ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အမှန်တကယ် ဆုတောင်းတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ အမှန်တကယ် ဆုတောင်းတယ်ဆိုတာ သင့်နှလုံးသားထဲက စကားတွေကို ဘုရားကို ပြောခြင်းကို ပြောတာပါ၊ ဘုရားရဲ့ အလိုက ဘာလဲဆိုတာကိုသိ၊ ဘုရားရဲ့ နှုတ်ထွက်စကားတွေ အပေါ်မှာလည်း အခြေပြုပြီး ဘုရားနဲ့ ရင်းရင်းနှီးနှီး စကားပြောဆိုခြင်းကို ပြောတာ ဖြစ်တယ်။ အမှန်တကယ် ဆုတောင်းတယ်ဆိုတာ အထူးသဖြင့် ဘုရားနဲ့ နီးကပ်နေသလို ခံစားရခြင်း၊ ဘုရားက သင့်ရှေ့မှာ ရှိနေသလို ခံစားရခြင်း၊ သင့်မှာ သူ့ကို ပြောစရာတစ်ခုခု ရှိနေတယ်လို့ ခံစားရခြင်း၊ သင့်ရဲ့ နှလုံးသားထဲက အလင်းရောင် ဖြာထွက်နေသလို ခံစားရခြင်း၊ ဘုရားက ထူးထူးခြားခြား နှစ်လိုဖွယ် ကောင်းတယ်လို့ ခံစားရခြင်းကို ဆိုလိုတယ်။ သင်ဟာ အထူးသဖြင့် စိတ်ထဲမှာ နှိုးကြွခြင်းကို ခံစားရမယ်။ သင့်ရဲ့ စကားလုံးတွေကို ကြားပြီးနောက်မှာ သင့်ညီအစ်ကို မောင်နှမတွေဟာ အားရကျေနပ်မှုကို ခံစားရမယ်။ သင်ပြောတဲ့ စကားလုံးတွေက သူတို့ နှလုံးသားထဲမှာရှိတဲ့ စကားလုံး၊ သူတို့ပြောချင်နေတဲ့ စကားလုံးတွေ ဖြစ်နေတာကို ခံစားရပြီး သင်ပြောသမျှဟာ သူတို့ပြောချင်နေတဲ့ အရာကို ကိုယ်စား ပြုနေတယ်လို့ ခံစားရမယ်။ အမှန်တကယ် ဆုတောင်းတယ်ဆိုတာ ဒါကို ဆိုလိုပါတယ်။ သင်ဟာ အမှန်တကယ် ဆုတောင်းပြီးတဲ့အခါမှာ သင့်ရဲ့နှလုံးသားမှာ ငြိမ်သက်ခြင်း၊ အားရကျေနပ်ခြင်းကို ခံစားရမယ်။ ဘုရားကို ချစ်နိုင်စွမ်း တိုးလာပြီး သင်ဟာ သင့်ဘဝတစ်ခုလုံးက ဘယ်အရာမှ ဘုရားကို ချစ်ခြင်းထက်ပိုပြီး ထိုက်တန်ခြင်း၊ အရေးပါခြင်း မရှိတာကို ခံစားရလိမ့်မယ်။ အဲဒီအရာတွေ အားလုံးက သင့်ရဲ့ဆုတောင်းခြင်း ထိရောက်တယ် ဆိုတာကို သက်သေပြလိမ့်မယ်။ “ဆုတောင်းခြင်းအကျင့်နှင့် ပတ်သက်၍” မှ
0 Comments
