"သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။" (ယောဟန် ၁၆:၁၂-၁၃)
ကျန်းယွီ၊ တရုတ်နိုင်ငံ ကျွန်မတို့၏ အပြစ်များ ခွင့်လွှတ်ခံရလျှင် ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်မတို့ဝင်ရောက်နိုင်ပါသလား
အပြစ်ဆိုသည်မှာ ခရစ်ယာန်တစ်ဦးအနေဖြင့် ကျွန်မ အကျွမ်းတဝင်အရှိဆုံးသော အရာတစ်ခုဖြစ်သည်။ ထိုအရာက ကျွန်မ အနီးအနားတွင် နေ့တိုင်း ရစ်ဝဲနေသည်။ အမြဲနီးကပ်နေပြီး ကျွန်မ မဖယ်ရှားပစ်နိုင်ပါ။ အပြစ်ပြုခြင်း၊ ဝန်ချခြင်းတို့၏အတောမသတ်နိုင်သော သံသရာက ကျွန်မကို အမြဲ ဒုက္ခပေးသည်။ အဘယ်ကြောင့်ဆိုသော် အကယ်၍ သခင်ယေရှု ပြန်ကြွလာခဲ့လျှင် ဒီလိုမျိုးဖြင့် ကျွန်မ ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်နိုင်မည်လား။ ကျွန်မသည် အလွန်အမင်း စိတ်ဆင်းရဲလျှက်ဖြင့် ရှင်ပေါလု၏ စကားများကို ကျွန်မ တွေးမိခဲ့သည်။ “ဘုရားသခင်ရွေးကောက်တော်မူသော သူတို့ကို အဘယ်သူသည် အပြစ်တင်မည်နည်း။ ဖြောင့်မတ်ရာ၌ တည်စေသောသူကား ဘုရားသခင်ပေတည်း။ အပြစ်စီရင်သောသူကား အဘယ်သူနည်း။” (ရောမသြဝါဒစာ ၈း၃၃-၃၄) “ယေရှုခရစ်၌တည်သောသူတို့သည် အပြစ်စီရင်ခြင်း နှင့် လွတ်ကြ၏။” (ရောမသြဝါဒစာ ၈:၁) ဟုတ်ပါသည်။ ကျွန်မသည် သခင့်၏ အရွေးကောက်ခံများထဲမှ တစ်ဦးဖြစ်သည်။ သခင်သည် ကျွန်မ၏ အပြစ်များအားလုံးကို ခွင့်လွှတ်ပြီးဖြစ်ကာ ယင်းတို့က အတိတ်၊ ပစ္စုပ္ပန် သို့မဟုတ် အနာဂတ် အပြစ်များဖြစ်ပါစေ အားလုံးကို သူ ခွင့်လွှတ်ပါသည်။ ကျွန်မကို အပြစ်သားတစ်ဦးအဖြစ် သူ မမြင်တော့ပါ၊ ပြီးလျှင် သခင် ကြွလာသောအခါ ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်မ ဝင်ရောက်နိုင်ပါလိမ့်မည်။
0 Comments
【Live】ခရစ်ယာန် ရုပ်ရှင်များ (ကောင်းကင်ဘုံ၏နိုင်ငံတော်သို့ ခေါ်ဆောင်သွားခံရခြင်း၏ နက်နဲသောအရာကို ဖော်ပြခြင်း)
ညီအစ်ကိုမောင်နှမတို့။ဒီနေ့ကျွန်တော်တို့အယောက်စီတိုင်းနဲ့ဆိုင်တဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့ကောင်းကင်နိုင်ငံတော်ထဲချီဆောင်ခံရခြင်းအဖြစ်ကိုလေ့လာဆန်းစစ်သွားမှာ ဖြစ်ပါတယ်။သခင်ယေရှုက သူ့နောက်လိုက်သူတွေကို ကတိပေးခဲ့ပါတယ်"သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ငါသည်သွား၍ သင်တို့ပြင်ဆင်စရာအရပ်ကိုပြင်ဆင်ပြီးမှတဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါသင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။"(ရှင်ယောဟန်၁၄:၂-၃)ဒီအရာကြောင့်၊ယုံကြည်သူ မျိုးဆက်တွေကသခင်ကြွလာတဲ့အခါ သခင့်ကို ဆုံတွေ့ဖို့နဲ့ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ သူတို့ ချီဆောင်ခံရအောင်ဆက်လက် မျှော်လင့်ပြီး ဆုတောင်းခဲ့ကြပါတယ်။ဒါဆိုရင် စစ်မှန်တဲ့ချီဆောင်ခံရခြင်းရဲ့ အမှန်စင်စစ်ကဘာလဲ။ကောင်းကင်နိုင်ငံတော်ထဲ ချီဆောင်ခံရခြင်းအဖြစ်ရဲ့ နက်နဲမှုကိုဒီအစီအစဉ်က မိတ်ဆွေကို ထုတ်ဖော်ပြပါလိမ့်မယ်။ကျေးဇူးပြုပြီး ကြည့်ရှုခံစားလိုက်ပါ။
Myanmar Gospel Movie (ကောင်းကင်ဘုံ၏နိုင်ငံတော်သို့ ခေါ်ဆောင်သွားခံရခြင်း၏ နက်နဲသောအရာကို ဖော်ပြခြင်း) ညီအစ်ကိုမောင်နှမတို့။ဒီနေ့ကျွန်တော်တို့အယောက်စီတိုင်းနဲ့ဆိုင်တဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့ကောင်းကင်နိုင်ငံတော်ထဲချီဆောင်ခံရခြင်းအဖြစ်ကိုလေ့လာဆန်းစစ်သွားမှာ ဖြစ်ပါတယ်။သခင်ယေရှုက သူ့နောက်လိုက်သူတွေကို ကတိပေးခဲ့ပါတယ်""သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ငါသည်သွား၍ သင်တို့ပြင်ဆင်စရာအရပ်ကိုပြင်ဆင်ပြီးမှတဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါသင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။""(ရှင်ယောဟန်၁၄:၂-၃)ဒီအရာကြောင့်၊ယုံကြည်သူ မျိုးဆက်တွေကသခင်ကြွလာတဲ့အခါ သခင့်ကို ဆုံတွေ့ဖို့နဲ့ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ သူတို့ ချီဆောင်ခံရအောင်ဆက်လက် မျှော်လင့်ပြီး ဆုတောင်းခဲ့ကြပါတယ်။ဒါဆိုရင် စစ်မှန်တဲ့ချီဆောင်ခံရခြင်းရဲ့ အမှန်စင်စစ်ကဘာလဲ။ကောင်းကင်နိုင်ငံတော်ထဲ ချီဆောင်ခံရခြင်းအဖြစ်ရဲ့ နက်နဲမှုကိုဒီအစီအစဉ်က မိတ်ဆွေကို ထုတ်ဖော်ပြပါလိမ့်မယ်။ကျေးဇူးပြုပြီး ကြည့်ရှုခံစားလိုက်ပါ။ မည်သို့သောသူမျိုးသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်မည်ကို ကျွန်မ နောက်ဆုံးတွင် နားလည်သဘောပေါက်ခဲ့သည် (၂) အာရှီး မလေးရှား
မိတ်သဟာယပြုရန် အတွက် ကျွန်မ အွန်လိုင်းသို့ နောက်တစ်ခေါက်တက်သည့် အချိန်တွင် ကျွန်မ အစ်ကိုကို “ ကျွန်မတို့တွေက အလုပ်ကြိုးစား၊ အမှုတော်ထမ်းဆောင်ပြီး၊ စိတ်အားထက်သန်စွာ အသုံးခံရင်းနဲ့ မမှန်ကန်တဲ့ ရည်ရွယ်ချက် တွေ အများကြီးထားရှိတယ်ဆိုတာရယ်၊ ကျွန်မတို့ မကြာခဏ ဘုရားသခင်ကို အပြစ်ကျူးလွန်ပြီး ခုခံတယ်ဆိုတာရယ်၊ ပြီးတော့ ကျွန်မတို့ ဘုရားသခင်ရဲ့ အလိုတော်ကို မဆောင်ရွက်ဘူး ဆိုတာတွေ အားလုံး မှန်ပါတယ်။ ဖခမည်းတော်အလိုတော်ကို ဆောင်ရွက်တဲ့သူတွေသာလျှင် ကောင်းကင် နိုင်ငံတော်ကို ဝင်ရောက်နိုင်မယ် လို့ သခင်ယေရှုက မိန့်တော်မူတာကြောင့် အဲဒီအကြောင်းပြချက်အားဖြင့် ကျွန်မတို့တွေက ဘုရားသခင်ရဲ့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ မထိုက်တန်သေးဘူး ဖြစ်တယ်။ ဒါပေမဲ့ ဒီမေးခွန်းက ကျွန်မက စိတ်ရှုပ်စေတုန်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ သင်းအုပ်တရာက သခင်ယေရှုက ကျွန်မတို့အပြစ်တွေအားလုံးကို အပြစ်မှလွှတ်ပေးပြီးဖြစ်တယ်လို့ မကြာခဏပြောပြီး၊ ကျွန်မတို့က အပြစ်မဲ့ကြောင်း၊ ကျွန်မတို့ ယုံကြည်လို့ ကျွန်မတို့က ဖြောင့်မတ်သူတွေလို့ အခေါ်ခံရကြောင်း နဲ့ သခင်ကြွလာတဲ့အချိန်မှာ ကျွန်မတို့က ကောင်းကင်ဘုံကို တိုက်ရိုက်ချီဆောင်ခြင်းခံရမှာ ဖြစ်ကြောင်းတွေကို ပြောခဲ့လို့ ဖြစ်တယ်။ သူက ဘာဖြစ်လို့ အဲဒီလိုပြောရတာလဲ။ ဒီအကြောင်း နဲ့ပတ်သက်ပြီး အစ်ကို မိတ်သဟာယပြုတာကို ကျွန်မကြား ချင်တယ်” ဟု မေးခဲ့သည်။ ဝိညာဉ်ရေးရာတိုင်ပင်နှီးနှောခြင်းမှ ညီအစ်ကိုမောင်နှမများ၊ မင်္ဂလာပါ။
ယခုနောက်ပိုင်း မေးခွန်းတစ်ခုက ကျွန်မကို စိတ်အနှောင့် အယှက်ပေးနေသည်၊ ပြီးနောက်တွင် ကျွန်တော့်အနေဖြင့် အစ်ကို အစ်မတို့ထံမှ အဖြေများကို ရှာဖွေ လိုပါသည်။ ကျွန်တော်သည် သခင့်ကို ယုံကြည်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည့်အပြင်၊ စွန့်လွှတ်၊ အသုံးခံခဲ့ပြီး၊ သခင့်အမှုတော်များကို အမြဲတမ်း ဆောင်ရွက်ခဲ့ ပါသည်။ အကြောင်းမှာ ဤနည်းဖြင့် ကျွန်တော်ယုံကြည်ပါက၊ သခင်ပြန်ကြွလာသည့်အချိန်တွင်၊ ဤအရာသည် ကျွန်တော့်ကို ကောင်းကင်နိုင်ငံတော်သို့ ချီမခွင့်ပေး မည်ဟု အမြဲတမ်း ယုံကြည်ခဲ့သောကြောင့် ဖြစ်ပါသည်။ သို့သော်လည်း လတ်တလောတွင် သခင်ယေရှုက သမ္မာကျမ်းစာ တွင် “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။”(ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃) ဟု မိန့်တော်မူသည်ကို ကျွန်တော်တွေ့ခဲ့ရသည်။ ဤအချက်သည် ကျွန်တော့်ကို စိတ်ရှုပ်ထွေးစေသည်။ ဧဝံဂေလိတရားတော် ဖြန့်ဝေ ပြီး၊ နာမကျန်းသူများကို အနာငြိမ်းစေကာ၊ သခင့်နာမတော် ၌ နတ်ဆိုးများကို မောင်းထုတ်သူများသည် ကောင်းကင်နိုင်ငံတော် သို့ အဘယ့်ကြောင့် မဝင်ရောက်နိုင်သနည်း။ ၎င်းတို့သည် အဓမ္မမှုကို