"သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။" (ယောဟန် ၁၆:၁၂-၁၃)
Myanmar Gospel Movie (ကောင်းကင်ဘုံ၏နိုင်ငံတော်သို့ ခေါ်ဆောင်သွားခံရခြင်း၏ နက်နဲသောအရာကို ဖော်ပြခြင်း) ညီအစ်ကိုမောင်နှမတို့။ဒီနေ့ကျွန်တော်တို့အယောက်စီတိုင်းနဲ့ဆိုင်တဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့ကောင်းကင်နိုင်ငံတော်ထဲချီဆောင်ခံရခြင်းအဖြစ်ကိုလေ့လာဆန်းစစ်သွားမှာ ဖြစ်ပါတယ်။သခင်ယေရှုက သူ့နောက်လိုက်သူတွေကို ကတိပေးခဲ့ပါတယ်""သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ငါသည်သွား၍ သင်တို့ပြင်ဆင်စရာအရပ်ကိုပြင်ဆင်ပြီးမှတဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါသင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။""(ရှင်ယောဟန်၁၄:၂-၃)ဒီအရာကြောင့်၊ယုံကြည်သူ မျိုးဆက်တွေကသခင်ကြွလာတဲ့အခါ သခင့်ကို ဆုံတွေ့ဖို့နဲ့ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ သူတို့ ချီဆောင်ခံရအောင်ဆက်လက် မျှော်လင့်ပြီး ဆုတောင်းခဲ့ကြပါတယ်။ဒါဆိုရင် စစ်မှန်တဲ့ချီဆောင်ခံရခြင်းရဲ့ အမှန်စင်စစ်ကဘာလဲ။ကောင်းကင်နိုင်ငံတော်ထဲ ချီဆောင်ခံရခြင်းအဖြစ်ရဲ့ နက်နဲမှုကိုဒီအစီအစဉ်က မိတ်ဆွေကို ထုတ်ဖော်ပြပါလိမ့်မယ်။ကျေးဇူးပြုပြီး ကြည့်ရှုခံစားလိုက်ပါ။
0 Comments
Leave a Reply. |
Click & Join us(မာကု ၁၆:၁၆)။"ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့" တံဆိပ်များ
All
|