"သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။" (ယောဟန် ၁၆:၁၂-၁၃)
ယုံကြည်ခြင်း မှတစ်ဆင့် ကယ်တင်ခြင်း သက်သက်သည် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် လက်မှတ်တစ်ခုလေလား ဆဗဲရို၊ အီတလီနိုင်ငံ ခရစ်ယာန်အချို့က သခင်ယေရှု၏ ကားတိုင်နှင့်ဆိုင်သော ကယ်တင်ခြင်းကို သူတို့ လက်ခံသရွေ့၊ နှုတ်ဖြင့် သခင်ကို အသိအမှတ်ပြုပြီး နှလုံးသားထဲတွင် သူ့ကို ယုံကြည်သရွေ့၊ သူတို့ ကယ်တင်ခံရပြီး ကောင်းကင်နိုင်ငံထဲသို့ ဝင်နိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။ ဤယုံကြည်ခြင်းအတွက် သမ္မာကျမ်းအခြေပြုချက်လည်း ရှိပါသည်၊ ယင်းမှာ- “သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့် ဝန်ခံရ၏။” (ရောမ ၁ဝ:၉-၁၀) ထို့ကြောင့်၊ သူတို့က ယုံကြည်ခြင်းဖြင့် ကယ်တင်ခံရသောသူတို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်သည်ဟု ပို၍ပင် ခိုင်မာစွာ ယုံကြည်ကြသည်။ သို့သော်၊ မရှင်းမလင်းဖြစ်ကျန်ရစ်သည့် ယုံကြည်သူအချို့ ရှိပြီး၊ ကျွန်တော်တို့က စိတ်ဆတ်လာနိုင်ပြီး နေ့တိုင်း လူများကို စိတ်ဆိုးနိုင်ကြသည်မှာ ကျွန်တော်တို့ မိသားစုဝင်များကို စိတ်ရှည်ခြင်း နှင့် သည်းခံခြင်းတို့ကို မပြနိုင်လောက်အောင် ဖြစ်ကြသည်၊ ပြီးလျှင် ကျွန်တော်တို့၏ နေ့စဉ်အသက်တာများတွင် အခြားသူများကို လှည့်ဖြားဖို့ မုသားများကို ပြောနိုင်ကြသည်ကို ကြည့်ခြင်းအားဖြင့်၊ ဤသို့ အပြစ်ထဲတွင် အသက်ရှင်ကြသော လူများသည် ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်နိုင်ပါသလား။ ယနေ့ ဤအကြောင်းအရာကို မိတ်သဟာယ ပြုကြပါစို့။
0 Comments
ရှောင်ချန်၊ တရုတ်နိုင်ငံ ညိုမည်းသော နေ့တစ်နေ့ဖြစ်ပြီး နေတစ်ပြောက်မျှ မတွေ့မြင်ရပါ။ ကျွန်ုပ်သည် ထိုင်ခုံပေါ်တွင်ထိုင်၍ ကျမ်းစာဖတ်လျှက်ရှိသည်။ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည် ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သောသူတည်း ဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌အပ်ပေးတော်မူမည်။ ထိုမျှမက၊ ပေါ်ထွန်းတော်မူခြင်းကို တောင့် တသောသူအပေါင်းတို့၌လည်း အပ်ပေးတော်မူမည်။” (တိမောသေသြဝါဒစာ ဒုတိယစောင် ၄:၇-၈) ဤနှုတ်ကပတ်တော်တို့ကိုဖတ်မိသည့်အခါတွင် ကျွန်ုပ်သည် သခင်နောက်တော်သို့လိုက်ခဲ့သည့် နှစ်နှစ်ဆယ်ကာလကို ပြန်ပြီး အမှတ်ရမိသည်။ ကျွန်ုပ်သည် သခင့်အတွက် အသုံးတော်ခံလျှက် ပေါလုကို အတုယူသည်။ မိုးရွာသည်ဖြစ်စေ၊ နေပူသည်ဖြစ်စေ၊ သို့မဟုတ် အလွန်အမင်းအေးသည့်နေ့ဖြစ်ပါစေ ကျွန်ုပ်သည် သခင်၏ သိုးစုကို ဇွဲရှိရှိဖြင့် ကာကွယ်သည်။ ကျွန်ုပ်သည် ဤသို့ ဆက်လက်ပြီး