"သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။" (ယောဟန် ၁၆:၁၂-၁၃)
ခရစ်ယာန်များအတွက် မရှိမဖြစ် စာဖတ်ခြင်း- သခင့်ဆုတောင်းပဌနာတော်၌ ဖုံးကွယ်ထားသည့် ဘုရားသခင်၏ နိုင်ငံတော်ဆိုင်ရာ နက်နဲမှု Jinyi အမေရိကန်နိုင်ငံ
ခရစ်ယာန်အများစုတို့က ကောင်းကင်နိုင်ငံတော်သည် မိုးကောင်းကင်တွင်သာ ရှိသည်ဟု ယုံကြည်ကြ သော်လည်း သခင့်ဆုတောင်းပဌာတော်တွင် “ နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။” (ရှင်မဿဲခရစ်ဝင် ၆:၁၀) ဟု ဆိုထားပါသည်။ ပြီးနောက် ဗျာဒိတ်ကျမ်းတွင်လည်း “ လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။” (ဗျာဒိတ်ကျမ်း ၁၁:၁၅) ဟု ဆိုထားပါသည်။ ထို့ကြောင့် ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်ပေါ်တွင် ရှိပါသလား၊ မြေကြီးပေါ်တွင် ရှိပါသလား။ ယခုဆောင်းပါးတွင် သင့်အတွက်အဖြေကို ကျွန်တော် ဖော်ထုတ်ထားပါသည်။
0 Comments
ချစ်ရသော အမ ဝေါင်
ခရစ်တော်၌ ငြိမ်သက်ခြင်းရှိပါစေ။ အမ၏စာကို လက်ခံရရှိတဲ့အတွက် ကျွန်မ အရမ်း ဝမ်းသာပါသည်။ အမ၏စာထဲတွင် “ကျွန်မအနေနှင့်ခရစ်တော်၌ ကျွန်မတို့ ယုံကြည်သူတွေဟာ ဗတ္တိဇံ ခံပြီး ဖြစ်သောကြောင့် ကျွန်မတို့သည် ဒုတိယအကြိမ်မွေးဖွားပြီး ကယ်တင်ခြင်းခံရကာ အလုံးစုံအသစ်ပြုပြင်သော သတ္တဝါ ဖြစ်လာပြီဟု အမြဲတမ်း ယုံကြည်ထားသည်၊ ထို့ကြောင့် ကျွန်မတို့သည် သခင် တစ်ခါက မိန့်ဆိုဖူးသည် အတိုင်း ‘ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့’ (မာကု ၁၆:၁၆)။ ကျွန်မတို့သည် ကောင်းကင် နိုင်ငံတော်သို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မှီ လေသည်။ သို့သော် အချို့သော ညီအစ်ကို ညီအစ်မများဆိုသည်မှာ၊ ငါတို့က ဗတ္တိဇံခံပြီး ဖြစ်ပြီး ခရစ်တော်ရဲ့ ကယ်တင်ခြင်းကို လက်ခံပြီးဖြစ်သော်လည်း ငါတို့သည် အပြစ်၌ ရှင်သန်လျက်ရှိပြီး အပြစ်၏ ချည်နှောင်မှုကို မဖယ်ရှားနိုင်ဘူး၊ အဲဒါကြောင့် ငါတို့သည် ကောင်းကင် နိုင်ငံတော်သို့ ဝင်ရောက်ရန် နောက်ဆုံးသော ကာလ၌ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် စင်ကြယ်စေခြင်းတို့ကို လက်ခံရမည်ဖြစ်ပါတယ်။ ကျွန်မသည် ဤအရာနှင့် ပတ်သက်၍ အလွန် စိတ်ရှုပ်မိပါသည်။ လူတို့သည် ဗတ္တိဇံခံခြင်းဖြင့် ကယ်တင်ခြင်းခံရ၍ ကောင်းကင်နိုင်ငံ့တော်သို့ ဝင်ရောက်နိုင်မည်လား။” |
Click & Join us(မာကု ၁၆:၁၆)။"ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့" တံဆိပ်များ
All
|