"သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။" (ယောဟန် ၁၆:၁၂-၁၃)
ကျန်းယွီ၊ တရုတ်နိုင်ငံ ကျွန်မတို့၏ အပြစ်များ ခွင့်လွှတ်ခံရလျှင် ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်မတို့ဝင်ရောက်နိုင်ပါသလား
အပြစ်ဆိုသည်မှာ ခရစ်ယာန်တစ်ဦးအနေဖြင့် ကျွန်မ အကျွမ်းတဝင်အရှိဆုံးသော အရာတစ်ခုဖြစ်သည်။ ထိုအရာက ကျွန်မ အနီးအနားတွင် နေ့တိုင်း ရစ်ဝဲနေသည်။ အမြဲနီးကပ်နေပြီး ကျွန်မ မဖယ်ရှားပစ်နိုင်ပါ။ အပြစ်ပြုခြင်း၊ ဝန်ချခြင်းတို့၏အတောမသတ်နိုင်သော သံသရာက ကျွန်မကို အမြဲ ဒုက္ခပေးသည်။ အဘယ်ကြောင့်ဆိုသော် အကယ်၍ သခင်ယေရှု ပြန်ကြွလာခဲ့လျှင် ဒီလိုမျိုးဖြင့် ကျွန်မ ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်နိုင်မည်လား။ ကျွန်မသည် အလွန်အမင်း စိတ်ဆင်းရဲလျှက်ဖြင့် ရှင်ပေါလု၏ စကားများကို ကျွန်မ တွေးမိခဲ့သည်။ “ဘုရားသခင်ရွေးကောက်တော်မူသော သူတို့ကို အဘယ်သူသည် အပြစ်တင်မည်နည်း။ ဖြောင့်မတ်ရာ၌ တည်စေသောသူကား ဘုရားသခင်ပေတည်း။ အပြစ်စီရင်သောသူကား အဘယ်သူနည်း။” (ရောမသြဝါဒစာ ၈း၃၃-၃၄) “ယေရှုခရစ်၌တည်သောသူတို့သည် အပြစ်စီရင်ခြင်း နှင့် လွတ်ကြ၏။” (ရောမသြဝါဒစာ ၈:၁) ဟုတ်ပါသည်။ ကျွန်မသည် သခင့်၏ အရွေးကောက်ခံများထဲမှ တစ်ဦးဖြစ်သည်။ သခင်သည် ကျွန်မ၏ အပြစ်များအားလုံးကို ခွင့်လွှတ်ပြီးဖြစ်ကာ ယင်းတို့က အတိတ်၊ ပစ္စုပ္ပန် သို့မဟုတ် အနာဂတ် အပြစ်များဖြစ်ပါစေ အားလုံးကို သူ ခွင့်လွှတ်ပါသည်။ ကျွန်မကို အပြစ်သားတစ်ဦးအဖြစ် သူ မမြင်တော့ပါ၊ ပြီးလျှင် သခင် ကြွလာသောအခါ ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်မ ဝင်ရောက်နိုင်ပါလိမ့်မည်။
0 Comments
Myanmar Gospel Movie (ကောင်းကင်ဘုံ၏နိုင်ငံတော်သို့ ခေါ်ဆောင်သွားခံရခြင်း၏ နက်နဲသောအရာကို ဖော်ပြခြင်း) ညီအစ်ကိုမောင်နှမတို့။ဒီနေ့ကျွန်တော်တို့အယောက်စီတိုင်းနဲ့ဆိုင်တဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့ကောင်းကင်နိုင်ငံတော်ထဲချီဆောင်ခံရခြင်းအဖြစ်ကိုလေ့လာဆန်းစစ်သွားမှာ ဖြစ်ပါတယ်။သခင်ယေရှုက သူ့နောက်လိုက်သူတွေကို ကတိပေးခဲ့ပါတယ်""သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ငါသည်သွား၍ သင်တို့ပြင်ဆင်စရာအရပ်ကိုပြင်ဆင်ပြီးမှတဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါသင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။""(ရှင်ယောဟန်၁၄:၂-၃)ဒီအရာကြောင့်၊ယုံကြည်သူ မျိုးဆက်တွေကသခင်ကြွလာတဲ့အခါ သခင့်ကို ဆုံတွေ့ဖို့နဲ့ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ သူတို့ ချီဆောင်ခံရအောင်ဆက်လက် မျှော်လင့်ပြီး ဆုတောင်းခဲ့ကြပါတယ်။ဒါဆိုရင် စစ်မှန်တဲ့ချီဆောင်ခံရခြင်းရဲ့ အမှန်စင်စစ်ကဘာလဲ။ကောင်းကင်နိုင်ငံတော်ထဲ ချီဆောင်ခံရခြင်းအဖြစ်ရဲ့ နက်နဲမှုကိုဒီအစီအစဉ်က မိတ်ဆွေကို ထုတ်ဖော်ပြပါလိမ့်မယ်။ကျေးဇူးပြုပြီး ကြည့်ရှုခံစားလိုက်ပါ။ ရှောင်ကျင်း ပူလောင်သည့် နေ့လယ်အချိန်တစ်ခုတွင် ပုစဉ်းရင်ကွဲများသည် သစ်ပင်များကြားတွင် မရပ်မနား စူးရှစွာအော်မြည်နေလျှက်ရှိသည်။ အပူဒဏ်သင့်မှုကြောင့် လမ်းဘေးရှိသစ်ပင်များနှင့် ပန်းပွင့်များ၏အပေါ်ပိုင်းများသည် နွမ်းနယ်လျှက် အောက်သို့ ညှိုးကျလျှက်ရှိသည်။ |
Click & Join us(မာကု ၁၆:၁၆)။"ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့" တံဆိပ်များ
All
|