ကြိုးပမ်းသွားပြီး သခင်၏ အမည်နာမနှင့် သခင့်နည်းလမ်းကို စွဲကိုင်ထားလျှင် သခင်ပြန်လာသည့်အခါတွင် ကျွန်ုပ်သည် သေချာပေါက် ဆုချီးမြှင့်ခံရမည်ဖြစ်ပြီး ကောင်းကင်နိုင်ငံတော်သို့ ဝင်ရမည်ဖြစ်သည်ဟု အစဉ် ယုံကြည်ခဲ့သည်။ သို့ရာတွင် အရင်တစ်ခေါက်က အစည်းအဝေးတွင် ဤအမြင်ကို ညီအစ်ကိုမောင်နှမတို့အပေါ် တိုက်တွန်းသည့်အခါ အစ်ကိုဝူက မေးခွန်းတစ်ခုမေးသည်။ “သခင်ယေရှုက ပြောခဲ့တယ်။ ‘သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။’ (ရှင်မဿဲခရစ်ဝင်ကျမ်း ၇:၂၁) ကောင်းကင်ဘုံကအဖရဲ့အလိုတော်ကို ဆောင်တဲ့သူသာလျှင် ကောင်းကင်နိုင်ငံတော်ကို ဝင်ရမယ်ဆိုတာ သခင့်ရဲ့နှုတ်ကပတ်တော်တွေကနေ ကျွန်တော်တို့ တွေ့မြင်နိုင်ပါတယ်။ သခင်က ကျွန်တော်တို့ကို ရိုးသားပြီး နှိမ့်ချစေချင်တယ်။ တစ်ယောက်နဲ့တစ်ယောက်ချစ်ကြဖို့ အလိုရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ဘုရားသခင်ရှေ့မှောက်မှာ လိမ်လည်မှုတွေ၊ လည့်စားမှုတွေပြုလုပ်နေဆဲဖြစ်ပြီး ကျွန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမတို့၊ ကျွန်တော်တို့ဟာ ကိုယ့်ထက်ပိုပြီး ကောင်းစွာဟောကြားသူတွေကို မနာလိုဖြစ်ကြတယ်။ ကျွန်တော်တို့ရဲ့ ပြုမူဆောင်ရွက်မှုတွေဟာ သခင့်အလိုတော်နဲ့ဆန့်ကျင်နေတယ်လို့ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေက ထောက်ပြတဲ့အခါမှာ ကျွန်တော်တို့ဟာ မာနကြီးပြီး လက်မခံတာတွေ ဖြစ်နေကြဆဲပဲ။ ပြီးတော့ တစ်ခါတလေမှာ ကျွန်တော်တို့စိတ်နှလုံးမှာ မုန်းတီးမှုတွေတောင် ရှိကြတယ်။ ကျွန်တော်တို့ဟာ သခင့်ရှေ့တော်မှောက်မှာ နောင်တရပြီး ဝန်ချပြီးနောက်မှာတောင်မှ ကိုယ်တိုင်သတိမမူမိဘဲ အပြစ်တွေလုပ်ရင်းနဲ့ သခင့်နှုတ်ကပတ်တော်ကို အမြဲတမ်းပဲ လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိကြဘူး။ ကျွန်တော်တို့က ကောင်းကင်ဘုံက ကျွန်တော်တို့အဖရဲ့အလိုတော်ကို လုပ်ဆောင်ခြင်း မရှိကြသေးဘူးလို့ ထင်ပါတယ်။ ဒါကြောင့် သခင်ပြန်ကြွလာတဲ့အခါမှာ ကျွန်တော်တို့လို လူတွေဟာ ကောင်းကင်နိုင်ငံတော်ကို ဝင်နိုင်ပါ့မလား။” သူပြောသကဲ့သို့ ကျွန်ုပ်တို့သည် မကြာခဏပင် အပြစ်တရားတွင် ချည်နှောင်ခံရဆဲ ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ရောမသြဝါဒစာတွင် ပြောထားသည်။ “ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ နှုတ်ဖြင့် ဝန်ခံရ၏။” (ရောမသြဝါဒစာ ၁၀:၁၀-၁၁) သခင်ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်တွင် သေဆုံးခဲ့သည့်အခါ ရွေးနှုတ်ခြင်းအမှုကို ပြီးဆုံးစေခဲ့ပြီး ကျွန်ုပ်တို့၏ အပြစ်တို့ကို ခွင့်လွှတ်ခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား အပြစ်သားများအဖြစ် မမြင်တော့ပေ။ ထို့အပြင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အရာရာကို စွန့်လွှတ်ပြီး သခင့်အတွက် ကြိုးစားလုပ်ကိုင်သရွေ့ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်ခြင်းခံရမည်။ ဤသည်မှာ သခင်၏ ကတိတော်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဤအကြောင်းအရာနှင့်ပတ်သက်၍ တစ်မျိုးမမြင်သင့်သလို ကျွန်ုပ်တို့အားထုတ်သည့် ပုံစံကိုလည်း သံသယမဖြစ်သင့်ပါဟု အစ်ကိုဝူအား ပြောပြခဲ့သည်။ သို့ရာတွင် ကျွန်ုပ်တို့၏ အရင်တစ်ခေါက် အစည်းအဝေးတွင် အချိန်မရှိတော့သောကြောင့် ဤပြဿနာအား အသေအချာ မဆွေးနွေးခဲ့ရပေ။ ယခုအစည်းအဝေးတွင် ဤပြဿနာကို ကျွန်ုပ် ရှင်းလင်းအောင် ပြုလုပ်ရမည်။ ရှိလီ ဂျပန်နိုင်ငံ
ဘုရားသခင်နှင့် တွေ့ဆုံရန် လေထဲသို့ ချီဆောင်ခံရခြင်းကို စိတ်ကူးယဉ်မှုများ ၂၀၁၄ ခုနှစ်တွင် အစ်မတစ်ယောက်က ကျွန်မကို သခင်ယေရှု၏ ဧဝံဂေလိတရားတော်ကို ဟောကြားခဲ့သည်။ ဘုရားသခင်ကို စတင်ယုံကြည်ပြီးနောက်တွင်၊ ကျွန်မက အစည်းအဝေးများကို စိတ်အားထက်သန်စွာ သွားခဲ့ပြီး၊ အစည်းအဝေးတစ်ခုတွင် ကျွန်မ၏ သင်းအုပ်ဆရာက “ သခင်ယေရှုက ‘သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့ပြင်ဆင်စရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။’ (ရှင်ယောဟန် ၁၄:၂-၃) လို့ မိန့်တော်မူပြီး ရှင်ပေါလုကလည်း ‘ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်။’ (၁ သက်သာ ၄:၁၇) လို့ပြောခဲ့တယ်။ သခင်သည် ကျွန်တော်တို့အတွက် နေရာတစ်ခုကို ပြင်ဆင်တော်မူခဲ့ပြီ၊ ပြီးတော့ သခင်ပြန်ကြွလာတဲ့ အချိန်မှာ၊ ကျွန်တော်တို့က သခင်နဲ့ တွေ့ဆုံဖို့ လေထဲကို တိုက်ရိုက်ချီဆောင်ခံရမယ်၊ အဲဒီနောက်မှာ ကျွန်တော်တို့က သခင်နဲ့ ထာဝရရှိမယ်။ ကောင်းကင်နိုင်ငံတော်ရဲ့ နံရံတွေက နဂါးသွဲ့ကျောက် တွေနဲ့ လုပ်ထားပြီး၊ လမ်းတွေက ရွှေတွေနဲ့ ဆောက်ထားတယ်၊ ပြီးတော့ အားလုံးက ကျွန်တော်တို့ လိုချင်မဲ့ ကျောက်မျက်ရတနာတွေ၊ မဟူရာ နဲ့ ကျောက်စိမ်း တွေချည်းပဲ။ အဲဒီမှာ နာကျင်မှု ဒါမှမဟုတ် ညှင်းပန်းနှိပ်စက်မှု၊ မျက်ရည် ဒါမှမဟုတ် စိတ်မချမ်းမြေ့စရာ ဆိုတာ တစ်ခုမှ မရှိဘူး၊ ပြီးတော့ နှစ်သက်ခံစားဖို့ အဆုံးမရှိတဲ့ ကောင်းကြီးမင်္ဂလာတွေပဲရှိတယ်…” ဟု ပြောခဲ့ပါသည်။ကျွန်မ သင်းအုပ်ဆရာ၏ ဒေသနာတွင် စိတ်အားထက်သန်မှုကို ကြားရသည့် အချိန်တွင်၊ ကျွန်မလည်း တစ်နေ့တွင် ကောင်းကင်ဘုံသို့ ဘုရားသခင်၏ ချီဆောင်ခံရပါက နှစ်သက်ပျော်ရွှင်ဖွယ်ကောင်း မည်ဟု ကျွန်မတွေးခဲ့ မိသည်။ |
Click & Join us(မာကု ၁၆:၁၆)။"ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့" တံဆိပ်များ
All
|