Understanding: On the way to work, listening to this joyful hymn, seeing sisters are puttng on cute garlands, playing guitar on the beautiful reenfield to sing and praise God, expressing their love for God, that really makes me so relaxed and I can feel the happiness of being surrounded by God's love. I'm just so full of energy and have confidence in work. Thank God for the love. Hallelujah! Praise God! Share this hymn Song of Sweet Love with you and may God's love lead us every day.
0 Comments
Myanmar Gospel Song 2019 (ဘုရား၏လူမျိုးအားလုံး ကိုယ်တော်ကို အစွမ်းကုန် ချီးမွမ်း) MV ၁
ဘုရားရှေ့မှောက် ကျွန်ုပ်တို့ ချီဆောင်ခြင်းခံရပြီ လျှံပယ်သောပွဲတော်မှာ ပါဝင်ရလို့ ကျွန်ုပ်တို့ ဝမ်းမြောက်ပျော်ရွှင် နှုတ်ကပတ်တော်၌ မွေ့လျော်၍ သမ္မာတရားကို နားလည်ကြတယ် ကျွန်ုပ်တို့ ဝိညာဉ် ချုပ်နှောင်ခြင်းမှ လွတ်မြောက် ကျွန်ုပ်တို့နှလုံးသားများတွင် ကျေးဇူးတင် ချီးမွမ်းခြင်းနဲ့ ပြည့်လျှံ ချီးမွမ်သီဆို၍သာ နေချင်သည်။ ကျွန်ုပ်တို့နှလုံးသားထဲက ဝမ်းမြောက်မှုကို ဖော်ပြ၍မရနိုင်ဘူး ကခုန်ချီးမွမ်း မြူးပျော်ပါ ဘုရားသခင်ဟာ ဘုန်းတော်နဲ့ ဂုဏ်တော်ကို ရထိုက်တယ် မြေကြီးပေါ်တွင် ဘုရားအလိုတော်ကို ဆောင်ရွက် ဘုရား၏လူမျိုးအားလုံး ကိုယ်တော်ကို အစွမ်းကုန် ချီးမွမ်းကြသည် Myanmar Christian Song (ဘုရားသခင်၏မေတ္တာကို ကျွန်ုပ်တွေ့ခဲ့ပြီ) အနန္တတန်ခိုးရှင်ဘုရား၊ ကျွန်ုပ်ကိုချစ်သောသူမှာ ကိုယ်တော်သာဖြစ်သည်။
ညစ်ညူးသောလောကမှ ကျွန်ုပ်အား ရွေးကောက်လေပြီ ဒါကြောင့် ကျွန်ုပ် ကိုယ်တော့်မျက်မှောက်တော်သို့တိုးဝင်လာပြီ၊ မှန်သည် ကိုယ်တော်မျက်မှောက်တော်သို့တိုးဝင်လာပြီ၊ အသင်းတော်အသက်တာ၌ အသက်ရှင်ရင်း၊ နေ့စဉ် ကိုယ် တော်၏နှုတ်ကပတ်တော်၌ ပျော်မွေ့ရင်းသာ။ ဤမျှကောင်းချီးခံစားရသည်မှာ ကိုယ်တော် ကျွန်ုပ်ကို ယနေ့မြှင့်တင်နေခြင်းပင်။ အနန္တ တန်ခိုးရှင်ဘုရား၊ ကိုယ်တော်၏မေတ္တာကို ကျွန်ုပ်တွေ့ခဲ့ပြီ ကျွန်ုပ်အလိုချင်ဆုံးမှာ ကိုယ်တော်၏မေတ္တာကို ပြန်ပေးဆပ်ရန်ဖြစ်သည်။ ကျွန်ုပ်အလိုချင်ဆုံးမှာ ကျွန်ုပ်၏တာဝန်ကို ထမ်းရွက်ရန်ဖြစ်သည် ကိုယ်တော်၏မေတ္တာကို တွေ့မြင်ခဲ့ပြီမို့ကျွန်ုပ်ပြန်ပေးဆပ်ပါမည် ဒါကို ကျွန်ုပ်အလိုချင်ဆုံးပင်။ Myanmar Christian Song (ခရစ်တော်၏ နိုင်ငံတော်သည် နွေးထွေးသောအိမ်တော်ဖြစ်သည်) ခရစ်တော်၏ နိုင်ငံတော်သည် နွေးထွေးသောအိမ်တော်ဖြစ်သည်