ပြုသောသူများ ဖြစ်သည်ဟု သခင်က အဘယ့်ကြောင့် မိန့်တော်မူသနည်း။ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်၊ စွန့်လွှတ်ပြီး အသုံးခံသည့် ကျွန်တော်တို့သည် ကောင်းကင်ဘုံမှ ဖခမည်းတော် ၏ အလိုတော်ကို ဆောင်ရွက်သူများမဟုတ်ဟု ဤအချက်က ဆိုလိုခြင်းလေလား။ ကောင်းကင်နိုင်ငံသို့ ဝင်ရောက်ခြင်းအတွက် စံချိန်များမှာ အဘယ်နည်း။ အစ်ကိုတို့အစ်မတို့ အနေဖြင့် ကျွန်တော့် စိတ်ရှုပ်ထွေးခြင်းများကို ကူညီဖြေရှင်းပေးမည်ဟု မျှော်လင့်ပါသည်။ မူးဂွမ်း ကျွန်တော်တို့ အပြစ်များမှ လွှတ်ခံရခြင်းသည် ကျွန်တော်တို့ ကောင်းကင်နိုင်ငံတော်သို့ ပင့်မခြင်းခံရမည်ဟု ဆိုလိုခြင်းဖြစ်ပါသလား ချာအို နင်း တရုတ်ပြည်
သခင့်ကို ယုံကြည်ကြသည့် ကျွန်တော်တို့၏ အကြီးမားဆုံးသော တောင့်တမှုကြီးမှာ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် ဖြစ်သောကြောင့် ထိုနေရာတွင် မည်မျှ လှပမည်ကို ကျွန်တော်တို့ မကြာခဏ စိတ်ကူးလေ့ရှိပါသည်။ သမ္မာကျမ်းစာတွင် “ ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူး ကို ငါတို့သည် ခံရကြ၏။” (ကောလောသဲဩဝါဒစာ ၁:၁၄) ဟုဆိုထားသောကြောင့် ကျွန်တော်တို့ ကောင်းကင်ဘုံသို့ ဝင်ရောက်ခြင်းအကြောင်း နှင့် ပတ်သက်ပြီးလည်း ယုံကြည်မှုရှိကြပါသည်။ ထို့ကြောင့် ကျွန်တော်တို့သည် သခင့်ကို ယုံကြည်ပြီးနောက်တွင် ကျွန်တော်တို့၏ အပြစ်များသည် လွှတ်ပြီးဖြစ် ကြောင်းနှင့် ကျွန်တော်တို့သည် လုံးဝ အပြစ်မရှိတော့ကြောင်းတို့ကို ယုံကြည်ပါသည်။ သခင်ပြန်ကြွလာသည့်အချိန်တွင် ကျွန်တော်တို့သည် ကောင်းကင်နိုင်ငံတော်သို့ ချက်ခြင်း ပင့်မခြင်း ခံရမည်ဟုလည်း ယုံကြည်ပါသည်။ ထိုအရာများကို တွေးရင်းဖြင့် ကျွန်တော်တို့ကို အလွန်ပင်စိတ်လှုပ်ရှားစေကာ၊ သခင်က ကျွန်တော်တို့ထံသို့ မြန်မြန်ကြွလာတော်မူဖို့အတွက် တောင့်တ မိပါသည်။ ဤသည်မှာ ယခင်က ကျွန်တော်တောင့်တခဲ့သည့် အရာလည်း ဖြစ်ပါသည်။ သို့သော်လည်း ဤအရေးကိစ္စကို ကျွန်တော့် ညီအစ်ကိုမောင်နှမများဖြင့် ဆွေးနွေးခြင်း နှင့် မိတ်သဟာယပြုခြင်းတို့အပြီးတွင်၊ ကျွန်တော်သည် အသစ်သောရှာဖွေတွေ့မှုတစ်ခုကို ရရှိလာကာ၊ ကျွန်တော် ရရှိခဲ့သည့် အရာများကို သင်တို့အားလုံးနှင့် ဤနေရာတွင် မိတ်သဟာယပြု လိုပါသည် … |
Click & Join us(မာကု ၁၆:၁၆)။"ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့" တံဆိပ်များ
All
|