Myanmar New Full Movie 2019 (ကွန်မြူနစ်ဝါဒ၏ မုသားများ) The Irrefutable Evidence of How the CCP Persecutes Christians ကွန်မြူနစ်ဝါဒ၏ အလိမ်အညာများဆိုသည့် ခရစ်ယာန်ရုပ်ရှင်တစ်ခုသည် တရုတ်ကွန်မြူနစ်ပါတီမှ ခရစ်ယာန်များအပေါ်အသုံးပြုသည့် အယူဝါဒရိုက်သွင်းခြင်းကို တိကျစွာ ထင်ဟပ်စေသည်။ ကျန်းမင်ဒေါင်နှင့် အခြားခရစ်ယာန်ခုနှစ်ယောက်ကို ဖမ်းဆီးပြီးနောက် တရုတ်ကွန်မြူနစ်ပါတီသည် သူတို့အပေါ်တွင် ရက်စက်ပြီး လူမဆန်သည့် နှိပ်စက်မှုတို့ ပြုလုပ်ခဲ့သည်။ သူတို့သည် ဘုရားသခင်ကို အမှီပြုပြီး ခိုင်မာစွာ သက်သေခံခဲ့ကြသည်။ ဘုရားသခင်အား သစ္စာဖောက်ရန် ဝန်ခံစာတစ်ခုကို သူတို့အား လက်မှတ်ထိုးဖို့ အဓမ္မကြိုးစားမှုတစ်ခုတွင် တရုတ်ကွန်မြူနစ်ပါတီ အရာရှိများ၊ လူမှုသိပ္ပံကျောင်းမှ ပါမောက္ခတစ်ယောက်၊ ရဲသင်တန်းကျောင်းဆရာများ၊ စိတ်ပညာကျွမ်းကျင်တစ်ယောက်နှင့် သင်းအုပ်ဆရာများသည် အလှည့်ကျ ကြိုးပမ်းကြသည်။ သူတို့သည် ခရစ်ယာန်ရှစ်ယောက်ကို အယူဝါဒရိုက်သွင်းရန်အတွက် ဘုရားမဲ့ဝါဒ၊ ရုပ်ဝါဒ၊ သိပ္ပံ၊ ရိုးရာတရုတ်ယဉ်ကျေးမှု၊ ကောလာဟလများနှင့် လိမ်ညာမှုမျိုးစုံတို့ဖြင့် ဖြေရှင်းကြသည်။ ဤ လက်နက်မပါသည့် စစ်ပွဲတွင် ကျန်းမင်ဒေါင်နှင့်အခြားလူများသည် တရုတ်ကွန်မြူနစ်ပါတီအစိုးရနှင့်ရင်ဆိုင်ရသည့် ပြင်းထန်သည့်တိုက်ပွဲတွင် ဘုရားသခင်ကိုအမှီပြုပြီး သမ္မာတရားကို အသုံးပြုကြသည်။ အဆုံးတွင် သမ္မာတရားသည် အလိမ်အညာများကို အောင်နိုင်ပြီး တရားမျှတမှုသည် ဆိုးယုတ်မှုအား ကျော်လွှားခဲ့သည်။ ရုပ်ရှင်ဝေဌာမယ် ခရစ်ယာန် ရုပ်ရှင်များ
0 Comments
လူတစ်ယောက်သည် တရားခံပြေးတစ်ယောက် အဖြစ် အတင်းအကျပ် သွတ်သွင်းခံရသည့်အချိန်တွင် မည်သည့်နေရာတွင် ငြိမ်းချမ်းသော အိမ်တစ်ခုကို ရှာဖွေတွေ့ရှိနိုင်မည်နည်း ရှန်ဂျင်း တရုတ်ပြည်နယ်
ဘုရားသခင်ကို သူတို့၏ ယုံကြည်မှုကြောင့် ညှင်းပန်းနှိပ်စက်ခံရသည်၊ သူတို့က ပုန်းကွယ်သွား ကြပြီး၊ သူတို့မိသားစုကိုလည်း လုံးဝ ပြန်မတွေ့ နိုင်တော့ပါ သူနှင့် သူ့ဇနီးတို့က ဧဝံဂေလိတရားတော် ဟောကြားသောကြောင့် သူတို့မှာ နှစ်ပတ်ကြာ တရုတ်ကွန်မြူနစ်ပါတီ ရဲများ၏ ထိန်းသိမ်းမှုကို ခံခဲ့ရသည်။ သူတို့လွတ်ပြီးနောက်ပိုင်းတွင် တရုတ် ကွန်မြူနစ်ပါတီ ရဲများသည် သူတို့ကို စစ်ဆေး မေးမြန်းရန် သူတို့အိမ်သို့ အလျဉ်းသင့်သလို အချိန်များတွင် လာရောက်ကြသည်။ သူတို့က ဘုရားသခင်ကို ဆက်ပြီး ယုံကြည်ပါက ထောင်ကျ မည် ဖြစ်ကြောင်း ရဲများက သူတို့ကို သတိပေး သည့်အပြင်၊ ရွာသားများက သူတို့ကို စောင့်ကြည့် ရန်နှင့် ခြေရာခံရန် ရဲများက စီစဉ်ထားခဲ့လေသည်။ ရဲများသည် ရွာအဝင် သို့မဟုတ် အထွက် လမ်းတိုင်း တွင် HD ကင်မရာများကို တပ်ဆင်ထားပြီး၊ သူတို့ကို အမြဲစောင့်ကြည့်နိုင်ရန် ၎င်းတို့ လုပ်ဆောင် နိုင်သမျှကို လုပ်ဆောင်ခဲ့သည်။ သူနှင့် သူ့ဇနီးတို့က အသင်းတော် စုဝေးပွဲတစ်ခု တက်ရောက်သည့် အခါတွင်၊ သူတို့က ထူးခြားစွာ သတိထားပြီး၊ ရဲများ အလိုက်ခံရခြင်း နှင့် သူတို့ညီအစ်ကို မောင်နှမ များကို အန္တရာယ်ကျရောက်စေခြင်း တို့အတွက် ကြောက်ရွံ့ခဲ့ပါသည်။ ခရစ်ယာန်တစ်ယောက်၏ နေ့စဉ်မှတ်တမ်း- မေ့ပျောက်၍မရနိုင်သည့် ထွက်ပြေးလွတ်မြောက်ခြင်းတစ်ခု ဘေဘေ့ တရုတ်ပြည်
