"သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။" (ယောဟန် ၁၆:၁၂-၁၃)
မည်သို့သောသူမျိုးသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်မည်ကို ကျွန်မ နောက်ဆုံးတွင် နားလည်သဘောပေါက်ခဲ့သည် (၂) အာရှီး မလေးရှား မိတ်သဟာယပြုရန် အတွက် ကျွန်မ အွန်လိုင်းသို့ နောက်တစ်ခေါက်တက်သည့် အချိန်တွင် ကျွန်မ အစ်ကိုကို “ ကျွန်မတို့တွေက အလုပ်ကြိုးစား၊ အမှုတော်ထမ်းဆောင်ပြီး၊ စိတ်အားထက်သန်စွာ အသုံးခံရင်းနဲ့ မမှန်ကန်တဲ့ ရည်ရွယ်ချက် တွေ အများကြီးထားရှိတယ်ဆိုတာရယ်၊ ကျွန်မတို့ မကြာခဏ ဘုရားသခင်ကို အပြစ်ကျူးလွန်ပြီး ခုခံတယ်ဆိုတာရယ်၊ ပြီးတော့ ကျွန်မတို့ ဘုရားသခင်ရဲ့ အလိုတော်ကို မဆောင်ရွက်ဘူး ဆိုတာတွေ အားလုံး မှန်ပါတယ်။ ဖခမည်းတော်အလိုတော်ကို ဆောင်ရွက်တဲ့သူတွေသာလျှင် ကောင်းကင် နိုင်ငံတော်ကို ဝင်ရောက်နိုင်မယ် လို့ သခင်ယေရှုက မိန့်တော်မူတာကြောင့် အဲဒီအကြောင်းပြချက်အားဖြင့် ကျွန်မတို့တွေက ဘုရားသခင်ရဲ့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ မထိုက်တန်သေးဘူး ဖြစ်တယ်။ ဒါပေမဲ့ ဒီမေးခွန်းက ကျွန်မက စိတ်ရှုပ်စေတုန်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ သင်းအုပ်တရာက သခင်ယေရှုက ကျွန်မတို့အပြစ်တွေအားလုံးကို အပြစ်မှလွှတ်ပေးပြီးဖြစ်တယ်လို့ မကြာခဏပြောပြီး၊ ကျွန်မတို့က အပြစ်မဲ့ကြောင်း၊ ကျွန်မတို့ ယုံကြည်လို့ ကျွန်မတို့က ဖြောင့်မတ်သူတွေလို့ အခေါ်ခံရကြောင်း နဲ့ သခင်ကြွလာတဲ့အချိန်မှာ ကျွန်မတို့က ကောင်းကင်ဘုံကို တိုက်ရိုက်ချီဆောင်ခြင်းခံရမှာ ဖြစ်ကြောင်းတွေကို ပြောခဲ့လို့ ဖြစ်တယ်။ သူက ဘာဖြစ်လို့ အဲဒီလိုပြောရတာလဲ။ ဒီအကြောင်း နဲ့ပတ်သက်ပြီး အစ်ကို မိတ်သဟာယပြုတာကို ကျွန်မကြား ချင်တယ်” ဟု မေးခဲ့သည်။ ကျွန်မအစ်ကိုက “ သခင်ယေရှုက လူသားမျိုးနွယ်ရဲ့ အပြစ်တွေ ကို ရွေးနှုတ်ဖို့အတွက် ကားတိုင်တင် ခြင်းခံရတယ်။ ပြီးတော့ ကျွန်တော်တို့ သခင့်ကို ဆုတောင်းပြီး၊ ကျွန်တော်တို့ အပြစ်တွေကို သခင့်ကို ဝန်ခံတဲ့အပြင်၊ ဝန်ချတောင်းပန် တဲ့အချိန်မှာ ကျွန်တော်တို့အပြစ်တွေကလွှတ်ခြင်းခံရပေမဲ့လည်း ကျွန်တော်တို့ အပြစ်က လွှတ်ခြင်း ခံရတာဟာ ကျွန်တော်တို့ ဘုရားသခင်ရဲ့ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်လို့ ဆိုလိုတာလား။ ဒီကျမ်းပိုဒ်ကို ဖတ်ကြည့်ရအောင် ‘လူဟောင်း အတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်ဆိုလျှင် သင့်ကို ယေရှုက ကယ်တင်ခဲ့သည်မှာ မှန်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်း ကြောင့် သင့်ကို အပြစ်သားအဖြစ် မရေတွက်သော်လည်း ၎င်းက သင်သည် အပြစ်ကင်းပြီး မသန့်ရှင်းသူမဟုတ်ကြောင်း သက်သေပြခြင်း မဟုတ်ပေ။ သင်သည် မပြောင်းလဲသေးပါက သင်သည် မည်ကဲ့သို့လျှင် သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည် နည်း။ အတွင်းသဏ္ဌာန်အားဖြင့် သင်သည် မသန့်ရှင်းခြင်း၊ အတ္တနှင့် ညစ်ကျယ်ကျယ်ဖြစ်ခြင်းတို့ဖြင့် ဖွဲ့စည်းထားသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲ ဖြစ်သည်၊ ယုတ္တိရှိလိုက်သည့် ဖြစ်ခြင်း။ သင်သည် သင်၏ ဘုရားသခင်ထံကို ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ပျောက်ဆုံးနေသည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသည်၊ သို့သော် သင်သည် မပြောင်းလဲသေး။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီရန် လိုသေးသောကြောင့် ဘုရားသခင်သည် သင့်ကို ပြောင်းလဲရန်နှင့် သန့်စင်စေရန် အလုပ်တို့ကို ကိုယ်တိုင် လုပ်ရမည်။ သင်သည် အကယ်၍ ကယ်နုတ်ခြင်းကို ခံရရုံသာဖြစ်ပါက သင်သည် သန့်ရှင်းခြင်းကို ရယူရန် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ပြောင်းလဲခြင်းနှင့် ပြည့်စုံခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏ အလုပ်တွင် အဆင့်တစ်ဆင့်ကို လွတ်သွားခဲ့ သည့်အတွက် ဤနည်းလမ်းအားဖြင့် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေး ပြည့်မီလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ရာ ရွေးနုတ်ခြင်းကို မကြာသေးမီက ရရှိသော အပြစ်သား တစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေအနှစ်ကို တိုက်ရိုက် အမွေဆက်ခံရန် စွမ်းဆောင်နိုင်မည်မဟုတ်ပေ။’” (“ အမည်နာမများနှင့် သွင်ပြင် လက္ခဏာနှင့် ပတ်သက်၍” ) ဟု ပြောသည်။
သူက “ ဘုရားသခင်၏နှုတ်ကပတ်တော်မှ၊ သခင်ယေရှုက ကျွန်တော်တို့ကို အပြစ်တွေကလွှတ်ပြီး၊ ကျွန်တော်တို့က အပြစ်မရှိတော့ဘူး ဆိုတာက ပညတ်တော်အောက်မှာ ကျွန်တော်တို့က အပြစ်ထင်ရှားခြင်း မရှိတော့ဘူးလို့ ရည်ညွှန်း တယ်ဆိုတဲ့ အချက်ကို ကျွန်တော်တို့ သင်ယူရတယ်။ ကျွန်တော်တို့ သခင်ယေရှုရဲ့ ကယ်တင်ခြင်းကျေးဇူးတော်ကို လက်ခံတဲ့အချိန်မှာ ကျွန်တော်တို့က သခင့်ရှေ့တော်မှောက်ကိုလာ၊ ကိုယ်တော့် ကို ဆုတောင်း၊ ကျွန်တော်တို့အပြစ်တွေကို ဝန်ခံ၊ ဝန်ချတောင်းပန်တဲ့အပြင် ဘုရားသခင်ရဲ့ ကျေးဇူးတော် ဆိုင်ရာ ကောင်းကြီးမင်္ဂလာတွေကို ပျော်မွေ့ဖို့ အရည်အသွေးနဲ့ ပြည့်ဝပြီ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဆိုးယုတ်တဲ့ သဘာဝတွေက ကျွန်တော်တို့ထဲမှာ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေပြီးတော့၊ မာနထောင်လွှားခြင်း၊ အတ္တ ကြီးခြင်း နဲ့ လှည့်စားခြင်း တွေကလည်း ကျွန်တော်တို့ထဲမှာ တည်ရှိနေသေးတယ်ဆိုတာက ငြင်းဆန်မရတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘုရားသခင်ကို ခုခံတဲ့ ဆိုးယုတ်သော