"သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။" (ယောဟန် ၁၆:၁၂-၁၃)
ကျန်းယွီ၊ တရုတ်နိုင်ငံ ကျွန်မတို့၏ အပြစ်များ ခွင့်လွှတ်ခံရလျှင် ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်မတို့ဝင်ရောက်နိုင်ပါသလား
အပြစ်ဆိုသည်မှာ ခရစ်ယာန်တစ်ဦးအနေဖြင့် ကျွန်မ အကျွမ်းတဝင်အရှိဆုံးသော အရာတစ်ခုဖြစ်သည်။ ထိုအရာက ကျွန်မ အနီးအနားတွင် နေ့တိုင်း ရစ်ဝဲနေသည်။ အမြဲနီးကပ်နေပြီး ကျွန်မ မဖယ်ရှားပစ်နိုင်ပါ။ အပြစ်ပြုခြင်း၊ ဝန်ချခြင်းတို့၏အတောမသတ်နိုင်သော သံသရာက ကျွန်မကို အမြဲ ဒုက္ခပေးသည်။ အဘယ်ကြောင့်ဆိုသော် အကယ်၍ သခင်ယေရှု ပြန်ကြွလာခဲ့လျှင် ဒီလိုမျိုးဖြင့် ကျွန်မ ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်နိုင်မည်လား။ ကျွန်မသည် အလွန်အမင်း စိတ်ဆင်းရဲလျှက်ဖြင့် ရှင်ပေါလု၏ စကားများကို ကျွန်မ တွေးမိခဲ့သည်။ “ဘုရားသခင်ရွေးကောက်တော်မူသော သူတို့ကို အဘယ်သူသည် အပြစ်တင်မည်နည်း။ ဖြောင့်မတ်ရာ၌ တည်စေသောသူကား ဘုရားသခင်ပေတည်း။ အပြစ်စီရင်သောသူကား အဘယ်သူနည်း။” (ရောမသြဝါဒစာ ၈း၃၃-၃၄) “ယေရှုခရစ်၌တည်သောသူတို့သည် အပြစ်စီရင်ခြင်း နှင့် လွတ်ကြ၏။” (ရောမသြဝါဒစာ ၈:၁) ဟုတ်ပါသည်။ ကျွန်မသည် သခင့်၏ အရွေးကောက်ခံများထဲမှ တစ်ဦးဖြစ်သည်။ သခင်သည် ကျွန်မ၏ အပြစ်များအားလုံးကို ခွင့်လွှတ်ပြီးဖြစ်ကာ ယင်းတို့က အတိတ်၊ ပစ္စုပ္ပန် သို့မဟုတ် အနာဂတ် အပြစ်များဖြစ်ပါစေ အားလုံးကို သူ ခွင့်လွှတ်ပါသည်။ ကျွန်မကို အပြစ်သားတစ်ဦးအဖြစ် သူ မမြင်တော့ပါ၊ ပြီးလျှင် သခင် ကြွလာသောအခါ ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်မ ဝင်ရောက်နိုင်ပါလိမ့်မည်။
0 Comments
ရှောင်ကျင်း ပူလောင်သည့် နေ့လယ်အချိန်တစ်ခုတွင် ပုစဉ်းရင်ကွဲများသည် သစ်ပင်များကြားတွင် မရပ်မနား စူးရှစွာအော်မြည်နေလျှက်ရှိသည်။ အပူဒဏ်သင့်မှုကြောင့် လမ်းဘေးရှိသစ်ပင်များနှင့် ပန်းပွင့်များ၏အပေါ်ပိုင်းများသည် နွမ်းနယ်လျှက် အောက်သို့ ညှိုးကျလျှက်ရှိသည်။ ရှောင်ချန်၊ တရုတ်နိုင်ငံ ညိုမည်းသော နေ့တစ်နေ့ဖြစ်ပြီး နေတစ်ပြောက်မျှ မတွေ့မြင်ရပါ။ ကျွန်ုပ်သည် ထိုင်ခုံပေါ်တွင်ထိုင်၍ ကျမ်းစာဖတ်လျှက်ရှိသည်။ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည် ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သောသူတည်း ဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌အပ်ပေးတော်မူမည်။ ထိုမျှမက၊ ပေါ်ထွန်းတော်မူခြင်းကို တောင့် တသောသူအပေါင်းတို့၌လည်း အပ်ပေးတော်မူမည်။” (တိမောသေသြဝါဒစာ ဒုတိယစောင် ၄:၇-၈) ဤနှုတ်ကပတ်တော်တို့ကိုဖတ်မိသည့်အခါတွင် ကျွန်ုပ်သည် သခင်နောက်တော်သို့လိုက်ခဲ့သည့် နှစ်နှစ်ဆယ်ကာလကို ပြန်ပြီး အမှတ်ရမိသည်။ ကျွန်ုပ်သည် သခင့်အတွက် အသုံးတော်ခံလျှက် ပေါလုကို အတုယူသည်။ မိုးရွာသည်ဖြစ်စေ၊ နေပူသည်ဖြစ်စေ၊ သို့မဟုတ် အလွန်အမင်းအေးသည့်နေ့ဖြစ်ပါစေ ကျွန်ုပ်သည် သခင်၏ သိုးစုကို ဇွဲရှိရှိဖြင့် ကာကွယ်သည်။ ကျွန်ုပ်သည် ဤသို့ ဆက်လက်ပြီး ကြိုးပမ်းသွားပြီး သခင်၏ အမည်နာမနှင့် သခင့်နည်းလမ်းကို စွဲကိုင်ထားလျှင် သခင်ပြန်လာသည့်အခါတွင် ကျွန်ုပ်သည် သေချာပေါက် ဆုချီးမြှင့်ခံရမည်ဖြစ်ပြီး ကောင်းကင်နိုင်ငံတော်သို့ ဝင်ရမည်ဖြစ်သည်ဟု အစဉ် ယုံကြည်ခဲ့သည်။ သို့ရာတွင် အရင်တစ်ခေါက်က အစည်းအဝေးတွင် ဤအမြင်ကို ညီအစ်ကိုမောင်နှမတို့အပေါ် တိုက်တွန်းသည့်အခါ အစ်ကိုဝူက မေးခွန်းတစ်ခုမေးသည်။ “သခင်ယေရှုက ပြောခဲ့တယ်။ ‘သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။’ (ရှင်မဿဲခရစ်ဝင်ကျမ်း ၇:၂၁) ကောင်းကင်ဘုံကအဖရဲ့အလိုတော်ကို ဆောင်တဲ့သူသာလျှင် ကောင်းကင်နိုင်ငံတော်ကို ဝင်ရမယ်ဆိုတာ သခင့်ရဲ့နှုတ်ကပတ်တော်တွေကနေ ကျွန်တော်တို့ တွေ့မြင်နိုင်ပါတယ်။ သခင်က ကျွန်တော်တို့ကို ရိုးသားပြီး နှိမ့်ချစေချင်တယ်။ တစ်ယောက်နဲ့တစ်ယောက်ချစ်ကြဖို့ အလိုရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ဘုရားသခင်ရှေ့မှောက်မှာ လိမ်လည်မှုတွေ၊ လည့်စားမှုတွေပြုလုပ်နေဆဲဖြစ်ပြီး ကျွန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမတို့၊ ကျွန်တော်တို့ဟာ ကိုယ့်ထက်ပိုပြီး ကောင်းစွာဟောကြားသူတွေကို မနာလိုဖြစ်ကြတယ်။ ကျွန်တော်တို့ရဲ့ ပြုမူဆောင်ရွက်မှုတွေဟာ သခင့်အလိုတော်နဲ့ဆန့်ကျင်နေတယ်လို့ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေက ထောက်ပြတဲ့အခါမှာ ကျွန်တော်တို့ဟာ မာနကြီးပြီး လက်မခံတာတွေ ဖြစ်နေကြဆဲပဲ။ ပြီးတော့ တစ်ခါတလေမှာ ကျွန်တော်တို့စိတ်နှလုံးမှာ မုန်းတီးမှုတွေတောင် ရှိကြတယ်။ ကျွန်တော်တို့ဟာ သခင့်ရှေ့တော်မှောက်မှာ နောင်တရပြီး ဝန်ချပြီးနောက်မှာတောင်မှ ကိုယ်တိုင်သတိမမူမိဘဲ အပြစ်တွေလုပ်ရင်းနဲ့ သခင့်နှုတ်ကပတ်တော်ကို အမြဲတမ်းပဲ လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိကြဘူး။ ကျွန်တော်တို့က ကောင်းကင်ဘုံက ကျွန်တော်တို့အဖရဲ့အလိုတော်ကို လုပ်ဆောင်ခြင်း မရှိကြသေးဘူးလို့ ထင်ပါတယ်။ ဒါကြောင့် သခင်ပြန်ကြွလာတဲ့အခါမှာ ကျွန်တော်တို့လို လူတွေဟာ ကောင်းကင်နိုင်ငံတော်ကို ဝင်နိုင်ပါ့မလား။” သူပြောသကဲ့သို့ ကျွန်ုပ်တို့သည် မကြာခဏပင် အပြစ်တရားတွင် ချည်နှောင်ခံရဆဲ ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ရောမသြဝါဒစာတွင် ပြောထားသည်။ “ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ နှုတ်ဖြင့် ဝန်ခံရ၏။” (ရောမသြဝါဒစာ ၁၀:၁၀-၁၁) သခင်ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်တွင် သေဆုံးခဲ့သည့်အခါ ရွေးနှုတ်ခြင်းအမှုကို ပြီးဆုံးစေခဲ့ပြီး ကျွန်ုပ်တို့၏ အပြစ်တို့ကို ခွင့်လွှတ်ခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား အပြစ်သားများအဖြစ် မမြင်တော့ပေ။ ထို့အပြင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အရာရာကို စွန့်လွှတ်ပြီး သခင့်အတွက် ကြိုးစားလုပ်ကိုင်သရွေ့ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်ခြင်းခံရမည်။ ဤသည်မှာ သခင်၏ ကတိတော်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဤအကြောင်းအရာနှင့်ပတ်သက်၍ တစ်မျိုးမမြင်သင့်သလို ကျွန်ုပ်တို့အားထုတ်သည့် ပုံစံကိုလည်း သံသယမဖြစ်သင့်ပါဟု အစ်ကိုဝူအား ပြောပြခဲ့သည်။ သို့ရာတွင် ကျွန်ုပ်တို့၏ အရင်တစ်ခေါက် အစည်းအဝေးတွင် အချိန်မရှိတော့သောကြောင့် ဤပြဿနာအား အသေအချာ မဆွေးနွေးခဲ့ရပေ။ ယခုအစည်းအဝေးတွင် ဤပြဿနာကို ကျွန်ုပ် ရှင်းလင်းအောင် ပြုလုပ်ရမည်။ မည်သို့သောသူမျိုးသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်မည်ကို ကျွန်မ နောက်ဆုံးတွင် နားလည်သဘောပေါက်ခဲ့သည် (၂) အာရှီး မလေးရှား
မိတ်သဟာယပြုရန် အတွက် ကျွန်မ အွန်လိုင်းသို့ နောက်တစ်ခေါက်တက်သည့် အချိန်တွင် ကျွန်မ အစ်ကိုကို “ ကျွန်မတို့တွေက အလုပ်ကြိုးစား၊ အမှုတော်ထမ်းဆောင်ပြီး၊ စိတ်အားထက်သန်စွာ အသုံးခံရင်းနဲ့ မမှန်ကန်တဲ့ ရည်ရွယ်ချက် တွေ အများကြီးထားရှိတယ်ဆိုတာရယ်၊ ကျွန်မတို့ မကြာခဏ ဘုရားသခင်ကို အပြစ်ကျူးလွန်ပြီး ခုခံတယ်ဆိုတာရယ်၊ ပြီးတော့ ကျွန်မတို့ ဘုရားသခင်ရဲ့ အလိုတော်ကို မဆောင်ရွက်ဘူး ဆိုတာတွေ အားလုံး မှန်ပါတယ်။ ဖခမည်းတော်အလိုတော်ကို ဆောင်ရွက်တဲ့သူတွေသာလျှင် ကောင်းကင် နိုင်ငံတော်ကို ဝင်ရောက်နိုင်မယ် လို့ သခင်ယေရှုက မိန့်တော်မူတာကြောင့် အဲဒီအကြောင်းပြချက်အားဖြင့် ကျွန်မတို့တွေက ဘုရားသခင်ရဲ့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ မထိုက်တန်သေးဘူး ဖြစ်တယ်။ ဒါပေမဲ့ ဒီမေးခွန်းက ကျွန်မက စိတ်ရှုပ်စေတုန်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ သင်းအုပ်တရာက သခင်ယေရှုက ကျွန်မတို့အပြစ်တွေအားလုံးကို အပြစ်မှလွှတ်ပေးပြီးဖြစ်တယ်လို့ မကြာခဏပြောပြီး၊ ကျွန်မတို့က အပြစ်မဲ့ကြောင်း၊ ကျွန်မတို့ ယုံကြည်လို့ ကျွန်မတို့က ဖြောင့်မတ်သူတွေလို့ အခေါ်ခံရကြောင်း နဲ့ သခင်ကြွလာတဲ့အချိန်မှာ ကျွန်မတို့က ကောင်းကင်ဘုံကို တိုက်ရိုက်ချီဆောင်ခြင်းခံရမှာ ဖြစ်ကြောင်းတွေကို ပြောခဲ့လို့ ဖြစ်တယ်။ သူက ဘာဖြစ်လို့ အဲဒီလိုပြောရတာလဲ။ ဒီအကြောင်း နဲ့ပတ်သက်ပြီး အစ်ကို မိတ်သဟာယပြုတာကို ကျွန်မကြား ချင်တယ်” ဟု မေးခဲ့သည်။ ဝိညာဉ်ရေးရာတိုင်ပင်နှီးနှောခြင်းမှ ညီအစ်ကိုမောင်နှမများ၊ မင်္ဂလာပါ။
ယခုနောက်ပိုင်း မေးခွန်းတစ်ခုက ကျွန်မကို စိတ်အနှောင့် အယှက်ပေးနေသည်၊ ပြီးနောက်တွင် ကျွန်တော့်အနေဖြင့် အစ်ကို အစ်မတို့ထံမှ အဖြေများကို ရှာဖွေ လိုပါသည်။ ကျွန်တော်သည် သခင့်ကို ယုံကြည်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည့်အပြင်၊ စွန့်လွှတ်၊ အသုံးခံခဲ့ပြီး၊ သခင့်အမှုတော်များကို အမြဲတမ်း ဆောင်ရွက်ခဲ့ ပါသည်။ အကြောင်းမှာ ဤနည်းဖြင့် ကျွန်တော်ယုံကြည်ပါက၊ သခင်ပြန်ကြွလာသည့်အချိန်တွင်၊ ဤအရာသည် ကျွန်တော့်ကို ကောင်းကင်နိုင်ငံတော်သို့ ချီမခွင့်ပေး မည်ဟု အမြဲတမ်း ယုံကြည်ခဲ့သောကြောင့် ဖြစ်ပါသည်။ သို့သော်လည်း လတ်တလောတွင် သခင်ယေရှုက သမ္မာကျမ်းစာ တွင် “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။”(ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃) ဟု မိန့်တော်မူသည်ကို ကျွန်တော်တွေ့ခဲ့ရသည်။ ဤအချက်သည် ကျွန်တော့်ကို စိတ်ရှုပ်ထွေးစေသည်။ ဧဝံဂေလိတရားတော် ဖြန့်ဝေ ပြီး၊ နာမကျန်းသူများကို အနာငြိမ်းစေကာ၊ သခင့်နာမတော် ၌ နတ်ဆိုးများကို မောင်းထုတ်သူများသည် ကောင်းကင်နိုင်ငံတော် သို့ အဘယ့်ကြောင့် မဝင်ရောက်နိုင်သနည်း။ ၎င်းတို့သည် အဓမ္မမှုကို ပြုသောသူများ ဖြစ်သည်ဟု သခင်က