Myanmar Christian Song (ဘုရားသခင်၏မေတ္တာကို ကျွန်ုပ်တွေ့ခဲ့ပြီ) အနန္တတန်ခိုးရှင်ဘုရား၊ ကျွန်ုပ်ကိုချစ်သောသူမှာ ကိုယ်တော်သာဖြစ်သည်။
ညစ်ညူးသောလောကမှ ကျွန်ုပ်အား ရွေးကောက်လေပြီ ဒါကြောင့် ကျွန်ုပ် ကိုယ်တော့်မျက်မှောက်တော်သို့တိုးဝင်လာပြီ၊ မှန်သည် ကိုယ်တော်မျက်မှောက်တော်သို့တိုးဝင်လာပြီ၊ အသင်းတော်အသက်တာ၌ အသက်ရှင်ရင်း၊ နေ့စဉ် ကိုယ် တော်၏နှုတ်ကပတ်တော်၌ ပျော်မွေ့ရင်းသာ။ ဤမျှကောင်းချီးခံစားရသည်မှာ ကိုယ်တော် ကျွန်ုပ်ကို ယနေ့မြှင့်တင်နေခြင်းပင်။ အနန္တ တန်ခိုးရှင်ဘုရား၊ ကိုယ်တော်၏မေတ္တာကို ကျွန်ုပ်တွေ့ခဲ့ပြီ ကျွန်ုပ်အလိုချင်ဆုံးမှာ ကိုယ်တော်၏မေတ္တာကို ပြန်ပေးဆပ်ရန်ဖြစ်သည်။ ကျွန်ုပ်အလိုချင်ဆုံးမှာ ကျွန်ုပ်၏တာဝန်ကို ထမ်းရွက်ရန်ဖြစ်သည် ကိုယ်တော်၏မေတ္တာကို တွေ့မြင်ခဲ့ပြီမို့ကျွန်ုပ်ပြန်ပေးဆပ်ပါမည် ဒါကို ကျွန်ုပ်အလိုချင်ဆုံးပင်။
0 Comments
Myanmar Music Song (ဘုရားသခင်၏ဖန်ဆင်းခြင်းအရာခပ်သိမ်းသည် သူ၏အုပ်စိုးမှုအောက်သို့ လာရောက်ရမည်)10/25/2019 Myanmar Worship Song (ဘုရားသခင်၏ဖန်ဆင်းခြင်းအရာခပ်သိမ်းသည် သူ၏အုပ်စိုးမှုအောက်သို့ လာရောက်ရမည်) Ⅰ
ဘုရားဟာ အရာခပ်သိမ်းကိုဖန်ဆင်းခဲ့၊ ဖန်ဆင်းခြင်း ခပ်သိမ်းကို သူ့အုပ်ချုပ်မှုအောက် လာစေရန်ပြုပြီး သူ့အုပ်စိုးမှုကို ဆက်ကပ်နာခံစေ။ ဘုရားဟာ အရာခပ်သိမ်းကို ကွပ်ကဲ အုပ်ချုပ်ပြီး ထိုအရာတို့အား သူ့လက်ထဲမှာထိန်းချုပ်လျက်ရှိ။ သက်ရှိသတ္တဝါတွေ၊ တောင်တွေ မြစ်တွေနှင့် လူသားတွေ အားလုံး ဘုရားရဲ့အုပ်ချုပ်မှုအောက် လာရောက် ရမည်။ မိုးကောင်းကင် နှင့် မြေကြီးပေါ်တွင်ရှိ အရာအားလုံး ဘုရားရဲ့အုပ်စိုးမှုအောက် လာရောက် ရမည်။ ရွေးချယ်မှုမရှိဘဲ အားလုံးဟာ ဆက်ကပ်နာခံရမည်။ ဒါဟာ ဘုရားရဲ့ အမိန့်တော်နှင့် သြဇာအာဏာဖြစ် သည် Myanmar Gospel Music Video (လူသား ပေါ်ထွန်းလာခဲ့ပြီ) | The Savior Jesus Has Returned to the World8/12/2019 ကမ္ဘာမြေကြီး၏ အရှေ့အရပ်မှ (အရှေ့အရပ် … အရှေ့အရပ် …)၊ လင်းရောင်ခြည်တစ်ခု ထွက်ပေါ်ပြီ (လင်းရောင်ခြည် … လင်းရောင်ခြည် …)၊ အနောက်အရပ်ဘက် တစ်လျှောက်လုံး ထွန်းလင်းလျက်နေ။ မြေကြီးပေါ် လူသား ဆင်းကြွခဲ့လေပြီ။ Myanmar gospel dance (ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချီးမွမ်းရန် ဝမ်းမြောက်ခြင်းဖြင့် စုဝေးကြသည်)7/7/2019 Myanmar Gospel Song (တိုင်းနိုင်ငံအားလုံးမှ ဘုရား၏လူများသည် သူတို့၏ခံစားချက်များအား အတူတကွ ဖော်ပြကြသည်) I
အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊ ဘုရား လမ်းပြခဲ့သော သူ၏သားများသည် ခက် ခဲမှုများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့သည် ဘဝအတက်အကျများ ဖြတ်သန်းခဲ့ကြလည်း ဘုရားအလင်းအောက်၌ ယခု သူတို့နေရပြီ အဘယ်သူသည် မနေ့က မတရားမှုကြောင့် မငိုကြွေးဘဲ ရှိသနည်း အဘယ်သူသည် ရခဲလှသောဘဝအတွက် မျက်ရည်မကျဘဲ ရှိသနည်း အဘယ်သူသည် မိမိနှလုံးသားကို ဘုရားအား ဆက်ကပ်မည့် ဒီအခွင့်အရေး မယူဘဲ ရှိမည်နည်း အဘယ်သူသည် မိမိစိတ်ဆန္ဒနှင့်တွေ့ကြုံ ခံစား မှုတို့ကို မဖော်ထုတ်ချင်ဘဲ ရှိမည်နည်း |
Click & Join usမော်ကွန်းတိုက်
December 2019
တံဆိပ်များ
All
|