အဖြေ။ “ ချီဆောင်ခြင်း” ဟုဆိုရာတွင် သခင့်ကို ယုံကြည်သူ အများစု ထင်မှတ်သည်မှာ သခင်ကြွလာချိန်တွင် သခင်သည် သူနှင့် တွေ့ဆုံရန် သန့်ရှင်းသူတို့ကို လေထဲသို့ ချီဆောင်လိမ့်မည်ဖြစ်ပြီး ဤသည်မှာ ချီဆောင်ခြင်း ခံရခြင်းဖြစ်သည် ဟု ထင်မှတ်ကြသည်။ ဤရှုထောင့်မှာ သမ္မာကျမ်းစာရှိ ဤကျမ်းချက်ပေါ်တွင် အဓိက အခြေခံလေသည်၊ “ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့ နှင့်တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်။” (၁ သက်သာ ၄:၁၇) ထို့ကြောင့် နှစ်ပေါင်း များစွာ ကျွန်ုပ်တို့ မျှော်လင့်နေခဲ့သည်မှာ သခင်ပြန်လာချိန်တွင် သခင်သည် ကျွန်ုပ်တို့ အားလုံးကို လေထဲသို့ ခေါ်ဆောင်သွားမည်ဟု နှစ်ပေါင်းများစွာ ကျွန်ုပ်တို့ မျှော်လင့်နေကြသည်။ ကျွန်ုပ်တို့သိသည်အတိုင်း “ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့ နှင့်တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်။” ဆိုသည့်ကျမ်းချက် သည် ရှင်ပေါလု၏ စကားဖြစ်ပြီး သခင်ယေရှု၏ နှုတ်ကပတ်တော် မဟုတ်သကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပြမှု လည်းမဟုတ်ပေ။ သန့်ရှင်းသူတို့ ချီဆောင်ခံရခြင်း အမှုမှာ ကောင်းကင်နိုင်ငံတော်၏ လျှို့ဝှက် ဆန်းကြယ်မှုများ နှင့် သက်ဆိုင်ပေသည်။ ဘုရားသခင်မှ တစ်ပါး မည်သူမျှ မသိပေ။ အကယ်၍ ယင်းကို ကျွန်ုပ်တို့၏ ကိုယ်ပိုင် စိတ်ကူး အကြံအစည်တို့နှင့် ပြန်ဆို အဓိပ္ပာယ်ဖွင့်ပါက ဤသည်မှာ ယုတ္တိမတန်၍ အလွန်ပင် မာနထောင်လွှားသည့် သဘောရှိလေသည်။ ရှင်ပေါလုသည် ခရစ်တော်မဟုတ် သည့်အပြင် သမ္မာတရားကို မဖော်ပြနိုင်သော ယိုယွင်းနေသောသူဖြစ်သည်။ ထို့ကြောင့် သူ၏ စကားတို့မှာ လူ၏ အလိုဆန္ဒနှင့် စိတ်ကူးတို့ ဖြင့် ရော နေသည်မှာ မရှောင်လွှဲ နိုင်ပေ။ ထို့ကြောင့် ရှင်ပေါလု၏ စကားတို့သည် ကျွန်ုပ်တို့ အတွက် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် အခြေခံအုတ်မြစ် မဖြစ်နိုင်ပေ။
