ရောင်းလီး တရုတ်ပြည် ကျွန်တော်တို့သည် သခင်ယေရှု၏ နာမတော် အကြောင်း တွေးသည့်အချိန်တွင် ဤကျမ်းချက်များ ကို မကြာခဏ တွေးလေ့ရှိကြသည်၊ “ ယေရှုခရစ် သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။” (ဟေဗြဲ ၁၃:၈) “ ထိုသခင်မှတပါးအဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။ ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ။” (တမန်တော် ၄:၁၁-၁၂) သခင်ယေရှုနာမတော်သည် လုံးဝပြောင်းလဲလိမ့်မည် မဟုတ်သည့်အပြင်၊ နောက်ဆုံးသောကာလတွင် ကိုယ်တော် ပြန်ကြွလာ ပါက၊ သူ့နာမတော်သည် ယေရှုမဟုတ်ပါက၊ ကျွန်တော်တို့က သူ့ကို ယုံကြည်ရန် သို့မဟုတ် နောက်လိုက်ရန် ငြင်းဆန်ရမည် ဖြစ်ကြောင်း ဤကျမ်းချက်များက များစွာသောသူတို့ကို ယုံကြည် စေသည်။
0 Comments
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အမှန်တကယ် ဆုတောင်းတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ အမှန်တကယ် ဆုတောင်းတယ်ဆိုတာ သင့်နှလုံးသားထဲက စကားတွေကို ဘုရားကို ပြောခြင်းကို ပြောတာပါ၊ ဘုရားရဲ့ အလိုက ဘာလဲဆိုတာကိုသိ၊ ဘုရားရဲ့ နှုတ်ထွက်စကားတွေ အပေါ်မှာလည်း အခြေပြုပြီး ဘုရားနဲ့ ရင်းရင်းနှီးနှီး စကားပြောဆိုခြင်းကို ပြောတာ ဖြစ်တယ်။ အမှန်တကယ် ဆုတောင်းတယ်ဆိုတာ အထူးသဖြင့် ဘုရားနဲ့ နီးကပ်နေသလို ခံစားရခြင်း၊ ဘုရားက သင့်ရှေ့မှာ ရှိနေသလို ခံစားရခြင်း၊ သင့်မှာ သူ့ကို ပြောစရာတစ်ခုခု ရှိနေတယ်လို့ ခံစားရခြင်း၊ သင့်ရဲ့ နှလုံးသားထဲက အလင်းရောင် ဖြာထွက်နေသလို ခံစားရခြင်း၊ ဘုရားက ထူးထူးခြားခြား နှစ်လိုဖွယ် ကောင်းတယ်လို့ ခံစားရခြင်းကို ဆိုလိုတယ်။ သင်ဟာ အထူးသဖြင့် စိတ်ထဲမှာ နှိုးကြွခြင်းကို ခံစားရမယ်။ သင့်ရဲ့ စကားလုံးတွေကို ကြားပြီးနောက်မှာ သင့်ညီအစ်ကို မောင်နှမတွေဟာ အားရကျေနပ်မှုကို ခံစားရမယ်။ သင်ပြောတဲ့ စကားလုံးတွေက သူတို့ နှလုံးသားထဲမှာရှိတဲ့ စကားလုံး၊ သူတို့ပြောချင်နေတဲ့ စကားလုံးတွေ ဖြစ်နေတာကို ခံစားရပြီး သင်ပြောသမျှဟာ သူတို့ပြောချင်နေတဲ့ အရာကို ကိုယ်စား ပြုနေတယ်လို့ ခံစားရမယ်။ အမှန်တကယ် ဆုတောင်းတယ်ဆိုတာ ဒါကို