Myanmar Music Song (ဘုရားသခင်၏ဖန်ဆင်းခြင်းအရာခပ်သိမ်းသည် သူ၏အုပ်စိုးမှုအောက်သို့ လာရောက်ရမည်)10/25/2019 Myanmar Worship Song (ဘုရားသခင်၏ဖန်ဆင်းခြင်းအရာခပ်သိမ်းသည် သူ၏အုပ်စိုးမှုအောက်သို့ လာရောက်ရမည်) Ⅰ
ဘုရားဟာ အရာခပ်သိမ်းကိုဖန်ဆင်းခဲ့၊ ဖန်ဆင်းခြင်း ခပ်သိမ်းကို သူ့အုပ်ချုပ်မှုအောက် လာစေရန်ပြုပြီး သူ့အုပ်စိုးမှုကို ဆက်ကပ်နာခံစေ။ ဘုရားဟာ အရာခပ်သိမ်းကို ကွပ်ကဲ အုပ်ချုပ်ပြီး ထိုအရာတို့အား သူ့လက်ထဲမှာထိန်းချုပ်လျက်ရှိ။ သက်ရှိသတ္တဝါတွေ၊ တောင်တွေ မြစ်တွေနှင့် လူသားတွေ အားလုံး ဘုရားရဲ့အုပ်ချုပ်မှုအောက် လာရောက် ရမည်။ မိုးကောင်းကင် နှင့် မြေကြီးပေါ်တွင်ရှိ အရာအားလုံး ဘုရားရဲ့အုပ်စိုးမှုအောက် လာရောက် ရမည်။ ရွေးချယ်မှုမရှိဘဲ အားလုံးဟာ ဆက်ကပ်နာခံရမည်။ ဒါဟာ ဘုရားရဲ့ အမိန့်တော်နှင့် သြဇာအာဏာဖြစ် သည်
0 Comments
သိမြင် ခံစားချက် “ဘုရားသခင်အတွက် သင့်စိတ်နှလုံးကိုဖွင့်လျှင်” ဆိုတဲ့ ဒီဓမ္မသီချင်းလေးကို နားထောင်ပြီး နက်နက်နဲနဲ ခံစားရတယ်၊ မပျော်ရွှင်တဲ့ အခါမှာလည်း ဘုရားသခင်ထံ ဆုတောင်းချင်တဲ့ ဆန္ဒရှိမယ်ဆိုရင် ဘုရားသခင်က နှုတ်ကပတ်တော်ဖြင့် ကျွန်မကို ပွင့်လင်းပေးတယ်၊ အမြဲတမ်း ကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်ဟာ ဘုရားသခင်က ကျွန်မအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်းပါပဲ~ အမှန်တကယ်ကြုံတွေ့မှပဲ စိတ်နှလုံး၏ ပျော်ရွှင်မှုနဲ့ ငြိမ်းချမ်းမှုကို အမှန်တကယ် ရမှာဖြစ်တယ်။ သင်ဟာ သင့်ရဲ့စိတ်နှလုံးကို ဖွင့်ပြီး ဘုရားသခင်မှ လာသောချစ်ခြင်းမေတ္တာကို ကြုံတွေ့ခံစားချင်ပါသလား။ Myanmar Gospel Song (ဘုရားအတွက် သင့်စိတ်နှလုံးကို ဖွင့်လျှင်)
ကိုယ်တော့်စိတ်ကိုမသိ၊ ကိုယ်တော့် စိတ်သဘောထား ကို နားမလည်ရင် စိတ်နှလုံးတံခါးကို မဖွင့်နိုင်ပါ ကိုယ်တော့်ကိုသိရင် ကိုယ်တော့်စိတ်ကိုနားလည် ယုံကြည်ခြင်းဖြင့် ကြည်နူးနိုင်ပြီ ကိုယ်တော့်နှလုံးသားမှာ မွေ့လျော် နေ့စဉ်နေ့တိုင်းမွေ့လျော် တစ်နေ့တစ်ခြား တွေးပျော်ရင် စိတ်နှလုံးကို ဖွင့်လာလိမ့်မည် Myanmar gospel dance (ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချီးမွမ်းရန် ဝမ်းမြောက်ခြင်းဖြင့် စုဝေးကြသည်)7/7/2019 Myanmar Gospel Song (တိုင်းနိုင်ငံအားလုံးမှ ဘုရား၏လူများသည် သူတို့၏ခံစားချက်များအား အတူတကွ ဖော်ပြကြသည်) I
အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊ ဘုရား လမ်းပြခဲ့သော သူ၏သားများသည် ခက် ခဲမှုများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့သည် ဘဝအတက်အကျများ ဖြတ်သန်းခဲ့ကြလည်း ဘုရားအလင်းအောက်၌ ယခု သူတို့နေရပြီ အဘယ်သူသည် မနေ့က မတရားမှုကြောင့် မငိုကြွေးဘဲ ရှိသနည်း အဘယ်သူသည် ရခဲလှသောဘဝအတွက် မျက်ရည်မကျဘဲ ရှိသနည်း အဘယ်သူသည် မိမိနှလုံးသားကို ဘုရားအား ဆက်ကပ်မည့် ဒီအခွင့်အရေး မယူဘဲ ရှိမည်နည်း အဘယ်သူသည် မိမိစိတ်ဆန္ဒနှင့်တွေ့ကြုံ ခံစား မှုတို့ကို မဖော်ထုတ်ချင်ဘဲ ရှိမည်နည်း ဘုရားရဲ့ အမှုတော်မြတ်တွေ အရမ်းအပြောင်းအလဲမြန်တယ်။
ယုံရခက်တယ်၊ ယုတ္တိရှိတယ်။ ပတ်ဝန်းကျင်ကိုကြည့်လိုက်ပါ။ အရင်နဲ့မတူ အားလုံး ဆန်းသစ်လှပနေပြီ အရာရာပြန်လည်လန်းဆန်းလို့ ပြောင်းလဲနိုးကြွလာပြီ ဘုရားရဲ့လူသားတွေ ချီးမွမ်းပြီ၊ ဝမ်းမြောက်ပြီ တက်တက်ကြွကြွ သီဆိုချီးမွမ်းပြီ ချီးမွမ်းကြ၊ ကြေွးကြော်ကြ၊ သီဆိုကြစို့ လူသားအားလုံး အားပါးတရ ဘုရားကိုချီးမွမ်းပြီ ချီးမွမ်းကြ၊ ကြေွးကြော်ကြ၊ သီဆိုကြစို့ လူသားအားလုံး အားပါးတရ ဘုရားကိုချီးမွမ်းပြီ ဟာလလေုယ ဘုရားကိုချစ်လို့၊ နာခံလို့၊ စကားကို လက်တွေ့လိုက်နာကျင့်သုံးရင် အပြစ်အနာတွေစင်ကြယ်ပြီး သန့်စင်မည် ဘုရားရဲ့ဂုဏ်တော်ကို သက်သေခံလို့ သူ့ကိုကျေနပ်စေ |
Click & Join usမော်ကွန်းတိုက်
December 2019
တံဆိပ်များ
All
|