အဘယ့်ကြောင့် မိန့်တော်မူသနည်း။ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်၊ စွန့်လွှတ်ပြီး အသုံးခံသည့် ကျွန်တော်တို့သည် ကောင်းကင်ဘုံမှ ဖခမည်းတော် ၏ အလိုတော်ကို ဆောင်ရွက်သူများမဟုတ်ဟု ဤအချက်က ဆိုလိုခြင်းလေလား။ ကောင်းကင်နိုင်ငံသို့ ဝင်ရောက်ခြင်းအတွက် စံချိန်များမှာ အဘယ်နည်း။ အစ်ကိုတို့အစ်မတို့ အနေဖြင့် ကျွန်တော့် စိတ်ရှုပ်ထွေးခြင်းများကို ကူညီဖြေရှင်းပေးမည်ဟု မျှော်လင့်ပါသည်။ မူးဂွမ်း ရှိလီ ဂျပန်နိုင်ငံ
ဘုရားသခင်နှင့် တွေ့ဆုံရန် လေထဲသို့ ချီဆောင်ခံရခြင်းကို စိတ်ကူးယဉ်မှုများ ၂၀၁၄ ခုနှစ်တွင် အစ်မတစ်ယောက်က ကျွန်မကို သခင်ယေရှု၏ ဧဝံဂေလိတရားတော်ကို ဟောကြားခဲ့သည်။ ဘုရားသခင်ကို စတင်ယုံကြည်ပြီးနောက်တွင်၊ ကျွန်မက အစည်းအဝေးများကို စိတ်အားထက်သန်စွာ သွားခဲ့ပြီး၊ အစည်းအဝေးတစ်ခုတွင် ကျွန်မ၏ သင်းအုပ်ဆရာက “ သခင်ယေရှုက ‘သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့ပြင်ဆင်စရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။’ (ရှင်ယောဟန် ၁၄:၂-၃) လို့ မိန့်တော်မူပြီး ရှင်ပေါလုကလည်း ‘ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်။’ (၁ သက်သာ ၄:၁၇) လို့ပြောခဲ့တယ်။ သခင်သည် ကျွန်တော်တို့အတွက် နေရာတစ်ခုကို ပြင်ဆင်တော်မူခဲ့ပြီ၊ ပြီးတော့ သခင်ပြန်ကြွလာတဲ့ အချိန်မှာ၊ ကျွန်တော်တို့က သခင်နဲ့ တွေ့ဆုံဖို့ လေထဲကို တိုက်ရိုက်ချီဆောင်ခံရမယ်၊ အဲဒီနောက်မှာ ကျွန်တော်တို့က သခင်နဲ့ ထာဝရရှိမယ်။ ကောင်းကင်နိုင်ငံတော်ရဲ့ နံရံတွေက နဂါးသွဲ့ကျောက် တွေနဲ့ လုပ်ထားပြီး၊ လမ်းတွေက ရွှေတွေနဲ့ ဆောက်ထားတယ်၊ ပြီးတော့ အားလုံးက ကျွန်တော်တို့ လိုချင်မဲ့ ကျောက်မျက်ရတနာတွေ၊ မဟူရာ နဲ့ ကျောက်စိမ်း တွေချည်းပဲ။ အဲဒီမှာ နာကျင်မှု ဒါမှမဟုတ် ညှင်းပန်းနှိပ်စက်မှု၊ မျက်ရည် ဒါမှမဟုတ် စိတ်မချမ်းမြေ့စရာ ဆိုတာ တစ်ခုမှ မရှိဘူး၊ ပြီးတော့ နှစ်သက်ခံစားဖို့ အဆုံးမရှိတဲ့ ကောင်းကြီးမင်္ဂလာတွေပဲရှိတယ်…” ဟု ပြောခဲ့ပါသည်။ကျွန်မ သင်းအုပ်ဆရာ၏ ဒေသနာတွင် စိတ်အားထက်သန်မှုကို ကြားရသည့် အချိန်တွင်၊ ကျွန်မလည်း တစ်နေ့တွင် ကောင်းကင်ဘုံသို့ ဘုရားသခင်၏ ချီဆောင်ခံရပါက နှစ်သက်ပျော်ရွှင်ဖွယ်ကောင်း မည်ဟု ကျွန်မတွေးခဲ့ မိသည်။ |
Click & Join us(မာကု ၁၆:၁၆)။"ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့" တံဆိပ်များ
All
|