Myanmar Music Song (ဘုရားသခင်၏ဖန်ဆင်းခြင်းအရာခပ်သိမ်းသည် သူ၏အုပ်စိုးမှုအောက်သို့ လာရောက်ရမည်)10/25/2019 Myanmar Worship Song (ဘုရားသခင်၏ဖန်ဆင်းခြင်းအရာခပ်သိမ်းသည် သူ၏အုပ်စိုးမှုအောက်သို့ လာရောက်ရမည်) Ⅰ ဘုရားဟာ အရာခပ်သိမ်းကိုဖန်ဆင်းခဲ့၊ ဖန်ဆင်းခြင်း ခပ်သိမ်းကို သူ့အုပ်ချုပ်မှုအောက် လာစေရန်ပြုပြီး သူ့အုပ်စိုးမှုကို ဆက်ကပ်နာခံစေ။ ဘုရားဟာ အရာခပ်သိမ်းကို ကွပ်ကဲ အုပ်ချုပ်ပြီး ထိုအရာတို့အား သူ့လက်ထဲမှာထိန်းချုပ်လျက်ရှိ။ သက်ရှိသတ္တဝါတွေ၊ တောင်တွေ မြစ်တွေနှင့် လူသားတွေ အားလုံး ဘုရားရဲ့အုပ်ချုပ်မှုအောက် လာရောက် ရမည်။ မိုးကောင်းကင် နှင့် မြေကြီးပေါ်တွင်ရှိ အရာအားလုံး ဘုရားရဲ့အုပ်စိုးမှုအောက် လာရောက် ရမည်။ ရွေးချယ်မှုမရှိဘဲ အားလုံးဟာ ဆက်ကပ်နာခံရမည်။ ဒါဟာ ဘုရားရဲ့ အမိန့်တော်နှင့် သြဇာအာဏာဖြစ် သည် Ⅱ ဘုရားဟာ အရာခပ်သိမ်းကိုဖန်ဆင်းခဲ့၊ ဖန်ဆင်းခြင်း ခပ်သိမ်းကို သူ့အုပ်ချုပ်မှုအောက် လာစေရန်ပြုပြီး သူ့အုပ်စိုးမှုကို ဆက်ကပ်နာခံစေ။ ဘုရားဟာ အရာရာကို ကွပ်ကဲအုပ်ချုပ်တယ် အရာရာကို စီစဉ်တကျ အဆင့်အတန်း သတ်မှတ်ကာ အမျိုးအစားအလိုက် တစ်ခုချင်း ခွဲခြားသတ်မှတ်ခဲ့တယ် ဘုရားအလိုတော်နှင့်အညီ ကိုယ်ပိုင်နေရာကို ခွဲဝေပိုင်းခြားပေး မိုးကောင်းကင် နှင့် မြေကြီးပေါ်တွင်ရှိ အရာအားလုံး ဘုရားရဲ့အုပ်စိုးမှုအောက် လာရောက် ရမည်။ ရွေးချယ်မှုမရှိဘဲ အားလုံးဟာ ဆက်ကပ်နာခံရမည်။ ဒါဟာ ဘုရားရဲ့ အမိန့်တော်နှင့် သြဇာအာဏာဖြစ် သည် Ⅲ ဘယ်လောက်ကြီးမြတ်တဲ့ အရာပင်ဖြစ်စေ ထိုအရာသည် မည်သည့်အခါမှ ဘုရားထက် သာလွန်မည်မဟုတ်။ အရာခပ်သိမ်းဟာ ဘုရားဖန်ဆင်းခဲ့တဲ့ လူသားမျိုးနွယ်၏ အစေခံပြီး ဘယ်အရာမှ ဘုရားအားအာခံရန် သို့မဟုတ် တောင်းဆိုမှုပြုရန် မဝံ့ရဲပေ။ ဘုရားရဲ့ ဖန်ဆင်းခံသတ္တဝါ လူသားဟာလည်း သူ့တာဝန်ကို ထမ်းဆောင်ရမည်။ သခင်ဖြစ်စေ အုပ်စိုးရှင်ဖြစ်စေ သူ၏အဆင့်အတန်းဟာ ဘယ်လောက်ပင် မြင့်မြတ်စေကာမူ သူဟာ ဘုရားရဲ့အုပ်စိုးမှုအောက်က သေးနုပ်သော လူသားသတ္တဝါပါ ဘဲ။ အရေးမပါသော လူသား၊ ဘုရားရဲ့ဖန်ဆင်းခံ သတ္တဝါ၊ သူဟာ ဘုရားရဲ့အထက်မှာ ဘယ်အခါမှ ရှိမည်မဟုတ်ပါ။ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ မင်္ဂလာပါ ညီအစ်ကို မောင်နှမတို့ ကျွန်တော်က ဖိလစ်ပိုင်နိုင်ငံက ညီအစ်ကို ဘရိုင်လီဖြစ်ပါတယ်။ မင်္ဂလာပါ ညီအစ်ကို မောင်နှမတို့ ကျွန်မက ဂျင်းနစ်ဖြစ်ပါတယ်။ ကျွန်မက ဖိလစ်ပိုင်နိုင်ငံက ညီမကွီးနီဖြစ်ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျွန်တော် လက်မခံခင်က ကျွန်တော့်ဘဝဟာ သိပ်ကို မှောင်မိုက်ခဲ့ပါတယ်။ ကျွန်တော့်မှာ လျှောက်လှမ်းစရာ လမ်းကြောင်းမရှိခဲ့ပါဘူး။ ဘယ်အလင်းကိုမှ ကျွန်တော် မမြင်ခဲ့ရဘူး။ အဲဒါက မှောင်မိုက်တဲ့ အခန်းတစ်ခန်းမှာ ကျွန်တော် ရှင်သန်နေခဲ့ရသလိုပါပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ ကျွန်မကို သမ္မာတရားအား သိခြင်းဖြစ်တဲ့ မှန်ကန်တဲ့လမ်းကြောင်းဆီကို ပို့ဆောင်ပေးတဲ့အတွက် လွန်စွာပဲ ကျေးဇူးတင်မိပါတယ်။ ကျွန်မရဲ့ အနာဂတ်ဟာ အရင်ကထက် အရမ်းပိုပြီး တောက်ပပါတယ်။ ဖြစ်လာမယ့် အရာတွေအတွက် ကျွန်မ မစိုးရိမ်တော့ပါဘူး။ ဘုရားသခင်က ကျွန်မရဲ့ စိတ်နှလုံးကို အမြဲ ဦးဆောင်လမ်းပြမှာ ဖြစ်တဲ့အတွက်ကြောင့်ပါ။ ကျွန်မရဲ့ ဘဝကို ပြန်ကြည့်တဲ့အခါ အနန္တတန်ခိုးရှင်ဘုရားသခင်ပဲ ပြုလုပ်ခဲ့တဲ့ ပြောင်းလဲခြင်းတွေကို ကျွန်မ မြင်နိုင်ပါတယ်။ အခုတော့ ကျွန်မဟာ ဘုရားသခင်သာ သမ္မာတရား လမ်းခရီးနဲ့အသက်ဖြစ်တယ်လို့ ရှင်တို့ကို ပြောရလောက်အောင်ကို ကျေးဇူးတင်လျက်ရှိပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်၌ အလုံးစုံသော ဘုန်းကျက်သရေ ရှိတော်မူပါစေ။ မင်္ဂလာပါ ညီအစ်ကိုမောင်နှမတို့ ကျွန်တော်တို့ကတော့ ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က လာတာဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်မှာ ကျွန်တော်တို့ရဲ့ တာဝန်တွေကို သစ္စာရှိစွာ ထမ်းဆောင်ကြပါစို့။ အနန္တတန်ခိုးရှင်ဘုရားသခင်၌ အလုံးစုံသော ဘုန်းကျက်သရေ ရှိတော်မူပါစေ။
0 Comments
Leave a Reply. |
Click & Join usမော်ကွန်းတိုက်
December 2019
တံဆိပ်များ
All
|