အယ်ဒီတာအာဘော်- ခရစ်ယာန် ဘေဘေ့၏ ဘုရားသခင်၌ ယုံကြည်မှု ခရီးစဉ်သည် ကြမ်းတမ်းခက်ခဲသည့် ခရီးတစ်ခုဖြစ်ပါသည်။ သူမသည် တရုတ်ကွန်မြူနစ်အစိုးရဖမ်းဆီးမှုကို နှစ်ကြိမ်တိုင်တိုင် ခံခဲ့ရပြီးလျှင်၊ နေအိမ်မှ အကြိမ်အနည်းငယ် ထွက်ခွာခဲ့ရပါသည်။ သူမ၏ နေ့စဉ်မှတ်တမ်း တွင် သူမ၏ ဆိုးရွားသည့် အတွေ့အကြုံများကို မှတ်တမ်းတင် ထားသည့် အပြင်၊ သူမ၏ ဘာသာရေးလွတ်လပ်မှုကို ခုခံရန် ချီးကျူးဖွယ် ကြိုးစား အားထုတ်မှုများ ကိုလည်း ကျွန်ုပ်တို့ကို ပြသထားပါသည်။ တရုတ်ကွန်မြူနစ်အစိုးရသည် ဖမ်းဆီးရန် ပစ်မှတ်များကို ရွေးချယ်သည့် ပုံမှန်လုပ်ငန်းစဉ်အသစ် တစ်ခုကို စသည်နှင့်အညီ၊ သူမသည်လည်း မေ့ပျောက်၍ မရနိုင်သည့် ထွက်ပြေး လွတ်မြောက်ခြင်း ခရီးကို စတင်ပါသည်။… မလီ တရုတ်ပြည်
“ ကလင်၊ ကလင် …” စာရှအောင်လီသည် သူမနှိုးစက်ကြောင့် နိုးသွားခဲ့သည်။ သူမ၏ အိပ်ချင်မူးတူး မျက်လုံးများကို ဖွင့်ရင်းဖြင့် သူမဖုန်းကို ခေါင်းအုံးဖြင့် ကောက်လိုက်သည်။ သူမက “ နှစ်သစ်ကူးအကြိုမှာပျော်ရွှင်ပါစေ” ဟု ဆိုထားသည့် စူးရှတောက်ပသော တရုတ် နှင့် အင်္ဂလိပ် စကားလုံးများဖြင့် မီးအိမ်အနီရောင်တစ်ခုကို မြင်လိုက်ရသည်။ ထို့နောက်တွင် သူမသည် ပြတင်းပေါက် ပြင်ပတွင် တစ်ဖောက်ဖောက် မြည်နေသည့် ဗြောက်အိုးများကို ကြားခဲ့ရသည်။ မျက်လုံးကျယ်သွားပြီး၊ သူမသည် အိပ်ရာမှထကာ၊ ကုတ်အင်္ကျီတစ်ထည်ဖြင့် ခြုံလိုက်ပြီး၊ နံနက်ခင်းဆုတောင်းကို ရွတ်ဆိုလိုကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စတင်ဖတ်ရှုခဲ့ပါသည်။ ဤအချိန်တွင် ဗြောက်အိုးသံသည် တဖြည်းဖြည်း ကျယ်လောင်လာခဲ့သည်။ သူမသည် သူမနှလုံးသားကို ငြိမ်သက်အောင် မစွမ်းဆောင်နိုင်သောကြောင့် စာအုပ်ကို နံဘေးချပြီး၊ ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ၊ လမ်းပေါ်မှ ပျားပန်းခပ်မျှလှုပ်ရှားနေသည့် လူများနှင့် မီးပုံးအနီများနှင့် နံရံပေါ်တွင် ပန်းချီရေးစက္ကူများ ကပ်ထားပြီး ဤလမ်းကို ပွဲတော်အငွေ့အသက်ထပ်ဆောင်းပေးသည့် လမ်းတစ်လျှောက်မှ ဆိုင်များ ကို စတင်ကြည့်ရှုနေခဲ့သည်။ ဒီနေ့က နှစ်သစ်ကူးအကြိုဖြစ်ပြီး၊ မနက်ဖြန်သည် နှစ်သစ်ကူးအစဖြစ်သည်ဟု သူမတွေးမိသည်။ ကျွန်မ၏ အဖေနှင့် အမေ မည်သို့နေမည်ကို ကျွန်မ မသိပါ။ သူတို့ အဆင်ပြေရဲ့လား။ ထိုအချိန်တွင် သူမ၏ မိဘများအား အလွန်လွမ်းဆွတ်ပြီး၊ အတိတ်မှ အောက်မေ့ဖွယ်များထဲသို့ နစ်မြုပ်သွားခဲ့သည် … |
Click & Join usမော်ကွန်းတိုက်
December 2019
တံဆိပ်များ
All
|