ဟန်စရောင် ရေးသားသည် အီစတာဆိုသည်မှာ အဘယ်နည်း။ အီစတာ၏ အရင်းအမြစ်
အီစတာ သို့မဟုတ် ရှင်ပြန်ထမြောက်ခြင်း တနင်္ဂနွေနေ့ ဟု လည်းခေါ်ဝေါ်ကြသည့်နေ့သည် သခင်ယေရှုက ကားတိုင်တော်ပေါ်တွင် အသေခံခဲ့ပြီး ၃ ရက်မြောက်တွင် ဖြစ်ပေါ်သည့် ကိုယ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို အောင်ပွဲခံကျင်းပသည့် အခါကြီးရက်ကြီး တစ်ရက် ဖြစ်ပါသည်။ ၎င်းသည် နှစ်စဉ်နှစ်တိုင်း နွေဦး နေ့တာနှင့် ညတာ ညီမျှသော ကာလပြီး ပထမဆုံး လပြည့်နေ့နောက်ပိုင်းမှ ပထမဆုံး တနင်္ဂနွေနေ့တွင် အတိအကျပင် ကျရောက်ပါသည်။ သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းကို အထိမ်းအမှတ်အဖြစ် ကျင်းပရန် နှင့် လူသားမျိုးနွယ်အတွက် ယေရှု ယူဆောင်လာသည့် ကယ်တင်ခြင်းနှင့် မျှော်လင့်ခြင်းတို့ကို နားလည်သဘောပေါက်ရန်၊ နှစ်စဉ် မတ်လ မှ ဧပြီလအထိ တကမ္ဘာလုံးမှ ခရစ်ယာန်များသည် အီစတာနေ့ရက်တွင် ပွဲတော်များကျင်းပကြသည်။ ထို့ကြောင့် ကျွန်မတို့ခရစ်ယာန်များသည် သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းကို အထိမ်းအမှတ်ကျင်းပရင်းဖြင့် ကိုယ်တော်၏ ရွေးနှုတ်သောအမှုတော် ပြီးဆုံးခဲ့ပြီဖြစ်သော်လည်း သေခြင်းမှ ပြန်လာပြီး လူသားများထံ အဘယ့်ကြောင့် ပေါ်ပေါက်လာရသည့် အကြောင်းအရင်းကို ကျွန်ုပ်တို့ သိပါသလား။ ပြီးနောက်တွင် ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းနှင့် လူသားမျိုးနွယ်ကို ကိုယ်တော်၏ပေါ်ထွန်းခြင်းတို့ နောက်ကွယ်မှ အဓိပ္ပါယ်မှာ အဘယ်နည်း။ သခင်ယေရှု၏ ရွေးနှုတ်ခြင်း အဓိပ္ပါယ် နှင့် လူသားများထံသို့ ကိုယ်တော်၏ ပေါ်ထွန်းခြင်း
0 Comments
ဝူရမ်း တရုတ်ပြည် ဧဝံဂေလိသည် ကျွန်ုပ်တို့အတွက် သတင်းကောင်းဖြစ်သည်။ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်၏ အစတွင် ဘုရားသခင်သည် မောရှေကို ကိုယ်တော်တိုင် ခေါ်ဆောင်တော်မူပြီး၊ ဣသရေလလူမျိုး တို့ကို လမ်းပြရန် ပညတ်တော် ၆၁၃ ပါးကို ပေးသနားတော်မူဖို့အတွက် သူ့ကို အသုံးပြုခဲ့သည်။ ဣသရေလလူမျိုးများအတွက် ထိုပညတ်တော်များသည် ဘုရားသခင်က သူတို့အပေါ်သို့ ပေးအပ်နှင်း တော်မူသည့် သတင်းကောင်းဖြစ်ပြီး၊ ဆိုလိုသည်မှာ ဘုရားသခင်၏ ဧဝံဂေလိသည် သူတို့ထံသို့ ရောက်လာသည်ဟု ဖြစ်သည်။ ဤအချက်က ယေဟောဝါ ဘုရားသခင်သည် သူတို့ကို ကိုယ်တော်တိုင် ဦးဆောင်ပြီး၊ သူတို့အကြားတွင် ထင်ထင်ရှားရှား ပေါ်ထွန်းခဲ့ပြီဟု ဖြစ်သည်။ ယေဟောဝါဘုရားသခင်က “ ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကိုကျင့်သော သူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင် ကရုဏာကို ပြ …၏။” (တရားဟောရာကျမ်း ၅:၁၀) ဟု မိန့်တော်မူခဲ့သည်။ ထို့ကြောင့် ဣသရေလလူမျိုးတို့သည် ယေဟောဝါကို ကြောက်ရွံ့ရိုသေကာ၊ သူ့ပညတ်တော်များအတိုင်း နေထိုင်ကျင့်ကြံပြီး၊ သူ့ဧဝံဂေလိမှ သွေဖယ်သွားခြင်း မရှိသမျှ ကာလပတ်လုံး သူတို့သည် ကိုယ်တော်၏ ကောင်းကြီးမင်္ဂလာကို မျိုးဆက်တစ်ခုပြီး တစ်ခု ခံစားရမည်။ |
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|