“ ကပ်ဘေးများမတိုင်ခင် ချီဆောင်ခံရခြင်း” က ဘာကိုဆိုလိုပါသလဲ။ “ ကပ်ဘေးများမတိုင်ခင် အောင်မြင်တဲ့သူများအဖြစ် ပြုလုပ်ခံရခြင်း” က ဘာကိုဆိုလိုပါသလဲ။ မင်္ဂလာပါ ဝိညာဉ်ရေးရာအမေးအဖြေမှ ညီအစ်ကိုမောင်နှမတို့ ကျွန်မတို့ဟာအခုဆိုရင် နောက်ဆုံးသောကာလရဲ့ နောက်ဆုံးအဆင့်မှာရှိနေပါတယ်။ ကပ်ဘေးဒုက္ခမျိုးစုံဟာ အရေအတွက် တိုးတိုးလာတာကို သတင်းတွေမှာ ကျွန်မ တွေ့မြင်ရပါတယ်။ ကျွန်မဟာ ကပ်ဘေးမတိုင်ခင်မှာ ချီဆောင်ခြင်းခံရပြီး အောင်မြင်တဲ့သူအဖြစ် ပြုလုပ်ခံရခြင်းရှိမရှိက ကျွန်မ့အတွက် အဓိကအချက်တွေပဲဖြစ်ပါတယ်။ ဒီအချက်နှစ်ချက်နဲ့ပတ်သက်ပြီး ကျွန်မ့ရဲ့အမြင်ကတော့ ကျွန်မတို့ဟာ ဘာပဲဖြစ်နေဖြစ်နေ သခင့်ရဲ့အမည်နာမကို စွဲကိုင်ထားသရွေ့၊ အခက်အခဲဒုက္ခမျိုးစုံကို ကျွန်မတို့ ဖြတ်သန်းရတဲ့အခါမှာ သခင့်အတွက် ကြိုးစားလုပ်ဆောင်ပြီး နောက်ပြန်မလှည့်သရွေ့ ကျွန်မတို့ဟာ အောင်မြင်တဲ့သူတွေဖြစ်လာနိုင်တယ်။ ပြီးရင် ကပ်ဘေးတွေကျရောက်လာတဲ့အခါကျရင် သခင်နဲ့ တွေ့ဆုံပြီး သူ့ရဲ့ကတိတော်တွေကို ခံစားရဖို့အတွက် ကောင်းကင်ပေါ်ကိုချီဆောင်ခြင်းခံရနိုင်တယ်။ ဒါပေမဲ့ တချို့က ကျွန်မ့အမြင်ကို မေးခွန်းထုတ်ကြတယ်။ တချို့လူတွေက ဒါတွေ၊ ဒါတွေကို ရရှိပြီးခဲ့ကြပြီ၊ နောက်ပြီး ကပ်ဘေးတွေက အရေအတွက် များလာပြီးတော့ ကပ်ဘေးမျိုးစုံက ကျွန်မတို့အပေါ်ကို ကျရောက်နှင့်နေပြီ။ ဒါပေမဲ့ ဘယ်သူမှ ကောင်းကင်ပေါ်ကို ချီဆောင်ခြင်းခံရတာ မမြင်ရသေးဘူးလို့ ပြောကြတယ်။ချီဆောင်ခြင်းခံရတယ်ဆိုတာ တကယ်ပဲ ကောင်းကင်ပေါ်ကို တက်သွားတာကို ဆိုလိုတာလား။ ပြီးတော့ လူတစ်ယောက်က ဒီအရာတွေကို ရရှိတာနဲ့ပဲ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်သွားရအောင် အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့က တော်တော်ရိုးရှင်းသလား။ ဒါတွေအားလုံးကို ကျွန်မသိပ်နားမလည်ဘူး။ ဒါကြောင့် ညီအစ်ကိုမောင်နှမတို့ရဲ့ အမြင်ကို ကျွန်မ မေးချင်ပါတယ်။ စာပြန်တာကို စောင့်မျှော်နေပါတယ်။ ရိုးသားစွာဖြင့် ရှောင်ရှောင်
0 Comments
ဇောင်းရင်နို တရုတ်ပြည်
ဘုရားသခင်၏ နာမတော်သည် ယေဟောဝါ ဖြစ်သည်၊ ဓမ္မဟောင်းကျမ်းတွင် “ ငါတစ်ပါးသည်သာ ယေဟောဝါဖြစ်ပြီး ငါမှတစ်ပါး ကယ်တင်သောအရှင်မရှိ၊” (ဟေရှာယ ၄၃း၁၁) “ ထိုအမည်သည် အစဉ် ငါ့အမည်ဖြစ်၏။ လူမျိုးအစဉ်အဆက်မပြတ် ငါ့ဘွဲ့နာမ ဖြစ်၏။” (ထွက်မြောက်ရာကျမ်း ၃:၁၅) ဟု မှတ်တမ်းတင်ထားသည့် အတိုင်းပင် ဖြစ်ပါသည်။ သို့သော်လည်း ဓမ္မသစ်ကျမ်းတွင် “ ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။” (ဟေဗြဲ ၁၃:၈) “ ထိုသခင်မှတပါးအဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။ ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ။” (တမန်တော် ၄:၁၁-၁၂) ဟု မှတ်တမ်းတင်ထားသည်။ ယေဟောဝါ နှင့် ယေရှုတို့သည် ဘုရားသခင်၏ နာမတော်များဖြစ်ကြောင်း ဤကျမ်းချက်များမှနေပြီး ကျွန်ုပ်တို့တွေ့မြင်နိုင်ပါသည်။ ဘုရားသခင်သည် ဓမ္မဟောင်းကျမ်းတွင် ယေဟောဝါဟု ခေါ်သော်လည်း ဓမ္မသစ်ကျမ်းတွင်မူ ယေရှုဟု ခေါ်သည်။ ဘုရားသခင်၏ နာမတော်က အဘယ့်ကြောင့် ပြောင်းလဲရသနည်း။ ကိုယ်တော့်နာမတော်များ၏ အဓိပ္ပါယ်မှာ အဘယ်နည်း။ ဤသမ္မာတရား၏ ရှုထောင့်ကို အတူတကွ စူးစမ်းလေ့လာကြပါစို့။ |
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|