"သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။" (ယောဟန် ၁၆:၁၂-၁၃)
ကြည့်ပြီးနောက် ခံစားချက်
ဘုရားကျောင်းမှာ ညီအစ်ကိုမောင်နှမတွေကပြောကြတယ်။ ကိုယ်တော်တစ်ဖန်ကြွလာရင် အမျိုးအမည်မတူသော တောမျိုးစေ့နှင့် ကောင်းသောစပါးကို ခွဲခြားအုံးမယ်။ ဘယ်လိုအမျိုးတူတွေကိုခွဲခြားမှာလဲ။ ဒီဗီဒီယိုမှာ အဲဒီအပိုင်းနဲ့ပတ်သက်တဲ့လျို့ဝှက်နက်နဲမှုတွေကို ဖော်ထုတ်ပေးတယ်။ အလွန်လက်တွေ့ကျပါတယ်။ ကိုယ်တော်ကိုကျေးဇူးတင်တယ်။
【Live】Myanmar Gospel Movie | ဘေးဥပဒ် မကျရောက်မီ သခင်နှင့်အတူ ပွဲတော်တတ်ရောက်ခြင်းနှင့် ဝမ်းမြောက်ပီတိဖြစ်ခြင်း။
ညီအစ်မောင်နှမများ၊ မင်္ဂလာပါ။ ယခုတွင် ကမ္ဘာနေရာအနှံ၌ ကပ်ဘေးအမျိုးမျိုးပိုမိုကြီးမားလာပြီ။ မြန်မာနိုင်ငံတွင်လည်း တစ်ဖြည်းဖြည်းကပ်ဘေးများနှင့်ကြုံလာရပြီ။ ဥပမာ ကူးဆက်ရောဂါများ၊ ရေဘေး၊ စစ်ပွဲများနှင့်ရင်ဆိုင်နေရသည်။ ဤအရာများသည် ကျွန်ုပ်တို့လူသားများ၏အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိသည်။ ဤအခြေအနေအရပ်ရပ်ကိုကြည့်ခြင်းဖြင့် နောက်ဆုံးကာလကိုယ်တော်တစ်ဖန်ကြွလာမည့်ပရောဖက်ချက်များ အတည်ဖြစ်လာပြီ။ ကိုယ်တော်ကိုစောင့်မျှော်ကြိုဆိုနေသောလူများသည် ကိုယ်တော်တစ်ဖန်ကြွလာပြီကို ကြိုတင်ခံစားမိကြပြီ။ သို့သော်ကျွန်ုပ်တို့သည် ကိုယ်တော်ကို မည်သို့ပြုမှကြိုဆိုနိုင်ပြီး ကိုယ်တော်နှင့်အတူ စားတော်ပွဲသို့ဝင်ရောက်လျက် ကပ်ဘေးဒုက္ခများမှ လွတ်မြောက်နိုင်မည်နည်း။ "ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။" (ဗျာဒိတ်ကျမ်း။ ၃:၂၀) ဤနေရာတွင် ကိုယ်တော်တစ်ဖန်ကြွလာပြီး ထင်ရှားပြသရခြင်းမှာ သူ၏အမှုကိုဆောင်ရွက်ရန်နှင့် စကားတော်များမြွက်ကြားရန်ဖြစ်သည်။ ဘုရားသခင်၏အသံကိုကြား၍ ကြိုဆိုမိသောသူသည် ကိုယ်တော်နှင့်အတူ စားတော်ပွဲဝင်ရောက်နိုင်သူဖြစ်မည်။ ဤသို့ဆိုလျှင် ကျွန်ုပ်တို့သည် ဘုရားသခင်၏အသံကိုမည်သို့နားထောင်၍ ကိုယ်တော်တစ်ဖန်ကြွလာခြင်းကို ကြိုဆိုမိမည်နည်း။ ဤအပတ်တိုက်ရိုက်ထုတ်လွင့်မှုအစီအစဉ်တွင် မိတ်ဆွေအတွက် အဖြေမှန်ကိုဖော်ထုတ်ပေးမည်ဖြစ်သည်။
0 Comments
ယုံကြည်ခြင်း မှတစ်ဆင့် ကယ်တင်ခြင်း သက်သက်သည် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် လက်မှတ်တစ်ခုလေလား ဆဗဲရို၊ အီတလီနိုင်ငံ ခရစ်ယာန်အချို့က သခင်ယေရှု၏ ကားတိုင်နှင့်ဆိုင်သော ကယ်တင်ခြင်းကို သူတို့ လက်ခံသရွေ့၊ နှုတ်ဖြင့် သခင်ကို အသိအမှတ်ပြုပြီး နှလုံးသားထဲတွင် သူ့ကို ယုံကြည်သရွေ့၊ သူတို့ ကယ်တင်ခံရပြီး ကောင်းကင်နိုင်ငံထဲသို့ ဝင်နိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။ ဤယုံကြည်ခြင်းအတွက် သမ္မာကျမ်းအခြေပြုချက်လည်း ရှိပါသည်၊ ယင်းမှာ- “သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့် ဝန်ခံရ၏။” (ရောမ ၁ဝ:၉-၁၀) ထို့ကြောင့်၊ သူတို့က ယုံကြည်ခြင်းဖြင့် ကယ်တင်ခံရသောသူတို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်သည်ဟု ပို၍ပင် ခိုင်မာစွာ ယုံကြည်ကြသည်။ သို့သော်၊ မရှင်းမလင်းဖြစ်ကျန်ရစ်သည့် ယုံကြည်သူအချို့ ရှိပြီး၊ ကျွန်တော်တို့က စိတ်ဆတ်လာနိုင်ပြီး နေ့တိုင်း လူများကို စိတ်ဆိုးနိုင်ကြသည်မှာ ကျွန်တော်တို့ မိသားစုဝင်များကို စိတ်ရှည်ခြင်း နှင့် သည်းခံခြင်းတို့ကို မပြနိုင်လောက်အောင် ဖြစ်ကြသည်၊ ပြီးလျှင် ကျွန်တော်တို့၏ နေ့စဉ်အသက်တာများတွင် အခြားသူများကို လှည့်ဖြားဖို့ မုသားများကို ပြောနိုင်ကြသည်ကို ကြည့်ခြင်းအားဖြင့်၊ ဤသို့ အပြစ်ထဲတွင် အသက်ရှင်ကြသော လူများသည် ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်နိုင်ပါသလား။ ယနေ့ ဤအကြောင်းအရာကို မိတ်သဟာယ ပြုကြပါစို့။ |
Click & Join us(မာကု ၁၆:၁၆)။"ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့" တံဆိပ်များ
All
|