Facebook စကားပြောဆိုခြင်း- ဖခမည်းတော်၏ အလိုတော်ကို ဆောင်ရွက်ခြင်း ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို သင်သိပါသလား Xiaowei
နံနက်စာစားပြီးနောက်တွင် Yeqi သည် သူမကွန်ပြူတာကို ဖွင့်ပြီး၊ Facebook ဝင်လိုက်သည်။ သူမသူငယ်ချင်း Lina ၏ အကောင့်ကို ကြည့်လိုက်ပြီး၊ သူမလက်ချောင်းများက ကီးဘုတ်အနှံ့တွင် တချောက်ချောက်မြည်အောင် လှုပ်ရှားရင်းဖြင့် သူမက “ နင်အွန်လိုင်းပေါ်မှာလား။ ငါ့နင့်ကို ပြောချင်တဲ့ မေးခွန်းတစ်ခုရှိတယ်။ ဒီမနက်မှာ နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်း ဖတ်ရင်းနဲ့ ဒီကျမ်းပိုဒ်ကို ဖတ်မိတယ်၊ “ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။” (ရှင်မဿဲ ၇:၂၂-၂၃) ငါ သခင့်နှုတ်ကပတ်တော်တွေအကြောင်း စဉ်းစားနေခဲ့ပြီး၊ နည်းနည်း စိတ်ရှုပ်ထွေးနေတယ်။ သခင့် နာမတော်နဲ့ ဆုတောင်းတဲ့၊ တရားဟောတဲ့၊ နတ်ဆိုးတွေကို နှင်ထုတ်ပြီး အံ့ဖွယ်တန်ခိုးတွေပြတဲ့ သူတွေက သခင့်အတည်ပြုချက် မရဘူးလို့ သခင်ကပြောရုံတင်မကဘူး၊ သခင်က သူတို့ကို အဓမ္မမှုကို ပြုတဲ့လူတွေလို့ပါ အမှန်တကယ် ခေါ်ခဲ့တာ ဘာဖြစ်လို့လဲ။ ဒီမှာဘာတွေဖြစ်နေတာလဲ။ အရင်တုန်းက ဒီလူတွေလိုပဲ ငါလည်း လေထဲမိုးထဲမှာ ဧဝံဂေလိတရားတော်ကို ဖြန့်ဝေဖို့ ခရီးတွေသွားခဲ့ပြီး၊ သခင့်အတွက် စိတ်အားထက်သန်စွာနဲ့ အသုံးခံခဲ့တဲ့အပြင်၊ ငါ့ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကိုလည်း ဆယ်ဖို့တစ်ဖို့ပေးလှူခဲ့တယ်။ ဒါတွေက ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်ရွက်နေပြီးတော့ အဆုံးသတ်မှာ သခင့်အတည်ပြုချက်ကို ရမယ်လို့ထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး ငါသိပ်မသေချာတော့ဘူး။ ပြီးတော့ ဒီကိစ္စကို ငါဘယ်လိုမြင်ရမှန်းလဲမသိဘူး” ဟု မေးလိုက်သည်။
0 Comments
ချန်းချန်း
မနက်ခင်းတစ်ခုတွင် ကျွန်ုပ်၏ ဝိညာဉ်ရေးရာ ဝတ်ပြုကိုးကွယ်မှု ပြီးနောက်၊ ကျွန်ုပ်သည် ဧဝံဂေလိ ဝဘ်ဆိုဒ် တစ်ခုသို့ ဝင်ရောက်ခဲ့ရာ ဆွေး နွေးရာနေရာတွင် “ ခရစ်တော်၌ယုံကြည်ခြင်းဖြင့် ထာဝရအသက်ရရှိခြင်းသည် ခရစ်ယာန်အများတို့ လိုအင်ဆန္ဒ ဖြစ်သည်။ သို့သော် နောင်တရခြင်းလမ်းနှင့် ထာဝရအသက်လမ်းတို့သည် မည်သည်တို့ဖြစ်သည်ကို သင်သိပါသလား။ နောင်တလမ်းနှင့် ထာဝရအသက်လမ်းကြား မည်သည့် ခြားနားချက်ရှိသနည်း။ အကယ်၍ သင်သည် ဤမေးခွန်းတို့ကို သိရှိ ပြီး ဘုရားသခင် အပ်နှင်းသော ထာဝရ အသက်လမ်းကို ရရှိလိုလျှင် ကျွန်ုပ်တို့၏ ဆွေးနွေးမှုတွင် လာရောက်ပါဝင်ပါ” ဟူသော ပို့စ်တစ်ခုကို အမှတ်မထင် တွေ့ရှိလေသည်။ ဝိညာဉ်ရေးဆိုင်ရာ အမေးအဖြေကဏ္ဍမှ ညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာပါ။
