"သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။" (ယောဟန် ၁၆:၁၂-၁၃)
【Live】ခရစ်ယာန် ရုပ်ရှင်များ (ကောင်းကင်ဘုံ၏နိုင်ငံတော်သို့ ခေါ်ဆောင်သွားခံရခြင်း၏ နက်နဲသောအရာကို ဖော်ပြခြင်း)
ညီအစ်ကိုမောင်နှမတို့။ဒီနေ့ကျွန်တော်တို့အယောက်စီတိုင်းနဲ့ဆိုင်တဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့ကောင်းကင်နိုင်ငံတော်ထဲချီဆောင်ခံရခြင်းအဖြစ်ကိုလေ့လာဆန်းစစ်သွားမှာ ဖြစ်ပါတယ်။သခင်ယေရှုက သူ့နောက်လိုက်သူတွေကို ကတိပေးခဲ့ပါတယ်"သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ငါသည်သွား၍ သင်တို့ပြင်ဆင်စရာအရပ်ကိုပြင်ဆင်ပြီးမှတဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါသင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။"(ရှင်ယောဟန်၁၄:၂-၃)ဒီအရာကြောင့်၊ယုံကြည်သူ မျိုးဆက်တွေကသခင်ကြွလာတဲ့အခါ သခင့်ကို ဆုံတွေ့ဖို့နဲ့ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ သူတို့ ချီဆောင်ခံရအောင်ဆက်လက် မျှော်လင့်ပြီး ဆုတောင်းခဲ့ကြပါတယ်။ဒါဆိုရင် စစ်မှန်တဲ့ချီဆောင်ခံရခြင်းရဲ့ အမှန်စင်စစ်ကဘာလဲ။ကောင်းကင်နိုင်ငံတော်ထဲ ချီဆောင်ခံရခြင်းအဖြစ်ရဲ့ နက်နဲမှုကိုဒီအစီအစဉ်က မိတ်ဆွေကို ထုတ်ဖော်ပြပါလိမ့်မယ်။ကျေးဇူးပြုပြီး ကြည့်ရှုခံစားလိုက်ပါ။
0 Comments
ကျွန်တော်တို့ အပြစ်များမှ လွှတ်ခံရခြင်းသည် ကျွန်တော်တို့ ကောင်းကင်နိုင်ငံတော်သို့ ပင့်မခြင်းခံရမည်ဟု ဆိုလိုခြင်းဖြစ်ပါသလား ချာအို နင်း တရုတ်ပြည်
သခင့်ကို ယုံကြည်ကြသည့် ကျွန်တော်တို့၏ အကြီးမားဆုံးသော တောင့်တမှုကြီးမှာ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် ဖြစ်သောကြောင့် ထိုနေရာတွင် မည်မျှ လှပမည်ကို ကျွန်တော်တို့ မကြာခဏ စိတ်ကူးလေ့ရှိပါသည်။ သမ္မာကျမ်းစာတွင် “ ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူး ကို ငါတို့သည် ခံရကြ၏။” (ကောလောသဲဩဝါဒစာ ၁:၁၄) ဟုဆိုထားသောကြောင့် ကျွန်တော်တို့ ကောင်းကင်ဘုံသို့ ဝင်ရောက်ခြင်းအကြောင်း နှင့် ပတ်သက်ပြီးလည်း ယုံကြည်မှုရှိကြပါသည်။ ထို့ကြောင့် ကျွန်တော်တို့သည် သခင့်ကို ယုံကြည်ပြီးနောက်တွင် ကျွန်တော်တို့၏ အပြစ်များသည် လွှတ်ပြီးဖြစ် ကြောင်းနှင့် ကျွန်တော်တို့သည် လုံးဝ အပြစ်မရှိတော့ကြောင်းတို့ကို ယုံကြည်ပါသည်။ သခင်ပြန်ကြွလာသည့်အချိန်တွင် ကျွန်တော်တို့သည် ကောင်းကင်နိုင်ငံတော်သို့ ချက်ခြင်း ပင့်မခြင်း ခံရမည်ဟုလည်း ယုံကြည်ပါသည်။ ထိုအရာများကို တွေးရင်းဖြင့် ကျွန်တော်တို့ကို အလွန်ပင်စိတ်လှုပ်ရှားစေကာ၊ သခင်က ကျွန်တော်တို့ထံသို့ မြန်မြန်ကြွလာတော်မူဖို့အတွက် တောင့်တ မိပါသည်။ ဤသည်မှာ ယခင်က ကျွန်တော်တောင့်တခဲ့သည့် အရာလည်း ဖြစ်ပါသည်။ သို့သော်လည်း ဤအရေးကိစ္စကို ကျွန်တော့် ညီအစ်ကိုမောင်နှမများဖြင့် ဆွေးနွေးခြင်း နှင့် မိတ်သဟာယပြုခြင်းတို့အပြီးတွင်၊ ကျွန်တော်သည် အသစ်သောရှာဖွေတွေ့မှုတစ်ခုကို ရရှိလာကာ၊ ကျွန်တော် ရရှိခဲ့သည့် အရာများကို သင်တို့အားလုံးနှင့် ဤနေရာတွင် မိတ်သဟာယပြု လိုပါသည် … ချစ်ရသော အမ ဝေါင်
ခရစ်တော်၌ ငြိမ်သက်ခြင်းရှိပါစေ။ အမ၏စာကို လက်ခံရရှိတဲ့အတွက် ကျွန်မ အရမ်း ဝမ်းသာပါသည်။ အမ၏စာထဲတွင် “ကျွန်မအနေနှင့်ခရစ်တော်၌ ကျွန်မတို့ ယုံကြည်သူတွေဟာ ဗတ္တိဇံ ခံပြီး ဖြစ်သောကြောင့် ကျွန်မတို့သည် ဒုတိယအကြိမ်မွေးဖွားပြီး ကယ်တင်ခြင်းခံရကာ အလုံးစုံအသစ်ပြုပြင်သော သတ္တဝါ ဖြစ်လာပြီဟု အမြဲတမ်း ယုံကြည်ထားသည်၊ ထို့ကြောင့် ကျွန်မတို့သည် သခင် တစ်ခါက မိန့်ဆိုဖူးသည် အတိုင်း ‘ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့’ (မာကု ၁၆:၁၆)။ ကျွန်မတို့သည် ကောင်းကင် နိုင်ငံတော်သို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မှီ လေသည်။ သို့သော် အချို့သော ညီအစ်ကို ညီအစ်မများဆိုသည်မှာ၊ ငါတို့က ဗတ္တိဇံခံပြီး ဖြစ်ပြီး ခရစ်တော်ရဲ့ ကယ်တင်ခြင်းကို လက်ခံပြီးဖြစ်သော်လည်း ငါတို့သည် အပြစ်၌ ရှင်သန်လျက်ရှိပြီး အပြစ်၏ ချည်နှောင်မှုကို မဖယ်ရှားနိုင်ဘူး၊ အဲဒါကြောင့် ငါတို့သည် ကောင်းကင် နိုင်ငံတော်သို့ ဝင်ရောက်ရန် နောက်ဆုံးသော ကာလ၌ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် စင်ကြယ်စေခြင်းတို့ကို လက်ခံရမည်ဖြစ်ပါတယ်။ ကျွန်မသည် ဤအရာနှင့် ပတ်သက်၍ အလွန် စိတ်ရှုပ်မိပါသည်။ လူတို့သည် ဗတ္တိဇံခံခြင်းဖြင့် ကယ်တင်ခြင်းခံရ၍ ကောင်းကင်နိုင်ငံ့တော်သို့ ဝင်ရောက်နိုင်မည်လား။” |
Click & Join us(မာကု ၁၆:၁၆)။"ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့" တံဆိပ်များ
All
|