“ ကပ်ဘေးများမတိုင်ခင် ချီဆောင်ခံရခြင်း” က ဘာကိုဆိုလိုပါသလဲ။ “ ကပ်ဘေးများမတိုင်ခင် အောင်မြင်တဲ့သူများအဖြစ် ပြုလုပ်ခံရခြင်း” က ဘာကိုဆိုလိုပါသလဲ။ မင်္ဂလာပါ ဝိညာဉ်ရေးရာအမေးအဖြေမှ ညီအစ်ကိုမောင်နှမတို့ ကျွန်မတို့ဟာအခုဆိုရင် နောက်ဆုံးသောကာလရဲ့ နောက်ဆုံးအဆင့်မှာရှိနေပါတယ်။ ကပ်ဘေးဒုက္ခမျိုးစုံဟာ အရေအတွက် တိုးတိုးလာတာကို သတင်းတွေမှာ ကျွန်မ တွေ့မြင်ရပါတယ်။ ကျွန်မဟာ ကပ်ဘေးမတိုင်ခင်မှာ ချီဆောင်ခြင်းခံရပြီး အောင်မြင်တဲ့သူအဖြစ် ပြုလုပ်ခံရခြင်းရှိမရှိက ကျွန်မ့အတွက် အဓိကအချက်တွေပဲဖြစ်ပါတယ်။ ဒီအချက်နှစ်ချက်နဲ့ပတ်သက်ပြီး ကျွန်မ့ရဲ့အမြင်ကတော့ ကျွန်မတို့ဟာ ဘာပဲဖြစ်နေဖြစ်နေ သခင့်ရဲ့အမည်နာမကို စွဲကိုင်ထားသရွေ့၊ အခက်အခဲဒုက္ခမျိုးစုံကို ကျွန်မတို့ ဖြတ်သန်းရတဲ့အခါမှာ သခင့်အတွက် ကြိုးစားလုပ်ဆောင်ပြီး နောက်ပြန်မလှည့်သရွေ့ ကျွန်မတို့ဟာ အောင်မြင်တဲ့သူတွေဖြစ်လာနိုင်တယ်။ ပြီးရင် ကပ်ဘေးတွေကျရောက်လာတဲ့အခါကျရင် သခင်နဲ့ တွေ့ဆုံပြီး သူ့ရဲ့ကတိတော်တွေကို ခံစားရဖို့အတွက် ကောင်းကင်ပေါ်ကိုချီဆောင်ခြင်းခံရနိုင်တယ်။ ဒါပေမဲ့ တချို့က ကျွန်မ့အမြင်ကို မေးခွန်းထုတ်ကြတယ်။ တချို့လူတွေက ဒါတွေ၊ ဒါတွေကို ရရှိပြီးခဲ့ကြပြီ၊ နောက်ပြီး ကပ်ဘေးတွေက အရေအတွက် များလာပြီးတော့ ကပ်ဘေးမျိုးစုံက ကျွန်မတို့အပေါ်ကို ကျရောက်နှင့်နေပြီ။ ဒါပေမဲ့ ဘယ်သူမှ ကောင်းကင်ပေါ်ကို ချီဆောင်ခြင်းခံရတာ မမြင်ရသေးဘူးလို့ ပြောကြတယ်။ချီဆောင်ခြင်းခံရတယ်ဆိုတာ တကယ်ပဲ ကောင်းကင်ပေါ်ကို တက်သွားတာကို ဆိုလိုတာလား။ ပြီးတော့ လူတစ်ယောက်က ဒီအရာတွေကို ရရှိတာနဲ့ပဲ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်သွားရအောင် အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့က တော်တော်ရိုးရှင်းသလား။ ဒါတွေအားလုံးကို ကျွန်မသိပ်နားမလည်ဘူး။ ဒါကြောင့် ညီအစ်ကိုမောင်နှမတို့ရဲ့ အမြင်ကို ကျွန်မ မေးချင်ပါတယ်။ စာပြန်တာကို စောင့်မျှော်နေပါတယ်။ ရိုးသားစွာဖြင့် ရှောင်ရှောင် အဖြေ။ “ ချီဆောင်ခြင်း” ဟုဆိုရာတွင် သခင့်ကို ယုံကြည်သူ အများစု ထင်မှတ်သည်မှာ သခင်ကြွလာချိန်တွင် သခင်သည် သူနှင့် တွေ့ဆုံရန် သန့်ရှင်းသူတို့ကို လေထဲသို့ ချီဆောင်လိမ့်မည်ဖြစ်ပြီး ဤသည်မှာ ချီဆောင်ခြင်း ခံရခြင်းဖြစ်သည် ဟု ထင်မှတ်ကြသည်။ ဤရှုထောင့်မှာ သမ္မာကျမ်းစာရှိ ဤကျမ်းချက်ပေါ်တွင် အဓိက အခြေခံလေသည်၊ “ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့ နှင့်တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်။” (၁ သက်သာ ၄:၁၇) ထို့ကြောင့် နှစ်ပေါင်း များစွာ ကျွန်ုပ်တို့ မျှော်လင့်နေခဲ့သည်မှာ သခင်ပြန်လာချိန်တွင် သခင်သည် ကျွန်ုပ်တို့ အားလုံးကို လေထဲသို့ ခေါ်ဆောင်သွားမည်ဟု နှစ်ပေါင်းများစွာ ကျွန်ုပ်တို့ မျှော်လင့်နေကြသည်။ Facebook စကားပြောဆိုခြင်း- ဖခမည်းတော်၏ အလိုတော်ကို ဆောင်ရွက်ခြင်း ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို သင်သိပါသလား Xiaowei
နံနက်စာစားပြီးနောက်တွင် Yeqi သည် သူမကွန်ပြူတာကို ဖွင့်ပြီး၊ Facebook ဝင်လိုက်သည်။ သူမသူငယ်ချင်း Lina ၏ အကောင့်ကို ကြည့်လိုက်ပြီး၊ သူမလက်ချောင်းများက ကီးဘုတ်အနှံ့တွင် တချောက်ချောက်မြည်အောင် လှုပ်ရှားရင်းဖြင့် သူမက “ နင်အွန်လိုင်းပေါ်မှာလား။ ငါ့နင့်ကို ပြောချင်တဲ့ မေးခွန်းတစ်ခုရှိတယ်။ ဒီမနက်မှာ နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်း ဖတ်ရင်းနဲ့ ဒီကျမ်းပိုဒ်ကို ဖတ်မိတယ်၊ “ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။” (ရှင်မဿဲ ၇:၂၂-၂၃) ငါ သခင့်နှုတ်ကပတ်တော်တွေအကြောင်း စဉ်းစားနေခဲ့ပြီး၊ နည်းနည်း စိတ်ရှုပ်ထွေးနေတယ်။ သခင့် နာမတော်နဲ့ ဆုတောင်းတဲ့၊ တရားဟောတဲ့၊ နတ်ဆိုးတွေကို နှင်ထုတ်ပြီး အံ့ဖွယ်တန်ခိုးတွေပြတဲ့ သူတွေက သခင့်အတည်ပြုချက် မရဘူးလို့ သခင်ကပြောရုံတင်မကဘူး၊ သခင်က သူတို့ကို အဓမ္မမှုကို ပြုတဲ့လူတွေလို့ပါ အမှန်တကယ် ခေါ်ခဲ့တာ ဘာဖြစ်လို့လဲ။ ဒီမှာဘာတွေဖြစ်နေတာလဲ။ အရင်တုန်းက ဒီလူတွေလိုပဲ ငါလည်း လေထဲမိုးထဲမှာ ဧဝံဂေလိတရားတော်ကို ဖြန့်ဝေဖို့ ခရီးတွေသွားခဲ့ပြီး၊ သခင့်အတွက် စိတ်အားထက်သန်စွာနဲ့ အသုံးခံခဲ့တဲ့အပြင်၊ ငါ့ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကိုလည်း ဆယ်ဖို့တစ်ဖို့ပေးလှူခဲ့တယ်။ ဒါတွေက ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်ရွက်နေပြီးတော့ အဆုံးသတ်မှာ သခင့်အတည်ပြုချက်ကို ရမယ်လို့ထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး ငါသိပ်မသေချာတော့ဘူး။ ပြီးတော့ ဒီကိစ္စကို ငါဘယ်လိုမြင်ရမှန်းလဲမသိဘူး” ဟု မေးလိုက်သည်။ ချန်းချန်း