ကျွန်ုပ်တို့သည် ချီဆောင်ခြင်းနှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက် ခြင်းတို့ကို စုံစမ်းစစ်ဆေးပါက သမ္မာ ကျမ်းစာထဲမှ လူ၏ စကားတို့ထက် ကျွန်ုပ်တို့သည် သခင်ယေရှု၏ နှုတ်ကပတ်တော်များ နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပြသော နှုတ်ကပတ်တော်တို့ အတိုင်း လိုက်လျှောက် သင့်ပေသည်။ အကြောင်းမှာ ဘုရားသခင်၏ စကားတော်တို့သာ အမှန်တရား ဖြစ်သော ကြောင့် ဖြစ်သည်။ သခင်က အနာဂတ်တွင် လူတို့ကို လေထဲသို့ ချီဆောင်မည်ဟု မဆိုခဲ့ပေ။ အစပိုင်းတွင် ဘုရားသခင်သည် လူသားကို ကမ္ဘာပေါ်တွင် ရွှံ့မှ လုပ်ယူလေသည်။ ကိုယ်တော်က သူတို့ကို ကမ္ဘာမြေပေါ်တွင် နေစေ၍ အရာအားလုံးကို စီမံခန့်ခွဲ စေပြီး ၎င်းတို့က သူ့အား ထင်ရှားပြသစေပြီး ဘုန်းတော်ထင်ရှားစေရန် တောင်းဆိုတော်မူခဲ့သည်။ ဘုရားသခင် ပြင်ဆင်ပေးသည့် လူအတွက် ပန်းတိုင်သည် ကောင်းကင်၌မဟုတ် သို့သော် မြေကြီးပေါ်တွင်ဖြစ်သည်။ ဘုရားသခင်သည် ဤသည်ကို ရှေးရှေးကတည်းက ရှင်းလင်းစေခဲ့ပြီးဖြစ်သည်မှာ ကိုယ်တော်သည် သူ၏ နိုင်ငံတော်ကို မြေကြီးပေါ်မှာ တည်စေ မည်၊ မြေကြီးပေါ်မှာ လူတို့နှင့် နေထိုင်မည်နှင့် ကမ္ဘာ၏ နိုင်ငံတော်တို့သည် ခရစ်တော်အုပ်စိုးသော နိုင်ငံတော်တို့ ဧကန်မုချ ဖြစ်လာလိမ့်မည်ဟုဆိုထားသည်။ “ လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်” (ဗျာဒိတ်ကျမ်း ၁၁:၁၅) “ ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူမည်။” (ဗျာဒိတ်ကျမ်း ၂၁:၃) ဟု ဗျာဒိတ်ကျမ်း၌ ဆိုထားသည့် အတိုင်းပင် ဖြစ်သည်။ထို့ကြောင့် ဘုရားသခင်၏ နိုင်ငံတော်သည် နောက်ဆုံးတွင် မြေကြီးပေါ်တွင် တည်မည်ဖြစ်သည်၊ ကောင်းကင်၌ မဟုတ်ပေ။ ကျွန်ုပ်တို့ လူသားများသည် ကောင်းကင်သို့ ယူဆောင်ခြင်းခံရရန် အစဉ် ရှုမျှော်ကြသည်၊ ဤအရာမှာ ကျွန်ုပ်တို့၏ အယူအဆများနှင့် စိတ်ကူးများ လုံးလုံး သာဖြစ်ပြီး ကျွန်ုပ်တို့၏ လွန်ကဲသော ဆန္ဒဖြစ်သည်။ ထိုအရာမှာ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ အမှု ၏ လက်တွေ့ကျခြင်းနှင့် မကိုက်ညီပေ။ ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်ခြင်းခံရသည့် ကိစ္စအတွက်မူ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် မှန်ကန်၍ သခင့်၏ အလိုတော်နှင့် ကိုက်ညီသောကြောင့် ၎င်းတို့အပေါ်တွင် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို အခြေပြုသင့်သည်။ တစ်စုံတစ်ယောက်သည် မေးနိုင်သည်မှာ “ ဘုရားသခင်၏ နိုင်ငံတော်သည် မြေပေါ်တွင် တည်သောကြောင့် လူတို့သည် အဘယ်သို့ ချီဆောင်ခြင်းခံရမည်နည်း” ဟူ၍ဖြစ်သည်။ ဧဝံဂေလိ ဝဘ်ဆိုက် တစ်ခုတွင် ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဆိုင်ရာ ကျမ်းပိုဒ် တစ်ပိုဒ်ကို တွေ့ရှိခဲ့သည်၊ “ ‘ဆောင်ယူခံရခြင်း’ ဆိုသည်မှာ လူတို့ စိတ်ကူးသကဲ့သို့ နိမ့်သော နေရာ တစ်ခုမှ မြင့်သော နေရာ တစ်ခုသို့ ဆောင်ယူခြင်း မဟုတ်ပေ။ ဤသည်မှာ ကြီးမားသော အမှား တစ်ခု ဖြစ်သည်။ ဆောင်ယူခံရခြင်း ဆိုသည်မှာ ငါ၏ ကြိုတင်ခွဲခန့်မှတ်သားခြင်း နှင့် ရွေးကောက်ခြင်းကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ ၎င်းသည် ငါ ကြိုတင်ခွဲခန့်မှတ်သားပြီး ရွေးကောက်ထားသော သူ အားလုံးကို ပစ်မှတ်ထားခြင်း ဖြစ်သည်။ သားဦးများ၏ အရိုက်အရာ၊ ငါ၏ သားများ သို့မဟုတ် ငါ၏ လူများ၏ အရိုက်အရာကို ရသော သူများသည် ဆောင်ယူခြင်းကို ခံရသော သူ အားလုံး ဖြစ်ကြသည်။ ဤ အချက်သည် လူတို့၏ အယူအဆများဖြင့် သဟဇာတ မဖြစ်ဆုံးသော အချက် ဖြစ်သည်။ အနာဂတ်တွင် ငါ၏ အိမ်၌ ဝေစု တစ်ခု ရှိကြသော သူများသည် ငါ့ ရှေ့တွင် ဆောင်ယူခြင်းကို ခံရသော သူ အားလုံး ဖြစ်ကြသည်။ ဤသည်မှာ အကြွင်းမဲ့ မှန်ကန်သည်၊ မည်သည့်အခါမျှ မပြောင်းလဲဘဲ မည်သူမျှ မငြင်းဆိုနိုင်ပေ။ ဤသည်မှာ စာတန်အား တန်ပြန်တိုက်ခိုက်ခြင်း ဖြစ်သည်။ ငါ ကြိုတင်ခွဲခန့်မှတ်သားထားသော သူ မည်သူမဆို ငါ၏ ရှေ့သို့ ဆောင်ယူခြင်း ခံရကြမည်။” ချီဆောင်ခြင်းသည် လူတို့ စိတ်ကူးသကဲ့သို့နိမ့်သောနေရာမှ မြင့်သောနေရာသို့ မြင့်တက်ခြင်း သို့မဟုတ် မြေကြီးမှ ကောင်းကင်သို့ တက်ခြင်း မဟုတ်သည့် သဘောရပါသည်။ ထိုအစား ဘုရားသခင်၏ အမှုကိုလက်ခံခြင်းအား ရည်ညွှန်းလေသည်။ သခင်ယေရှုက သူ၏အမှုကို ဆောင်ရွက်ခဲ့ချိန်ကကဲ့သို့ ပညတ်တော်ဟောင်းများ ကိုငြင်းပယ်၍ သခင့် ကယ်တင်ခြင်း အမှုကို လက်ခံခဲ့သောသူတို့သည် ချီဆောင်ခြင်း ခံခဲ့ရသည်။ ထိုနည်းတူပင် နောက်ဆုံးသော ကာလတွင် သခင်ခရစ်တော် ပြန်လာချိန်တွင် ဘုရားသခင် ရွေးနှုတ်ခံရသူများနှင့်ကိုယ်တော်၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လက်ခံရရှိသူများအပြင် ဘုရားသခင်၏ ပလ္လင်တော် မျက်မှောက် လာရောက် သောသူတို့သည် ချီဆောင်ခံရသည်။
0 Comments
Leave a Reply. |
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|