ဇောင်းရင်နို တရုတ်ပြည်
ဘုရားသခင်၏ နာမတော်သည် ယေဟောဝါ ဖြစ်သည်၊ ဓမ္မဟောင်းကျမ်းတွင် “ ငါတစ်ပါးသည်သာ ယေဟောဝါဖြစ်ပြီး ငါမှတစ်ပါး ကယ်တင်သောအရှင်မရှိ၊” (ဟေရှာယ ၄၃း၁၁) “ ထိုအမည်သည် အစဉ် ငါ့အမည်ဖြစ်၏။ လူမျိုးအစဉ်အဆက်မပြတ် ငါ့ဘွဲ့နာမ ဖြစ်၏။” (ထွက်မြောက်ရာကျမ်း ၃:၁၅) ဟု မှတ်တမ်းတင်ထားသည့် အတိုင်းပင် ဖြစ်ပါသည်။ သို့သော်လည်း ဓမ္မသစ်ကျမ်းတွင် “ ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။” (ဟေဗြဲ ၁၃:၈) “ ထိုသခင်မှတပါးအဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။ ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ။” (တမန်တော် ၄:၁၁-၁၂) ဟု မှတ်တမ်းတင်ထားသည်။ ယေဟောဝါ နှင့် ယေရှုတို့သည် ဘုရားသခင်၏ နာမတော်များဖြစ်ကြောင်း ဤကျမ်းချက်များမှနေပြီး ကျွန်ုပ်တို့တွေ့မြင်နိုင်ပါသည်။ ဘုရားသခင်သည် ဓမ္မဟောင်းကျမ်းတွင် ယေဟောဝါဟု ခေါ်သော်လည်း ဓမ္မသစ်ကျမ်းတွင်မူ ယေရှုဟု ခေါ်သည်။ ဘုရားသခင်၏ နာမတော်က အဘယ့်ကြောင့် ပြောင်းလဲရသနည်း။ ကိုယ်တော့်နာမတော်များ၏ အဓိပ္ပါယ်မှာ အဘယ်နည်း။ ဤသမ္မာတရား၏ ရှုထောင့်ကို အတူတကွ စူးစမ်းလေ့လာကြပါစို့။
0 Comments
Facebook စကားပြောဆိုခြင်း- ဖခမည်းတော်၏ အလိုတော်ကို ဆောင်ရွက်ခြင်း ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို သင်သိပါသလား Xiaowei
နံနက်စာစားပြီးနောက်တွင် Yeqi သည် သူမကွန်ပြူတာကို ဖွင့်ပြီး၊ Facebook ဝင်လိုက်သည်။ သူမသူငယ်ချင်း Lina ၏ အကောင့်ကို ကြည့်လိုက်ပြီး၊ သူမလက်ချောင်းများက ကီးဘုတ်အနှံ့တွင် တချောက်ချောက်မြည်အောင် လှုပ်ရှားရင်းဖြင့် သူမက “ နင်အွန်လိုင်းပေါ်မှာလား။ ငါ့နင့်ကို ပြောချင်တဲ့ မေးခွန်းတစ်ခုရှိတယ်။ ဒီမနက်မှာ နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်း ဖတ်ရင်းနဲ့ ဒီကျမ်းပိုဒ်ကို ဖတ်မိတယ်၊ “ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။” (ရှင်မဿဲ ၇:၂၂-၂၃) ငါ သခင့်နှုတ်ကပတ်တော်တွေအကြောင်း စဉ်းစားနေခဲ့ပြီး၊ နည်းနည်း စိတ်ရှုပ်ထွေးနေတယ်။ သခင့် နာမတော်နဲ့ ဆုတောင်းတဲ့၊ တရားဟောတဲ့၊ နတ်ဆိုးတွေကို နှင်ထုတ်ပြီး အံ့ဖွယ်တန်ခိုးတွေပြတဲ့ သူတွေက သခင့်အတည်ပြုချက် မရဘူးလို့ သခင်ကပြောရုံတင်မကဘူး၊ သခင်က သူတို့ကို အဓမ္မမှုကို ပြုတဲ့လူတွေလို့ပါ အမှန်တကယ် ခေါ်ခဲ့တာ ဘာဖြစ်လို့လဲ။ ဒီမှာဘာတွေဖြစ်နေတာလဲ။ အရင်တုန်းက ဒီလူတွေလိုပဲ ငါလည်း လေထဲမိုးထဲမှာ ဧဝံဂေလိတရားတော်ကို ဖြန့်ဝေဖို့ ခရီးတွေသွားခဲ့ပြီး၊ သခင့်အတွက် စိတ်အားထက်သန်စွာနဲ့ အသုံးခံခဲ့တဲ့အပြင်၊ ငါ့ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကိုလည်း ဆယ်ဖို့တစ်ဖို့ပေးလှူခဲ့တယ်။ ဒါတွေက ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်ရွက်နေပြီးတော့ အဆုံးသတ်မှာ သခင့်အတည်ပြုချက်ကို ရမယ်လို့ထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး ငါသိပ်မသေချာတော့ဘူး။ ပြီးတော့ ဒီကိစ္စကို ငါဘယ်လိုမြင်ရမှန်းလဲမသိဘူး” ဟု မေးလိုက်သည်။ ဂျိုးတောက် တရုတ်ပြည်
ကျွန်တော့် စိတ်ရှုပ်ထွေးမှု လွန်ခဲ့သည့်နှစ်အနည်းငယ်က ကျွန်တော်က စီးပွားရေးကိစ္စအတွက် မကြာခဏ အပြင်ထွက်ခဲ့သည်။ ကျွန်တော်ရပ်နားသည့် နေရာတိုင်းတွင် ကျွန်တော်က စနေတနင်္ဂနွေများတွင် သခင့်နှုတ်ကပတ်တော်များကို ဝေငှရန် နှင့် ဆုတောင်းရန် ကောက်ကာငင်ကာဖြင့် အစည်းအဝေးနေရာများကို ရှာဖွေလေ့ရှိသည်။ သို့သော်လည်း အစည်းအဝေးအချို့ အပြီးတွင် အသင်းတော်ခေါင်းဆောင်များက “ အစ်ကိုဂျူးရေ အစ်ကိုက ဘယ်ဂိုဏ်းဂဏ နဲ့သက်ဆိုင်တာလဲ။ အစ်ကို့အသင်းတော်ရဲ့ အယူဝါဒကဘာလဲ” ဟု ကျွန်တော့် ကို မေးကြသည်။ ကျွန်တော်က အမြဲတမ်း အံ့အားသင့်ပြီး “ ကျွန်တော်က သခင်ယေရှုကို ယုံကြည်တယ်လေ၊ ပြီးတော့ ကျွန်တော်က ဘယ်ဂိုဏ်းဂဏနဲ့မှ မသက်ဆိုင်ပါဘူး။ ကျွန်တော်တို့အားလုံးက ခရစ်တော်မှာ မိသားစုပါပဲ” ဟု ပြန်ဖြေခဲ့သည်။ သို့သော်လည်း သူတို့က “ အခု အသင်းတော်တွေ အများကြီး ရှိပေမဲ့ ကျွန်တော်တို့ အသင်းတော်ကသာလျှင် စစ်မှန်တဲ့ အသင်းတော် တစ်ခုဖြစ်တယ်၊ ကျွန်တော်တို့ အသင်းတော်သာလျှင် အခြားအသင်းတော် အားလုံးကို အကျုံးဝင်စေတာပါ” ဟု ဖြေကြသည်။ နောက်ပိုင်းတွင် ကျွန်တော့် ကို ပို၍ ခေါင်းခြောက်စေသည့်အရာမှာ ကျွန်တော်က ကျွန်တော့် ဇာတိမြေ အသင်းတော်သို့ ပြန်သွားသည့်အချိန်တွင်၊ ကျွန်တော့်အသင်းတော် မိတ်ဆွေ များက ကျွန်တော့်အား အခြားအသင်းတော်များတွင် မည်သည့် အယူဝါဒကို ကြားမိသနည်းဟု