Myanmar Christian Song (ခရစ်တော်၏ နိုင်ငံတော်သည် နွေးထွေးသောအိမ်တော်ဖြစ်သည်) ခရစ်တော်၏ နိုင်ငံတော်သည် နွေးထွေးသောအိမ်တော်ဖြစ်သည်
ခရစ်တော်၏ နိုင်ငံတော်သည် ကျွန်ုပ်၏ နွေးထွေးသောအိမ်ဖြစ်သည် ထိုအိမ်တော်သည် ဘုရားသခင်၏ လူတိုင်းအတွက် ဖြစ်သည်။ ခရစ်တော်သည် အသင်းတော်အတွင်း လျှောက်လှမ်း၊ စကားပြောကာ ဘုရား၏ လူများနှင့်အတူ နေထိုင် လူပ်ရှား အသက်ရှင်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မူသည် နူတ်ကပတ်တော်၏ စစ်ကြောစီရင်ခြင်းနှင့် ဆုံးမခြင်းနှင့်အတူ ဤနေရာတွင် ရှိနေသည်။ ဘုရားသခင်၏ စကားတော်များသည် ကျွန်ုပ်တို့အား ရေလောင်း၊ ပံ့ပိုး၊ လမ်းပြပေးပြီးကျွန်ုပ်တို့ ဘဝများအား ရှင်သန် ကြီးထွားလာစေသည်။ ဤနိုင်ငံတော်သည် ခရစ်တော် အုပ်စိုးသော နိုင်ငံဖြစ်ပြီး တရားမျှတသော ကမ်ဘာ ဖြစ်သည်။
0 Comments
ဧဝံဂေလိ ဓမ္မတေးများ (ဘုရားသခင်အား ချီးမွမ်းလျက် သီဆိုကခုန်ပါ) အမှုတော် ဆောင်ရွက်ကာ လူကို ကယ်တင်ဖို့ နောက်ဆုံးသောကာလ၏ ခရစ်တော် ပေါ်ထွန်းခဲ့ပြီ။ လူကို ရေလောင်းခြင်း၊ ကျွေးမွေးခြင်းနဲ့ လမ်းပြခြင်းအားဖြင့် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို သူ ထုတ်ဖော်ပြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် နွေးထွေးမှုနှင့် တန်ခိုးကို ပိုင်ဆိုင်သည်။ ကျွန်ုပ်တို့ နှလုံးသားကို သိမ်းပိုက်တော်မူသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့အား ကျွန်ုပ်တို့ စားသောက်ပြီး ခံစားနှစ်သက်ကြသည်။ စားသောက်ပွဲကို ကျွန်ုပ်တို့ တက်ရောက်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်း၊ ဆင်ခြင်တွေးတောခြင်း၊ မိတ်သဟာယဖွဲ့ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို ဉာဏ်အလင်းဖွင့်ပြပြီး သမ္မာတရားကို ကျွန်ုပ်တို့ နားလည်ကြသည်။ လောကီရေးရာ နှောင်ကြိုးများကို ကျွန်ုပ်တို့ ဖယ်ရှားပြီး ကျွန်ုပ်တို့ တာဝန်ကို ထမ်းဆောင်သည်။ ဘုရားသခင်၏ နိုင်ငံတော်ကို ဝင်ရောက်ရသည်မှာ ကောင်းမြတ်လှသည့် ကောင်းကြီးမင်္ဂလာ တစ်ပါးဖြစ်ပေ ဘုရားသခင်အား ချီးမွမ်းလျက် ဘုရားသခင်အား ချီးမွမ်းလျက် သီဆိုကခုန်ပါ အသက်တာလမ်းကြောင်းပေါ်သို့ လမ်းပြခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းပါ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ နေ့စဉ် နှစ်သက်ခံစားပြီး သူ၏ မျက်မှောက်တော်တွင် အသက်ရှင်ကြသည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအား ချီးမွမ်းခြင်း သက်သေခံခြင်းတို့ကို ကျွန်ုပ်တို့ ဘယ်တော့မှ ရပ်မည်မဟုတ်ပေ။ |
Click & Join usမော်ကွန်းတိုက်
December 2019
တံဆိပ်များ
All
|