အခုရက်ပိုင်းမှာ ကျွန်တော် ရှုပ်ထွေးနေတဲ့အရာတစ်ခုရှိပြီးတော့ ညီအစ်ကိုမောင်နှမတို့ရဲ့ အကူအညီကို တောင်းခံလိုပါတယ်။ ကျွန်တော် သခင့်ကို ယုံကြည်ခဲ့တာ ဆယ်စုနှစ်များစွာရှိပါပြီ။ နောက်ပြီး သမ္မာကျမ်းစာဟာ ဘုရားသခင်အားဖြင့် ပေါ်ပေါက်လာတယ်လို့ပဲ ကျွန်တော် အမြဲတမ်း ထင်မြင်မိပါတယ်။ ဒါပေမဲ့ အခုရက်ပိုင်းမှာ သမ္မာကျမ်းစာထဲကက မှတ်တမ်းတွေက ကိုက်ညီမှုမရှိ တာတွေကို တအံ့တသြ တွေ့ရှိရပါတယ်။ ဥပမာ သမ္မာကျမ်းစာမှာ ပေတရုက သခင့်ကို သုံးကြိမ်ငြင်းဆိုတာနဲ့ပတ်သက်တဲ့ မှတ်တမ်းမှာ ရှင်မဿဲ ၂၆:၃၄ မှာ “ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညဉ့်တွင်ကြက်မတွန်မှီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊” လို့ပြောထားပါတယ်။ ဒါပေမဲ့ ရှင်မာကု ၁၄:၃၀ မှာ “ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညဉ့်တွင်ပင် ကြက်သည်နှစ်ကြိမ်မတွန်မှီ သင်သည် သုံး ကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊” လို့ ပြောပါတယ်။ ဒီနှစ်ပိုဒ်လုံးက ပေတရုငြင်းဆိုတာနဲ့ပတ်သက်ပေမဲ့ တစ်ခုမှာ ပေတရုဟာ ကြက်မတွန်မှီမှာ သခင့်ကို သုံးကြိမ်ငြင်းဆိုမယ်လို့ ပြောပြီး နောက်တစ်ခုမှာ ကြက်နှစ်ကြိမ်မတွန်မှီလို့ပြောထားတယ်။ ဒီတော့ အချိန်နဲ့ပတ်သက်ပြီး သိသိသာသာ မကိုက်ညီတာတစ်ခု ရှိနေတယ်။ နောက်ပြီးတော့လည်း ဓမ္မဟောင်းကျမ်းမှာ ဒါဝိတ်က ဣသလေရလူမျိုးတွေကို ရေတွက်တာကို မှတ်တမ်းတင်ထားတယ်။ ဓမ္မရာဇဝင်ဒုတိယစောင် ၂၄:၁ မှာ “ နောက်တဖန်ထာဝရဘုရားသည် ဣသရေလ အမျိုးကို အမျက်ထွက်တော်မူလျှင်၊ စာတန်သည် ရန်ဘက်ပြု၍ ဣသရေလလူနှင့် ယုဒလူတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ်ကိုတိုက်တွန်းလေ၏။” လို့ ဖော်ပြထားတယ်။ ဒါပေမဲ့ ရာဇဝင်ချုပ် ၂၁:၁ မှာ “ နောက်တဖန်စာတန်သည် ဣသရေလအမျိုး တဘက်၌ထ၍ ဣသရေလအမျိုးသားတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ်ကို တိုက်တွန်းလေ၏။” လို့ဖော်ပြထားတယ်။ နှစ်ပိုဒ်လုံးက ဒါဝိတ်က ဣသရေလလူမျိုးတွေကို ရေတွက်တာနဲ့ ပတ်သက်တယ်။ ဒါပေမဲ့ တစ်ခုမှာက ဣသရေလတွေကို ရေတွက်ဖို့ ယေဟောဝါက ဒါဝိတ်ကို တိုက်တွန်းတယ်လို့ပြောပြီး နောက်တစ်ခုမှာက ဣသရေလတွေကို ရေတွက်ဖို့ စာတန်က ဒါဝိတ်ကို တိုက်တွန်းတယ်လို့ပြောတယ်။ ဒါတွေက အဓိပ္ပါယ်လုံးဝ ဆန့်ကျင်နေတယ်။ ကျွန်တော် ဒါကိုတွေ့တော့ အရမ်းအံ့အားသင့်သွားတယ်။ သမ္မာကျမ်းစာမှာ ဒီအဖြစ်အပျက်တစ်ခုထဲမှာ ဖော်ပြချက်တွေက တိုက်ရိုက်ဆန့်ကျင့်နေတဲ့အဆင့်ထိတောင်မှ မကိုက်ညီတဲ့မှတ်တမ်းတွေက ဘာကြောင့် ပါနေရတာလဲ။ သမ္မာကျမ်းစာထဲက နှုတ်ကပတ်တော်အားလုံးက ဘုရားသခင်အားဖြင့် ဖြစ်ပေါ်လာတာဆိုရင် အမှားနည်းနည်းလေးမှတောင် မပါသင့်ဘူးလေ။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး ညီအစ်ကိုမောင်နှမတို့ရဲ့အမြင်ကို ကျွန်တော် အရမ်းသိချင်ပါတယ်။ ဝိညာဉ်ရေးဆိုင်ရာ အမေးအဖြေကဏ္ဍက ညီအစ်ကိုမောင်နှမတွေ ကျွန်တော် ရှုပ်ထွေးနေတာကို ကူညီဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ လီရှန် ၂၀၁၈ ခုနှစ် မေလ ၃ ရက် “ ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်တွင်လား ကမ္ဘာပေါ်တွင်လား” ဆိုသည့် အကြောင်းကို အကျဉ်းချုပ် ပြောခြင် ရှန်းဂျင်း ရေးသားသည်