မနက်ခင်းတစ်ခုတွင် ကျွန်ုပ်၏ ဝိညာဉ်ရေးရာ ဝတ်ပြုကိုးကွယ်မှု ပြီးနောက်၊ ကျွန်ုပ်သည် ဧဝံဂေလိ ဝဘ်ဆိုဒ် တစ်ခုသို့ ဝင်ရောက်ခဲ့ရာ ဆွေး နွေးရာနေရာတွင် “ ခရစ်တော်၌ယုံကြည်ခြင်းဖြင့် ထာဝရအသက်ရရှိခြင်းသည် ခရစ်ယာန်အများတို့ လိုအင်ဆန္ဒ ဖြစ်သည်။ သို့သော် နောင်တရခြင်းလမ်းနှင့် ထာဝရအသက်လမ်းတို့သည် မည်သည်တို့ဖြစ်သည်ကို သင်သိပါသလား။ နောင်တလမ်းနှင့် ထာဝရအသက်လမ်းကြား မည်သည့် ခြားနားချက်ရှိသနည်း။ အကယ်၍ သင်သည် ဤမေးခွန်းတို့ကို သိရှိ ပြီး ဘုရားသခင် အပ်နှင်းသော ထာဝရ အသက်လမ်းကို ရရှိလိုလျှင် ကျွန်ုပ်တို့၏ ဆွေးနွေးမှုတွင် လာရောက်ပါဝင်ပါ” ဟူသော ပို့စ်တစ်ခုကို အမှတ်မထင် တွေ့ရှိလေသည်။ ဝိညာဉ်ရေးဆိုင်ရာ အမေးအဖြေကဏ္ဍမှ ညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာပါ။
အခုရက်ပိုင်းမှာ ကျွန်တော် ရှုပ်ထွေးနေတဲ့အရာတစ်ခုရှိပြီးတော့ ညီအစ်ကိုမောင်နှမတို့ရဲ့ အကူအညီကို တောင်းခံလိုပါတယ်။ ကျွန်တော် သခင့်ကို ယုံကြည်ခဲ့တာ ဆယ်စုနှစ်များစွာရှိပါပြီ။ နောက်ပြီး သမ္မာကျမ်းစာဟာ ဘုရားသခင်အားဖြင့် ပေါ်ပေါက်လာတယ်လို့ပဲ ကျွန်တော် အမြဲတမ်း ထင်မြင်မိပါတယ်။ ဒါပေမဲ့ အခုရက်ပိုင်းမှာ သမ္မာကျမ်းစာထဲကက မှတ်တမ်းတွေက ကိုက်ညီမှုမရှိ တာတွေကို တအံ့တသြ တွေ့ရှိရပါတယ်။ ဥပမာ သမ္မာကျမ်းစာမှာ ပေတရုက သခင့်ကို သုံးကြိမ်ငြင်းဆိုတာနဲ့ပတ်သက်တဲ့ မှတ်တမ်းမှာ ရှင်မဿဲ ၂၆:၃၄ မှာ “ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညဉ့်တွင်ကြက်မတွန်မှီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊” လို့ပြောထားပါတယ်။ ဒါပေမဲ့ ရှင်မာကု ၁၄:၃၀ မှာ “ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညဉ့်တွင်ပင် ကြက်သည်နှစ်ကြိမ်မတွန်မှီ သင်သည် သုံး ကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊” လို့ ပြောပါတယ်။ ဒီနှစ်ပိုဒ်လုံးက ပေတရုငြင်းဆိုတာနဲ့ပတ်သက်ပေမဲ့ တစ်ခုမှာ ပေတရုဟာ ကြက်မတွန်မှီမှာ သခင့်ကို သုံးကြိမ်ငြင်းဆိုမယ်လို့ ပြောပြီး နောက်တစ်ခုမှာ ကြက်နှစ်ကြိမ်မတွန်မှီလို့ပြောထားတယ်။ ဒီတော့ အချိန်နဲ့ပတ်သက်ပြီး သိသိသာသာ မကိုက်ညီတာတစ်ခု ရှိနေတယ်။ နောက်ပြီးတော့လည်း ဓမ္မဟောင်းကျမ်းမှာ ဒါဝိတ်က ဣသလေရလူမျိုးတွေကို ရေတွက်တာကို မှတ်တမ်းတင်ထားတယ်။ ဓမ္မရာဇဝင်ဒုတိယစောင် ၂၄:၁ မှာ “ နောက်တဖန်ထာဝရဘုရားသည် ဣသရေလ အမျိုးကို အမျက်ထွက်တော်မူလျှင်၊ စာတန်သည် ရန်ဘက်ပြု၍ ဣသရေလလူနှင့် ယုဒလူတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ်ကိုတိုက်တွန်းလေ၏။” လို့ ဖော်ပြထားတယ်။ ဒါပေမဲ့ ရာဇဝင်ချုပ် ၂၁:၁ မှာ “ နောက်တဖန်စာတန်သည် ဣသရေလအမျိုး တဘက်၌ထ၍ ဣသရေလအမျိုးသားတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ်ကို တိုက်တွန်းလေ၏။” လို့ဖော်ပြထားတယ်။ နှစ်ပိုဒ်လုံးက ဒါဝိတ်က ဣသရေလလူမျိုးတွေကို ရေတွက်တာနဲ့ ပတ်သက်တယ်။ ဒါပေမဲ့ တစ်ခုမှာက ဣသရေလတွေကို ရေတွက်ဖို့ ယေဟောဝါက ဒါဝိတ်ကို တိုက်တွန်းတယ်လို့ပြောပြီး နောက်တစ်ခုမှာက ဣသရေလတွေကို ရေတွက်ဖို့ စာတန်က ဒါဝိတ်ကို တိုက်တွန်းတယ်လို့ပြောတယ်။ ဒါတွေက အဓိပ္ပါယ်လုံးဝ ဆန့်ကျင်နေတယ်။ ကျွန်တော် ဒါကိုတွေ့တော့ အရမ်းအံ့အားသင့်သွားတယ်။ သမ္မာကျမ်းစာမှာ ဒီအဖြစ်အပျက်တစ်ခုထဲမှာ ဖော်ပြချက်တွေက တိုက်ရိုက်ဆန့်ကျင့်နေတဲ့အဆင့်ထိတောင်မှ မကိုက်ညီတဲ့မှတ်တမ်းတွေက ဘာကြောင့် ပါနေရတာလဲ။ သမ္မာကျမ်းစာထဲက နှုတ်ကပတ်တော်အားလုံးက ဘုရားသခင်အားဖြင့် ဖြစ်ပေါ်လာတာဆိုရင် အမှားနည်းနည်းလေးမှတောင် မပါသင့်ဘူးလေ။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး ညီအစ်ကိုမောင်နှမတို့ရဲ့အမြင်ကို ကျွန်တော် အရမ်းသိချင်ပါတယ်။ ဝိညာဉ်ရေးဆိုင်ရာ အမေးအဖြေကဏ္ဍက ညီအစ်ကိုမောင်နှမတွေ ကျွန်တော် ရှုပ်ထွေးနေတာကို ကူညီဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ လီရှန် ၂၀၁၈ ခုနှစ် မေလ ၃ ရက် |
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|