ချန်းချန်း
မနက်ခင်းတစ်ခုတွင် ကျွန်ုပ်၏ ဝိညာဉ်ရေးရာ ဝတ်ပြုကိုးကွယ်မှု ပြီးနောက်၊ ကျွန်ုပ်သည် ဧဝံဂေလိ ဝဘ်ဆိုဒ် တစ်ခုသို့ ဝင်ရောက်ခဲ့ရာ ဆွေး နွေးရာနေရာတွင် “ ခရစ်တော်၌ယုံကြည်ခြင်းဖြင့် ထာဝရအသက်ရရှိခြင်းသည် ခရစ်ယာန်အများတို့ လိုအင်ဆန္ဒ ဖြစ်သည်။ သို့သော် နောင်တရခြင်းလမ်းနှင့် ထာဝရအသက်လမ်းတို့သည် မည်သည်တို့ဖြစ်သည်ကို သင်သိပါသလား။ နောင်တလမ်းနှင့် ထာဝရအသက်လမ်းကြား မည်သည့် ခြားနားချက်ရှိသနည်း။ အကယ်၍ သင်သည် ဤမေးခွန်းတို့ကို သိရှိ ပြီး ဘုရားသခင် အပ်နှင်းသော ထာဝရ အသက်လမ်းကို ရရှိလိုလျှင် ကျွန်ုပ်တို့၏ ဆွေးနွေးမှုတွင် လာရောက်ပါဝင်ပါ” ဟူသော ပို့စ်တစ်ခုကို အမှတ်မထင် တွေ့ရှိလေသည်။
0 Comments
ဝိညာဉ်ရေးဆိုင်ရာ အမေးအဖြေကဏ္ဍမှ ညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာပါ။
အခုရက်ပိုင်းမှာ ကျွန်တော် ရှုပ်ထွေးနေတဲ့အရာတစ်ခုရှိပြီးတော့ ညီအစ်ကိုမောင်နှမတို့ရဲ့ အကူအညီကို တောင်းခံလိုပါတယ်။ ကျွန်တော် သခင့်ကို ယုံကြည်ခဲ့တာ ဆယ်စုနှစ်များစွာရှိပါပြီ။ နောက်ပြီး သမ္မာကျမ်းစာဟာ ဘုရားသခင်အားဖြင့် ပေါ်ပေါက်လာတယ်လို့ပဲ ကျွန်တော် အမြဲတမ်း ထင်မြင်မိပါတယ်။ ဒါပေမဲ့ အခုရက်ပိုင်းမှာ သမ္မာကျမ်းစာထဲကက မှတ်တမ်းတွေက ကိုက်ညီမှုမရှိ တာတွေကို တအံ့တသြ တွေ့ရှိရပါတယ်။ ဥပမာ သမ္မာကျမ်းစာမှာ ပေတရုက သခင့်ကို သုံးကြိမ်ငြင်းဆိုတာနဲ့ပတ်သက်တဲ့ မှတ်တမ်းမှာ ရှင်မဿဲ ၂၆:၃၄ မှာ “ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညဉ့်တွင်ကြက်မတွန်မှီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊” လို့ပြောထားပါတယ်။ ဒါပေမဲ့ ရှင်မာကု ၁၄:၃၀ မှာ “ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညဉ့်တွင်ပင် ကြက်သည်နှစ်ကြိမ်မတွန်မှီ သင်သည် သုံး ကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊” လို့ ပြောပါတယ်။ ဒီနှစ်ပိုဒ်လုံးက ပေတရုငြင်းဆိုတာနဲ့ပတ်သက်ပေမဲ့ တစ်ခုမှာ ပေတရုဟာ ကြက်မတွန်မှီမှာ သခင့်ကို သုံးကြိမ်ငြင်းဆိုမယ်လို့ ပြောပြီး နောက်တစ်ခုမှာ ကြက်နှစ်ကြိမ်မတွန်မှီလို့ပြောထားတယ်။ ဒီတော့ အချိန်နဲ့ပတ်သက်ပြီး သိသိသာသာ မကိုက်ညီတာတစ်ခု ရှိနေတယ်။ နောက်ပြီးတော့လည်း ဓမ္မဟောင်းကျမ်းမှာ ဒါဝိတ်က ဣသလေရလူမျိုးတွေကို ရေတွက်တာကို မှတ်တမ်းတင်ထားတယ်။ ဓမ္မရာဇဝင်ဒုတိယစောင် ၂၄:၁ မှာ “ နောက်တဖန်ထာဝရဘုရားသည် ဣသရေလ အမျိုးကို အမျက်ထွက်တော်မူလျှင်၊ စာတန်သည် ရန်ဘက်ပြု၍ ဣသရေလလူနှင့် ယုဒလူတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ်ကိုတိုက်တွန်းလေ၏။” လို့ ဖော်ပြထားတယ်။ ဒါပေမဲ့ ရာဇဝင်ချုပ် ၂၁:၁ မှာ “ နောက်တဖန်စာတန်သည် ဣသရေလအမျိုး တဘက်၌ထ၍ ဣသရေလအမျိုးသားတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ်ကို တိုက်တွန်းလေ၏။” လို့ဖော်ပြထားတယ်။ နှစ်ပိုဒ်လုံးက ဒါဝိတ်က ဣသရေလလူမျိုးတွေကို ရေတွက်တာနဲ့ ပတ်သက်တယ်။ ဒါပေမဲ့ တစ်ခုမှာက ဣသရေလတွေကို ရေတွက်ဖို့ ယေဟောဝါက ဒါဝိတ်ကို တိုက်တွန်းတယ်လို့ပြောပြီး နောက်တစ်ခုမှာက ဣသရေလတွေကို ရေတွက်ဖို့ စာတန်က ဒါဝိတ်ကို တိုက်တွန်းတယ်လို့ပြောတယ်။ ဒါတွေက အဓိပ္ပါယ်လုံးဝ ဆန့်ကျင်နေတယ်။ ကျွန်တော် ဒါကိုတွေ့တော့ အရမ်းအံ့အားသင့်သွားတယ်။ သမ္မာကျမ်းစာမှာ ဒီအဖြစ်အပျက်တစ်ခုထဲမှာ ဖော်ပြချက်တွေက တိုက်ရိုက်ဆန့်ကျင့်နေတဲ့အဆင့်ထိတောင်မှ မကိုက်ညီတဲ့မှတ်တမ်းတွေက ဘာကြောင့် ပါနေရတာလဲ။ သမ္မာကျမ်းစာထဲက နှုတ်ကပတ်တော်အားလုံးက ဘုရားသခင်အားဖြင့် ဖြစ်ပေါ်လာတာဆိုရင် အမှားနည်းနည်းလေးမှတောင် မပါသင့်ဘူးလေ။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး ညီအစ်ကိုမောင်နှမတို့ရဲ့အမြင်ကို ကျွန်တော် အရမ်းသိချင်ပါတယ်။ ဝိညာဉ်ရေးဆိုင်ရာ အမေးအဖြေကဏ္ဍက ညီအစ်ကိုမောင်နှမတွေ ကျွန်တော် ရှုပ်ထွေးနေတာကို ကူညီဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ လီရှန် ၂၀၁၈ ခုနှစ် မေလ ၃ ရက် “ ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်တွင်လား ကမ္ဘာပေါ်တွင်လား” ဆိုသည့် အကြောင်းကို အကျဉ်းချုပ် ပြောခြင် ရှန်းဂျင်း ရေးသားသည်
ဧဝံဂေလိဝဘ်ဆိုက်တစ်ခုသည် လတ်တလောကမှ စကားဝိုင်းကဏ္ဍအချို့ကို ပါးနပ်စွာဖြင့် စတင်ခဲ့ရာ တွင်၊ “ ‘ကောင်းကင်နိုင်ငံတော်သည် ကောင်းကင် တွင်လား ကမ္ဘာပေါ်တွင်လား’ ဆိုသည့် အကြောင်းကို အကျဉ်းချုပ်ပြောခြင်း” ၊ “ ပါဝင်ခြင်း- သင်ချီဆောင်ခံ ရပြီးပါသလား” ၊ “ မေးခွန်းတစ်ခု – သင်သည် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ပါ သလား” စသည်တို့ ပါဝင်ပါသည်။ အဆုံးတွင် ရှန်းဂျင်းသည် “ ‘ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်တွင်လား ကမ္ဘာပေါ်တွင်လား’ ဆိုသည့် အကြောင်းကို အကျဉ်းချုပ်ပြောခြင်း” ဆိုသည့် ကဏ္ဍကို