"သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။" (ယောဟန် ၁၆:၁၂-၁၃)
မည်သို့သောသူမျိုးသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်မည်ကို ကျွန်မ နောက်ဆုံးတွင် နားလည်သဘောပေါက်ခဲ့သည် (၂) အာရှီး မလေးရှား
မိတ်သဟာယပြုရန် အတွက် ကျွန်မ အွန်လိုင်းသို့ နောက်တစ်ခေါက်တက်သည့် အချိန်တွင် ကျွန်မ အစ်ကိုကို “ ကျွန်မတို့တွေက အလုပ်ကြိုးစား၊ အမှုတော်ထမ်းဆောင်ပြီး၊ စိတ်အားထက်သန်စွာ အသုံးခံရင်းနဲ့ မမှန်ကန်တဲ့ ရည်ရွယ်ချက် တွေ အများကြီးထားရှိတယ်ဆိုတာရယ်၊ ကျွန်မတို့ မကြာခဏ ဘုရားသခင်ကို အပြစ်ကျူးလွန်ပြီး ခုခံတယ်ဆိုတာရယ်၊ ပြီးတော့ ကျွန်မတို့ ဘုရားသခင်ရဲ့ အလိုတော်ကို မဆောင်ရွက်ဘူး ဆိုတာတွေ အားလုံး မှန်ပါတယ်။ ဖခမည်းတော်အလိုတော်ကို ဆောင်ရွက်တဲ့သူတွေသာလျှင် ကောင်းကင် နိုင်ငံတော်ကို ဝင်ရောက်နိုင်မယ် လို့ သခင်ယေရှုက မိန့်တော်မူတာကြောင့် အဲဒီအကြောင်းပြချက်အားဖြင့် ကျွန်မတို့တွေက ဘုရားသခင်ရဲ့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ မထိုက်တန်သေးဘူး ဖြစ်တယ်။ ဒါပေမဲ့ ဒီမေးခွန်းက ကျွန်မက စိတ်ရှုပ်စေတုန်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ သင်းအုပ်တရာက သခင်ယေရှုက ကျွန်မတို့အပြစ်တွေအားလုံးကို အပြစ်မှလွှတ်ပေးပြီးဖြစ်တယ်လို့ မကြာခဏပြောပြီး၊ ကျွန်မတို့က အပြစ်မဲ့ကြောင်း၊ ကျွန်မတို့ ယုံကြည်လို့ ကျွန်မတို့က ဖြောင့်မတ်သူတွေလို့ အခေါ်ခံရကြောင်း နဲ့ သခင်ကြွလာတဲ့အချိန်မှာ ကျွန်မတို့က ကောင်းကင်ဘုံကို တိုက်ရိုက်ချီဆောင်ခြင်းခံရမှာ ဖြစ်ကြောင်းတွေကို ပြောခဲ့လို့ ဖြစ်တယ်။ သူက ဘာဖြစ်လို့ အဲဒီလိုပြောရတာလဲ။ ဒီအကြောင်း နဲ့ပတ်သက်ပြီး အစ်ကို မိတ်သဟာယပြုတာကို ကျွန်မကြား ချင်တယ်” ဟု မေးခဲ့သည်။
0 Comments
မည်သို့သောသူမျိုးသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်မည်ကို ကျွန်မ နောက်ဆုံးတွင် နားလည်သဘောပေါက်ခဲ့သည် (၁) အာရှီး မလေးရှား
ကျွန်မ အသက် ၁၂ နှစ်တွင်၊ သခင်ယေရှုကို စတင်ယုံကြည်ခဲ့ပြီး ခရစ်ယာန်တစ်ယောက် ဖြစ်လာခဲ့သည်။ ကျွန်မ စတင်ယုံကြည်ပြီးနောက် တနင်္ဂနွေနေ့ ဝတ်ပြုကိုးကွယ်ခြင်း နှင့် သမ္မာကျမ်းစာ လေ့လာခြင်း အုပ်စုများတွင် နိုးကြားစွာနှင့် စွဲစွဲမြဲမြဲဖြင့် တက်ရောက်ခဲ့ပါသည်။ သမ္မာကျမ်းစာလေ့လာခြင်း အစည်းအဝေးများတွင် ကျွန်မတို့က တိမောသေ သြဝါဒစာ ဒုတိယစောင် ၄:၇-၈ “ ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါအဘို့သိုထားလျက်ရှိ၏။” ကို မကြာခဏ ဆွေးနွေးခဲ့ပါသည်။ ခရစ်ယာန်များအနေဖြင့် ကျွန်မတို့အပေါ်တွင် ဖြောင့်မတ်ခြင်းသရဖူကို အပ်နှင်းမည်ဖြစ် သောကြောင့် ကျွန်မတို့က ရှင်ပေါလုကို အတုခိုးပြီး၊ ပြေးလွှားကြိုးစားကာ အမှုတော်များ ထမ်းဆောင်သင့်သည်ဟု တွေးကြပါသည်။ ကျွန်မတို့၏ သင်းအုပ်ဆရာက ကောင်းကင် နိုင်ငံတော်သည် ကြိုးစားအားထုတ်မှုအားဖြင့် ဝင်ရောက်နိုင်ပြီး၊ သခင့်အမှုတော်ကို ဇွဲကောင်းကောင်းဖြင့် ပြုရန် နှင့် ရှာဖွေရန် တို့အတွက် ကျွန်မတို့ ကြိုးစားအားထုတ်သမျှ ကာလပတ်လုံး၊ သခင်ပြန်ကြွလာသည့်အချိန်တွင်၊ ကိုယ်တော် သည် ကျွန်မတို့ အား ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်မည်ဟု ပြောကာ မကြာခဏ အားပေးခဲ့ပါသည်။ ထိုသွန်သင်ချက်သည် ဘုရားသခင်ကို ကျွန်မ၏ ယုံကြည်မှုတွင် အခြေခံအုတ်မြစ် ဖြစ်လာပြီး၊ ကျွန်မအနေဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် လုံလောက်သည့် “ တန်ဖိုး” စုပေါင်းရရှိလာရန်၊ ကိုယ်တော်ကြွ တော်မူသည့်အချိန်တွင် ကျွန်မသည် ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်ခြင်းခံရရန် တို့အတွက် အသင်းတော် အစေခံခြင်း အလုပ်တွင် ပါဝင်ဖို့ မိမိစွမ်းအားရှိသမျှ လုပ်ဆောင်မည့် အကြောင်း မိမိကိုယ်ကို ကျိန်ဆိုခဲ့ပါသည်။ ခရစ်ယာန်များအတွက် မရှိမဖြစ် စာဖတ်ခြင်း- သခင့်ဆုတောင်းပဌနာတော်၌ ဖုံးကွယ်ထားသည့် ဘုရားသခင်၏ နိုင်ငံတော်ဆိုင်ရာ နက်နဲမှု Jinyi အမေရိကန်နိုင်ငံ
ခရစ်ယာန်အများစုတို့က ကောင်းကင်နိုင်ငံတော်သည် မိုးကောင်းကင်တွင်သာ ရှိသည်ဟု ယုံကြည်ကြ သော်လည်း သခင့်ဆုတောင်းပဌာတော်တွင် “ နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။” (ရှင်မဿဲခရစ်ဝင် ၆:၁၀) ဟု ဆိုထားပါသည်။ ပြီးနောက် ဗျာဒိတ်ကျမ်းတွင်လည်း “ လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။” (ဗျာဒိတ်ကျမ်း ၁၁:၁၅) ဟု ဆိုထားပါသည်။ ထို့ကြောင့် ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်ပေါ်တွင် ရှိပါသလား၊ မြေကြီးပေါ်တွင် ရှိပါသလား။ ယခုဆောင်းပါးတွင် သင့်အတွက်အဖြေကို ကျွန်တော် ဖော်ထုတ်ထားပါသည်။ |
Click & Join us(မာကု ၁၆:၁၆)။"ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့" တံဆိပ်များ
All
|