ဆိုလိုပါတယ်။ သင်ဟာ အမှန်တကယ် ဆုတောင်းပြီးတဲ့အခါမှာ သင့်ရဲ့နှလုံးသားမှာ ငြိမ်သက်ခြင်း၊ အားရကျေနပ်ခြင်းကို ခံစားရမယ်။ ဘုရားကို ချစ်နိုင်စွမ်း တိုးလာပြီး သင်ဟာ သင့်ဘဝတစ်ခုလုံးက ဘယ်အရာမှ ဘုရားကို ချစ်ခြင်းထက်ပိုပြီး ထိုက်တန်ခြင်း၊ အရေးပါခြင်း မရှိတာကို ခံစားရလိမ့်မယ်။ အဲဒီအရာတွေ အားလုံးက သင့်ရဲ့ဆုတောင်းခြင်း ထိရောက်တယ် ဆိုတာကို သက်သေပြလိမ့်မယ်။ “ဆုတောင်းခြင်းအကျင့်နှင့် ပတ်သက်၍” မှ ခရစ်ယာန်တစ်ဦး၏ ဝေမျှခြင်း- စုဝေးပွဲများကို ပုံမှန်မတက်နိုင်လျှင် ကျွန်ပ်တို့ မည်သို့လုပ်ဆောင်သင့်သနည်း ဝိညာဉ်ရေးရာ နှီးနှောတိုင်ပင်ခြင်းမှ ညီအစ်ကိုမောင်နှမများ မင်္ဂလာပါ ကျွန်မက နေ့ဖက်အတွင်းမှာ အလုပ်လုပ်ရာကနေ အလွန် ပင်ပန်နွမ်းနယ်လေ့ရှိတဲ့အပြင်၊ ညဖက်မှာလည်း ကောင်းကောင်း အိပ်စက်လေ့မရှိပါဘူး။ ရလဒ်တစ်ခုအနေနဲ့ ကျွန်မက စုဝေးပွဲတွေကို အချိန်မှန် မတက်ရောက်လိုခြင်းပဲ ဖြစ်ပါတယ်။ ကျွန်မက ကန့်သတ်ခံရတာကို မနှစ်သက်ပါဘူး။ ကျွန်မမှာ ဝိညာဉ်ရေးရာ လိုအပ်ချက်တွေရှိရင်၊ အဲဒီအချိန်တွေမှာ ကျွန်မညီအစ်ကို မောင်နှမတွေကို စကားပြောဖို့ မျှော်လင့်သမျှ ကာလပတ်လုံး အဆင်ပြေလောက်တယ်လို့ ကျွန်မ ခံစားရပါသည်။ ဒီပြဿနာရဲ့အကြောင်းအရင်းခံက ဘာလဲဆိုတာကို ကျွန်မတွေးတောမိတယ်။ ဒါကို ကျွန်မဘယ်လို ဖြေရှင်းရမလဲ။ အန်းဂျင်း
ဇောင်းရင်နို တရုတ်ပြည်
ဘုရားသခင်၏ နာမတော်သည် ယေဟောဝါ ဖြစ်သည်၊ ဓမ္မဟောင်းကျမ်းတွင် “ ငါတစ်ပါးသည်သာ ယေဟောဝါဖြစ်ပြီး ငါမှတစ်ပါး ကယ်တင်သောအရှင်မရှိ၊” (ဟေရှာယ ၄၃း၁၁) “ ထိုအမည်သည် အစဉ် ငါ့အမည်ဖြစ်၏။ လူမျိုးအစဉ်အဆက်မပြတ် ငါ့ဘွဲ့နာမ ဖြစ်၏။” (ထွက်မြောက်ရာကျမ်း ၃:၁၅) ဟု မှတ်တမ်းတင်ထားသည့် အတိုင်းပင် ဖြစ်ပါသည်။ သို့သော်လည်း ဓမ္မသစ်ကျမ်းတွင် “ ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။” (ဟေဗြဲ ၁၃:၈) “ ထိုသခင်မှတပါးအဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။ ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ။” (တမန်တော် ၄:၁၁-၁၂) ဟု မှတ်တမ်းတင်ထားသည်။ ယေဟောဝါ နှင့် ယေရှုတို့သည် ဘုရားသခင်၏ နာမတော်များဖြစ်ကြောင်း ဤကျမ်းချက်များမှနေပြီး ကျွန်ုပ်တို့တွေ့မြင်နိုင်ပါသည်။ ဘုရားသခင်သည် ဓမ္မဟောင်းကျမ်းတွင် ယေဟောဝါဟု ခေါ်သော်လည်း ဓမ္မသစ်ကျမ်းတွင်မူ ယေရှုဟု ခေါ်သည်။ ဘုရားသခင်၏ နာမတော်က အဘယ့်ကြောင့် ပြောင်းလဲရသနည်း။ ကိုယ်တော့်နာမတော်များ၏ အဓိပ္ပါယ်မှာ အဘယ်နည်း။ ဤသမ္မာတရား၏ ရှုထောင့်ကို အတူတကွ စူးစမ်းလေ့လာကြပါစို့။ Facebook စကားပြောဆိုခြင်း- ဖခမည်းတော်၏ အလိုတော်ကို ဆောင်ရွက်ခြင်း ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို သင်သိပါသလား Xiaowei
နံနက်စာစားပြီးနောက်တွင် Yeqi သည် သူမကွန်ပြူတာကို ဖွင့်ပြီး၊ Facebook ဝင်လိုက်သည်။ သူမသူငယ်ချင်း Lina ၏ အကောင့်ကို ကြည့်လိုက်ပြီး၊ သူမလက်ချောင်းများက ကီးဘုတ်အနှံ့တွင် တချောက်ချောက်မြည်အောင် လှုပ်ရှားရင်းဖြင့် သူမက “ နင်အွန်လိုင်းပေါ်မှာလား။ ငါ့နင့်ကို ပြောချင်တဲ့ မေးခွန်းတစ်ခုရှိတယ်။ ဒီမနက်မှာ နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်း ဖတ်ရင်းနဲ့ ဒီကျမ်းပိုဒ်ကို ဖတ်မိတယ်၊ “ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။” (ရှင်မဿဲ ၇:၂၂-၂၃) ငါ သခင့်နှုတ်ကပတ်တော်တွေအကြောင်း စဉ်းစားနေခဲ့ပြီး၊ နည်းနည်း စိတ်ရှုပ်ထွေးနေတယ်။ သခင့် နာမတော်နဲ့ ဆုတောင်းတဲ့၊ တရားဟောတဲ့၊ နတ်ဆိုးတွေကို နှင်ထုတ်ပြီး အံ့ဖွယ်တန်ခိုးတွေပြတဲ့ သူတွေက သခင့်အတည်ပြုချက် မရဘူးလို့ သခင်ကပြောရုံတင်မကဘူး၊ သခင်က သူတို့ကို အဓမ္မမှုကို ပြုတဲ့လူတွေလို့ပါ အမှန်တကယ် ခေါ်ခဲ့တာ ဘာဖြစ်လို့လဲ။ ဒီမှာဘာတွေဖြစ်နေတာလဲ။ အရင်တုန်းက ဒီလူတွေလိုပဲ ငါလည်း လေထဲမိုးထဲမှာ ဧဝံဂေလိတရားတော်ကို ဖြန့်ဝေဖို့ ခရီးတွေသွားခဲ့ပြီး၊ သခင့်အတွက် စိတ်အားထက်သန်စွာနဲ့ အသုံးခံခဲ့တဲ့အပြင်၊ ငါ့ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကိုလည်း ဆယ်ဖို့တစ်ဖို့ပေးလှူခဲ့တယ်။ ဒါတွေက ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်ရွက်နေပြီးတော့ အဆုံးသတ်မှာ သခင့်အတည်ပြုချက်ကို ရမယ်လို့ထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး ငါသိပ်မသေချာတော့ဘူး။ ပြီးတော့ ဒီကိစ္စကို ငါဘယ်လိုမြင်ရမှန်းလဲမသိဘူး” ဟု မေးလိုက်သည်။ ချန်းချန်း
