"သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။" (ယောဟန် ၁၆:၁၂-၁၃)
ကြည့်ပြီးနောက် ခံစားချက်
ဘုရားကျောင်းမှာ ညီအစ်ကိုမောင်နှမတွေကပြောကြတယ်။ ကိုယ်တော်တစ်ဖန်ကြွလာရင် အမျိုးအမည်မတူသော တောမျိုးစေ့နှင့် ကောင်းသောစပါးကို ခွဲခြားအုံးမယ်။ ဘယ်လိုအမျိုးတူတွေကိုခွဲခြားမှာလဲ။ ဒီဗီဒီယိုမှာ အဲဒီအပိုင်းနဲ့ပတ်သက်တဲ့လျို့ဝှက်နက်နဲမှုတွေကို ဖော်ထုတ်ပေးတယ်။ အလွန်လက်တွေ့ကျပါတယ်။ ကိုယ်တော်ကိုကျေးဇူးတင်တယ်။
【Live】Myanmar Gospel Movie | ဘေးဥပဒ် မကျရောက်မီ သခင်နှင့်အတူ ပွဲတော်တတ်ရောက်ခြင်းနှင့် ဝမ်းမြောက်ပီတိဖြစ်ခြင်း။
ညီအစ်မောင်နှမများ၊ မင်္ဂလာပါ။ ယခုတွင် ကမ္ဘာနေရာအနှံ၌ ကပ်ဘေးအမျိုးမျိုးပိုမိုကြီးမားလာပြီ။ မြန်မာနိုင်ငံတွင်လည်း တစ်ဖြည်းဖြည်းကပ်ဘေးများနှင့်ကြုံလာရပြီ။ ဥပမာ ကူးဆက်ရောဂါများ၊ ရေဘေး၊ စစ်ပွဲများနှင့်ရင်ဆိုင်နေရသည်။ ဤအရာများသည် ကျွန်ုပ်တို့လူသားများ၏အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိသည်။ ဤအခြေအနေအရပ်ရပ်ကိုကြည့်ခြင်းဖြင့် နောက်ဆုံးကာလကိုယ်တော်တစ်ဖန်ကြွလာမည့်ပရောဖက်ချက်များ အတည်ဖြစ်လာပြီ။ ကိုယ်တော်ကိုစောင့်မျှော်ကြိုဆိုနေသောလူများသည် ကိုယ်တော်တစ်ဖန်ကြွလာပြီကို ကြိုတင်ခံစားမိကြပြီ။ သို့သော်ကျွန်ုပ်တို့သည် ကိုယ်တော်ကို မည်သို့ပြုမှကြိုဆိုနိုင်ပြီး ကိုယ်တော်နှင့်အတူ စားတော်ပွဲသို့ဝင်ရောက်လျက် ကပ်ဘေးဒုက္ခများမှ လွတ်မြောက်နိုင်မည်နည်း။ "ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။" (ဗျာဒိတ်ကျမ်း။ ၃:၂၀) ဤနေရာတွင် ကိုယ်တော်တစ်ဖန်ကြွလာပြီး ထင်ရှားပြသရခြင်းမှာ သူ၏အမှုကိုဆောင်ရွက်ရန်နှင့် စကားတော်များမြွက်ကြားရန်ဖြစ်သည်။ ဘုရားသခင်၏အသံကိုကြား၍ ကြိုဆိုမိသောသူသည် ကိုယ်တော်နှင့်အတူ စားတော်ပွဲဝင်ရောက်နိုင်သူဖြစ်မည်။ ဤသို့ဆိုလျှင် ကျွန်ုပ်တို့သည် ဘုရားသခင်၏အသံကိုမည်သို့နားထောင်၍ ကိုယ်တော်တစ်ဖန်ကြွလာခြင်းကို ကြိုဆိုမိမည်နည်း။ ဤအပတ်တိုက်ရိုက်ထုတ်လွင့်မှုအစီအစဉ်တွင် မိတ်ဆွေအတွက် အဖြေမှန်ကိုဖော်ထုတ်ပေးမည်ဖြစ်သည်။
0 Comments
|
Click & Join us(မာကု ၁၆:၁၆)။"ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့" တံဆိပ်များ
All
|