သိမြင် ခံစားချက် “ဘုရားသခင်အတွက် သင့်စိတ်နှလုံးကိုဖွင့်လျှင်” ဆိုတဲ့ ဒီဓမ္မသီချင်းလေးကို နားထောင်ပြီး နက်နက်နဲနဲ ခံစားရတယ်၊ မပျော်ရွှင်တဲ့ အခါမှာလည်း ဘုရားသခင်ထံ ဆုတောင်းချင်တဲ့ ဆန္ဒရှိမယ်ဆိုရင် ဘုရားသခင်က နှုတ်ကပတ်တော်ဖြင့် ကျွန်မကို ပွင့်လင်းပေးတယ်၊ အမြဲတမ်း ကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်ဟာ ဘုရားသခင်က ကျွန်မအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်းပါပဲ~ အမှန်တကယ်ကြုံတွေ့မှပဲ စိတ်နှလုံး၏ ပျော်ရွှင်မှုနဲ့ ငြိမ်းချမ်းမှုကို အမှန်တကယ် ရမှာဖြစ်တယ်။ သင်ဟာ သင့်ရဲ့စိတ်နှလုံးကို ဖွင့်ပြီး ဘုရားသခင်မှ လာသောချစ်ခြင်းမေတ္တာကို ကြုံတွေ့ခံစားချင်ပါသလား။ Myanmar Gospel Song (ဘုရားအတွက် သင့်စိတ်နှလုံးကို ဖွင့်လျှင်) ကိုယ်တော့်စိတ်ကိုမသိ၊ ကိုယ်တော့် စိတ်သဘောထား ကို နားမလည်ရင် စိတ်နှလုံးတံခါးကို မဖွင့်နိုင်ပါ ကိုယ်တော့်ကိုသိရင် ကိုယ်တော့်စိတ်ကိုနားလည် ယုံကြည်ခြင်းဖြင့် ကြည်နူးနိုင်ပြီ ကိုယ်တော့်နှလုံးသားမှာ မွေ့လျော် နေ့စဉ်နေ့တိုင်းမွေ့လျော် တစ်နေ့တစ်ခြား တွေးပျော်ရင် စိတ်နှလုံးကို ဖွင့်လာလိမ့်မည် ကိုယ်တော်သည် မေတ္တာ၊ ကိုယ်တော်သည် ဂရုဏာ၊ အနန္တ ဂရုဏာ။ ကိုယ်တော့်ကိုရင်ဖွင့်ကာ ဝမ်းမြောက်ခြင်းများ ရယူပါ ကိုယ်တော့် ဉာဏ်ပညာ အာဏာ နှင့် မေတ္တာ၊ ကိုယ်တော်ရဲ့အစွမ်းတန်ခိုးဟာ လောကကို ပြည့်စုံစေတာ တကယ်ရင်ဖွင့်ရင် အမှန်တကယ်ရင်ဖွင့်ရင် လွန်ကဲအတ္တ စိတ်ဆန္ဒကို ရှက်တတ်ရွံတတ်လာသည် တကယ်ရင်ဖွင့်ရင် အမှန်တကယ်ရင်ဖွင့်ရင် ကိုယ်တော့်နှလုံးသားရဲ့ အနှိုင်းမဲ့မေတ္တာကို တွေ့လိမ့်မည် အံ့သြဖွယ်လောကထဲကို ဝင်လာမည် အမှောင်ယံတွေ၊ ဆုတ်ယုတ်ခြင်းတွေ၊ ဖျားယောင်းမှုတွေ ပျောက်ပြယ် ကိုယ်တော့်ကိုရင်ဖွင့်ရင်ကွယ် သစ္စာတရား၊ အလင်းမျှသာ ကျန်ရစ်မယ် ကိုယ်တော့်ကိုရင်ဖွင့်ရင်ကွယ် ကိုယ်တော်ရဲ့သဘောသဘာဝ ဟာ ပေါ်လွင်နေမည် ဝမ်းနည်းကြောင်း၊ စိတ်ဆိုးကြောင်းလဲ ပေါ်လွင်စေရမည် ကိုယ်တော့်ကိုရင်ဖွင့်ပြီး ဖိတ်ခေါ်ရင် အားလုံးပေါ်လွင်စေရမည် ကိုယ်တော်သည် မေတ္တာ၊ ကိုယ်တော်သည် ဂရုဏာ၊ အနန္တ ဂရုဏာ။ ကိုယ်တော့်ကိုရင်ဖွင့်ကာ ဝမ်းမြောက်ခြင်းများ ရယူပါ ကိုယ်တော့် ဉာဏ်ပညာ အာဏာ နှင့် မေတ္တာ၊ ကိုယ်တော်ရဲ့အစွမ်းတန်ခိုးဟာ လောကကို ပြည့်စုံစေတာ မိတ်ဆွေက သီချင်းနားထောင်ခြင်းကို နှစ်သက်တာ ဖြစ်နိုင်ပါတ Myanmar Christian Song (သခင် ယေရှုကို အတုယူကြစေ)
0 Comments
Leave a Reply. |
Click & Join usမော်ကွန်းတိုက်
December 2019
တံဆိပ်များ
All
|