Facebook စကားပြောဆိုခြင်း- ဖခမည်းတော်၏ အလိုတော်ကို ဆောင်ရွက်ခြင်း ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို သင်သိပါသလား Xiaowei
နံနက်စာစားပြီးနောက်တွင် Yeqi သည် သူမကွန်ပြူတာကို ဖွင့်ပြီး၊ Facebook ဝင်လိုက်သည်။ သူမသူငယ်ချင်း Lina ၏ အကောင့်ကို ကြည့်လိုက်ပြီး၊ သူမလက်ချောင်းများက ကီးဘုတ်အနှံ့တွင် တချောက်ချောက်မြည်အောင် လှုပ်ရှားရင်းဖြင့် သူမက “ နင်အွန်လိုင်းပေါ်မှာလား။ ငါ့နင့်ကို ပြောချင်တဲ့ မေးခွန်းတစ်ခုရှိတယ်။ ဒီမနက်မှာ နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်း ဖတ်ရင်းနဲ့ ဒီကျမ်းပိုဒ်ကို ဖတ်မိတယ်၊ “ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။” (ရှင်မဿဲ ၇:၂၂-၂၃) ငါ သခင့်နှုတ်ကပတ်တော်တွေအကြောင်း စဉ်းစားနေခဲ့ပြီး၊ နည်းနည်း စိတ်ရှုပ်ထွေးနေတယ်။ သခင့် နာမတော်နဲ့ ဆုတောင်းတဲ့၊ တရားဟောတဲ့၊ နတ်ဆိုးတွေကို နှင်ထုတ်ပြီး အံ့ဖွယ်တန်ခိုးတွေပြတဲ့ သူတွေက သခင့်အတည်ပြုချက် မရဘူးလို့ သခင်ကပြောရုံတင်မကဘူး၊ သခင်က သူတို့ကို အဓမ္မမှုကို ပြုတဲ့လူတွေလို့ပါ အမှန်တကယ် ခေါ်ခဲ့တာ ဘာဖြစ်လို့လဲ။ ဒီမှာဘာတွေဖြစ်နေတာလဲ။ အရင်တုန်းက ဒီလူတွေလိုပဲ ငါလည်း လေထဲမိုးထဲမှာ ဧဝံဂေလိတရားတော်ကို ဖြန့်ဝေဖို့ ခရီးတွေသွားခဲ့ပြီး၊ သခင့်အတွက် စိတ်အားထက်သန်စွာနဲ့ အသုံးခံခဲ့တဲ့အပြင်၊ ငါ့ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကိုလည်း ဆယ်ဖို့တစ်ဖို့ပေးလှူခဲ့တယ်။ ဒါတွေက ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်ရွက်နေပြီးတော့ အဆုံးသတ်မှာ သခင့်အတည်ပြုချက်ကို ရမယ်လို့ထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး ငါသိပ်မသေချာတော့ဘူး။ ပြီးတော့ ဒီကိစ္စကို ငါဘယ်လိုမြင်ရမှန်းလဲမသိဘူး” ဟု မေးလိုက်သည်။
0 Comments
|
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|