ခရစ်ယာန်တစ်ယောက်၏ နေ့စဉ်မှတ်တမ်း- မေ့ပျောက်၍မရနိုင်သည့် ထွက်ပြေးလွတ်မြောက်ခြင်းတစ်ခု ဘေဘေ့ တရုတ်ပြည် အယ်ဒီတာအာဘော်- ခရစ်ယာန် ဘေဘေ့၏ ဘုရားသခင်၌ ယုံကြည်မှု ခရီးစဉ်သည် ကြမ်းတမ်းခက်ခဲသည့် ခရီးတစ်ခုဖြစ်ပါသည်။ သူမသည် တရုတ်ကွန်မြူနစ်အစိုးရဖမ်းဆီးမှုကို နှစ်ကြိမ်တိုင်တိုင် ခံခဲ့ရပြီးလျှင်၊ နေအိမ်မှ အကြိမ်အနည်းငယ် ထွက်ခွာခဲ့ရပါသည်။ သူမ၏ နေ့စဉ်မှတ်တမ်း တွင် သူမ၏ ဆိုးရွားသည့် အတွေ့အကြုံများကို မှတ်တမ်းတင် ထားသည့် အပြင်၊ သူမ၏ ဘာသာရေးလွတ်လပ်မှုကို ခုခံရန် ချီးကျူးဖွယ် ကြိုးစား အားထုတ်မှုများ ကိုလည်း ကျွန်ုပ်တို့ကို ပြသထားပါသည်။ တရုတ်ကွန်မြူနစ်အစိုးရသည် ဖမ်းဆီးရန် ပစ်မှတ်များကို ရွေးချယ်သည့် ပုံမှန်လုပ်ငန်းစဉ်အသစ် တစ်ခုကို စသည်နှင့်အညီ၊ သူမသည်လည်း မေ့ပျောက်၍ မရနိုင်သည့် ထွက်ပြေး လွတ်မြောက်ခြင်း ခရီးကို စတင်ပါသည်။… ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့- ရဲဖမ်းခြင်း ခံရပြီး၊ နောက်ထပ် ထွက်ပြေးလွတ်မြောက်ခြင်းတစ်ခု ၏ အစ
ယနေ့နေ့လည်၏ ၂ နာရီခန့်တွင် ကျွန်မအိမ်၏ ဘေးတွင် ရပ်ထားသည့် ရဲကားကို တွေ့ချိန်တွင် ကျွန်မက အပြင်တွင် လျှော်ထားသည့် အဝတ်များကို ရုတ်နေခဲ့သည်။ ကျွန်မသည် ချက်ခြင်း အထိတ်တလန့်ဖြစ်ခဲ့သည်၊ သူတို့ ကျွန်မကို ထပ်မံဖမ်းဆီးရန် ဤနေရာသို့ လာခြင်းလား။ ကျွန်မ အိမ်ပြင်၌ အဖီဆွဲထားသည့် မီးဖိုချောင်ငယ်ထဲသို့ တိတ်ဆိတ်စွာ ခိုးဝင်လိုက်ပြီး၊ တံခါး အနည်းငယ်ဟကာ သူတို့ကို ကြည့်ခဲ့သည်။ ကျွန်မ လူသုံးယောက်ကို တွေ့ရသည်၊ ရဲဝတ်စုံဝတ်ထားသည့် တစ်ယောက်၊ အရပ်ဝတ်ကို ဝတ်ထားသည့် တစ်ယောက်နှင့်၊ ဒေသခံရဲဌာန၏ လုံခြုံရေးညွှန်မှုးဖြစ်သည့် အမျိုးသမီး တစ်ယောက်တို့သည် ကားပေါ်မှထွက်လာကာ၊ ကျွန်မအိမ်သို့ တန်းတန်း မတ်မတ် လျှောက်လာကြသည်။ “ သူတို့ ငါ့ကို တကယ်ပဲ ထပ်ဖမ်းကြဖို့ ဒီကိုလာတာလား” ကျွန်မရင်ခုန်နေ သည်နှင့်အညီ ကျွန်မစိတ်ကလည်း ချက်ခြင်းရပ်တန့် သွားခဲ့သည်။ သူတို့ ကျွန်မကို ရှာဖွေမတွေ့မီ၊ ကျွန်မက အိမ်နောက်မှ လမ်းထဲသို့ လျင်မြန်စွာ ပြေးဆင်းသွားပြီး၊ ပြေးနေရင်းဖြင့် ကျွန်မက ဘုရားသခင်ကို အဆက်မပြတ် ဆုတောင်းနေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ဆွေမျိုးတစ်ယောက်၏ တံခါးက ပွင့်နေသောကြောင့် ကျွန်မသည် သူ့ဝင်းထဲသို့ အလျင်အမြန်ဝင်ကာ၊ သူမကို သာမာန်မျှသာ နှုတ်ဆက်လိုက်သည်။ သူမက ၎င်း၏ ဦးခေါင်းကို ပြတင်းပေါက်မှ တစ်ချက်လျှိုကြည့်လိုက်ပြီး၊ တံခါးကို ထိတ်ထိတ်ပျာပျာဖြင့် ပိတ်လိုက်ပါသည်။ တစ်နာခန့်အကြာတွင် ကျွန်မဆွေမျိုးက ကျွန်မအိမ်ကိုသွားပြီး ၊ရဲများ မရှိတော့သည်ကို တွေ့ခဲ့သည်။ ထို့ကြောင့် ကျွန်မ အလျင်အမြန် အိမ်ပြန်သော်လည်း ကျွန်မ တံခါးသို့ ရောက်သည်နှင့်၊ ကျွန်မ အိမ်နီးချင်းက ကျွန်မကိုဆွဲပြီး မည်သူမျှ စောင့်ကြည့်မနေသည်မှာ သေချာအောင် ဘေးဘီကြည့်ကာ၊ ကျွန်မနား နားကပ်ကာ” ရဲသား၃ယောက် အခုပဲနင့်အိမ်ကို လာပြီး နင့်ကိုရှာသွားကြတယ်။ သူတို့က နင့်တံခါးကို ခေါက်ရင်းနဲ့ နင့်နာမည်ကို အော်နေကြတယ်။ နင်အိမ်မှာမရှိမှန်း သူတို့တွေ့တော့၊ ငါ့အိမ်ကိုမေးဖို့ လာကြ တယ်။ နင်ငါ့အိမ်မှာ ရှိတာကို ငါသူတို့ကို မပြောလိုက်ဘူး။ နင်သတိထား သင့်တယ်” ဟု တိုးတိုးလေးပြောလေသည်။ ကျွန်မ၏ ဘုရားသခင်၌ ယုံကြည်ခြင်းအတွက် နှစ်ကြိမ်တိုင်တိုင် အဖမ်းခံခဲ့ရပြီး၊ အိမ်မှလည်း အကြိမ်အနည်းငယ် ထွက်ခွာခဲ့ရသည်ကို အမှတ်ရရင်းဖြင့် ထိုသတင်းက ကျွန်မကို စိုးရိမ်ကြောင့်ခြင်း နှင့် ဒေါသထွက်ခြင်း နှစ်ခုလုံး ဖြစ်စေသည်။ ယခုအခါ သူတို့က ကျွန်မထံ ထပ်ကာထပ်ကာ လာရောက် “ လည်ပတ်” နေကြဆဲ ဖြစ်သည်။ သူတို့သည် အမှန်တကယ်ပင် မည်သည့်အခါမှ မရပ်တန့်ကြပါ။ ကျွန်မက မိမိအိမ်နီးချင်းကို ကျေးဇူးတင်စကားပြောလိုက်ပြီး ကျွန်မအိမ်ထဲသို့ဝင်ကာ အလျင်အမြန် တံခါးကို ပိတ်လိုက်သည်။ နေ့လည် ၄ နာရီခန့်က၊ အိမ်အပြင်တွင် ကားတံခါးဆောင့်ပိတ်သံကို ကြားရသောကြောင့် တံခါးကို သတိထားလျက် အနည်းငယ်ဟကာ အပြင်သို့ ကြည့်လိုက်သည်။ နံနက်က တွေ့သည့် ရဲဝတ်စုံနှင့် လူပင် ကားထဲမှ ထွက်လာသည်ကို တွေ့ရသည်။ “ ရဲတွေဒီကိုထပ်လာပြန်ပြီ” ကျွန်မ တံခါးကို လျင်မြန်စွာပိတ်ပြီး အခန်းထောင့်တွင် ဆောင့်ကြောင့်ထိုင်ကာ၊ ပြင်ပမှ ဖြစ်ပျက်နေသည့် အရာများကို သေချာစွာ နားထောင်ခဲ့သည်။ နံနက်က ကျွန်မကို ရှာမတွေ့သည့်နောက် ရဲများသည် ယနေ့ ထပ်လာတော့မည်မဟုတ်ဟု ကျွန်မထင် ထားခဲ့သည်။ သူတို့သည် မြန်ဆန်စွာ ပြန်ရောက်လာမည်ဟု ကျွန်မ မမျှော်လင့်ခဲ့ပါ။ သူတို့သည် ကျွန်မကို မဖမ်းမိမချင်း မရပ်မည့် သဘောရှိနေပါသည်။ ကျွန်မက အိမ်ထဲတွင် ပိတ်မိနေပြီး၊ ရဲက တံခါးကို ကန်ဖွင့်ပါက၊ ကျွန်မလည်း ထွက်ပြေးလွတ်မြောက်ရန်လမ်း ရှိမည်မဟုတ်။ ဤအကြောင်းကို တွေးလေ၊ ကျွန်မပိုပြီး ကြောက်စိတ်ကို ခံစားရလေဖြစ်သည်။ ကျွန်မ အထိတ်တလန့်ဖြစ်နေသည့်ကြားမှ ကျွန်မအခန်းထောင့်တွင် ဒူးထောက် ကာ ဘုရားသခင်ကို “ ဘုရားသခင်၊ ကျွန်မအခု အရမ်းကို စိတ်လှုပ်ရှားနေပြီး ဘာလုပ်ရမှန်းလဲမသိပါဘူး။ ဘုရားသခင်၊ ကျေးဇူးပြုပြီးတော့ ကျွန်မကို လမ်းပြပြီး ကာကွယ်စောင့်ရှောက်တော်မူပါ” ဟု ဆုတောင်းခဲ့သည်။ ဆုတောင်းပြီးနောက် ကျွန်မ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးမိသည်။ “ ငါ၏ နှုတ်ထဲရှိ နှုတ်ကပတ်တော်များ အားဖြင့် မဟုတ်ဘဲ မည်သူသည် ရှင်သန်နိုင်သနည်း။ မည်သူသည် ငါ၏ ဂရုစိုက် စောင့်ကြည့်မှု အောက်တွင် မရှိဘဲ နေသနည်း။ ကမ္ဘာတစ်ဝှမ်းလုံးတွင် ငါ၏ အသစ်သော အလုပ်ကို ငါဆောင်ရွက်စဉ်၊ မည်သူသည် ယင်းမှ လွတ်မြောက်ရန် တတ်စွမ်းနိုင်ဖူးသနည်း။ တောင်များသည် ၎င်းတို့၏ အမြင့်ကြောင့် ထိုအရာမှ ရှောင်တိမ်းနိုင်ခြင်း ဖြစ်နိုင်သလော။ ရေများသည် ၎င်းတို့၏ ကြီးမား ကျယ်ပြောခြင်းကြောင့် ထိုအရာအား ဆီးတားနိုင်ခြင်း ဖြစ်နိုင်သလော။ ငါ၏ အစီအစဉ်ထဲတွင် ငါသည် မည် သည့် အရာကိုမျှ ပေါ့တန်စွာ ထွက်သွားခွင့်ကို မည်သည့်အခါမျှ မပေးဖူးပေ၊ ထို့ကြောင့် ငါ့လက်များ၏ ဆုပ်ကိုင် မှုကို တိမ်းရှောင်ခဲ့သည့် မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် မည်သည့်အရာမျှ မရှိစဖူး။” ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်မကို လျှပ်တပြက် ထိုးထွင်းသိမြင်စွမ်းသော ဉာဏ်ကို ပေးခဲ့ပါသည်။ “ အဲဒါမှန်တယ်။ အရာအားလုံးက ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှု နဲ့ စီစဉ်မှုတွေရဲ့ တစ်စိတ်တစ်ဒေသပဲ မဟုတ်ဘူးလား။” တရုတ်ကွန်မြူနစ်အစိုးရ ရဲတွေ ကလည်း ဘုရားသခင်၏ လက်တော်ထဲတွင်သာ ရှိပါသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မရပဲနှင့် သူတို့က ကျွန်မကို မည်သည့်အခါမျှ ဖမ်းဆီးနိုင်မည် မဟုတ်သည့်အပြင်၊ ကျွန်မဖမ်းဆီးခြင်း ခံရပါကလည်း၊ ကျွန်မကလည်း ဘုရားသခင်ကို လုံးဝ သစ္စာမဖောက်နိုင်ပါ။ ကျွန်မ ပြတ်ပြတ်သားသား ရပ်တည်ပြီး၊ ဘုရားသခင်ကို သက်သေခံရမည်။ ဤအရာများကို ကျွန်မသတိရလိုက်သည့်အချိန်တွင်၊ ကျွန်မ ပိုမိုတည်ငြိမ်လာသည်ကို ခံစားခဲ့ရပါသည်။ ရဲဝန်ထမ်းက အပြင်မှနေပြီး အသည်းအသန် တံခါးခေါက်သော်လည်း၊ ကျွန်မ အသံမပေးခဲ့ပါ။ ခဏအကြာတွင်၊ ခြေသံများ ကျွန်မအိမ်နီးချင်း၏ အိမ်သို့ ဦးတည်သွားသည်ကို ကြားရပြီး၊ နောက်ထပ်၁၀ မိနစ်ခန့်အကြာတွင် ကျွန်မ အင်ဂျင်စက်သံတစ်ခုကို ကြားလိုက်သည်။ သူတို့ထွက်ခွာနေကြပြီ။ သူတို့သည် မည်သည့်သတင်းအချက်အလက်မျှ မရသည့် သဘောမှာ ရှိပြီးလျှင် ကျွန်မသည်လည်း ဘုရားသခင်ကို ကျွန်မနှလုံးသားထဲမှ ဆုမတောင်းပဲ မနေနိုင်ခဲ့ပါ။ အိမ်မှာနေလို့မရမှန်းကို သိခဲ့သောကြောင့် ကျွန်မ ဗီရိုထဲမှ အဝတ်အချို့ကို ယူကာ အိတ်တစ်လုံးထဲ ထိုးသိပ်ထည့်လိုက်သည်။ ထို့နောက်တွင်ပင် ကျွန်မခင်ပွန်းက အိမ်သို့ရောက်လာခဲ့သည်။ ရဲဝန်ထမ်းလာသွားကြောင်းကို သူ့ကို ပြောသည့်အချိန်တွင်၊ သူ့မျက်နှာသည့် စိတ်ပျက်သည့် ပုံစံသို့ပြောင်း သွားရင်း “ ရဲက ကို့အစ်ကိုအိမ် (နောက်ထပ်ခရစ်ယာန်တစ်ယောက်) ကိုလည်း အခုလေးတင် သွားခဲ့တယ်။ ကြည့်ရတာ ဒါက အဆက်အစပ်ရှိတဲ့ လုပ်ရပ်တစ်ခုလိုပဲ” ဟု ပြောခဲ့သည်။ ဤသည်ကို ကျွန်မကြားသည့်အချိန်တွင် ကျွန်မသည် ပို၍သာ ရင်တထိတ်ထိတ်ဖြစ်ခဲ့သည်။ သူတို့က ကျွန်မကို မဖမ်းဖြစ်ခဲ့ကြသောကြောင့် ပြန်လာရန်မှာ အလွန်ဖြစ်နိုင်ဖွယ်ရှိပါသည်။ ကျွန်မသည် ထွက်ပြေးလွတ်မြောက်ရမည်ကို သိခဲ့ရသည်။ ကျွန်သည် စိတ်မပါလက်မပါဖြင့် အိမ်မှ ၅ နာရီခန့်တွင် ထွက်ခွာခဲ့သည်။ ကျွန်မခင်ပွန်း အလုပ်မှ အိမ်သို့ပြန်ရောက်လျှင် ပူပူနွေးနွေးဟင်းတစ်ခွက် စားသုံးနိုင်ရန်၊ ကျွန်မ အိမ်အလုပ်များအားလုံးကို လုပ်ခဲ့ပါသည်။ သို့သော်လည်း ယခုကဲ့သို့ ကျွန်မ မရှိသည့်နောက်၊ အိမ်မှ အလုပ်များ လယ်မြေဝေယျာဝစ္စများ အတွက် မဆောင်ရွက်နိုင်သည့်အပြင် မည်သည့်အချိန် ပြန်လာနိုင်မည်ကိုလည်း ကျွန်မ မသိခဲ့ပါ။ စုံလင်ကောင်းမွန်လှသည့် ဘဝတစ်ခုသည် တရုတ်ကွန်မြူနစ်အစိုးရအားဖြင့် ပျက်စီးခဲ့ရလေပြီ။ သူတို့က ကျွန်မတို့တွင် ဘာသာရေးလွတ်လပ်ခွင့် ရှိသည်ဟု ဆိုသော်လည်း၊ ၎င်းကို ကျွန်မတို့ မည်သည့်အချိန်ကများ ရရှိခဲ့ဖူးပါသနည်း။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ဧဝံဂေလိတရားဟောကြားခြင်း တို့အတွက် သူတို့မျက်လုံးများ ထဲတွင် ကျွန်မသည် ရက်စက်ကြမ်းကြုတ်သည့် ပြစ်မှု ကျူးလွန်သူ တစ်ယောက် ဖြစ်ခဲ့သည်။ ကျွန်မ နောက်ဆုံးဖမ်းဆီးခံရချိန်က ကျွန်မအနေဖြင့် မေးမြန်းခံပြီး ညှင်းပန်းနှိပ်စက်ခံလိုက်ရသည်မှာ အသက်ထွက်ရန် မျှင်းမျှင်းသာ ကျန်ခဲ့ပါသည်။ ကျွန်မလွတ်သွားပြီးနောက်ပိုင်း ရဲများသည် ကျွန်မကို ဉပဒေချိုးဖောက်ခြင်း ရှိမရှိ စစ်ဆေးရန် မကြာခဏလာရောက် ခဲ့ကြသည်။ ကျွန်မသည် အလိုဆန္ဒမပါပဲနှင့် နေအိမ်မှ အကြိမ်အနည်းငယ် ထွက်ခွာခဲ့ရပြီး၊ ယခုအခေါက်တွင်လည်း မည်မျှကြာမြင့်စွာ ပုန်းကွယ်နေရ မည်ကို ကျွန်မ မသိပါ… ကျွန်မ လုပ်ဆောင်နိုင်သည့်အရာမှာ ဘုရားသခင်ထံ ဆုတောင်းပြီး ယုံကြည်မှု နှင့် ခွန်အားများတို့ကို တောင်းလျှောက်ရန်သာ ဖြစ်ပါသည်။ “ အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်အား နှိပ်စက် ညှင်းပန်းလျက်ရှိသော ဘုရားသခင်၏ ရန်သူဖြစ်ပါသည်။ ထို့ကြောင့် ဤနယ်မြေတွင် ရှိနေသည့် ဘုရားသခင်အား ယုံကြည်သော သူများတို့သည် နှိမ့်ချခြင်းနှင့် နှိပ်စက်ညှင်းပန်း ခြင်းအား ရင်ဆိုင်ကြုံတွေ့ကြရသည်။ ထိုအကြောင်းကြောင့် ဤနှုတ်ကပတ်တော်သည် သင်တို့လူစု အတွင်းတွင် အမှန်တရားတစ်ခု ဖြစ်လာမည်ဖြစ်သည်။ ဘုရားသခင်အား ဆန့်ကျင်ဘက်ပြုသည့် မြေကြီး ပေါ်တွင် အမှုအား ဆောင်ရွက်နေစဉ်အတွင်း ဘုရားသခင်၏ အမှုတိုင်းသည် သာမန်မဟုတ်သည့် အတား အဆီးများနှင့် တွေ့ကြုံရမည်ဖြစ်ကာ သူ၏နှုတ်ကပတ်တော် အတော်များများသည်လည်း အချိန်အခါ ကောင်း၌ ပြည့်စုံလိမ့်ဦးမည် မဟုတ်ပေ။ သို့ဖြစ်၍ လူအများတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကြောင့် စစ်ကြောခြင်းအား ခံကြရမည်ဖြစ်သည်။ ၎င်းအရာများတို့သည်လည်း ဒုက္ခဆင်းရဲခံခြင်း၏ အခြေခံကျသည့် အရာတစ်ခုဖြစ်သည်။ အဆင်းနီသော နဂါးကြီး၏ နယ်မြေ၌ သူ၏ အမှုအား လုပ်ဆောင် နေရခြင်း အမှုအရာသည် ဘုရားသခင်အဖို့ ကြီးကြီးမားမား အားစိုက် လုပ်ဆောင်ရသည့် ကိစ္စဖြစ်ပါသည်။ သို့သော်လည်း ဤကဲ့သို့သော ခက်ခဲမှုမှတစ်ဆင့် သူ့အမှု၏ အဆင့်တစ်ဆင့်အား ဘုရားသခင်မှ ဆောင်ရွက်ခြင်းမှာ သူ၏ ဉာဏ်ပညာနှင့် အံ့သြဖွယ်ကောင်းသည့် အမှုအရာများအား ထင်ရှားစေရန် ဖြစ်သည်။ ဤအခွင့်အရေးအား အသုံးချခြင်းအားဖြင့် ဤလူစုအား ဘုရားသခင်က ပြီးပြည့်စုံစေမည် ဖြစ်သည်။” တရုတ်ကွန်မြူနစ်ပါတီသည် အဆင်းနီသောနဂါးကြီး၏ ပြယုဂ်တစ်ခု ဖြစ်ကြောင်း ကျွန်မကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက နားလည်စေခဲ့ပါသည်။ ၎င်းသည် ဘုရားသခင်၏ ရန်သူတစ်ယောက် ဖြစ်ပြီး သမ္မာတရားနှင့် ဘုရားသခင်တို့ကို လူအားလုံးထက် စက်ဆုပ်ပါသည်။ ထို့ကြောင့်ပင် ၎င်းသည် ဘုရားသခင်၌ ယုံကြည်သူများလည်းကို စက်ဆုပ်သည့်အပြင်၊ ကျွန်မတို့က ဘုရားသခင်နောက်ကို လိုက်လျှောက်ရန်၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် သို့မဟုတ် အသက်တာတွင် မှန်ကန်သည့် လမ်းကြောင်းတို့ကို လျှောက်ရန် တို့အတွက် ခွင့်မပြုခြင်း ဖြစ်ပါသည်။ အပြင်ပန်းမှ ကြည့်လျှင် ဘာသာရေးယုံကြည်မှု လွတ်လပ်ခြင်းဆိုသည့် ဆောင်ပုဒ်ကို ထိန်းသိမ်းထားသော်လည်း၊ အမှန်မှာမူ ၎င်းသည် ဘုရားသခင်၌ ယုံကြည်သူများကို ရက်စက်စွာ တိုက်ခိုက်သည့်အပြင်၊ သူတို့အား စောင့်ကြည့်ခြင်း၊ နေအိမ်တွင် အကျယ်ချုပ်ချထားခြင်း သို့မဟုတ် ပွင့်လင်းစွာ ဖမ်းဆီးခြင်း နှင့် ညှင်းပန်းနှိပ်စက်ခြင်းတို့ကိုပင် ပြုလုပ်ပါသည်။ ၎င်း၏ ရည်ရွယ်ချက်မှာ ကျွန်မတို့အား ဘုရားသခင်၌ ယုံကြည်ခြင်းမှ ဟန့်တားရန်၊ ၎င်းတစ်ဦးတည်းသာလျှင် နာခံစေရန် နှင့် ကျွန်မတို့ကို ကျွန်ပြုပြီး ဖျက်ဆီးလိုခြင်း ဖြစ်ပါသည်။ ၎င်းရှေ့တွင် ဝပ်တွားခယရန် ငြင်းဆန်သူများ အတွက် ၎င်းက သေခြင်းတရားကိုသာ ပေးပါသည်။ သို့သော်လည်း ဘုရားသခင်၏ ဉာဏ်ပညာသည် ကောင်းကင်ဘုံထက် ပို၍ မြင့်မား သောကြောင့် တရုတ်ကွန်မြူနစ်ပါတီ၏ ဖမ်းဆီးမှု နှင့် ညှင်းပန်းနှိပ်စက်ခြင်း တို့ကြားတွင် ကျွန်မသည် တရုတ်ကွန်မြူနစ်အစိုးရ၏ ဘုရားသခင်ကို မုန်းတီးသည့် အသွင်အပြင် အစစ်အမှန်ကို ရှင်းလင်းစွာ တွေ့မြင်နိုင်ခဲ့ သောကြောင့် ၎င်းအား ကျွန်မ နှလုံးသား ထဲမှ ပြင်းပြင်းထန်ထန် ရွံရှာကာ သစ္စာဖောက်လိုပါသည်။ တစ်ချိန်တည်းမှာပင် ကျွန်မ အတွေ့အကြုံမှတစ်ဆင့် ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်မှုကို တိုးပွားစေသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်ဆိုင်ရာ သြဇာအာဏာ နှင့် ဘုရားသခင်၏ အံ့ဖွယ်အမှုတော် များကို တွေ့မြင်ခဲ့ရပါသည်။ ယနေ့ ကျွန်မသည် တရုတ်ကွန်မြူနစ်အစိုးရ၏ ဖမ်းဆီးခြင်းမှ လွတ်မြောက်နိုင်ခဲ့သည်မှာ ကျွန်မကို ဘုရားသခင်၏ ကွယ်ဝှက်ထားသည့် ကာကွယ်ခြင်းဖြစ်ပါသည်။ တရုတ်ကွန်မြူနစ်အစိုးရသည် မည်မျှ ကြမ်းတမ်းလာသည် ဖြစ်စေ၊ ၎င်းသည် ဘုရားသခင်၏ လက်တော်၌သာ ရှိဆဲဖြစ်သည်ကို ကျွန်မတွေ့ပါသည်။ ဘုရားသခင်သည် ကျွန်မနံဘေးတွင် ရှိပြီး၊ ကျွန်မက ဘုရားသခင်ကို မှီခိုနိုင်သည်။ ဤအရာများကို နားလည်သဘောပေါက်ခြင်းသည် ကျွန်မကို နှစ်သိမ့်ခဲ့ပြီး၊ အားနည်းသည်ဟု လုံးဝ မခံစားရတော့ပါ။ ကျွန်မလမ်းကြောင်းပေါ်တွင် ဆက်လျှောက်သည်နှင့်အညီ ဘုရားသခင်ကို မှီခိုသွားပါမည်။ “ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့” ရဲတစ်ယောက် ချောင်းမြောင်း တိုက်ခိုက်ခြင်း၊ အိမ်သို့ပြန်ရန် မဆုံးနိုင်သည့် စောင့်ဆိုင်းမှုတစ်ခု ယနေ့ ကျွန်မခင်ပွန်းနှင့် လမ်းပေါ်တွင် ဆုံခဲ့ရသည်။ သူက “ မင်းအခုပုန်းနေရာကနေ ထွက်လာလို့မရဘူး။ ပြီးတော့ မင်းအိမ်ကို ပြန်လာလို့လည်း မရသေးဘူး” ဟု ကျွန်မကို ပြောခဲ့သည်။ စိုးရိမ်ကြောင့်ကျ စွာဖြင့် ကျွန်မက “ ဘာဖြစ်လို့လဲ” “ ရဲတွေ ထပ်လာ သွားလို့လား” ဟု မေးခဲ့ပါသည်။ ကျွန်မခင်ပွန်းက “ အဲဒါထက်ဆိုးတယ်။ သူတို့က မင်းကို ရှာမတွေ့လို့ မင်းကို ဖမ်းဖို့ ကိုတို့အိမ်ရှေ့မှာကို စောင့်နေကြတာ။ အဲဒါ ကို့အိမ်နီးချင်းက ပြောတာပဲ။ သူက တစ်ညမှာ ငါတို့အိမ်ကိုဖြတ်သွားခဲ့တဲ့အချိန်မှာ ရုတ်တရက်ကြီး လူတစ်ယောက်က ခုန်ထွက်လာတာ၊ သူ့မျက်နှာကိုလည်း လက်နှိပ်ဓါတ်မီးနဲ့ ထိုးပြီး သူနာမည်ကို မေးခဲ့တယ်တဲ့။ သူက ဆရာဝန်ဆီက ပြန်လာတယ်လို့ ပြောတော့မှ အဲလူက သူ့ကို လွှတ်ပေးလိုက်တယ်။ နောက်ထပ် အိမ်နီးချင်းတစ်ယောက်ကလည်း ညသန်းခေါင်ကြီး ပိုကာဝိုင်းကနေ အိမ်ပြန်လာ ခဲ့တာ၊ ရဲကားတစ်စီး ကိုတို့အိမ်ရဲ့ဘေးလမ်းမပေါ်မှာ ရပ်ထားတာ ကို တွေ့လိုက်တယ်ဆိုပဲ။ ဒါတွေအားလုံးကြားပြီးတော့ ကိုလည်း ရဲတွေကို စပြီး စောင့်ကြည့်ခဲ့တယ်။ သန်းခေါင်ကျော်ပြီဆိုတာနဲ့ ပြတင်းပေါက်ကို စမ်းတဝါးဝါး နဲ့ သွားပြီးတော့ လိုက်ကာကို အသာဟပြီး အပြင်ကိုကြည့်လိုက်တာ လမ်းပေါ်မှာ လူတစ်ယောက် လမ်းမီးအောက်မှ မတ်တပ်ရပ်ပြီး အိမ်ကို ပြူးပြူးကြီး ကြည့်နေတာ တွေ့ရတယ်။ သူတို့က ညဖက်ဆို ၈နာရီလောက်မှာ လာပြီး မနက် ၄ နာရီလောက်အထိ နေကြတယ်။ သူတို့က ကိုတို့ အိမ်ကို စောင့်ကြည့်နေကြတာ ရက် ၂၀ ကျော်သွားပြီ” ဟု ဒေါသတအမျက် ချောင်းချောင်းထွက်ပြီး ပြောလေသည်။ ကျွန်မခင်ပွန်းပြောသည်ကို ကြားပြီးနောက် ကျွန်မ ဒေါသအလွန် ထွက်ခဲ့ရ လေသည်။ ရဲများသည် ကျွန်မကို ရှာ၍မရသောကြောင့် ယခု ကျွန်မကို ချောင်းမြောင်းတိုက်ခိုက်ရန် စောင့်ဆိုင်းနေကြသည်။ ထိုသို့သော ဆက်ဆံရေးသည် အရေးကြီးသည့် ပြစ်မှုကျူးလွန်သူများကို ဆက်ဆံရန် ပုံမှန်သတ်မှတ်ထားသည့် ဆက်ဆံမှုများ ဖြစ်ပါသည်။ ခရစ်ယာန်များသည် ဘုရားသခင်၌ ယုံကြည်ကြပြီး တရားဥပဒေချိုးဖောက်ခြင်း သို့မဟုတ် ပြစ်မှုကျူးလွန်ခြင်းတို့ကို မည်သည့်အခါမျှ မပြုလုပ်ကြသော်လည်း တရုတ် ကွန်မြူနစ်အစိုးရသည် သူတို့ကို ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်ကာ၊ ခံဝန်ချက်များရအောင် လူမဆန်စွာခြိမ်းခြောက်ခြင်း၊ နှင့် ရက်စက်စွာ နှိပ်စက်ခြင်း များပြုကြသည်။ ၎င်းမှာ လူသတ်သမားများ၊ မီးရှို့သူများ နှင့် ပြောပြ၍မရနိုင်အောင် ထိခိုက်နစ်နာစေသည့် အရာများကို တစ်ခုပြီးတစ်ခု ဆက်တိုက် ကျူးလွန်ကြသည့် ပြစ်မှုကျူးလွန်သူများ တို့ကို ဆက်ဆံသည် ထက်ပင် ပိုမိုဆိုးရွားပါသည်။ ကျွန်မတို့ ယုံကြည်မှုကို စွန့်ပစ်စေရန်၊ အဆုံးမရှိသည့် လူအင်အားနှင့် ရုပ်ဝထ္ထုဆိုင်ရာ အရင်းအမြစ်များကို အသုံးပြုပြီးလျှင်၊ ဘုရားသခင်၌ ယုံကြည်သူများအားလုံးကို ဖမ်းဆီးမည်ဟုပင် ခြိမ်းခြောက်၍ ယုံကြည်မှုကို မောင်းထုတ်သည်။ ဤတရုတ်ကွန်မြူနစ် အစိုးရသည် အမှန်တကယ်ပင် ဆိုးညစ်သူ ဖြစ်ပါသည်။ ဘုရားသခင်က “ စာတန်သည် လူသားတို့ကို မျိုရန် အချည်းနှီးသောမျှော်လင့်ချက်ဖြင့် တစ်ချိန်လုံး လူတို့အပေါ် အလုပ်လုပ်နေခဲ့ခြင်း ဖြစ်ပြီး ဤနည်းဖြင့် ဘုရားသခင်သည် ကမ္ဘာမြေကြီးကို ဖျက်ဆီးရန်နှင့် သူ၏သက်သေကို ဆုံးရှုံးရန်အကြောင်း ဖြစ်စေသည်။” “ စကြဝဠာအနှံ့အပြားနှင့် မိုးမျက်နှာကြက်၏ အကန့်အသတ်မဲ့သော ဟင်းလင်းပြင် အနှံ့အပြားတွင် ဖန်ဆင်းခြင်း၏ အင်္သချေသော အရာများ၊ ကမ္ဘာမြေကြီးပေါ်မှ အင်္သချေသော အရာများနှင့် ကောင်းကင်ဘုံမှ အင်္သချေသော အရာများ တစ်ခုချင်းစီတိုင်းသည် ငါ့အလုပ်၏ နောက်ဆုံးသော အဆင့်အတွက် ၎င်းတို့၏ ခွန်အားအလုံးစုံကို ဆက်ကပ်အပ်နှံလျက် ရှိသည်။ သင်တို့သည် ဘေးစည်းမှ ပွဲကြည့်ပရိသတ်များ အဖြစ်သာ ရှိနေရစ်ရန်၊ စာတန်အင်အားစုများ၏ ဟိုဟိုသည်သည် တွန်းထိုးခြင်းခံရရန် အလိုမရှိသည်မှာ သေချာသည် မဟုတ်လော။” ဟု မိန့်တော်မူခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် တရုတ်ကွန်မြူနစ်အစိုးရ၏ ဆိုးညစ်သောအနှစ်သာရ နှင့် ၎င်း၏ နောက်ကွယ်မှ လျှို့ဝှက်ကြံစည်ချက် များကို စကားပရိယာယ်ကြွယ်ဝစွာ နှင့် တိကျစွာဖြင့် ထုတ်ဖော်ပါသည်။ ၎င်းသည် ဘာသာရေးယုံကြည်မှုကို နှိပ်ကွပ်ပြီး၊ တိုက်ခိုက်ကာ၊ ၎င်း၏ နိုင်လိုမင်းထက် အကြမ်းဖက်မှုကို အပ်နှံလာစေရန်၊ ဘုရားသခင်ကို သစ္စာဖောက်ရန် နှင့် ကျွန်မတို့ သက်သေခံချက်များ ဆုံးရှုံးစေရန် အလဟဿဖြစ်သည့် ကြံစည် အားထုတ်မှုဖြင့် ကျွန်မတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့ကို ချိုးဖျက်ဖို့အတွက် ကြိုးစားသည်။ သူ၏ အပြစ်များသည် ပူဆွေးသောကရောက်စေပြီးလျှင်၊ တစ်နေ့တွင် သူသည် ဘုရားသခင်၏ ဖြောင့်မတ်သည့် အပြစ်ဒဏ်ပေးခြင်းကို ကြုံတွေ့ရမည်ဖြစ်ကာ၊ ဘုရားသခင်အားဖြင့် ပျက်စီးရမည်ကို သူ့အနေဖြင့် သိရှိပါသော်လည်း ဘုရားသခင်က လူများကို ကယ်တင်ပြီး ရယူသည့်အခါတွင် ဘေးတွင်ရပ်ကြည့် နေရုံဖြင့် မရောင့်ရဲနိုင်သောကြောင့်၊ သူက ကျွန်မတို့အား သူနှင့်အတူ ငရဲသို့ဆွဲခေါ်သွားပြီး၊ ကယ်တင်ခြင်းအတွက် ကျွန်မတို့၏ အခွင့်ကို အပြည့်အဝ ဆုံးရှုံးစေခဲ့ပါသည်။ နတ်ဆိုး၏ နှလုံးသားဖြင့် အစွမ်းကုန် ဆိုးညစ်ခြင်းပင် ဖြစ်ပါသည်။ တရုတ်ကွန်မြူနစ်အစိုးရက ဘုရားသခင်နှင့် ရင်ဆိုင်ကြုံတွေ့ရ ခြင်းသည် ဝိညာဉ်ရေးရာ တိုက်ပွဲတစ်ခုဖြစ်ပြီး၊ ကောင်းမြတ်ခြင်း နှင့် ဆိုးညစ်ခြင်းတို့အကြားမှ ပြိုင်ပွဲတစ်ခုဖြစ်ပါသည်။ ခရစ်ယာန်တစ်ယောက် အနေဖြင့် ကျွန်မသည် စာတန်၏ ဆိုးညစ်သည့်စွမ်းအားများဖြင့် ချေမှုန်းခြင်း ခံရဖို့ မိမိကိုယ်ကို ခွင့်မပြုနိုင်ပါ။ ကျွန်မသည် ဘုရားသခင်၏ နာမတော်ကို ထိန်းသိမ်းရန်၊ ဘုရားသခင်အတွက် သက်သေခံရန် နှင့် စာတန်ကို အရှက်ရစေဖို့အတွက် ကျွန်မ၏ စစ်မှန်သည့် လုပ်ရပ်များကို အသုံးပြုရန် ၊ တို့အပြင် ဘုရားသခင်ကို ဘုန်းတော်ထင်ရှားစေရန် ကျွန်မ ကျိန်ဆိုပါသည်။ ကျွန်မထွက်သွားပြီးကတည်းက အိမ်ပြန်မရောက်ခဲ့မှာ အချိန်အတော် ကြာမြင့်ခဲ့ပါပြီ။ ကျွန်မငှားနေသည့် အိမ်မှ နေအိမ်သို့ စက်ဘီးဖြင့်သွားရန် ၅-၆ မိနစ်သာ ကြာနိုင်သော်လည်း၊ တရုတ်ကွန်မြူနစ်အစိုးရသည် ကျွန်မကို ဖမ်းဆီးရန် ကြိုးစားနေ၍ ကျွန်မမျက်နှာကို မပြနိုင်ပါ။ လက်လှမ်းမမီနိုင် သည်နှင့်အညီ နီးလျက်နှင့် ဝေးနေရပါသည်။ ကျွန်မအိမ်ရှေ့မှ လမ်းပေါ်တွင် ကျွန်မ မကြာခဏ ဖြတ်လျှောက်ခဲ့ပြီး ကျွန်မအိမ်ကိုပင် မြင်နိုင်သော်လည်း အဝေးမှသာကြည့်ပြီးနောက် မျက်နှာပေါ်မှ မျက်ရည်စများကို တိတ်ဆိတ်စွာ သုတ်ကာ၊ အဝေးသို့ စီးနင်းသွားပါတော့သည်။ ကျွန်မခင်ပွန်းသည် အသက် ၆၀ ကျော်နေပါပြီ။ သူ့ကျန်းမာရေးမှာလည်း ယခင်ကကဲ့သို့ မဟုတ်တော့ပါ။ နေ့စဉ်နေ့တိုင်း အလုပ်မှ အိမ်ပြန်ရောက် သည့်အခါ သူသည် ပင်ပန်းနွမ်းနယ်နေလျက်ရှိသည်။ သို့သော်လည်း ယခုအခါတွင် သူသည် ဟင်းပူပူနွေးနွေးတစ်ခွက်ပင် မစားရတော့ပဲနှင့် သူ့ကို စကားပြောရန်လည်း အိမ်တွင် လူတစ်ယောက်မျှ မရှိပါ။ သူသည် နေအိမ်တွင် လုံးလုံးလျားလျား တစ်ယောက်တည်း ဖြစ်နေရပါသည်။ ထိုအတွေးသည် ကျွန်မကို ကျွန်မခင်ပွန်းအတွက် အထူးတလည် စိတ်ပူမိစေသည်။ အစားအသောက် အနည်းငယ် ချက်ပြုတ်ပြီး သူ့အလုပ်ထဲသို့ ခိုးပို့ခြင်းကိုသာ ကျွန်မ လုပ်နိုင်ပါတော့သည်။ တစ်ခါတစ်ရံတွင် ကျွန်မခင်ပွန်း အိမ်လမ်းလျှောက်ပြန်သည်ကို ကြည့်ကာ၊ သူ့နောက်မှ ခံစားချက်မဲ့စွာ ရပ်ရင်း သူအဝေးသို့ရောက်ရှိ ပျောက်ကွယ်သွားသည်ကို ကြည့်ရှုမိပါသည်။ ကျွန်မ အမှန်တကယ်ကို အိမ်သို့ပြန်လိုခဲ့ပါသည်။ … အခြားမိသားစုများသည် လူငယ်နှင့် လူကြီးများ အတူတကွပျော်ရွှင်စွာ စားသောက်စကားဝိုင်းဖွဲ့ ပြောဆိုနေသည်ကို မြင်သည့်အခါတိုင်း ကျွန်မ အမြဲတမ်း မနာလိုစိတ်ဖြစ်ရပါသည်။ တစ်ခါတစ်ရံ ကျွန်မက “ ငါလည်းအိုနေပါပြီ။ တရုတ်ကွန်မြူနစ်အစိုးရက ညှင်းပန်းနှိပ်စက်တာကို တွေ့ကြုံခံစားရတာတွေက ငါ့ခန္ဓာကိုယ်ကိုလည်း ပျက်စီးစေခဲ့ပြီ၊ ငါဘယ်လောက် ကြာကြာ အသက်ရှင်နေထိုင်ရတော့မယ်လည်း မသိပါဘူး။ ပြီးတော့ ဘုရားသခင်ကို ယုံကြည်ဖို့အတွက် ဆိတ်ငြိမ်ရာလေးတစ်နေရာပဲ လိုချင်ပါတော့တယ်။ အဲဒီဆန္ဒလေးတကယ်ဖြစ်လာဖို့ ငါဘယ်လောက်ကြာကြာ ထပ်စောင့်ရဦးမှာလဲ။ ငါ့လျှောက်သွားနေရတဲ့ နေ့ရက်တွေက ပြီးရောပြီးဆုံးဦးမှာလား။” ဟု တွေးမိသည်။ ကျွန်မသည် ဤကဲ့သို့ အခိုက်အတန့်လေးများတွင် အားနည်းလေ့ရှိကြောင်း သိသောကြောင့် ဘုရားသခင်၏ မျက်မှောက်တော်သို့ သွားရောက်ကာ၊ “ ဘုရားသခင်၊ ကျွန်မ အရမ်းကို အားနည်တယ်လို့ ခံစားနေရပြီး၊ အိမ်ကိုလည်း လွမ်းပါတယ်။ ဒါပေမဲ့ ရဲတွေက ကျွန်မကို ဖမ်းမှာမို့လို့ ကျွန်မ အိမ်မပြန်ရဲဘူး။ ဘုရားသခင်၊ ကိုယ်တော်သာလျှင် ကျွန်မကို ဦးဆောင်ပြီး ကူညီနိုင်တယ်။ ကျွန်မအတွက် ကိုယ့်ကိုကိုယ်ယုံကြည်မှု နဲ့ ခွန်အားတို့ ပေးဖို့ ကိုယ်တော့်ဆီမှာ တောင်းလျှောက် ပါတယ်။” ဟု ဆုတောင်းခဲ့သည်။ ကျွန်မ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့သည်။ “ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ရန် ငါတို့အတွက် အချိန် ကျရောက်ပြီဟု ငါ ထင်ပါသည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်သည့် လမ်းကြောင်းကို လိုက်လျှောက်သည့်အတွက် ကြီးစွာသော လှောင်ပြောင်မှု၊ အသရေဖျက်မှု နှင့် နှိပ်စက်ညှင်းပန်းမှု ပမာဏကို ငါတို့ ခံရသော်လည်း၊ ဤသည်မှာ အဓိပ္ပါယ်ရှိသော အရာ တစ်ခု ဖြစ်သည်ဟု ငါ ယုံကြည်ပါသည်။ ၎င်းမှာ ဘုန်းတော်ထင်ရှားမှု အရာ တစ်ခု ဖြစ်သည်၊ ရှက်ဖွယ် မဟုတ်ဘဲ၊ မည်သို့ပင် ဖြစ်ပါစေ ငါတို့ ခံစားရသော ကောင်းကြီးမင်္ဂလာများမှာ မဖြစ်စလောက် လုံးဝ မဟုတ်ပါ။” “ ယခုတွင်ရှိသော ဆင်းရဲဒုက္ခသည် သင်၏ဖော်ပြ၍မရသော အနာဂတ်ကောင်းချီးမင်္ဂလာ မည်မျှကြီးမြတ်လိမ့်မည်ကို သိသာထင်ရှားစေသည်။ မည်မျှကြီးမားသော ကောင်းချီးမင်္ဂလာရလိမ့်မည်ကို သင်မသိပေ။ သင်အိမ်မက်မက်၍ပင် မရနိုင်ပေ။ ယနေ့တွင် ထိုအရာတို့သည် စစ်မှန်လာလေပြီ၊ အလွန်ပင်စစ်မှန်လာလေပြီ။ ဤသည်မှာ အလွန် ဝေးကွာသည်မဟုတ်။ သင်တွေ့ရသလော။ ကျန်ရှိသမျှသော ထိုအရာတို့သည် ငါ၏အထဲ၌ရှိကာ ရှေ့တွင် ထွန်းတောက်လေစွ။ သင်၏မျက်ရည်ကို သုတ်လော့။ နာကျင်ခြင်း၊ ဝမ်းနည်းခြင်းတို့ကို မခံစားလေနှင့်။ အရာအားလုံးသည် ငါ၏လက်ထဲ၌ရှိကာ ငါ၏ ရည်ရွယ်ချက်မှာ သင်တို့အား အနိုင်ရသူဖြစ်စေကာ ငါနှင့်အတူ ဘုန်းတော်၀င်စားရန်ဖြစ်သည်။ သင်သည် သင်၏အပေါ် ကျရောက်သော အရာအားလုံးအတွက် ကျေးဇူးတင်ကာ ချီးမွမ်းလိမ့်မည်။ ထိုအရာသည် ငါ၏နှလုံးကို ကျေနပ်အားရစေလိမ့်မည်။” ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်မ၏ နှလုံးသားထဲမှ ဝမ်းနည်းမှုများကို ထပ်မံ နှစ်သိမ့်ခဲ့ပြီး၊ ဘုရားသခင်၏ အလိုတော်ကိုလည်း နားလည်စေခဲ့သည်။ ယခုကျွန်မ၏ ဆင်းရဲဒုက္ခခံစားရခြင်းသည် တန်ဖိုးရှိပြီး၊ အနှစ်သာရပြည့်ဝနေပါသည်။ ကျွန်မသည် လေးစားဖွယ်အကောင်းဆုံး၊ ဘုရားသခင်၏ ကောင်းကြီးပေးခြင်း အခံရဆုံး ဖြစ်သည့်အပြင်၊ ကျွန်မအတွက်လည်း လေးစားထိုက်သည့် အရာဖြစ်သည့် ဖြောင့်မတ်ခြင်း အတွက် ညှင်းပန်းနှိပ်စက်ခြင်း ခံနေရပါသည်။ သို့သော်လည်း တရုတ်ကွန်မြူနစ်အစိုးရကြောင့် ကျွန်မမှာ အိမ်ရှိပါလျက်နှင့် အိမ်မပြန်နိုင်၍ အပျက်သဘောဆောင်ပြီး အားနည်းခြင်းကို ခံစားရပါသည်။ ဆင်းရဲဒုက္ခကို မခံမရပ်နိုင်အောင် ခံစားရပါသည်။ အစတွင် သခင်ယေရှုသည် ကျွန်မတို့ကို ကယ်တင်ရန် ကားတိုင်တင်ခံရခြင်းကို ပြန်လည်အမှတ်ရမိပါသည်။ ဘုရားသခင်၏ သန့်ရှင်းပြီး၊ အပြစ်မဲ့သည့် ဇာတိခန္ဓာမှာ ကြီးစွာသော ညှင်းပန်းမှုဒဏ်ကို ခံခဲ့ရသော်လည်း၊ သခင်ယေရှုသည် မည်သည့်အခါကမျှ ညည်းတွားခဲ့ခြင်း မရှိသည့်အပြင်၊ ကိုယ်တော်သည် အဆုံးသတ်တွင် စာတန်ထံမှ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရယူနိုင်ရန် ဤအရာအားလုံး ကို ပြုခဲ့ခြင်း ဖြစ်ပါသည်။ ယနေ့ နောက်ဆုံးသောကာလမှ ခရစ်တော်သည် အဆုံးသတ်တွင် အောင်မြင်သောသူ တစ်အုပ်စုကို ရယူနိုင်ရန်အတွက် ဘုရားမဲ့သည့်တရုတ်ပြည်တွင် အမှုတော်ဆောင်ရွက် နေကာ၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် ဆင်းရဲဒုက္ခမျိုးစုံကို တွေ့ကြုံခံစားနေရပါသည်။ ကျွန်မတို့အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအကြောင်း ကျွန်မတွေးမိသည့်အခါတွင်၊ ကျွန်မ၏ အမူအကျင့်များကို တစ်ဖန်ပြန်ကြည့်ပြီး၊ မယုံနိုင်ဖွယ်ရာပင် ရှက်ခဲ့ရပါသည်။ ဤပတ်ဝန်းကျင်ကို တွေ့ကြုံခံစားခြင်း မရှိပဲနှင့် ကျွန်မသည် တရုတ်ကွန်မြူနစ်အစိုးရ၏ ဆိုးညစ်သော တုံ့ပြန်မှဆိုင်ရာ အနှစ်သာရကို ရှင်းလင်းစွာတွေ့မြင် နိုင်မည်လည်း မဟုတ်၊ ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်ခြင်းသည်လည်း တိုးပွားလာမည် မဟုတ်သည့်အပြင် ဘုရားသခင် သည် ကြင်နာပြီး၊ ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝကြောင်း ကိုလည်း ကျွန်မ နားလည်သဘောပေါက်မည် မဟုတ်ပါ။ ကျွန်မအသက်တာတွင် ရင့်ကျက်ရန်အတွက် ဤပတ်ဝန်းကျင်သည် အလွန်ပင် ကောင်းကျိုးဖြစ်ထွန်း ပါသည်။ ကျွန်မမိသားစုနှင့် ပြန်လည်ဆုံစည်းရခြင်း မရှိသောကြောင့် ကျွန်မ လုံးဝ ဝမ်းနည်းမနေတော့ပါ။ ကျွန်မသည် ဤလမ်းကြောင်းပေါ်တွင် ဘုရားသခင် စီစဉ်သည့် ဤပတ်ဝန်းကျင်ကိုသာ တွေ့ကြုံခံစားလိုပြီး၊ မည်မျှခက်ခဲပါစေ၊ ဘုရားသခင်ကို အဆုံးအထိ လိုက်လျှောက်လိုပါသည်။ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ၊ ၂၆ ရက်နေ့ – ရဲများ ကျွန်မနေအိမ်ကို ရှာဖွေသည်၊ ကြောက်လန့်စေသော အိပ်မက်ဆိုး ဆက်လက်ခြင်း