မေးကြခြင်းပင် ဖြစ်ပါသည်။ ကျွန်တော်တို့က သမ္မာ ကျမ်းချက်များကို ကွဲပြားသည့် နားလည်သဘောပေါက်ခြင်းများအပေါ် စကားများပြီး၊ သဘောတူညီချက်တစ်ခုကို မည်သည့်အခါမျှ မရရှိခဲ့ပါ။ ကျွန်တော်တို့ အစည်းအဝေးများသည် မကြာခဏ ခါးသီးစွာ အဆုံးသတ် ခဲ့ပါသည်။ နှစ်များစွာ ကြာမြင့်ပြီးနောက်၊ ကျွန်တော်မည်သည့် နေရာသို့သွားသည်ဖြစ်စေ၊ ကျွန်တော့်ကို သဘောကျစေသည့် အရာမှာ ဂိုဏ်းဂဏ အမြောက်အမြား ဖြစ်ပြီး၊ သူတို့အားလုံးသည် အချင်းချင်း မည်မျှ အပြစ်မြင်ကြခြင်းပင် ဖြစ်ပါသည်။ ဤအချက်ကိုကြည့်ရင်းဖြင့် ကျွန်တော်က သမ္မာကျမ်းစာထဲမှာ နှုတ်ကပတ်တော်များကို တွေးမိပါသည်၊ “ သခင်တပါး၊ ယုံကြည်ခြင်းတပါး၊ ဗတ္တိဇံတပါး၊ ခပ်သိမ်းသော ငါတို့၏အဘဖြစ်သော ဘုရားသခင် တဆူတည်းရှိတော်မူ၏။ ထိုဘုရားသခင်သည် ခပ်သိမ်းသော ငါတို့၏အပေါ်မှာရှိတော်မူ၏။ ခပ်သိမ်းသော ငါတို့ကို နှံ့ပြားတော်မူ၏။ ခပ်သိမ်းသော ငါတို့၏အထဲ၌လည်း ရှိတော်မူ၏။” (ဧဖက် ၄:၅-၆) ကျွန်တော်တို့အားလုံး သခင့်ကို ယုံကြည်ပြီး၊ သမ္မာကျမ်းစာနှင့် သခင့် နှုတ်ကပတ်တော်တို့ကို ဖတ်ရှုကြသည်၊ အဘယ့်ကြောင့် ခရစ်ယာန် ဂိုဏ်းဂဏများစွာ ရှိနေရသနည်း။ ဤအရာ၏ ဇစ်မြစ်မှာ အဘယ်နည်း။ မည်သည့်တစ်ခုက သခင့်အလိုတော်နှင့် ကိုက်ညီသနည်း။ စိတ်ရှုပ်ထွေးမှု နှင့် သဘောမပေါက်ခြင်းအပြည့်တို့ဖြင့်၊ ကျွန်တော်က အဖြေများကို စိတ်အား ထက်သန်စွာ ရှာဖွေလိုခဲ့ပါသည်။ ချန်းချန်း
မနက်ခင်းတစ်ခုတွင် ကျွန်ုပ်၏ ဝိညာဉ်ရေးရာ ဝတ်ပြုကိုးကွယ်မှု ပြီးနောက်၊ ကျွန်ုပ်သည် ဧဝံဂေလိ ဝဘ်ဆိုဒ် တစ်ခုသို့ ဝင်ရောက်ခဲ့ရာ ဆွေး နွေးရာနေရာတွင် “ ခရစ်တော်၌ယုံကြည်ခြင်းဖြင့် ထာဝရအသက်ရရှိခြင်းသည် ခရစ်ယာန်အများတို့ လိုအင်ဆန္ဒ ဖြစ်သည်။ သို့သော် နောင်တရခြင်းလမ်းနှင့် ထာဝရအသက်လမ်းတို့သည် မည်သည်တို့ဖြစ်သည်ကို သင်သိပါသလား။ နောင်တလမ်းနှင့် ထာဝရအသက်လမ်းကြား မည်သည့် ခြားနားချက်ရှိသနည်း။ အကယ်၍ သင်သည် ဤမေးခွန်းတို့ကို သိရှိ ပြီး ဘုရားသခင် အပ်နှင်းသော ထာဝရ အသက်လမ်းကို ရရှိလိုလျှင် ကျွန်ုပ်တို့၏ ဆွေးနွေးမှုတွင် လာရောက်ပါဝင်ပါ” ဟူသော ပို့စ်တစ်ခုကို အမှတ်မထင် တွေ့ရှိလေသည်။ |
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|