"သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။" (ယောဟန် ၁၆:၁၂-၁၃)
ကျန်းယွီ၊ တရုတ်နိုင်ငံ ကျွန်မတို့၏ အပြစ်များ ခွင့်လွှတ်ခံရလျှင် ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်မတို့ဝင်ရောက်နိုင်ပါသလား
အပြစ်ဆိုသည်မှာ ခရစ်ယာန်တစ်ဦးအနေဖြင့် ကျွန်မ အကျွမ်းတဝင်အရှိဆုံးသော အရာတစ်ခုဖြစ်သည်။ ထိုအရာက ကျွန်မ အနီးအနားတွင် နေ့တိုင်း ရစ်ဝဲနေသည်။ အမြဲနီးကပ်နေပြီး ကျွန်မ မဖယ်ရှားပစ်နိုင်ပါ။ အပြစ်ပြုခြင်း၊ ဝန်ချခြင်းတို့၏အတောမသတ်နိုင်သော သံသရာက ကျွန်မကို အမြဲ ဒုက္ခပေးသည်။ အဘယ်ကြောင့်ဆိုသော် အကယ်၍ သခင်ယေရှု ပြန်ကြွလာခဲ့လျှင် ဒီလိုမျိုးဖြင့် ကျွန်မ ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်နိုင်မည်လား။ ကျွန်မသည် အလွန်အမင်း စိတ်ဆင်းရဲလျှက်ဖြင့် ရှင်ပေါလု၏ စကားများကို ကျွန်မ တွေးမိခဲ့သည်။ “ဘုရားသခင်ရွေးကောက်တော်မူသော သူတို့ကို အဘယ်သူသည် အပြစ်တင်မည်နည်း။ ဖြောင့်မတ်ရာ၌ တည်စေသောသူကား ဘုရားသခင်ပေတည်း။ အပြစ်စီရင်သောသူကား အဘယ်သူနည်း။” (ရောမသြဝါဒစာ ၈း၃၃-၃၄) “ယေရှုခရစ်၌တည်သောသူတို့သည် အပြစ်စီရင်ခြင်း နှင့် လွတ်ကြ၏။” (ရောမသြဝါဒစာ ၈:၁) ဟုတ်ပါသည်။ ကျွန်မသည် သခင့်၏ အရွေးကောက်ခံများထဲမှ တစ်ဦးဖြစ်သည်။ သခင်သည် ကျွန်မ၏ အပြစ်များအားလုံးကို ခွင့်လွှတ်ပြီးဖြစ်ကာ ယင်းတို့က အတိတ်၊ ပစ္စုပ္ပန် သို့မဟုတ် အနာဂတ် အပြစ်များဖြစ်ပါစေ အားလုံးကို သူ ခွင့်လွှတ်ပါသည်။ ကျွန်မကို အပြစ်သားတစ်ဦးအဖြစ် သူ မမြင်တော့ပါ၊ ပြီးလျှင် သခင် ကြွလာသောအခါ ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်မ ဝင်ရောက်နိုင်ပါလိမ့်မည်။
0 Comments
Myanmar Gospel Movie (ကောင်းကင်ဘုံ၏နိုင်ငံတော်သို့ ခေါ်ဆောင်သွားခံရခြင်း၏ နက်နဲသောအရာကို ဖော်ပြခြင်း) ညီအစ်ကိုမောင်နှမတို့။ဒီနေ့ကျွန်တော်တို့အယောက်စီတိုင်းနဲ့ဆိုင်တဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့ကောင်းကင်နိုင်ငံတော်ထဲချီဆောင်ခံရခြင်းအဖြစ်ကိုလေ့လာဆန်းစစ်သွားမှာ ဖြစ်ပါတယ်။သခင်ယေရှုက သူ့နောက်လိုက်သူတွေကို ကတိပေးခဲ့ပါတယ်""သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ငါသည်သွား၍ သင်တို့ပြင်ဆင်စရာအရပ်ကိုပြင်ဆင်ပြီးမှတဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါသင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။""(ရှင်ယောဟန်၁၄:၂-၃)ဒီအရာကြောင့်၊ယုံကြည်သူ မျိုးဆက်တွေကသခင်ကြွလာတဲ့အခါ သခင့်ကို ဆုံတွေ့ဖို့နဲ့ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ သူတို့ ချီဆောင်ခံရအောင်ဆက်လက် မျှော်လင့်ပြီး ဆုတောင်းခဲ့ကြပါတယ်။ဒါဆိုရင် စစ်မှန်တဲ့ချီဆောင်ခံရခြင်းရဲ့ အမှန်စင်စစ်ကဘာလဲ။ကောင်းကင်နိုင်ငံတော်ထဲ ချီဆောင်ခံရခြင်းအဖြစ်ရဲ့ နက်နဲမှုကိုဒီအစီအစဉ်က မိတ်ဆွေကို ထုတ်ဖော်ပြပါလိမ့်မယ်။ကျေးဇူးပြုပြီး ကြည့်ရှုခံစားလိုက်ပါ။ ရှောင်ကျင်း ပူလောင်သည့် နေ့လယ်အချိန်တစ်ခုတွင် ပုစဉ်းရင်ကွဲများသည် သစ်ပင်များကြားတွင် မရပ်မနား စူးရှစွာအော်မြည်နေလျှက်ရှိသည်။ အပူဒဏ်သင့်မှုကြောင့် လမ်းဘေးရှိသစ်ပင်များနှင့် ပန်းပွင့်များ၏အပေါ်ပိုင်းများသည် နွမ်းနယ်လျှက် အောက်သို့ ညှိုးကျလျှက်ရှိသည်။ ယုံကြည်ခြင်း မှတစ်ဆင့် ကယ်တင်ခြင်း သက်သက်သည် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် လက်မှတ်တစ်ခုလေလား ဆဗဲရို၊ အီတလီနိုင်ငံ ခရစ်ယာန်အချို့က သခင်ယေရှု၏ ကားတိုင်နှင့်ဆိုင်သော ကယ်တင်ခြင်းကို သူတို့ လက်ခံသရွေ့၊ နှုတ်ဖြင့် သခင်ကို အသိအမှတ်ပြုပြီး နှလုံးသားထဲတွင် သူ့ကို ယုံကြည်သရွေ့၊ သူတို့ ကယ်တင်ခံရပြီး ကောင်းကင်နိုင်ငံထဲသို့ ဝင်နိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။ ဤယုံကြည်ခြင်းအတွက် သမ္မာကျမ်းအခြေပြုချက်လည်း ရှိပါသည်၊ ယင်းမှာ- “သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့် ဝန်ခံရ၏။” (ရောမ ၁ဝ:၉-၁၀) ထို့ကြောင့်၊ သူတို့က ယုံကြည်ခြင်းဖြင့် ကယ်တင်ခံရသောသူတို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်သည်ဟု ပို၍ပင် ခိုင်မာစွာ ယုံကြည်ကြသည်။ သို့သော်၊ မရှင်းမလင်းဖြစ်ကျန်ရစ်သည့် ယုံကြည်သူအချို့ ရှိပြီး၊ ကျွန်တော်တို့က စိတ်ဆတ်လာနိုင်ပြီး နေ့တိုင်း လူများကို စိတ်ဆိုးနိုင်ကြသည်မှာ ကျွန်တော်တို့ မိသားစုဝင်များကို စိတ်ရှည်ခြင်း နှင့် သည်းခံခြင်းတို့ကို မပြနိုင်လောက်အောင် ဖြစ်ကြသည်၊ ပြီးလျှင် ကျွန်တော်တို့၏ နေ့စဉ်အသက်တာများတွင် အခြားသူများကို လှည့်ဖြားဖို့ မုသားများကို ပြောနိုင်ကြသည်ကို ကြည့်ခြင်းအားဖြင့်၊ ဤသို့ အပြစ်ထဲတွင် အသက်ရှင်ကြသော လူများသည် ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်နိုင်ပါသလား။ ယနေ့ ဤအကြောင်းအရာကို မိတ်သဟာယ ပြုကြပါစို့။ ခရစ်ယာန်များအတွက် မရှိမဖြစ် စာဖတ်ခြင်း- သခင့်ဆုတောင်းပဌနာတော်၌ ဖုံးကွယ်ထားသည့် ဘုရားသခင်၏ နိုင်ငံတော်ဆိုင်ရာ နက်နဲမှု Jinyi အမေရိကန်နိုင်ငံ
