ရောင်းလီး တရုတ်ပြည် ကျွန်တော်တို့သည် သခင်ယေရှု၏ နာမတော် အကြောင်း တွေးသည့်အချိန်တွင် ဤကျမ်းချက်များ ကို မကြာခဏ တွေးလေ့ရှိကြသည်၊ “ ယေရှုခရစ် သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။” (ဟေဗြဲ ၁၃:၈) “ ထိုသခင်မှတပါးအဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။ ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ။” (တမန်တော် ၄:၁၁-၁၂) သခင်ယေရှုနာမတော်သည် လုံးဝပြောင်းလဲလိမ့်မည် မဟုတ်သည့်အပြင်၊ နောက်ဆုံးသောကာလတွင် ကိုယ်တော် ပြန်ကြွလာ ပါက၊ သူ့နာမတော်သည် ယေရှုမဟုတ်ပါက၊ ကျွန်တော်တို့က သူ့ကို ယုံကြည်ရန် သို့မဟုတ် နောက်လိုက်ရန် ငြင်းဆန်ရမည် ဖြစ်ကြောင်း ဤကျမ်းချက်များက များစွာသောသူတို့ကို ယုံကြည် စေသည်။
0 Comments
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အမှန်တကယ် ဆုတောင်းတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ အမှန်တကယ် ဆုတောင်းတယ်ဆိုတာ သင့်နှလုံးသားထဲက စကားတွေကို ဘုရားကို ပြောခြင်းကို ပြောတာပါ၊ ဘုရားရဲ့ အလိုက ဘာလဲဆိုတာကိုသိ၊ ဘုရားရဲ့ နှုတ်ထွက်စကားတွေ အပေါ်မှာလည်း အခြေပြုပြီး ဘုရားနဲ့ ရင်းရင်းနှီးနှီး စကားပြောဆိုခြင်းကို ပြောတာ ဖြစ်တယ်။ အမှန်တကယ် ဆုတောင်းတယ်ဆိုတာ အထူးသဖြင့် ဘုရားနဲ့ နီးကပ်နေသလို ခံစားရခြင်း၊ ဘုရားက သင့်ရှေ့မှာ ရှိနေသလို ခံစားရခြင်း၊ သင့်မှာ သူ့ကို ပြောစရာတစ်ခုခု ရှိနေတယ်လို့ ခံစားရခြင်း၊ သင့်ရဲ့ နှလုံးသားထဲက အလင်းရောင် ဖြာထွက်နေသလို ခံစားရခြင်း၊ ဘုရားက ထူးထူးခြားခြား နှစ်လိုဖွယ် ကောင်းတယ်လို့ ခံစားရခြင်းကို ဆိုလိုတယ်။ သင်ဟာ အထူးသဖြင့် စိတ်ထဲမှာ နှိုးကြွခြင်းကို ခံစားရမယ်။ သင့်ရဲ့ စကားလုံးတွေကို ကြားပြီးနောက်မှာ သင့်ညီအစ်ကို မောင်နှမတွေဟာ အားရကျေနပ်မှုကို ခံစားရမယ်။ သင်ပြောတဲ့ စကားလုံးတွေက သူတို့ နှလုံးသားထဲမှာရှိတဲ့ စကားလုံး၊ သူတို့ပြောချင်နေတဲ့ စကားလုံးတွေ ဖြစ်နေတာကို ခံစားရပြီး သင်ပြောသမျှဟာ သူတို့ပြောချင်နေတဲ့ အရာကို ကိုယ်စား ပြုနေတယ်လို့ ခံစားရမယ်။ အမှန်တကယ် ဆုတောင်းတယ်ဆိုတာ ဒါကို ဆိုလိုပါတယ်။ သင်ဟာ အမှန်တကယ် ဆုတောင်းပြီးတဲ့အခါမှာ သင့်ရဲ့နှလုံးသားမှာ ငြိမ်သက်ခြင်း၊ အားရကျေနပ်ခြင်းကို ခံစားရမယ်။ ဘုရားကို ချစ်နိုင်စွမ်း တိုးလာပြီး သင်ဟာ သင့်ဘဝတစ်ခုလုံးက ဘယ်အရာမှ ဘုရားကို ချစ်ခြင်းထက်ပိုပြီး ထိုက်တန်ခြင်း၊ အရေးပါခြင်း မရှိတာကို ခံစားရလိမ့်မယ်။ အဲဒီအရာတွေ အားလုံးက သင့်ရဲ့ဆုတောင်းခြင်း ထိရောက်တယ် ဆိုတာကို သက်သေပြလိမ့်မယ်။ “ဆုတောင်းခြင်းအကျင့်နှင့် ပတ်သက်၍” မှ ဟန်စရောင် ရေးသားသည် အီစတာဆိုသည်မှာ အဘယ်နည်း။ အီစတာ၏ အရင်းအမြစ်
အီစတာ သို့မဟုတ် ရှင်ပြန်ထမြောက်ခြင်း တနင်္ဂနွေနေ့ ဟု လည်းခေါ်ဝေါ်ကြသည့်နေ့သည် သခင်ယေရှုက ကားတိုင်တော်ပေါ်တွင် အသေခံခဲ့ပြီး ၃ ရက်မြောက်တွင် ဖြစ်ပေါ်သည့် ကိုယ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို အောင်ပွဲခံကျင်းပသည့် အခါကြီးရက်ကြီး တစ်ရက် ဖြစ်ပါသည်။ ၎င်းသည် နှစ်စဉ်နှစ်တိုင်း နွေဦး နေ့တာနှင့် ညတာ ညီမျှသော ကာလပြီး ပထမဆုံး လပြည့်နေ့နောက်ပိုင်းမှ ပထမဆုံး တနင်္ဂနွေနေ့တွင် အတိအကျပင် ကျရောက်ပါသည်။ သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းကို အထိမ်းအမှတ်အဖြစ် ကျင်းပရန် နှင့် လူသားမျိုးနွယ်အတွက် ယေရှု ယူဆောင်လာသည့် ကယ်တင်ခြင်းနှင့် မျှော်လင့်ခြင်းတို့ကို နားလည်သဘောပေါက်ရန်၊ နှစ်စဉ် မတ်လ မှ ဧပြီလအထိ တကမ္ဘာလုံးမှ ခရစ်ယာန်များသည် အီစတာနေ့ရက်တွင် ပွဲတော်များကျင်းပကြသည်။ ထို့ကြောင့် ကျွန်မတို့ခရစ်ယာန်များသည် သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းကို အထိမ်းအမှတ်ကျင်းပရင်းဖြင့် ကိုယ်တော်၏ ရွေးနှုတ်သောအမှုတော် ပြီးဆုံးခဲ့ပြီဖြစ်သော်လည်း သေခြင်းမှ ပြန်လာပြီး လူသားများထံ အဘယ့်ကြောင့် ပေါ်ပေါက်လာရသည့် အကြောင်းအရင်းကို ကျွန်ုပ်တို့ သိပါသလား။ ပြီးနောက်တွင် ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းနှင့် လူသားမျိုးနွယ်ကို ကိုယ်တော်၏ပေါ်ထွန်းခြင်းတို့ နောက်ကွယ်မှ အဓိပ္ပါယ်မှာ အဘယ်နည်း။ သခင်ယေရှု၏ ရွေးနှုတ်ခြင်း အဓိပ္ပါယ် နှင့် လူသားများထံသို့ ကိုယ်တော်၏ ပေါ်ထွန်းခြင်း ခရစ်ယာန်တစ်ဦး၏ ဝေမျှခြင်း- စုဝေးပွဲများကို ပုံမှန်မတက်နိုင်လျှင် ကျွန်ပ်တို့ မည်သို့လုပ်ဆောင်သင့်သနည်း ဝိညာဉ်ရေးရာ နှီးနှောတိုင်ပင်ခြင်းမှ ညီအစ်ကိုမောင်နှမများ မင်္ဂလာပါ ကျွန်မက နေ့ဖက်အတွင်းမှာ အလုပ်လုပ်ရာကနေ အလွန် ပင်ပန်နွမ်းနယ်လေ့ရှိတဲ့အပြင်၊ ညဖက်မှာလည်း ကောင်းကောင်း အိပ်စက်လေ့မရှိပါဘူး။ ရလဒ်တစ်ခုအနေနဲ့ ကျွန်မက စုဝေးပွဲတွေကို အချိန်မှန် မတက်ရောက်လိုခြင်းပဲ ဖြစ်ပါတယ်။ ကျွန်မက ကန့်သတ်ခံရတာကို မနှစ်သက်ပါဘူး။ ကျွန်မမှာ ဝိညာဉ်ရေးရာ လိုအပ်ချက်တွေရှိရင်၊ အဲဒီအချိန်တွေမှာ ကျွန်မညီအစ်ကို မောင်နှမတွေကို စကားပြောဖို့ မျှော်လင့်သမျှ ကာလပတ်လုံး အဆင်ပြေလောက်တယ်လို့ ကျွန်မ ခံစားရပါသည်။ ဒီပြဿနာရဲ့အကြောင်းအရင်းခံက ဘာလဲဆိုတာကို ကျွန်မတွေးတောမိတယ်။ ဒါကို ကျွန်မဘယ်လို ဖြေရှင်းရမလဲ။ အန်းဂျင်း
ဝူရမ်း တရုတ်ပြည် ဧဝံဂေလိသည် ကျွန်ုပ်တို့အတွက် သတင်းကောင်းဖြစ်သည်။ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်၏ အစတွင် ဘုရားသခင်သည် မောရှေကို ကိုယ်တော်တိုင် ခေါ်ဆောင်တော်မူပြီး၊ ဣသရေလလူမျိုး တို့ကို လမ်းပြရန် ပညတ်တော် ၆၁၃ ပါးကို ပေးသနားတော်မူဖို့အတွက် သူ့ကို အသုံးပြုခဲ့သည်။ ဣသရေလလူမျိုးများအတွက် ထိုပညတ်တော်များသည် ဘုရားသခင်က သူတို့အပေါ်သို့ ပေးအပ်နှင်း တော်မူသည့် သတင်းကောင်းဖြစ်ပြီး၊ ဆိုလိုသည်မှာ ဘုရားသခင်၏ ဧဝံဂေလိသည် သူတို့ထံသို့ ရောက်လာသည်ဟု ဖြစ်သည်။ ဤအချက်က ယေဟောဝါ ဘုရားသခင်သည် သူတို့ကို ကိုယ်တော်တိုင် ဦးဆောင်ပြီး၊ သူတို့အကြားတွင် ထင်ထင်ရှားရှား ပေါ်ထွန်းခဲ့ပြီဟု ဖြစ်သည်။ ယေဟောဝါဘုရားသခင်က “ ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကိုကျင့်သော သူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင် ကရုဏာကို ပြ …၏။” (တရားဟောရာကျမ်း ၅:၁၀) ဟု မိန့်တော်မူခဲ့သည်။ ထို့ကြောင့် ဣသရေလလူမျိုးတို့သည် ယေဟောဝါကို ကြောက်ရွံ့ရိုသေကာ၊ သူ့ပညတ်တော်များအတိုင်း နေထိုင်ကျင့်ကြံပြီး၊ သူ့ဧဝံဂေလိမှ သွေဖယ်သွားခြင်း မရှိသမျှ ကာလပတ်လုံး သူတို့သည် ကိုယ်တော်၏ ကောင်းကြီးမင်္ဂလာကို မျိုးဆက်တစ်ခုပြီး တစ်ခု ခံစားရမည်။ ဂျင်းဝေ ဂျပန်