ဧဝံဂေလိဝဘ်ဆိုက်တစ်ခုသည် လတ်တလောကမှ စကားဝိုင်းကဏ္ဍအချို့ကို ပါးနပ်စွာဖြင့် စတင်ခဲ့ရာ တွင်၊ “ ‘ကောင်းကင်နိုင်ငံတော်သည် ကောင်းကင် တွင်လား ကမ္ဘာပေါ်တွင်လား’ ဆိုသည့် အကြောင်းကို အကျဉ်းချုပ်ပြောခြင်း” ၊ “ ပါဝင်ခြင်း- သင်ချီဆောင်ခံ ရပြီးပါသလား” ၊ “ မေးခွန်းတစ်ခု – သင်သည် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ပါ သလား” စသည်တို့ ပါဝင်ပါသည်။ အဆုံးတွင် ရှန်းဂျင်းသည် “ ‘ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်တွင်လား ကမ္ဘာပေါ်တွင်လား’ ဆိုသည့် အကြောင်းကို အကျဉ်းချုပ်ပြောခြင်း” ဆိုသည့် ကဏ္ဍကို ရွေးချယ်ခဲ့သည်။ သူမသည် သခင့်ကို ဆယ်စုနှစ်တစ်ခုကျော် အတွင်း ယုံကြည်ခဲ့ပြီး၊ သူမတွေ့ဖူးသမျှ ဝိညာဉ်ရေးရာ ခေါင်းဆောင်များက သူမကို “ ရှန်လင်း နင်က သခင့်ကို ရှာဖွေရမည် ဟု ပြောကြလေ့ရှိသည်ဟု ပြောခဲ့သောကြောင့် ဤအကြောင်းအရာကို စိတ်ဝင်းစားခဲ့သည်။ အနာဂတ်တွင် ကိုယ်တော်သည် ကျွန်မတို့ကို ကောင်းကင်နိုင်ငံတော်သို့ ခေါ်ဆောင်မည် ဖြစ်ပြီးလျှင်၊ ကျွန်မတို့သည် ကောင်းကင်နိုင်ငံတွင် အသက်ရှင် နေထိုင်ကြမည်။ ထိုနေရာသည် ရွှေများဖြင့် လုပ်ထားသည့် မြေကြီးများနှင့် နဂါးသွဲ့ကျောက်ဖြင့် နံရံများရှိသည့် နေရာတစ်ခုဖြစ်ပြီးလျှင်၊ ကျွန်မတို့ သေခြင်း၏ အရှုပ်အထွေးမှ ခပ်ဝေးဝေး နေနိုင်သည့် နေရာတစ်ခုလည်း ဖြစ်ပါသည်။” လွန်ခဲ့သော ဆယ်နှစ်အကျော်က ပထမဆုံးအကြိမ်အနေဖြင့် သူတို့က ၎င်းတို့ဤနည်းဖြင့် စကားပြောဆိုသည်ကို ကြားခဲ့သည်၊ သူမသည် လှပသည့် ကောင်းကင် နိုင်ငံတော်အကြောင်း အံ့သြဖွယ် အထင်မှားမှု အမျိုးစုံကို တေးမှတ်ထားခဲ့ပြီး၊ သခင်က သူမကို ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်မည့်အချိန် ရောက်လာမည့်နေ့ရက်ကို တောင့်တခဲ့သည်။ ထိုနေ့တွင် မည်သည့်အရာဖြစ်ပျက်မည်နည်း။ ကျွန်မသည် ကောင်းကင်နိုင်ငံတော်သို့ မည်သို့ သွားရောက်မည်နည်း။ ကောင်းကင်နိုင်ငံတော်သည် မည်မျှလှပသနည်း။ သူမသည် ကောင်းကင်နိုင်ငံတော်အကြောင်း စိတ်ကူး ယဉ်မှုအပြည့်နှင့် မျှော်လင့်ချက်တို့ အချိန်ပြည့်ရှိခဲ့ ပါသည်။ သဘာဝအလျောက် သူမအနေဖြင့် “ ဘုရားသခင်၏နိုင်ငံတော်သည် ကောင်းကင်တွင် ဖြစ်သလား သို့မဟုတ် မြေကြီးပေါ်တွင်ဖြစ်သလား” ဆိုသည့် အကြောင်းအရာကို လူအချို့ ဆွေးနွေး နေသည်ကို ရုတ်တရက် တွေ့မြင်ပါက အံ့အားသင့်မည် ဖြစ်ပါသည်။ ထို့ကြောင့် သူမသည် ဆီလျော်သည့် ချိတ်ဆက်မှုကို ကလစ်နှိပ်လိုက်သည်။ |
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|