ကျွန်မသည် လွန်ခဲ့သည့်ရက်အနည်းငယ်က ကျွန်မ ခင်ပွန်းကိုတွေ့ခဲ့ပြီး၊ နိမိတ်မကောင်းသည့် သတင်းကို သိခဲ့ရသည်။ သြဂုတ်လ ၂၀ ရက်နေ့တွင် တရုတ်ကွန်မြူနစ်အစိုးရသည် ထပ်စောင့်ဆိုင်းရန် သည်းခံနိုင်စွမ်း လုံးဝ မရှိတော့ပါ။ အရပ်ဝတ်များဝတ်ပြီး မည်သည့်စာရွက်စာတမ်းကိုမျှလည်း မပြပဲနှင့် သူတို့က ကျွန်မအိမ်ထဲသို့ အတင်းအကျပ်ဝင်ရောက်ကာ ရှာဖွေကြသည်။ သူတို့က အခန်းများနှင့် ဗီရိုများ အားလုံးကို ရှာဖွေခဲ့ပြီး အရာအားလုံးကိုလည်း ပရမ်းပတာဖြင့် မွှေနှောက်လှန်လှောပစ်ခဲ့ကြသည်။ ဤနှစ်တွင် ကျွန်မကို ဖမ်းဆီးရန် ကျွန်မအိမ်တံခါးသို့မည်သို့လာရောက် စစ်ဆေးသည်ကိုလည်းကောင်း၊ ချောင်းမြောင်းတိုက်ခိုက်ရန် မည်သို့ စောင့်ဆိုင်းခဲ့သည်ကိုလည်းကောင်း၊ ပြီးနောက် ကျွန်မနေအိမ်ကိုပင် အတင်းအကျပ် မည်သို့ ရှာဖွေခဲ့သည်ကိုလည်းကောင်း ကျွန်မတွေးမိပါသည်။ သူတို့သည် အမှန်တကယ်ကို ပြင်းပြင်းထန်ထန်ကို စဉ်စားနေကြခြင်း ဖြစ်သည်။ ထိုမျှမက ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်မှုကြောင့် လွန်ခဲ့သည့်နှစ်အနည်းငယ်၌ ကျွန်မခင်ပွန်းသည်လည်း သူ့အလုပ်မှ ထုတ်ခြင်းကို ခံခဲ့ရပါသည်။ တရုတ်ကွန်မြူနစ်အစိုးရ၏ အာဏာလက်အောက်တွင် ဘုရားသခင်ကို ယုံကြည်ခြင်းသည် အလွန်ပင် ခက်ခဲလှပါသည်။ ထိုအဖြစ်အပျက်အကြောင်း သတင်းကြားပြီးကတည်းက ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် ကျွန်မ ကြောက်နေခဲ့မိသည်။ ကျွန်မ ညဖက်တွင် အိမ်ပြင်၌ ချိုးချိုးချွတ်ချွတ် အသံကြားသည့်အခါ၊ အလျင်အမြန်ထထိုင်ပြီး၊ ထိုသို့သောအချိန်များတွင် တရုတ်ကွန်မြူနစ်အစိုးရ၏ ဖမ်းဆီးခြင်းကို တစ်ဖန်ခံရပြီး၊ ပျက်စီးကိန်းကြုံရအောင် နှိပ်စက်ခြင်းခံရမည်ကို ကြောက်သည့်အတွက် ပြန်မအိပ်ရဲတော့ပါ။ ကျွန်မ အတိတ်၌ ဖမ်းဆီးခံရခြင်းများမှ ဆိုးရွားလှသည့် မြင်ကွင်းများကို ထင်ရှားစွာ ပြန်လည် အမှတ်ရရင်းဖြင့် ညအလယ်တွင် အထိတ်တလန့်ဖြင့် မကြာခဏ လန့်နိုးလာလေ့ရှိသည်။ မည်းမှောင်နေသည့် စုံစမ်းစစ်ဆေးသည့် အခန်း၊ အန္တရာယ်ပြုမည့်ဟန်ဖြင့် ပြုံးသည့်အပြုံးများ၊ သွေးချင်းချင်းနီနေသည့် နှိပ်စက်သောကိရိယာတန်ဆာပလာများ … ကျွန်မ လမ်းမလျှောက်နိုင်တော့ သောကြောင့် ကျွန်မနောက်မှ ဆိုးညစ်သော ရယ်မောသံများကြားရင်းဖြင့် မြေကြီးပေါ်တွင် လေးဖက်ထောက် တွားသွားခဲ့သည်၊ ကျွန်မသည် လှေကားတစ်လျှောက် ဆွဲချခြင်းခံရပြီး၊ ကျွန်မဦးခေါင်းသည်လည်း လှေကားထစ်တိုင်းဖြင့် ဆောင့်မိလေကာ၊ ကျွန်မပါးစပ်မှ တံတွေးများက တစ်စီစီထွက်ခဲ့လေသည်။ စုံစမ်းစစ်ဆေးခြင်း တစ်သုတ်ပြီးတစ်သုတ်၊ အတင်းအကျပ် ထွက်ဆိုခိုင်းသည့် ဝန်ခံချက်များ၊ ရက်သတ္တပတ် တစ်ပတ်ကျော် အစားအသောက် မစားရခြင်း၊ သေခြင်းတရားနှင့် အလွန်နီးစပ်လာသည် … ဘုရားသခင်၏ ကာကွယ်ခြင်း နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်မရရှိခဲ့သည့် ယုံကြည်မှုနှင့် ခွန်အားတို့ မရှိပါက၊ ကျွန်မသည် မည်သည့်အခါမျှ ငရဲမှ ရှင်လျက် ပေါ်ထွက်လာခဲ့မည် မဟုတ်ပါ။ ဤအကြောင်းကို တွေးရင်းဖြင့် ကျွန်မစိတ်သည် ကြောက်စိတ်များ မဖုံးပဲမနေနိုင်ပါ။ နှိပ်စက်ခြင်း၌ ကျွန်မ၏ ဇာတိခန္ဓာဆိုင်ရာ အားနည်းချက်ကို အောင်မြင်နိုင်ရန် နှင့် ယုံကြည်မှု မဆုံးရှုံးရန် တို့အတွက်သာ ဘုရားသခင်ကို ထပ်မံ ဆုတောင်းရုံသာ တတ်နိုင်ပါသည်။ ထို့နောက် ကျွန်မသည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့ပါသည်။ “ ၎င်း၏ သဘောသဘာဝက မည်မျှပင် အန္တရာယ်ပြုတတ်ပါစေ၊ ၎င်း၏အနှစ်သာရက မည်မျှပင် ဆိုးယုတ်ပါစေ၊ ၎င်းလုပ်နိုင်သည့် တစ်ခုတည်းသောအရာက ဘုရားသခင်အတွက် အစေခံအဖြစ်နေရင်း၊ ဘုရားသခင် နှစ်သက်မည့်အချက်များကို ပံ့ပိုးရင်း ၎င်းတာဝန်ကို သိတတ်စွာနှင့် လိုက်နာရန်ပင်ဖြစ်သည်။ ယင်းမှာ စာတန်၏ အနှစ်သာရနှင့် အဆင့်နေရာဖြစ်သည်။ ၎င်း၏ အနှစ်သာရသည် အသက်နှင့် မဆက်သွယ်ထားပေ။ တန်ခိုးနှင့် မဆက်သွယ်ထားပေ။ သြဇာအာဏာနှင့် မဆက်သွယ်ထားပေ။ ၎င်းသည် ဘုရားသခင်၏ လက်ထဲက ကစားစရာတစ်ခု မျှသာဖြစ်သည်။ ဘုရားသခင်ကို အစေခံသည့် စက်တစ်လုံးသာ ဖြစ်သည်။” “ ဖန်ဆင်းရှင်သာလျှင် ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမများနှင့် အမိန့်ထုတ်ပြန်ချက်များကို တည်ထောင်နိုင်သည်။ ဖန်ဆင်းရှင်သာလျှင် ဤအရာတို့ကို အကျိုးသက်ရောက်မှုရှိအောင်ပြုလုပ်ရန် တန်ခိုးရှိသည်။ ဖန်ဆင်းရှင်၏ တန်ခိုးကိုသာ မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အရာဝတ္ထုမျှ မကျော်လွန်နိုင်ခြင်းဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာဖြစ်သည်။ ဤသြဇာအာဏာသည် အရာအားလုံးထက် သာလွန်သည်။ ထို့ကြောင့် “ ဘုရားသခင်က