ပညတ်တော်ခေတ်တွင် ဘုရားသခင်သည် ယာဟွဲ-ယေဟောဝါ ဆိုသည့် နာမတော်ကို ယူခဲ့ပြီး၊ ကျေးဇူးတော်ခေတ်တွင် သူသည် ယေရှု နာမတော်ကို ယူခဲ့သည်၊ ထို့အပြင် ဗျာဒိတ်ကျမ်းတွင် ဘုရားသခင်သည် နောက်ထပ် နာမတော်အသစ်တစ်ခု ရရှိမည်ဟု ပရောဖက်ပြုခဲ့သည်။ ဘုရားသခင်သည် နာမတော်များကို အဘယ့်ကြောင့် ပြောင်းလဲခဲ့သနည်း။ ကျွန်မသည် သမ္မာတရား၏ ရှုထောင့်ကို နားမလည်ခဲ့သောကြောင့် သခင်ယေရှုပြန်ကြွလာခြင်းအပေါ်ကို တံခါးပိတ်မိလုနီးပါးဖြစ်ခဲ့သည်။ သို့သော်လည်း အဆုံးသတ်တွင် ရှာဖွေခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းကာလအပြီးတွင်၊ ကျွန်မသည် ဘုရားသခင်၏နာမတော်နောက်ကွယ်မှ နက်နဲမှုများကို နောက်ဆုံး၌ နားလည်သဘောပေါက်ခဲ့ပြီး၊ သခင်ယေရှုပြန်ကြွလာခြင်းကို ကြိုဆိုခဲ့ပါသည်။ ချန်းချန်း
မနက်ခင်းတစ်ခုတွင် ကျွန်ုပ်၏ ဝိညာဉ်ရေးရာ ဝတ်ပြုကိုးကွယ်မှု ပြီးနောက်၊ ကျွန်ုပ်သည် ဧဝံဂေလိ ဝဘ်ဆိုဒ် တစ်ခုသို့ ဝင်ရောက်ခဲ့ရာ ဆွေး နွေးရာနေရာတွင် “ ခရစ်တော်၌ယုံကြည်ခြင်းဖြင့် ထာဝရအသက်ရရှိခြင်းသည် ခရစ်ယာန်အများတို့ လိုအင်ဆန္ဒ ဖြစ်သည်။ သို့သော် နောင်တရခြင်းလမ်းနှင့် ထာဝရအသက်လမ်းတို့သည် မည်သည်တို့ဖြစ်သည်ကို သင်သိပါသလား။ နောင်တလမ်းနှင့် ထာဝရအသက်လမ်းကြား မည်သည့် ခြားနားချက်ရှိသနည်း။ အကယ်၍ သင်သည် ဤမေးခွန်းတို့ကို သိရှိ ပြီး ဘုရားသခင် အပ်နှင်းသော ထာဝရ အသက်လမ်းကို ရရှိလိုလျှင် ကျွန်ုပ်တို့၏ ဆွေးနွေးမှုတွင် လာရောက်ပါဝင်ပါ” ဟူသော ပို့စ်တစ်ခုကို အမှတ်မထင် တွေ့ရှိလေသည်။ ချန်းချန်း
မနက်ခင်းတစ်ခုတွင် ကျွန်ုပ်၏ ဝိညာဉ်ရေးရာ ဝတ်ပြုကိုးကွယ်မှု ပြီးနောက်၊ ကျွန်ုပ်သည် ဧဝံဂေလိ ဝဘ်ဆိုဒ် တစ်ခုသို့ ဝင်ရောက်ခဲ့ရာ ဆွေး နွေးရာနေရာတွင် “ ခရစ်တော်၌ယုံကြည်ခြင်းဖြင့် ထာဝရအသက်ရရှိခြင်းသည် ခရစ်ယာန်အများတို့ လိုအင်ဆန္ဒ ဖြစ်သည်။ သို့သော် နောင်တရခြင်းလမ်းနှင့် ထာဝရအသက်လမ်းတို့သည် မည်သည်တို့ဖြစ်သည်ကို