ခရစ်တော်၏ နိုင်ငံတော်သည် ကျွန်ုပ်၏ နွေးထွေးသောအိမ်ဖြစ်သည် ထိုအိမ်တော်သည် ဘုရားသခင်၏ လူတိုင်းအတွက် ဖြစ်သည်။ ခရစ်တော်သည် အသင်းတော်အတွင်း လျှောက်လှမ်း၊ စကားပြောကာ ဘုရား၏ လူများနှင့်အတူ နေထိုင် လူပ်ရှား အသက်ရှင်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မူသည် နူတ်ကပတ်တော်၏ စစ်ကြောစီရင်ခြင်းနှင့် ဆုံးမခြင်းနှင့်အတူ ဤနေရာတွင် ရှိနေသည်။ ဘုရားသခင်၏ စကားတော်များသည် ကျွန်ုပ်တို့အား ရေလောင်း၊ ပံ့ပိုး၊ လမ်းပြပေးပြီးကျွန်ုပ်တို့ ဘဝများအား ရှင်သန် ကြီးထွားလာစေသည်။ ဤနိုင်ငံတော်သည် ခရစ်တော် အုပ်စိုးသော နိုင်ငံဖြစ်ပြီး တရားမျှတသော ကမ်ဘာ ဖြစ်သည်။ Myanmar Music Song (ဘုရားသခင်၏ဖန်ဆင်းခြင်းအရာခပ်သိမ်းသည် သူ၏အုပ်စိုးမှုအောက်သို့ လာရောက်ရမည်)10/25/2019 Myanmar Worship Song (ဘုရားသခင်၏ဖန်ဆင်းခြင်းအရာခပ်သိမ်းသည် သူ၏အုပ်စိုးမှုအောက်သို့ လာရောက်ရမည်) Ⅰ
ဘုရားဟာ အရာခပ်သိမ်းကိုဖန်ဆင်းခဲ့၊ ဖန်ဆင်းခြင်း ခပ်သိမ်းကို သူ့အုပ်ချုပ်မှုအောက် လာစေရန်ပြုပြီး သူ့အုပ်စိုးမှုကို ဆက်ကပ်နာခံစေ။ ဘုရားဟာ အရာခပ်သိမ်းကို ကွပ်ကဲ အုပ်ချုပ်ပြီး ထိုအရာတို့အား သူ့လက်ထဲမှာထိန်းချုပ်လျက်ရှိ။ သက်ရှိသတ္တဝါတွေ၊ တောင်တွေ မြစ်တွေနှင့် လူသားတွေ အားလုံး ဘုရားရဲ့အုပ်ချုပ်မှုအောက် လာရောက် ရမည်။ မိုးကောင်းကင် နှင့် မြေကြီးပေါ်တွင်ရှိ အရာအားလုံး ဘုရားရဲ့အုပ်စိုးမှုအောက် လာရောက် ရမည်။ ရွေးချယ်မှုမရှိဘဲ အားလုံးဟာ ဆက်ကပ်နာခံရမည်။ ဒါဟာ ဘုရားရဲ့ အမိန့်တော်နှင့် သြဇာအာဏာဖြစ် သည် သိမြင် ခံစားချက် “ဘုရားသခင်အတွက် သင့်စိတ်နှလုံးကိုဖွင့်လျှင်” ဆိုတဲ့ ဒီဓမ္မသီချင်းလေးကို နားထောင်ပြီး နက်နက်နဲနဲ ခံစားရတယ်၊ မပျော်ရွှင်တဲ့ အခါမှာလည်း ဘုရားသခင်ထံ ဆုတောင်းချင်တဲ့ ဆန္ဒရှိမယ်ဆိုရင် ဘုရားသခင်က နှုတ်ကပတ်တော်ဖြင့် ကျွန်မကို ပွင့်လင်းပေးတယ်၊ အမြဲတမ်း ကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်ဟာ ဘုရားသခင်က ကျွန်မအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်းပါပဲ~ အမှန်တကယ်ကြုံတွေ့မှပဲ စိတ်နှလုံး၏ ပျော်ရွှင်မှုနဲ့ ငြိမ်းချမ်းမှုကို အမှန်တကယ် ရမှာဖြစ်တယ်။ သင်ဟာ သင့်ရဲ့စိတ်နှလုံးကို ဖွင့်ပြီး ဘုရားသခင်မှ လာသောချစ်ခြင်းမေတ္တာကို ကြုံတွေ့ခံစားချင်ပါသလား။ Myanmar Gospel Song (ဘုရားအတွက် သင့်စိတ်နှလုံးကို ဖွင့်လျှင်)
ကိုယ်တော့်စိတ်ကိုမသိ၊ ကိုယ်တော့် စိတ်သဘောထား ကို နားမလည်ရင် စိတ်နှလုံးတံခါးကို မဖွင့်နိုင်ပါ ကိုယ်တော့်ကိုသိရင် ကိုယ်တော့်စိတ်ကိုနားလည် ယုံကြည်ခြင်းဖြင့် ကြည်နူးနိုင်ပြီ ကိုယ်တော့်နှလုံးသားမှာ မွေ့လျော် နေ့စဉ်နေ့တိုင်းမွေ့လျော် တစ်နေ့တစ်ခြား တွေးပျော်ရင် စိတ်နှလုံးကို ဖွင့်လာလိမ့်မည် Myanmar Gospel Music Video (လူသား ပေါ်ထွန်းလာခဲ့ပြီ) | The Savior Jesus Has Returned to the World8/12/2019 ကမ္ဘာမြေကြီး၏ အရှေ့အရပ်မှ (အရှေ့အရပ် … အရှေ့အရပ် …)၊ လင်းရောင်ခြည်တစ်ခု ထွက်ပေါ်ပြီ (လင်းရောင်ခြည် … လင်းရောင်ခြည် …)၊ အနောက်အရပ်ဘက် တစ်လျှောက်လုံး ထွန်းလင်းလျက်နေ။ မြေကြီးပေါ် လူသား ဆင်းကြွခဲ့လေပြီ။ ဧဝံဂေလိ ဓမ္မတေးများ (ဘုရားသခင်အား ချီးမွမ်းလျက် သီဆိုကခုန်ပါ) အမှုတော် ဆောင်ရွက်ကာ လူကို ကယ်တင်ဖို့ နောက်ဆုံးသောကာလ၏ ခရစ်တော် ပေါ်ထွန်းခဲ့ပြီ။ လူကို ရေလောင်းခြင်း၊ ကျွေးမွေးခြင်းနဲ့ လမ်းပြခြင်းအားဖြင့် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို သူ ထုတ်ဖော်ပြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် နွေးထွေးမှုနှင့် တန်ခိုးကို ပိုင်ဆိုင်သည်။ ကျွန်ုပ်တို့ နှလုံးသားကို သိမ်းပိုက်တော်မူသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့အား ကျွန်ုပ်တို့ စားသောက်ပြီး ခံစားနှစ်သက်ကြသည်။ စားသောက်ပွဲကို ကျွန်ုပ်တို့ တက်ရောက်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်း၊ ဆင်ခြင်တွေးတောခြင်း၊ မိတ်သဟာယဖွဲ့ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို ဉာဏ်အလင်းဖွင့်ပြပြီး သမ္မာတရားကို ကျွန်ုပ်တို့ နားလည်ကြသည်။ လောကီရေးရာ နှောင်ကြိုးများကို ကျွန်ုပ်တို့ ဖယ်ရှားပြီး ကျွန်ုပ်တို့ တာဝန်ကို ထမ်းဆောင်သည်။ ဘုရားသခင်၏ နိုင်ငံတော်ကို ဝင်ရောက်ရသည်မှာ ကောင်းမြတ်လှသည့် ကောင်းကြီးမင်္ဂလာ တစ်ပါးဖြစ်ပေ ဘုရားသခင်အား ချီးမွမ်းလျက် ဘုရားသခင်အား ချီးမွမ်းလျက် သီဆိုကခုန်ပါ အသက်တာလမ်းကြောင်းပေါ်သို့ လမ်းပြခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းပါ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ နေ့စဉ် နှစ်သက်ခံစားပြီး သူ၏ မျက်မှောက်တော်တွင် အသက်ရှင်ကြသည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအား ချီးမွမ်းခြင်း သက်သေခံခြင်းတို့ကို ကျွန်ုပ်တို့ ဘယ်တော့မှ ရပ်မည်မဟုတ်ပေ။ Myanmar gospel dance (ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချီးမွမ်းရန် ဝမ်းမြောက်ခြင်းဖြင့် စုဝေးကြသည်)7/7/2019 Myanmar Gospel Song (တိုင်းနိုင်ငံအားလုံးမှ ဘုရား၏လူများသည် သူတို့၏ခံစားချက်များအား အတူတကွ ဖော်ပြကြသည်) I
အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊ ဘုရား လမ်းပြခဲ့သော သူ၏သားများသည် ခက် ခဲမှုများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့သည် ဘဝအတက်အကျများ ဖြတ်သန်းခဲ့ကြလည်း ဘုရားအလင်းအောက်၌ ယခု သူတို့နေရပြီ အဘယ်သူသည် မနေ့က မတရားမှုကြောင့် မငိုကြွေးဘဲ ရှိသနည်း အဘယ်သူသည် ရခဲလှသောဘဝအတွက် မျက်ရည်မကျဘဲ ရှိသနည်း အဘယ်သူသည် မိမိနှလုံးသားကို ဘုရားအား ဆက်ကပ်မည့် ဒီအခွင့်အရေး မယူဘဲ ရှိမည်နည်း အဘယ်သူသည် မိမိစိတ်ဆန္ဒနှင့်တွေ့ကြုံ ခံစား မှုတို့ကို မဖော်ထုတ်ချင်ဘဲ ရှိမည်နည်း ယနေ့ ဘုရားရှေ့ ကျွန်ုပ်ပြန်လာ
သူ့ချစ်ဖွယ်မျက်နှာ မြင်တွေ့ ယနေ့ ဘုရားရှေ့ ကျွန်ုပ်ပြန်လာ ကျွန်ုပ်၏လမ်းမှားသောအတိတ်ကို ချန်ခဲ့ ယနေ့ ဘုရားရှေ့ ကျွန်ုပ်ပြန်လာ သူ့စကားများ ကျွန်ုပ်ကို ဝမ်းမြောက်ခြင်းနှင့်ပြည့်စေ ယနေ့ ဘုရားရှေ့ ကျွန်ုပ်ပြန်လာ ကျွန်ုပ်စိတ်တွင် ပြောစရာများစွာ သူ့ကြင်နာစကားများ ကျွန်ုပ်ကြီးပြင်းဖို့ ကျွေးမွေးပြုစု |
Click & Join usမော်ကွန်းတိုက်
December 2019
တံဆိပ်များ
All
|