Myanmar Christian Song (ဘုရားသခင်၏မေတ္တာကို ကျွန်ုပ်တွေ့ခဲ့ပြီ) အနန္တတန်ခိုးရှင်ဘုရား၊ ကျွန်ုပ်ကိုချစ်သောသူမှာ ကိုယ်တော်သာဖြစ်သည်။
ညစ်ညူးသောလောကမှ ကျွန်ုပ်အား ရွေးကောက်လေပြီ ဒါကြောင့် ကျွန်ုပ် ကိုယ်တော့်မျက်မှောက်တော်သို့တိုးဝင်လာပြီ၊ မှန်သည် ကိုယ်တော်မျက်မှောက်တော်သို့တိုးဝင်လာပြီ၊ အသင်းတော်အသက်တာ၌ အသက်ရှင်ရင်း၊ နေ့စဉ် ကိုယ် တော်၏နှုတ်ကပတ်တော်၌ ပျော်မွေ့ရင်းသာ။ ဤမျှကောင်းချီးခံစားရသည်မှာ ကိုယ်တော် ကျွန်ုပ်ကို ယနေ့မြှင့်တင်နေခြင်းပင်။ အနန္တ တန်ခိုးရှင်ဘုရား၊ ကိုယ်တော်၏မေတ္တာကို ကျွန်ုပ်တွေ့ခဲ့ပြီ ကျွန်ုပ်အလိုချင်ဆုံးမှာ ကိုယ်တော်၏မေတ္တာကို ပြန်ပေးဆပ်ရန်ဖြစ်သည်။ ကျွန်ုပ်အလိုချင်ဆုံးမှာ ကျွန်ုပ်၏တာဝန်ကို ထမ်းရွက်ရန်ဖြစ်သည် ကိုယ်တော်၏မေတ္တာကို တွေ့မြင်ခဲ့ပြီမို့ကျွန်ုပ်ပြန်ပေးဆပ်ပါမည် ဒါကို ကျွန်ုပ်အလိုချင်ဆုံးပင်။
0 Comments
|
Click & Join usမော်ကွန်းတိုက်
December 2019
တံဆိပ်များ
All
|