်ကပတ်တော်များက “ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို တင်ဆောင်ထားမည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ ထုတ်ဖော်ပြသမှုကို ခံယူထားမည် ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကို ခံယူသည့်အတွက် ဘုရားသခင် လုပ်ရမည့်အလုပ်ကို လုပ်မည်ဖြစ်သည်၊ ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကို ခံယူသည့်အတွက် ဘုရားသခင်၏ ဖြစ်ခြင်းကို ထုတ်ဖော်ပြသမည်၊ ထို့ပြင် လူသားတို့ဆီသို့ သမ္မာတရားကို သယ်ဆောင်လာမည်၊ လူသားတို့အပေါ် အသက်ကို အပ်နှင်းမည်၊ လူသားတို့အား လမ်းခရီးကို ပြမည် ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မပါဝင်သည့် အသွေးအသားသည် လူ့ဇာတိကို ခံယူသော ဘုရားသခင် မဟုတ်သည်မှာ သေချာပါသည်၊ သံသယဖြစ်ဖွယ်ရာ မရှိပါ။ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ် မဟုတ် စူးစမ်းရန်အတွက် လူသားတို့သည် သူ ဖော်ထုတ်ပြသသည့် စိတ်သဘောထားနှင့် သူပြောဆိုသည့် စကားများမှ စိစစ်ဆုံးဖြတ်ရပေမည်။ ဆိုလိုသည်မှာ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ် မဟုတ်၊ မှန်ကန်သော လမ်းခရီး ဟုတ်မဟုတ်ကို သူ၏ အနှစ်သာရကိုကြည့်၍ ဆုံးဖြတ်ရမည်။ ထို့အတွက်ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာ ဟုတ် မဟုတ် ဆုံးဖြတ်ရန်မှာ[က] သူ၏ အပြင်ပန်း ပုံသဏ္ဌာန်ထက် သူ၏ အနှစ်သာရ (သူ၏ အလုပ်၊ သူ၏ စကား၊ သူ၏ စိတ်သဘာထားနှင့် အခြားသော အရာများ များစွာ) ကို ဂရုပြုရမည်မှာ အဓိကသော့ချက်ဖြစ်သည်။” ဟု မိန့်တော်မူခဲ့သကဲ့သို့ပင် ဖြစ်ပါသည်။ ဤဇာတိပကတိသည် ဘုရားသခင်၏ ပေါ်ထွန်းမှု ဖြစ်ကြောင်းကို ဤကျမ်းပိုဒ်တွင် ရှင်းလင်းစွာ ပြောပြနေပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ အပြင်ပန်း အသွင်အပြင်မှ သိရှိရခြင်းမဟုတ်ပဲနှင့်၊ ထိုအစား ကိုယ်တော်ပြုသည့်အမှုတော်၊ ကိုယ်တော်ဖော်ပြခဲ့သည့် နှုတ်ကပတ်တော်များနှင့် ကိုယ်တော် ဖော်ထုတ်ခဲ့သည့် စိတ်သဘောထား တို့ကို ကြည့်ခြင်းမှ သိရှိရခြင်း ဖြစ်သည်။ အောက်တွင် ဤရှုထောင့် သုံးခုကို အသေးစိတ် ဆွေးနွေးထားပါသည်။ ၁။ သခင်ယေရှု၏ အမှုတော်များတွင် ကျွန်ုပ်တို့ မြင်ရသည့်အရာ ပညတ်တော်ခေတ်နှောင်းပိုင်းတွင် ပညတ်တော်အောက်တွင် နေထိုင်ခဲ့ သည့် ဣသရေလလူမျိုးများ သည် အဆုံးမရှိ အပြစ်ကျူးလွန် ခဲ့ကြသည်၊ ခွဲခြား၍မရနိုင်အောင် အပြစ်တွင်ပိတ်မိ နေခဲ့ကြပြီး၊ ၎င်းတို့အားလုံးသည် ၎င်းတို့၏ ပညတ်တော်ကို ချိုးဖောက်ခြင်းအတွက် အသတ်ခံရသည်အထိ အရဲစွန့်ခဲ့ကြသည်။ လူသားမျိုးနွယ်ကို ရွေးနှုတ်ကယ်တင်ရန် ဘုရားသခင်သည် လူသားအနေဖြင့် ဇာတိပကတိ၌ သူ့ကိုယ်သူ ခြုံကာ၊ အမှုပြုရန် လူများကြားထဲလာခဲ့သည်။ ကိုယ်တော်သည် လူသားမျိုးနွယ်၏ အပြစ်များ အတွက် အပြစ်ဖြေရာယဇ်တစ်ခုအနေဖြင့် ကားတိုင်တင်ခံရပြီး၊ သူ့ကိုယ်သူ လူသားမျိုးနွယ်တစ်ခုလုံး၏ အပြစ်များအပေါ် ယူခဲ့သည်။ ထို့နောက် သခင်ယေရှု၏ ဧဝံဂေလိကို လက်ခံသူ မည်သူမဆို သခင့်ရှေ့တော်မှောက်သို့ လာရောက်နိုင်ကာ၊ ဆုတောင်း၊ သူတို့၏ အပြစ်များအတွက် ဝန်ခံပြီး၊ ဝန်ချတောင်းပန်နိုင်ပါသည်၊ ထိုသို့ပြုခြင်းဖြင့် သူတို့၏အပြစ်များသည် သခင်၏ အပြစ်မှလွှတ်ခြင်းကို ခံရမည် ဖြစ်ပါသည်။ ထို့ကြောင့် လူများသည် ပညတ်တော်အားဖြင့် သေဒဏ်စီရင်ခံရမည့်အရေးအတွက် ကြောက်ဖို့ မလိုတော့ပါ။ ပရောဖက်တို့အားလုံး အပါအဝင် မည်သူတစ်ယောက်မျှ ဤအမှုကို ပြီးမြောက်အောင်မြင်နိုင်မည် မဟုတ်ကြောင်းကို သခင်ယေရှု ပြုခဲ့သည့် အမှုမှ ကျွန်ုပ်တို့ တွေ့မြင်နိုင်ပါသည်။ လူ့ဇာတိခံယူသည့် ဘုရားသခင် သာလျှင် သူ့အမှုကို စုံလင်စေရန် တန်ခိုးရှိခဲ့ပါသည်။ ကြွလာမည့် သခင်ယေရှု သည် ပညတ်တော်ခေတ်ကို အဆုံးသတ်တော်မူခဲ့ပြီး၊ ကျေးဇူးတော်ခေတ်ကို စတင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ ၂။ သခင်ယေရှု၏ နှုတ်ကပတ်တော်များ၌ ကျွန်ုပ်တို့ တွေ့မြင်သည့်အရာ သခင်ယေရှု၏ နှုတ်ကပတ်တော်များတွင် တန်ခိုးနှင့် သြဇာအာဏာတို့ ပါရှိသည်။ သခင်ယေရှုက လေနှင့် ပင်လယ်ကို အမိန့်ပေးခဲ့သည့်အချိန်တွင်၊ လေနှင့် ပင်လယ်တို့သည် ရုတ်ချည်း ငြိမ်ကျသွားခဲ့သည်မှာ၊ သခင်ယေရှုသည် ဖန်ဆင်းရှင် သခင်၏ သြဇာအာဏာ နှင့် တန်ခိုးကို အချိန်မရွေးနေရာမရွေး ထုတ်ဖော်နိုင်ကြောင်း ပြနေပါသည်။ လေနှင့်ပင်လယ်တို့သည် ဘုရားသခင်၏ ဖန်ဆင်ခံရသောကြောင့် ၎င်းတို့သည် အမှန်တကယ်ပင် ကိုယ်တော့် စီစဉ်ခြင်း၏ တစ်စိတ်တစ်ဒေသ ဖြစ်ပါသည်။ သခင်ယေရှုသည် နှုတ်ကပတ်တော် တစ်လုံးတည်းဖြင့် လာဇရုကို သေရာမှ ပြန်ခေါ်ခဲ့သည်မှာ ကိုယ်တော်သည် ရုပ်ဝထ္ထုဆိုင်ရာလောကကိုသာ အုပ်စိုးခြင်း မဟုတ်ပဲ၊ ကိုယ်တော်သည် မရဏာနိုင်ငံကိုလည်း အုပ်စိုးကြောင်း ပြနေပြီး၊ ဘုရားသခင်၏ တမူထူးခြားသည့် သြဇာအာဏာဆိုင်ရာ နိမိတ်လက္ခဏာ တစ်ခုပင် ဖြစ်ပါသည်။ ထို့အပြင် သခင်ယေရှုက သူ့တပည့်တော်များအား သူ့သည် သစ္စာဖောက်ခံရမည်၊ ကားတိုင်တင်ခံရမည်၊ သုံးရက်နောက်ပိုင်းတွင် သေခြင်းမှ ရှင်ပြန်ထမြောက်မည် ဟု မိန့်တော်မူခဲ့သည်မှာ နောက်ပိုင်းတွင် လုံးဝ တိကျသေချာသော ဟောကိန်းများ ဖြစ်ကြောင်း သက်သေပြခဲ့သည်။ သခင်ယေရှု၏ နှုတ်ကပတ်တော်များသည် ၎င်းတို့အား ကိုယ်တော် မိန့်တော်မူပြီးမှ ဖြစ်မြောက်အောင်မြင်လာကြောင်း၊ ဘုရားသခင်သာ ပိုင်ဆိုင်တော် မူသည့် တန်ခိုးနှင့် သြဇာအာဏာ တစ်မျိုးသာ ဖြစ်ကြောင်းတို့ကို ဤအချက်မှနေပြီး ကျွန်ုပ်တို့တွေ့မြင်နိုင်ပါသည်။ ထို့အပြင် သခင်ယေရှု၏ နှုတ်ကပတ်တော်များသည် လူများအား အသက်တာဖြင့် ထောက်ပံ့နိုင်ပြီး၊ လမ်းခရီးကို ညွှန်ပြနိုင်သည်။ သခင်ယေရှုက “ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။” (ရှင်ယောဟန် ၁၄:၆) ဟု မိန့်တော်မူခဲ့သည်။ သခင်ယေရှု၏ နှုတ်ကပတ်တော်များသည် သမ္မာတရားများအားလုံးဖြစ်ပြီး၊ လူများကို လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခု ပေးနိုင်ကြောင်း ဤအချက်မှ ကျွန်ုပ်တို့ တွေ့မြင်နိုင်ပါသည်။ သခင်ယေရှုက “ သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူ သာလျှင် ဝင်ရလိမ့်မည်။” (ရှင်မဿဲ ၇:၂၁) ဟု မိန့်တော်မူခဲ့သည်။ ကိုယ်တော် ကို ယုံကြည်ပြီး၊ ကိုယ်တော်၏ နာမတော်ကို ဟစ်ကြွေးသူများအားလုံးသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရမည် မဟုတ်ကြောင်းကို သခင်ယေရှု၏ နှုတ်ကပတ်တော်များက ရှင်းလင်းစွာ ပြောပြထားပါသည်။ သခင့်အလိုတော်ကို ပြုသူများ၊ သခင့်နှုတ်ကပတ်တော်များကို ချစ်သူများ နှင့် ကိုယ်တော်၏ သတ်မှတ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင်နိုင်သူများသာလျှင် နောက်ဆုံး တွင် ကောင်းကင်နိုင်ငံတော် သို့ ဝင်ရောက်လိမ့်မည်ဖြစ်သည်။ ဤနေရာတွင် ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ရန် ဆန္ဒရှိသူများ အားလုံးအတွက် ရှင်းလင်းသော ဦးတည်ရာ တစ်ခုကို သခင်ယေရှုက မည်သို့ ညွှန်ပြတော်မူခဲ့သည်ကို ကျွန်ုပ်တို့ တွေ့မြင်နိုင်ပါသည်။ ၃။ သခင်ယေရှု၏ စိတ်သဘောထား၌ ကျွန်ုပ်တို့တွေ့မြင်ရသည့်အရာ ကျေးဇူးတော်ခေတ်၌ သခင်ယေရှုပြုတော်မူခဲ့သည့် ရွေးနှုတ်းခြင်း အမှုတော် မှတစ်ဆင့် ဘုရားသခင်က သူ့သနားကရုဏာနှင့်ပြည့်စုံသော၊ ချစ်ခင်သော စိတ်သဘောထားကို ထုတ်ဖော်ခဲ့သည်။ ထိုအချိန်မှ လူအများစု တို့က ကိုယ်တော့်ကို မသိခဲ့ကြသည့်တိုင်၊ သခင်သည် လူများကို ကျေးဇူးတော် ဖြင့် ဆက်ဆံခဲ့ဆဲဖြစ်ပါသည်။ ဥပမာအားဖြင့် သခင်ယေရှုက လူငါးထောင်ကို ငါးနှစ်ကောင်းနှင့် ပေါင်မုန့်ငါးလုံးဖြင့် ကျွေးချိန်တွင် ထိုလူငါးထောင်သည် သူ၏ သစ္စာစောင့်သိသော နောက်လိုက်များ မဟုတ်ကြောင်း၊ သူတို့သည် သိလိုစိတ်သက်သက်သာ ရှိကြောင်းနှင့် ဘုရားသခင်၏ အံ့ဖွယ်အမှုတစ်ခုကို မြင်လိုခြင်း ဖြစ်ကြောင်းတို့ကို ကိုယ်တော်က သိရှိခဲ့သော်လည်း၊ ကိုယ်တော်သည် အားလုံးကို တူညီစွာ စိတ်ကျေနပ်စေခဲ့ပြီး၊ ကြင်နာစွာ ဆက်ဆံကာ၊ အားလုံးကို ဘုရားသခင်၏ ကျေးဇူးတော်အား နှစ်သက်ခံစားစေရန် ခွင့်ပေးတော်မူခဲ့သည်။ သို့သော်လည်း ဘုရားသခင်ကို ယုံကြည်ရန် အခြားသူများကို ဟန့်တားသည့်၊ ဘုရားသခင်၏ အမှုတော်ကို ခုခံသည့်၊ ဘုရားသခင်ကို အသရေပျက်အောင် လုပ်ကြံပြောဆိုပြီး၊ ပြစ်မှားကြသည့် ဖာရိရှဲများအတွက်မူ၊ သခင်ယေရှုက အပြစ်တင်ခြင်းနှင့် ကျိန်ဆဲခြင်းများသာ ရှိခဲ့သည်။ အခြားအရာများအားလုံးကြားမှ ကိုယ်တော်က “ လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူ၏အပြစ်ကိုလည်း လွှတ်နိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။” (ရှင်မဿဲ ၁၂:၃၂) “ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်း ကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတား ကြ၏။” (ရှင်မဿဲ ၂၃:၁၃) ဟု မိန့်တော်မူခဲ့ပါသည်။ ဤနှုတ်ကပတ်တော်များတွင် သခင်ယေရှု သည် သနားကရုဏာနှင့်ပြည်စုံသော၊ ချစ်ခင်သော စိတ်သဘောထားတစ်ခုသာ ထုတ်ဖော်နိုင်ရုံမျှမက၊ ဖြောင့်မတ်သော ကြီးမြတ်သော စိတ်သဘောထား တစ်ခုလည်း ရှိကြောင်း ကျွန်ုပ်တို့ တွေ့မြင်နိုင်ပါသည်။ သခင်ယေရှု ထုတ်ဖော်သည့် အမျိုးမျိုးသော စိတ်သဘောထားများမှ တစ်ဆင့် သခင်ယေရှုသည် ဘုရားသခင်၏ စစ်မှန်သော ပြတ်သားသော စိတ်သဘောထားကို ပိုင်ဆိုင်ခဲ့ကြောင်း နှင့် သခင်ယေရှုသည် ဘုရားသခင်၏ နဂိုမူလစိတ်သဘောထားကို အချိန်မရွေး နေရာမရွေး ဖော်ထုတ်နိုင်ကြောင်း ကျွန်ုပ်တို့ တွေ့မြင်နိုင်ပါသည်။ နိဂုံး ယခုအချိန်တွင် သခင်ယေရှုသည် လူ့ဇာတိခံယူသည့် ဘုရားသခင်၊ ခရစ်တော်ဖြစ်သည်ဟု ကျွန်ုပ်တို့ ပြောရသည့် အကြောင်းအရင်းမှာ အလွန်ပင် ရှင်းလင်းပြီဟု ကျွန်ုပ်ထင်ပါသည်။ သို့သော်လည်း ထိုအချိန်က ဖာရိရှဲများသည် ဘုရားသခင်၏ လူ့ဇာတိပကတိနှင့် ခရစ်တော်ကို မယုံကြည်နိုင်ကြောင်း ကိုလည်း ကျွန်ုပ်တို့ သိခဲ့ပါသည်။ သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း သူတို့ ဝန်မခံခဲ့သည့်အပြင်၊ သူတို့က ရှာဖွေသည်ဖြစ်စေ၊ သို့မဟုတ် စုံစမ်းစစ်ဆေးသည်ဖြစ်စေ မပြုခဲ့ကြပါ။ ထိုအစား ၎င်းတို့သည် အထူးသဖြင့် မာနထောင်လွှားကာ၊ မိမိကိုယ်ကိုမှန်သည်ဟု ယူမှတ်ပြီး၊ သူတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများ ပေါ်တွင် အခြေခံကာ သခင်ယေရှုကို လူသားတစ်ယောက်အဖြစ် အကဲဖြတ် ခဲ့ကြသည့်အပြင်၊ ၎င်းတို့ ကိုယ်ပိုင်စိတ်ကူးများ၏ မေရှိယကို တိမ်များမှ ၎င်းတို့ကြားထဲ ဆင်းသက်လာရန်ကို ဆက်လက်စောင့်မျှော်နေခဲ့ကြသည်။ နောက်ဆုံးတွင် ဘုရားသခင်သည် ကြွလာပြီးဖြစ်သည့်အပြင်၊ သူတို့က ကိုယ်တော့်ကို အသိအမှတ်မပြုမိခဲ့သောကြောင့် သူတို့သေဆုံးခဲ့သည့် နေ့ရက်အထိပင် သူတို့သည် မေရှိယကို လက်မခံခဲ့ကြပါ။ “ ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည် ကြွလာလိမ့်မည်” (ရှင်လုကာ ၁၂:၄၀) နှင့် “ ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသား သည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။” (ရှင်လုကာ ၁၇:၂၄) တို့ကဲ့သို့သော ပရောဖက်ပြုခြင်းများ မှတစ်ဆင့် သခင်ယေရှုက နောက်ဆုံးသောကာလတွင် ပြန်ကြွလာမည့် အကြောင်း မိန့်တော်မူခဲ့သည်ကို ကျွန်ုပ်တို့ သိရှိပါသည်။ ဤပရောဖက်ပြု ခြင်းများမှ သခင်ယေရှုသည် လူ့ဇာတိပကတိအဖြစ်နှင့် လူသားပုံစံ၌ လူများကြားထဲသို့ တစ်ဖန် ပြန်ကြွလာမည့်အကြောင်း ကျွန်ုပ်တို့ တွေ့မြင်နိုင် သည်။ အချိန်ကျလာပါက၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဇာတိပကတိကို အသိအမှတ်ပြုနိုင်ပါမည်လား။ ကျွန်ုပ်တို့သည် သခင်ယေရှုကို လူသား တစ်ယောက် အနေဖြင့် စီရင်ခဲ့ကြသည့် ဖာရိရှဲများကဲ့သို့ဖြစ်နေမည်လား သို့မဟုတ် ထိုအစား ကျွန်ုပ်တို့သည် ကိုယ်တော့်ကို ပရောဖက်တစ်ယောက် အဖြစ်မြင်သော ထိုလူများအားလုံးကဲ့သို့ပင် နောက်ဆုံးသောကာလမှ လူ့ဇာတိခံယူသည့် ခရစ်ယာန်ကို အသိအမှတ်ပြုရန် အရေးနိမ့်မည်လား။ ဤသည်မှာ ကျွန်ုပ်တို့ သေချာစွာ ဆင်ခြင်တွေးတောသင့်သည့် မေးခွန်းတစ်ခုပင် ဖြစ်ပါသည်။ ဘုရားသခင်က “ အကယ်၍ လူတို့သည် ဘုရားသခင်၏ အပြင်ပန်း ပုံသဏ္ဌာန်ကိုသာ ကြည့်ပြီး ဘုရားသခင်၏ အနှစ်သာရကို မကြည့်ပါက ယင်းသည် လူသားတို့၏ မသိနားမလည်ခြင်းနှင့် နုံအခြင်းကို ပြနေသည်။ အပြင်ပန်းပုံသဏ္ဌာန်သည် အနှစ်သာရကို မတိုင်းတာနိုင်ပါ၊ ထို့ပြင် ဘုရားသခင်၏ အမှုသည် လူတို့၏ အယူအဆနှင့် ဘယ်သောအခါမျှ သဘောချင်း ကိုက်ညီမည် မဟုတ်ပါ။ ယေရှု၏ အပြင်ပန်း ပုံသဏ္ဌာန်သည် လူတို့၏ အယူအဆများနှင့် ကွဲပြားခဲ့သည် မဟုတ်ပါလား။ ယေရှု၏ သွင်ပြင်နှင့် အဝတ်အစားသည် သူသည် အမှန်တကယ် မည်သူမည်ဝါ ဖြစ်ကြောင်းကို သဲလွန်စပေးနိုင်ခြင်း မရှိခဲ့ဘူး မဟုတ်လား။ အစောပိုင်းက ဖာရိရှဲများက ယေရှုကို ဆန့်ကျင်ခြင်း အကြောင်းရင်းမှာ သူ၏ အပြင်ပန်းသွင်ပြင်ကိုသာ ကြည့်ပြီး သူပြောသော စကားများကိုမူ နှလုံးမသွင်းခဲ့ကြခြင်းကြောင့် မဟုတ်ပါလား။ ဘုရားသခင်၏ အပြင်ပန်းပုံသဏ္ဌာန်ကို ရှာဖွေကြသော ညီအစ်ကို မောင်နှမများသည် သမိုင်းထဲက အဖြစ်ဆိုးလို ထပ်မံမဖြစ်ကြစေရန် ငါမျှော်လင့်သည်။ သင်တို့သည် ခေတ်သစ် ဖာရိရှဲများ အဖြစ် ဘုရားသခင်ကို ကားတိုင်တွင် ရိုက်ထားသူများ ထပ်မံ မဖြစ်ပါစေနှင့်။ သင်တို့သည် ဘုရားသခင် ပြန်လည်ကြွလာခြင်းကို မည်သို့ ကြိုဆိုရန် သေသေချာချာ စဉ်းစားထားသင့်ပြီး သမ္မာတရားကို ကျိုးနွံအပ်နှံထားသည့် သူတစ်ဦး မည်သို့ဖြစ်ရန် ကြည်လင်သောစိတ်ထား ရှိသင့်ပါသည်။ ဤသည်မှာ သခင်ယေရှုသည် မိုးတိမ်များနှင့်အတူ ပြန်လည်ကြွမြန်းလာမည်ကို စောင့်ကြိုနေသည့် လူတိုင်း၏ တာဝန်ဖြစ်ပါသည်။” ဟု မိန့်တော်မူခဲ့သည်။ ဤနှုတ်ကပတ်တော်များက သခင့်ကြွလာခြင်းကို လက်ခံရန် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ကျွန်ုပ်တို့အား ပေးသောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသံတော်ကို အလေးဂရုပြု၍ နားထောင်ရမည် ဖြစ်ပြီး၊ ရှာဖွေလိုစိတ်ရှိသည့် နှလုံးသားတစ်စုံကို ထိန်းသိမ်းကာ၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်များမှ ဘုရားသခင်ကို အသိအမှတ်ပြုရမည် ဖြစ်ပါသည်။ အောက်ခြေမှတ်စုများ- က။ မူရင်းစာသားမှာ “ အနေနှင့်” ဖြစ်သည်။
0 Comments
Leave a Reply. |
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|