အကြီးမြတ်ဆုံးဖြစ်ပြီး စာတန်က နံပါတ် နှစ်ဖြစ်သည်” ဟု ပြောရန် မဖြစ်နိုင်ပေ။ အတုမရှိသည့် သြဇာအာဏာကို ပိုင်ဆိုင်သည့် ဖန်ဆင်းရှင်မှလွဲပြီး အခြားဘုရားမရှိပေ။” ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်မကို မိမိကိုယ်ကို ယုံကြည်မှု ပေးခဲ့သည်။ စာတန်၏ သဏ္ဌာန်သည် မည်မျှ ကြမ်းကြုတ်ခက်ထန်ပါစေ၊ ဘုရားသခင်သည်သာလျှင် အရာအားလုံးနှင့် သတ္တဝါအားလုံး တို့၏ ကံကြမ္မာကို ထိန်းချုပ်ခြင်း ဖြစ်သောကြောင့် ၎င်းသည် ဘုရားသခင်၏ သြဇာအာဏာကို မည်သည့်အခါမျှ သာလွန်နိုင်ခြင်း မရှိပါ။ ကျွန်မသည် တရုတ်ကွန်မြူနစ်အစိုးရ၏ ဖမ်းဆီးခြင်းကို တစ်ဖန်ခံရခြင်း ရှိမရှိ၊ ကျွန်မအဖမ်းခံရပါက သေမည်ဖြစ်စေ၊ ရှင်မည်ဖြစ်စေ အားလုံးသည် ဘုရားသခင်၏ လက်တော်တွင်သာ ရှိပါသည်။ ဘုရားသခင်၏ အတည်ပြုချက် မရှိပဲနှင့် တရုတ်ကွန်မြူနစ်အစိုးရသည် မည်မျှပင် ရက်စက်ပါစေ၊ကျွန်မကို နာကျင်စေအောင် မည်သည့်အရာကိုမျှ လုပ်ဆောင်ဝံ့မည် မဟုတ်ပါ။ ကျွန်မအဖမ်းခံရပြီးနောက်ပိုင်း ကျွန်မသည် သီတင်းတစ်ပတ်ကျော်အောင် သောက်ခြင်း သို့မဟုတ် စားခြင်း မရှိသည့်အပြင် တရုတ်ကွန်မြူနစ်အစိုးရ ရဲများကလည်း ကျွန်မကို လူမဆန်စွာ နှိပ်စက်ခဲ့သည်ကို ကျွန်မအမှတ်ရ မိပါသည်။ ဘုရားသခင်၏ ကာကွယ်မှု မရှိပါက ကျွန်မသေဆုံးခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်မကို မိမိကိုယ်ကိုယုံကြည်မှုနှင့် ခွန်အားပေးခဲ့ကာ သေခြင်းတရား ချုပ်နှောင်မှုများမှ လွတ်မြောက်ရန် လမ်းပြပေးခဲ့ပြီး တရုတ်ကွန်မြူနစ်အစိုးနတ်ဆိုးများ၏ လက်ထဲ၌ ကျွန်မကို ပြုမူခံရခြင်းမှ ရှင်သန်စေသည့်အပြင်၊ ပစ္စုပ္ပန်အထိ ဘုရားသခင်ကို လိုက်လျှောက်ခွင့်ပေးခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်မသည် ဘုရားသခင်၏ သြဇာအာဏာ နှင့် တန်ခိုးတို့ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားခဲ့ရပါသည်။ ကျွန်မက မည်သည့်အရာကို ကြောက်ခဲ့ရမည်နည်း။ ကျွန်မက ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှု နှင့် သေခြင်းတရားတို့ကို ကြောက်ပါက၊ ကျွန်မသည် အပျက်သဘောဆောင်ခြင်း နှင့် အားနည်းချက်တို့၌ အသက်ရှင်နေထိုင်မည်သာ ဖြစ်သည်။ ဤသည်မှာ စာတန်၏ လှည့်စားမှု မဟုတ်ပါသလား။ ကျွန်မသည် ဘုရားသခင်ကို အရာအားလုံးပေးလိုပြီး၊ စာတန်၏ မတရားအုပ်စိုးသော တန်ခိုးကို မည်သည့်အခါမျှ အပ်နှံမည် မဟုတ်သည့်အပြင် ဘုရားသခင်ကိုလည်း မည်သည့်အခါမျှ သစ္စာဖောက်မည် မဟုတ်ပါ။ ဤအချက်ကို နားလည်သဘောပေါက်ပြီးနောက်၊ ကျွန်မသည် ရှေ့ဆက်နိုင်မည်ဟု ယုံကြည်မှုရှိခဲ့ပါသည်။ နိဂုံး ခရစ်ယာန် ဘေဘေ့၏ ညှင်းပန်းနှိပ်စက်ခံရခြင်း နှင့် သူနေအိမ်မှ မောင်းထုတ်ခံရခြင်း အတွေ့အကြုံမှ သူမ၏ လက်ရှိအခြေအနေသည်လည်း အန္တရာယ်ရှိဆဲဖြစ်သည်ကို ကျွန်ုပ်တို့ တွေ့မြင်နိုင်ပါသည်။ တရုတ်ကွန်မြူနစ်အစိုးရသည် “ ဘာသာရေးယုံကြည်မှု လွတ်လပ်ခွင့်” နှင့် “ နိုင်ငံသားများ၏ တရားရေးရာ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ဥပဒေဖြင့် ကာကွယ်ထားသည်” ဆိုသည့် ဆောင်ပုဒ်များကို ထပ်ပြောနေဆဲဖြစ်သော်လည်း၊ ဤသည်တို့မှာ လူလိမ်များ၏ မုသားများ ဖြစ်ပြီးလျှင်၊ လူများကို လှည့်ဖြားရန် အသုံးပြုသည့် လှည့်စားချက်များသာ ဖြစ်ပါသည်။ ၎င်းသည် နောက်ဆုံးသော ကာလမှ ဘုရားသခင်၏ ကယ်တင်ခြင်း အမှုတော်ကို ဖျက်ဆီးရန် အရာမရောက်သည့် ရည်မှန်းချက်အားဖြင့် ခရစ်ယာန်များကို သွေးရူးသွေးတန်း ညှင်းပန်းနှိပ်စက်ပြီး ထိခိုက်နစ်နာစေခဲ့ပါသည်။ သို့သော်လည်း ထိုကဲ့သို့သော ကြမ်းတမ်းသည့် ပတ်ဝန်းကျင်တွင်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော် ဆိုင်ရာ လမ်းပြခြင်းဖြင့် ဘေဘေ့သည် လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ ရိုးသားသော စိတ်အားထက်သန်မှုကို နားလည်သဘောပေါက် ခဲ့ကြောင်း ကျွန်မတို့ တွေ့မြင်ခဲ့ရသည်။ ထိုသို့နားလည်သဘောပေါက်ခြင်းက သူမ၏ ယုံကြည်မှုကို ပိုမိုခိုင်မာစေပြီး ဘုရားသခင်နောက်ကို လိုက်လျှောက်ရန် စိတ်ပိုင်းဖြတ်စေခဲ့သည်။ သခင်ယေရှုက မိန့်တော်မူသည့်အတိုင်းပင် ဖြစ်ပါသည်။ “ ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။” (ရှင်မဿဲခရစ်ဝင် ၅:၁၀) ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အားပေးမှုသည် ဘေဘေ့ကဲ့သို့ ပိုမိုများပြားသည့် ခရစ်ယာန်များကို ညှင်းပန်းနှိပ်စက်ခြင်းအား ခံနိုင်ရန်နှင့် နိုင်ငံတော်ဆိုင်ရာ ဧဝံဂေလိသတင်းကောင်းကို ရဲရင့်စွာ ဆက်လက်ဝေငှရန် အခွင့်တို့ကိုပေးမည် ဖြစ်ပါသည်။
0 Comments
Leave a Reply. |
Click & Join usမော်ကွန်းတိုက်
December 2019
တံဆိပ်များ
All
|