သင်သိပါသလား။ နောင်တလမ်းနှင့် ထာဝရအသက်လမ်းကြား မည်သည့် ခြားနားချက်ရှိသနည်း။ အကယ်၍ သင်သည် ဤမေးခွန်းတို့ကို သိရှိ ပြီး ဘုရားသခင် အပ်နှင်းသော ထာဝရ အသက်လမ်းကို ရရှိလိုလျှင် ကျွန်ုပ်တို့၏ ဆွေးနွေးမှုတွင် လာရောက်ပါဝင်ပါ” ဟူသော ပို့စ်တစ်ခုကို အမှတ်မထင် တွေ့ရှိလေသည်။ ဝိညာဉ်ရေးဆိုင်ရာ အမေးအဖြေကဏ္ဍမှ ညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာပါ။
အခုရက်ပိုင်းမှာ ကျွန်တော် ရှုပ်ထွေးနေတဲ့အရာတစ်ခုရှိပြီးတော့ ညီအစ်ကိုမောင်နှမတို့ရဲ့ အကူအညီကို တောင်းခံလိုပါတယ်။ ကျွန်တော် သခင့်ကို ယုံကြည်ခဲ့တာ ဆယ်စုနှစ်များစွာရှိပါပြီ။ နောက်ပြီး သမ္မာကျမ်းစာဟာ ဘုရားသခင်အားဖြင့် ပေါ်ပေါက်လာတယ်လို့ပဲ ကျွန်တော် အမြဲတမ်း ထင်မြင်မိပါတယ်။ ဒါပေမဲ့ အခုရက်ပိုင်းမှာ သမ္မာကျမ်းစာထဲကက မှတ်တမ်းတွေက ကိုက်ညီမှုမရှိ တာတွေကို တအံ့တသြ တွေ့ရှိရပါတယ်။ ဥပမာ သမ္မာကျမ်းစာမှာ ပေတရုက သခင့်ကို သုံးကြိမ်ငြင်းဆိုတာနဲ့ပတ်သက်တဲ့ မှတ်တမ်းမှာ ရှင်မဿဲ ၂၆:၃၄ မှာ “ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညဉ့်တွင်ကြက်မတွန်မှီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊” လို့ပြောထားပါတယ်။ ဒါပေမဲ့ ရှင်မာကု ၁၄:၃၀ မှာ “ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညဉ့်တွင်ပင် ကြက်သည်နှစ်ကြိမ်မတွန်မှီ သင်သည် သုံး ကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊” လို့ ပြောပါတယ်။ ဒီနှစ်ပိုဒ်လုံးက ပေတရုငြင်းဆိုတာနဲ့ပတ်သက်ပေမဲ့ တစ်ခုမှာ ပေတရုဟာ ကြက်မတွန်မှီမှာ သခင့်ကို သုံးကြိမ်ငြင်းဆိုမယ်လို့ ပြောပြီး နောက်တစ်ခုမှာ ကြက်နှစ်ကြိမ်မတွန်မှီလို့ပြောထားတယ်။ ဒီတော့ အချိန်နဲ့ပတ်သက်ပြီး သိသိသာသာ မကိုက်ညီတာတစ်ခု ရှိနေတယ်။ နောက်ပြီးတော့လည်း ဓမ္မဟောင်းကျမ်းမှာ ဒါဝိတ်က ဣသလေရလူမျိုးတွေကို ရေတွက်တာကို မှတ်တမ်းတင်ထားတယ်။ ဓမ္မရာဇဝင်ဒုတိယစောင် ၂၄:၁ မှာ “ နောက်တဖန်ထာဝရဘုရားသည် ဣသရေလ အမျိုးကို အမျက်ထွက်တော်မူလျှင်၊ စာတန်သည် ရန်ဘက်ပြု၍ ဣသရေလလူနှင့် ယုဒလူတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ်ကိုတိုက်တွန်းလေ၏။” လို့ ဖော်ပြထားတယ်။ ဒါပေမဲ့ ရာဇဝင်ချုပ် ၂၁:၁ မှာ “ နောက်တဖန်စာတန်သည် ဣသရေလအမျိုး တဘက်၌ထ၍ ဣသရေလအမျိုးသားတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ်ကို တိုက်တွန်းလေ၏။” လို့ဖော်ပြထားတယ်။ နှစ်ပိုဒ်လုံးက ဒါဝိတ်က ဣသရေလလူမျိုးတွေကို ရေတွက်တာနဲ့ ပတ်သက်တယ်။ ဒါပေမဲ့ တစ်ခုမှာက ဣသရေလတွေကို ရေတွက်ဖို့ ယေဟောဝါက ဒါဝိတ်ကို တိုက်တွန်းတယ်လို့ပြောပြီး နောက်တစ်ခုမှာက ဣသရေလတွေကို ရေတွက်ဖို့ စာတန်က ဒါဝိတ်ကို တိုက်တွန်းတယ်လို့ပြောတယ်။ ဒါတွေက အဓိပ္ပါယ်လုံးဝ ဆန့်ကျင်နေတယ်။ ကျွန်တော် ဒါကိုတွေ့တော့ အရမ်းအံ့အားသင့်သွားတယ်။ သမ္မာကျမ်းစာမှာ ဒီအဖြစ်အပျက်တစ်ခုထဲမှာ ဖော်ပြချက်တွေက တိုက်ရိုက်ဆန့်ကျင့်နေတဲ့အဆင့်ထိတောင်မှ မကိုက်ညီတဲ့မှတ်တမ်းတွေက ဘာကြောင့် ပါနေရတာလဲ။ သမ္မာကျမ်းစာထဲက နှုတ်ကပတ်တော်အားလုံးက ဘုရားသခင်အားဖြင့် ဖြစ်ပေါ်လာတာဆိုရင် အမှားနည်းနည်းလေးမှတောင် မပါသင့်ဘူးလေ။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး ညီအစ်ကိုမောင်နှမတို့ရဲ့အမြင်ကို ကျွန်တော် အရမ်းသိချင်ပါတယ်။ ဝိညာဉ်ရေးဆိုင်ရာ အမေးအဖြေကဏ္ဍက ညီအစ်ကိုမောင်နှမတွေ ကျွန်တော် ရှုပ်ထွေးနေတာကို ကူညီဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ လီရှန် ၂၀၁၈ ခုနှစ် မေလ ၃ ရက် “ ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်တွင်လား ကမ္ဘာပေါ်တွင်လား” ဆိုသည့် အကြောင်းကို အကျဉ်းချုပ် ပြောခြင် ရှန်းဂျင်း ရေးသားသည်
ဧဝံဂေလိဝဘ်ဆိုက်တစ်ခုသည် လတ်တလောကမှ စကားဝိုင်းကဏ္ဍအချို့ကို ပါးနပ်စွာဖြင့် စတင်ခဲ့ရာ တွင်၊ “ ‘ကောင်းကင်နိုင်ငံတော်သည် ကောင်းကင် တွင်လား ကမ္ဘာပေါ်တွင်လား’ ဆိုသည့် အကြောင်းကို အကျဉ်းချုပ်ပြောခြင်း” ၊ “ ပါဝင်ခြင်း- သင်ချီဆောင်ခံ ရပြီးပါသလား” ၊ “ မေးခွန်းတစ်ခု – သင်သည် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ပါ သလား” စသည်တို့ ပါဝင်ပါသည်။ အဆုံးတွင် ရှန်းဂျင်းသည် “ ‘ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်တွင်လား ကမ္ဘာပေါ်တွင်လား’ ဆိုသည့် အကြောင်းကို အကျဉ်းချုပ်ပြောခြင်း” ဆိုသည့် ကဏ္ဍကို ရွေးချယ်ခဲ့သည်။ သူမသည် သခင့်ကို ဆယ်စုနှစ်တစ်ခုကျော် အတွင်း ယုံကြည်ခဲ့ပြီး၊ သူမတွေ့ဖူးသမျှ ဝိညာဉ်ရေးရာ ခေါင်းဆောင်များက သူမကို “ ရှန်လင်း နင်က သခင့်ကို ရှာဖွေရမည် ဟု ပြောကြလေ့ရှိသည်ဟု ပြောခဲ့သောကြောင့် ဤအကြောင်းအရာကို စိတ်ဝင်းစားခဲ့သည်။ အနာဂတ်တွင် ကိုယ်တော်သည် ကျွန်မတို့ကို ကောင်းကင်နိုင်ငံတော်သို့ ခေါ်ဆောင်မည် ဖြစ်ပြီးလျှင်၊ ကျွန်မတို့သည် ကောင်းကင်နိုင်ငံတွင် အသက်ရှင် နေထိုင်ကြမည်။ ထိုနေရာသည် ရွှေများဖြင့် လုပ်ထားသည့် မြေကြီးများနှင့် နဂါးသွဲ့ကျောက်ဖြင့် နံရံများရှိသည့် နေရာတစ်ခုဖြစ်ပြီးလျှင်၊ ကျွန်မတို့ သေခြင်း၏ အရှုပ်အထွေးမှ ခပ်ဝေးဝေး နေနိုင်သည့် နေရာတစ်ခုလည်း ဖြစ်ပါသည်။” လွန်ခဲ့သော ဆယ်နှစ်အကျော်က ပထမဆုံးအကြိမ်အနေဖြင့် သူတို့က ၎င်းတို့ဤနည်းဖြင့် စကားပြောဆိုသည်ကို ကြားခဲ့သည်၊ သူမသည် လှပသည့် ကောင်းကင် နိုင်ငံတော်အကြောင်း အံ့သြဖွယ် အထင်မှားမှု အမျိုးစုံကို တေးမှတ်ထားခဲ့ပြီး၊ သခင်က သူမကို ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်မည့်အချိန် ရောက်လာမည့်နေ့ရက်ကို တောင့်တခဲ့သည်။ ထိုနေ့တွင် မည်သည့်အရာဖြစ်ပျက်မည်နည်း။ ကျွန်မသည် ကောင်းကင်နိုင်ငံတော်သို့ မည်သို့ သွားရောက်မည်နည်း။ ကောင်းကင်နိုင်ငံတော်သည် မည်မျှလှပသနည်း။ သူမသည် ကောင်းကင်နိုင်ငံတော်အကြောင်း စိတ်ကူး ယဉ်မှုအပြည့်နှင့် မျှော်လင့်ချက်တို့ အချိန်ပြည့်ရှိခဲ့ ပါသည်။ သဘာဝအလျောက် သူမအနေဖြင့် “ ဘုရားသခင်၏နိုင်ငံတော်သည် ကောင်းကင်တွင် ဖြစ်သလား သို့မဟုတ် မြေကြီးပေါ်တွင်ဖြစ်သလား” ဆိုသည့် အကြောင်းအရာကို လူအချို့ ဆွေးနွေး နေသည်ကို ရုတ်တရက် တွေ့မြင်ပါက အံ့အားသင့်မည် ဖြစ်ပါသည်။ ထို့ကြောင့် သူမသည် ဆီလျော်သည့် ချိတ်ဆက်မှုကို ကလစ်နှိပ်လိုက်သည်။ |
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|