ခရစ်ယာန်အများစုတို့က ကောင်းကင်နိုင်ငံတော်သည် မိုးကောင်းကင်တွင်သာ ရှိသည်ဟု ယုံကြည်ကြ သော်လည်း သခင့်ဆုတောင်းပဌာတော်တွင် “ နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။” (ရှင်မဿဲခရစ်ဝင် ၆:၁၀) ဟု ဆိုထားပါသည်။ ပြီးနောက် ဗျာဒိတ်ကျမ်းတွင်လည်း “ လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။” (ဗျာဒိတ်ကျမ်း ၁၁:၁၅) ဟု ဆိုထားပါသည်။ ထို့ကြောင့် ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်ပေါ်တွင် ရှိပါသလား၊ မြေကြီးပေါ်တွင် ရှိပါသလား။ ယခုဆောင်းပါးတွင် သင့်အတွက်အဖြေကို ကျွန်တော် ဖော်ထုတ်ထားပါသည်။ ချစ်ရသော အမ ဝေါင်
ခရစ်တော်၌ ငြိမ်သက်ခြင်းရှိပါစေ။ အမ၏စာကို လက်ခံရရှိတဲ့အတွက် ကျွန်မ အရမ်း ဝမ်းသာပါသည်။ အမ၏စာထဲတွင် “ကျွန်မအနေနှင့်ခရစ်တော်၌ ကျွန်မတို့ ယုံကြည်သူတွေဟာ ဗတ္တိဇံ ခံပြီး ဖြစ်သောကြောင့် ကျွန်မတို့သည် ဒုတိယအကြိမ်မွေးဖွားပြီး ကယ်တင်ခြင်းခံရကာ အလုံးစုံအသစ်ပြုပြင်သော သတ္တဝါ ဖြစ်လာပြီဟု အမြဲတမ်း ယုံကြည်ထားသည်၊ ထို့ကြောင့် ကျွန်မတို့သည် သခင် တစ်ခါက မိန့်ဆိုဖူးသည် အတိုင်း ‘ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့’ (မာကု ၁၆:၁၆)။ ကျွန်မတို့သည် ကောင်းကင် နိုင်ငံတော်သို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မှီ လေသည်။ သို့သော် အချို့သော ညီအစ်ကို ညီအစ်မများဆိုသည်မှာ၊ ငါတို့က ဗတ္တိဇံခံပြီး ဖြစ်ပြီး ခရစ်တော်ရဲ့ ကယ်တင်ခြင်းကို လက်ခံပြီးဖြစ်သော်လည်း ငါတို့သည် အပြစ်၌ ရှင်သန်လျက်ရှိပြီး အပြစ်၏ ချည်နှောင်မှုကို မဖယ်ရှားနိုင်ဘူး၊ အဲဒါကြောင့် ငါတို့သည် ကောင်းကင် နိုင်ငံတော်သို့ ဝင်ရောက်ရန် နောက်ဆုံးသော ကာလ၌ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် စင်ကြယ်စေခြင်းတို့ကို လက်ခံရမည်ဖြစ်ပါတယ်။ ကျွန်မသည် ဤအရာနှင့် ပတ်သက်၍ အလွန် စိတ်ရှုပ်မိပါသည်။ လူတို့သည် ဗတ္တိဇံခံခြင်းဖြင့် ကယ်တင်ခြင်းခံရ၍ ကောင်းကင်နိုင်ငံ့တော်သို့ ဝင်ရောက်နိုင်မည်လား။” |
Click & Join us(မာကု ၁၆:၁၆)။"ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့" တံဆိပ်များ
All
|