ရွေးချယ်ခဲ့သည်။ သူမသည် သခင့်ကို ဆယ်စုနှစ်တစ်ခုကျော် အတွင်း ယုံကြည်ခဲ့ပြီး၊ သူမတွေ့ဖူးသမျှ ဝိညာဉ်ရေးရာ ခေါင်းဆောင်များက သူမကို “ ရှန်လင်း နင်က သခင့်ကို ရှာဖွေရမည် ဟု ပြောကြလေ့ရှိသည်ဟု ပြောခဲ့သောကြောင့် ဤအကြောင်းအရာကို စိတ်ဝင်းစားခဲ့သည်။ အနာဂတ်တွင် ကိုယ်တော်သည် ကျွန်မတို့ကို ကောင်းကင်နိုင်ငံတော်သို့ ခေါ်ဆောင်မည် ဖြစ်ပြီးလျှင်၊ ကျွန်မတို့သည် ကောင်းကင်နိုင်ငံတွင် အသက်ရှင် နေထိုင်ကြမည်။ ထိုနေရာသည် ရွှေများဖြင့် လုပ်ထားသည့် မြေကြီးများနှင့် နဂါးသွဲ့ကျောက်ဖြင့် နံရံများရှိသည့် နေရာတစ်ခုဖြစ်ပြီးလျှင်၊ ကျွန်မတို့ သေခြင်း၏ အရှုပ်အထွေးမှ ခပ်ဝေးဝေး နေနိုင်သည့် နေရာတစ်ခုလည်း ဖြစ်ပါသည်။” လွန်ခဲ့သော ဆယ်နှစ်အကျော်က ပထမဆုံးအကြိမ်အနေဖြင့် သူတို့က ၎င်းတို့ဤနည်းဖြင့် စကားပြောဆိုသည်ကို ကြားခဲ့သည်၊ သူမသည် လှပသည့် ကောင်းကင် နိုင်ငံတော်အကြောင်း အံ့သြဖွယ် အထင်မှားမှု အမျိုးစုံကို တေးမှတ်ထားခဲ့ပြီး၊ သခင်က သူမကို ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်မည့်အချိန် ရောက်လာမည့်နေ့ရက်ကို တောင့်တခဲ့သည်။ ထိုနေ့တွင် မည်သည့်အရာဖြစ်ပျက်မည်နည်း။ ကျွန်မသည် ကောင်းကင်နိုင်ငံတော်သို့ မည်သို့ သွားရောက်မည်နည်း။ ကောင်းကင်နိုင်ငံတော်သည် မည်မျှလှပသနည်း။ သူမသည် ကောင်းကင်နိုင်ငံတော်အကြောင်း စိတ်ကူး ယဉ်မှုအပြည့်နှင့် မျှော်လင့်ချက်တို့ အချိန်ပြည့်ရှိခဲ့ ပါသည်။ သဘာဝအလျောက် သူမအနေဖြင့် “ ဘုရားသခင်၏နိုင်ငံတော်သည် ကောင်းကင်တွင် ဖြစ်သလား သို့မဟုတ် မြေကြီးပေါ်တွင်ဖြစ်သလား” ဆိုသည့် အကြောင်းအရာကို လူအချို့ ဆွေးနွေး နေသည်ကို ရုတ်တရက် တွေ့မြင်ပါက အံ့အားသင့်မည် ဖြစ်ပါသည်။ ထို့ကြောင့် သူမသည် ဆီလျော်သည့် ချိတ်ဆက်မှုကို ကလစ်နှိပ်လိုက်သည်။ လီယူး စီရွမ် တရုတ်ပြည်နယ်
သခင်ယေရှုဆိုသည်မှာ မည်သူနည်း။ သူ၏ ခေတ်ပြိုင်များက မည်သည့် အရာကိုပြောခဲ့ကြသနည်း။ ရှင်လုကာ ၄:၂၂ တွင် “ ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်ခံ၍၊ တင့်တယ်လျောက်ပတ်သော နှုတ်ထွက်စကားကို အံ့ဩ ချီးမွမ်းလျက်၊ ဤသူသည် ယောသပ်၏ သားမဟုတ်တုံသောဟု ဆိုကြ၏။” ဟု မှတ်တမ်းတင် ထားပါသည်။ ရှင်ယောဟန် ၃:၂ တွင် “ အရှင်ဘုရား၊ ကိုယ်တော်သည် ပြတော်မူသော ဤနိမိတ် လက္ခဏာတို့ကို ဘုရားသခင်၏အခွင့်မရှိလျှင် အဘယ်သူမျှ မပြနိုင်သည်ကို အကျွန်ုပ်တို့သည်ထောက်၍၊ ကိုယ်တော်သည် ဘုရားသခင်အထံတော်မှ ကြွလာတော်မူသောဆရာဖြစ်ကြောင်းကို သိကြပါ၏” ဟု ပြောထားပါသည်။ ထို့နောက် ရှင်မဿဲ ၁၆:၁၃-၁၄ တွင် သခင်ယေရှုက သူ၏တပည့်တော်များအား “ လူများတို့သည် လူသားဖြစ်သော ငါ့ကို အဘယ်သူဖြစ်သည်ဆိုကြသနည်း” ဟု မေးတော်မူရာ သူတို့က “ လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန်ဖြစ်သည်ဟူ၍၎င်း၊ အချို့က၊ ဧလိယဖြစ်သည် ဟူ ၍၎င်း၊ အချို့က၊ ယေရမိမှစ၍ ပရောဖက် တပါးပါးဖြစ်သည်ဟူ၍၎င်း ဆိုကြပါ၏” ဟု ပြောခဲ့ကြသည်။ ယုဒလူများ အကြားတွင် သခင်ယေရှု၏ ကိုယ်ပိုင်လက္ခဏာအကြောင်း ကွဲပြားသောစိတ်ကူး များစွာ ရှိသည်ကို ဤသမ္မာကျမ်းစာ ဆိုင်ရာ မှတ်တမ်းများက ကျွန်ုပ်တို့ တွေ့မြင်နိုင်ပါသည်။ အချို့က ကိုယ်တော်သည် ယောသပ်၏ သားဖြစ်သည်ဟု ပြောခဲ့ကြသည်၊ အချို့က သူ့ကို ဆရာ ဟု ခေါ်ကြပြီး၊ အချို့က သူသည် ဧလိယ၊ ယေရမိ သို့မဟုတ် အသက်ပြန်ရှင်လာသည့် ရှေးခေတ် ပရောဖက်တစ်ဦးဦး ဖြစ်သည်ဟု မှန်းဆခဲ့ကြသည်။ မည်သို့ပင်ဆိုစေကာမူ ကိုယ်တော်၏ ကိုယ်ပိုင်လက္ခဏာသည် လူများအကြားတွင် မဆုံးမရှိသည့် စကားရည်လုခြင်း အကြောင်းအရာ တစ်ခု ဖြစ်ခဲ့ပါသည်။ သို့သော်လည်း ကိုယ်တော်၏ စစ်မှန်သည့် ကိုယ်ပိုင်လက္ခဏာမှာ အဘယ်နည်း။ ကိုယ်တော်၏ ကိုယ်ပိုင်လက္ခဏာ ကို သန့်ရှင်းသောဝိညာဉ်တော်မှ ဟုတ်မှန်ကြောင်း ထင်ရှားစေသည့် မှတ်တမ်းတစ်စုံတစ်ရာ သမ္မာကျမ်းစာတွင် ပါရှိပါသလား။ ရှိပါသည်။ သခင်ယေရှုက သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေ ခြင်းခံရသော ကိုယ်တော်၏ တပည့်တော် ရှိမုန်ပေတရု မေးတော်မူသည့် အချိန်တွင် သူက “ ကိုယ်တော်သည် ခရစ်တော်တည်း” (ရှင်မဿဲ ၁၆:၁၆) ဟု ပြောခဲ့သည်။ သခင်ယေရှုက ပေတရု၏ အဖြေကို “ ရှိမုန်ဗာယောန၊ သင်သည်မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤ အကြောင်းအရာကို သင့်အားဘော်ပြသည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်သည် ဘော် ပြတော်မူသတည်း။” (ရှင်မဿဲ ၁၆:၁၇) ဟု မိန့်တော်မူရင်းဖြင့် အတည်ပြုတော်မူခဲ့သည်။ သခင်ယေရှုသည် ယောသပ် ၏ သားမဟုတ်ကြောင်း၊ ကိုယ်တော်သည် ဆရာတစ်ယောက် မဟုတ်ကြောင်း၊ ကိုယ်တော်သည် ပရောဖက်တစ်ပါး မဟုတ်ကြောင်း၊ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်းကို ဤအချက်မှ ကျွန်ုပ်တို့ သိရပါသည်။ |
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|