မနက်ခင်းတစ်ခုတွင် ကျွန်ုပ်၏ ဝိညာဉ်ရေးရာ ဝတ်ပြုကိုးကွယ်မှု ပြီးနောက်၊ ကျွန်ုပ်သည် ဧဝံဂေလိ ဝဘ်ဆိုဒ် တစ်ခုသို့ ဝင်ရောက်ခဲ့ရာ ဆွေး နွေးရာနေရာတွင် “ ခရစ်တော်၌ယုံကြည်ခြင်းဖြင့် ထာဝရအသက်ရရှိခြင်းသည် ခရစ်ယာန်အများတို့ လိုအင်ဆန္ဒ ဖြစ်သည်။ သို့သော် နောင်တရခြင်းလမ်းနှင့် ထာဝရအသက်လမ်းတို့သည် မည်သည်တို့ဖြစ်သည်ကို သင်သိပါသလား။ နောင်တလမ်းနှင့် ထာဝရအသက်လမ်းကြား မည်သည့် ခြားနားချက်ရှိသနည်း။ အကယ်၍ သင်သည် ဤမေးခွန်းတို့ကို သိရှိ ပြီး ဘုရားသခင် အပ်နှင်းသော ထာဝရ အသက်လမ်းကို ရရှိလိုလျှင် ကျွန်ုပ်တို့၏ ဆွေးနွေးမှုတွင် လာရောက်ပါဝင်ပါ” ဟူသော ပို့စ်တစ်ခုကို အမှတ်မထင် တွေ့ရှိလေသည်။ ချန်းချန်း
မနက်ခင်းတစ်ခုတွင် ကျွန်ုပ်၏ ဝိညာဉ်ရေးရာ ဝတ်ပြုကိုးကွယ်မှု ပြီးနောက်၊ ကျွန်ုပ်သည် ဧဝံဂေလိ ဝဘ်ဆိုဒ် တစ်ခုသို့ ဝင်ရောက်ခဲ့ရာ ဆွေး နွေးရာနေရာတွင် “ ခရစ်တော်၌ယုံကြည်ခြင်းဖြင့် ထာဝရအသက်ရရှိခြင်းသည် ခရစ်ယာန်အများတို့ လိုအင်ဆန္ဒ ဖြစ်သည်။ သို့သော် နောင်တရခြင်းလမ်းနှင့် ထာဝရအသက်လမ်းတို့သည် မည်သည်တို့ဖြစ်သည်ကို သင်သိပါသလား။ နောင်တလမ်းနှင့် ထာဝရအသက်လမ်းကြား မည်သည့် ခြားနားချက်ရှိသနည်း။ အကယ်၍ သင်သည် ဤမေးခွန်းတို့ကို သိရှိ ပြီး ဘုရားသခင် အပ်နှင်းသော ထာဝရ အသက်လမ်းကို ရရှိလိုလျှင် ကျွန်ုပ်တို့၏ ဆွေးနွေးမှုတွင် လာရောက်ပါဝင်ပါ” ဟူသော ပို့စ်တစ်ခုကို အမှတ်မထင် တွေ့ရှိလေသည်။ “ ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်တွင်လား ကမ္ဘာပေါ်တွင်လား” ဆိုသည့် အကြောင်းကို အကျဉ်းချုပ် ပြောခြင် ရှန်းဂျင်း ရေးသားသည်
ဧဝံဂေလိဝဘ်ဆိုက်တစ်ခုသည် လတ်တလောကမှ စကားဝိုင်းကဏ္ဍအချို့ကို ပါးနပ်စွာဖြင့် စတင်ခဲ့ရာ တွင်၊ “ ‘ကောင်းကင်နိုင်ငံတော်သည် ကောင်းကင် တွင်လား ကမ္ဘာပေါ်တွင်လား’ ဆိုသည့် အကြောင်းကို အကျဉ်းချုပ်ပြောခြင်း” ၊ “ ပါဝင်ခြင်း- သင်ချီဆောင်ခံ ရပြီးပါသလား” ၊ “ မေးခွန်းတစ်ခု – သင်သည် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ပါ သလား” စသည်တို့ ပါဝင်ပါသည်။ အဆုံးတွင် ရှန်းဂျင်းသည် “ ‘ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်တွင်လား ကမ္ဘာပေါ်တွင်လား’ ဆိုသည့် အကြောင်းကို အကျဉ်းချုပ်ပြောခြင်း” ဆိုသည့် ကဏ္ဍကို ရွေးချယ်ခဲ့သည်။ သူမသည် သခင့်ကို ဆယ်စုနှစ်တစ်ခုကျော် အတွင်း ယုံကြည်ခဲ့ပြီး၊ သူမတွေ့ဖူးသမျှ ဝိညာဉ်ရေးရာ ခေါင်းဆောင်များက သူမကို “ ရှန်လင်း နင်က သခင့်ကို ရှာဖွေရမည် ဟု ပြောကြလေ့ရှိသည်ဟု ပြောခဲ့သောကြောင့် ဤအကြောင်းအရာကို စိတ်ဝင်းစားခဲ့သည်။ အနာဂတ်တွင် ကိုယ်တော်သည် ကျွန်မတို့ကို ကောင်းကင်နိုင်ငံတော်သို့ ခေါ်ဆောင်မည် ဖြစ်ပြီးလျှင်၊ ကျွန်မတို့သည် ကောင်းကင်နိုင်ငံတွင် အသက်ရှင် နေထိုင်ကြမည်။ ထိုနေရာသည် ရွှေများဖြင့် လုပ်ထားသည့် မြေကြီးများနှင့် နဂါးသွဲ့ကျောက်ဖြင့် နံရံများရှိသည့် နေရာတစ်ခုဖြစ်ပြီးလျှင်၊ ကျွန်မတို့ သေခြင်း၏ အရှုပ်အထွေးမှ ခပ်ဝေးဝေး နေနိုင်သည့် နေရာတစ်ခုလည်း ဖြစ်ပါသည်။” လွန်ခဲ့သော ဆယ်နှစ်အကျော်က ပထမဆုံးအကြိမ်အနေဖြင့် သူတို့က ၎င်းတို့ဤနည်းဖြင့် စကားပြောဆိုသည်ကို ကြားခဲ့သည်၊ သူမသည် လှပသည့် ကောင်းကင် နိုင်ငံတော်အကြောင်း အံ့သြဖွယ် အထင်မှားမှု အမျိုးစုံကို တေးမှတ်ထားခဲ့ပြီး၊ သခင်က သူမကို ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်မည့်အချိန် ရောက်လာမည့်နေ့ရက်ကို တောင့်တခဲ့သည်။ ထိုနေ့တွင် မည်သည့်အရာဖြစ်ပျက်မည်နည်း။ ကျွန်မသည် ကောင်းကင်နိုင်ငံတော်သို့ မည်သို့ သွားရောက်မည်နည်း။ ကောင်းကင်နိုင်ငံတော်သည် မည်မျှလှပသနည်း။ သူမသည် ကောင်းကင်နိုင်ငံတော်အကြောင်း စိတ်ကူး ယဉ်မှုအပြည့်နှင့် မျှော်လင့်ချက်တို့ အချိန်ပြည့်ရှိခဲ့ ပါသည်။ သဘာဝအလျောက် သူမအနေဖြင့် “ ဘုရားသခင်၏နိုင်ငံတော်သည် ကောင်းကင်တွင် ဖြစ်သလား သို့မဟုတ် မြေကြီးပေါ်တွင်ဖြစ်သလား” ဆိုသည့် အကြောင်းအရာကို လူအချို့ ဆွေးနွေး နေသည်ကို ရုတ်တရက် တွေ့မြင်ပါက အံ့အားသင့်မည် ဖြစ်ပါသည်။ ထို့ကြောင့် သူမသည် ဆီလျော်သည့် ချိတ်ဆက်မှုကို ကလစ်နှိပ်လိုက်သည်။ |
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|