သဘာဝတွေနဲ့ စိတ်သဘောထားတွေကို မဖြေရှင်းရသေးဘူးဆိုရင်၊ ကျွန်တော် တို့က မရည်ရွယ်ပဲ အပြစ်ကျူးလွန်တဲ့အပြင်၊ ဘုရားသခင်ကို ခုခံနိုင်တဲ့အတွက် ကျွန်တော်တို့က ဘုရားသခင်ရဲ့ ကောင်းကင်နိုင်ငံတော်ကို မဝင်ရောက်နိုင်ဘူးလို့ ဆိုလိုပါတယ်။ အဲဒါက သမ္မာကျမ်းစာထဲမှာ ပြောထားသလိုပဲဖြစ်ပါတယ်၊ ‘အပြစ်တရား၏ အခကားသေခြင်းပေတည်း။’ (ရောမ ၆:၂၃) ‘ယေရှုကလည်း၊ ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။’ (ရှင်ယောဟန် ၈:၃၃-၃၅) ‘ငါသည်သန့်ရှင်းတော်မူ သောကြောင့်၊ သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့’ (ရှင်ပေတရုသြဝါဒစာ ပဌမစောင် ၁:၁၆) ကျွန်တော်တို့က အညစ်အကြေးတွေနဲ့ ပြည့်နေတယ်၊ ကျွန်တော်တို့က သန့်စင်ခြင်း မခံရသေးချိန်အထိ အပြစ်လုပ်နိုင်သေးပါတယ်၊ ကျွန်တော်တို့က ဘုရားသခင်ရဲ့နိုင်ငံတော်ကို ဝင်ရောက်နိုင်မှာ မဟုတ်ပါဘူး။ အဲဒါကိုလည်း ဘုရားသခင်ရဲ့ သန့်ရှင်းတဲ့အနှစ်သာရနဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားတို့က ဆုံးဖြတ်တာ ဖြစ်တယ်။ ဒါ့ကြောင့် ကျွန်တော်တို့က ဘုရားသခင်ရဲ့ ကယ်တင်ခြင်း ခြေလှမ်းကို ပိုမိုတွေ့ကြုံခံစားဖို့၊ ကျွန်တော်တို့ရဲ့ အပြစ်ရှိတဲ့ သဘာဝတွေမှ ရုန်းထွက်လွတ်မြောက်ပြီး၊ ဘုရားသခင်ရဲ့ မျက်နှာတော်ကို တွေ့မြင်ဖို့ ကျွန်တော်တို့ အရည်အသွေး မပြည့်ဝခင်မှာ အပြည့်အဝ သန့်စင်ခြင်းခံရပါမယ်။ ဒါက ဒီသမ္မာ ကျမ်းစာပိုဒ်တွေမှာ ဆိုလိုထားတဲ့ အရာဖြစ်ပါတယ်၊ ‘နောက်ဆုံးသောကာလ၌ ထင်ရှားစေခြင်းငှါ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း၊ ယုံကြည်ခြင်း အားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော် မူသော သင်တို့အဘို့’ (ရှင်ပေတရုဩဝါဒစာပဌမစောင် ၁:၄-၅) ‘ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင် ရသော အချိန်ရှိပြီ။’ (၁ရှင်ပေတရု ၄:၁၇) ဒီကယ်တင်ခြင်း ကျေးဇူးတော်က ဘုရားသခင် အိမ်တော်ရာက စတင်မယ့် နောက်ဆုံးသောကာလက ဘုရားသခင်ရဲ့ စီရင်ခြင်း အမှုတော်ဖြစ်တယ်။ နောက်ဆုံးသောကာလက ဘုရားသခင်ရဲ့ စီရင်ခြင်းအမှုတော်ကို ကျွန်တော်တို့ လက်ခံတဲ့အချိန်မှာ၊ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေမှာ ပြောင်းလဲမှုတွေကို အောင်မြင်ရရှိလာပြီး၊ အပြစ်ရဲ့ ချည်နှောင်ခြင်းနဲ့ ကန့်သတ်ဘောင်ခတ်ခြင်းကို လုံးဝမခံစားရ တော့တဲ့အပြင်၊ ဘုရားသခင်ကို အမှန်တကယ် နာခံတဲ့ လူတွေဖြစ်လာတယ်။ အဲဒီအချိန်ကျမှသာလျှင် ကျွန်တော်တို့တွေ က ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ အရည်အသွေးပြည့်မှာ ဖြစ်တယ်” ဟု မိတ်သဟာယပြုခဲ့ပါသည်။ ကျွန်မအစ်ကို၏ မိတ်သဟာယပြုခြင်းကို ကြားပြီး နောက်တွင် ကျွန်မနှလုံးသားသည် များစွာ အားတက်လာခဲ့သည်။ ကျွန်မတို့တွင် သခင်ယေရှု၏ ရွေးနှုတ်ကယ်တင်ခြင်းအမှုရှိပြီး၊ အပြစ်မရှိပဲနှင့် သခင့်အတွက် အလုပ်လုပ်ပြီး ဆင်းရဲဒုက္ခကို ခံစားနိုင်သော်လည်း၊ ကျွန်မတို့သည် သန့်စင်ခြင်းကို မခံရသေး သောကြာင့်၊ သခင့်သွန်သင်ချက်များကို ကျင့်ကြံ ထိန်းသိမ်း နိုင်ခြင်း မရှိဆဲသာ ဖြစ်ပါသည်။ အသင်းတော် ခေါင်းဆောင်များ နှင့် အလုပ်သမားများသည် အဆင့်အတန်းများအတွက် ရုန်းကန်ကြိုးစားပြီး၊ မကြာခဏ အပြစ်ကျူးလွန်ကာ၊ သခင့်ကို ထိခိုက်နိုင်ဆဲဖြစ်သောကြောင့် ၎င်းတို့သည် ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ရန် အရည်အသွေးမပြည့်ဝ သေးဟု ဆိုလိုပါသည်။ ယခင်က ကျွန်မတို့ အပြစ်များသည် ရွေးနှုတ်ခြင်းခံရပြီး၊ ၎င်းသည် ကောင်းကင်နိုင်ငံတော် ဝင်ရောက်ရန် လုံလောက်ပြီဟု ကျွန်မထင်ခဲ့သော်လည်း၊ ထိုသည်မှာ ကျွန်မ၏ အယူအဆများနှင့် စိတ်ကူးများပေါ်တွင်သာ လုံးလုံး လျားလျား အခြေခံထားကြောင်းကို ယခုကျွန်မ နားလည်သဘောပေါက်ခဲ့ပါသည်။ သခင်ယေရှုက ကျွန်မတို့ကို ရွေးနှုတ်ပြီး၊ ကျွန်မတို့ကို အပြစ်သားများအဖြစ် လုံးဝ မရှုမြင်တော့သော်လည်း ကျွန်မတို့ကို အပြစ်ကျူးလွန်စေသည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများသည် တည်ရှိနေဆဲ ဖြစ်လေသည်။ ကျွန်မတို့သည် နောက်ဆုံးသောကာလမှ ဘုရားသခင်၏ စီရင်ချက်နှင့် ပြစ်တင်ဆုံးမခြင်း အမှုတော်တို့ကို တွေ့ကြုံခံစားရမည် ဖြစ်ပြီးလျှင် ကျွန်မတို့ အပြစ်ကျူးလွန် ခြင်း၏ ဇစ်မြစ်ကို အပြည့်အဝ ဖြေရှင်းကာ၊ ကောင်းကင်နိုင်ငံ တော်သို့ ဝင်ရောက်ပြီး ထာဝရအသက်ကို ရရှိရန် ဝန်ချ တောင်းပန်ရမည် ဖြစ်ပါသည်။ ထို့နောက်တွင် ကျွန်မက ကျွန်မအစ်ကို ကို “ နောက်ဆုံးသောကာလမှ ဘုရားသခင်က စီရင်ခြင်းအမှုတော်ကို ဘယ်လိုပြုတော်မူသလဲ”ဟု အလျင်စလို မေးလိုက်သည်။ ထိုအစ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျမ်းပိုဒ်တစ်ခုကို ဖတ်ရှုခဲ့ပါသည်။ “ နောက်ဆုံးသော ကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏ အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို ခွဲခြမ်းစိတ်ဖြာရန် အမျိုးမျိုးသော သမ္မာတရား များကို အသုံးပြု၏။ ထိုနှုတ်ကပတ်တော်များတွင် အမျိုးမျိုး သော သမ္မာတရားများ ပါရှိသည်။ လူသား၏တာဝန်၊ လူသား သည် ဘုရားသခင်ကို မည်သို့ နာခံသင့်သည့် အကြောင်း၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ကြောင်း၊ လူသားသည် ပုံမှန်လူ့သဘောသဘာဝဖြင့် မည်သို့နေထိုင်ရမည့် အကြောင်း၊ ထို့အပြင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်နေသဘာထားကဲ့သို့သော အရာများ ပါဝင်သည်။ ထိုနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ ယိုယွင်းပျက်စီးနေသော စိတ်သဘောထားတို့ကို ညွှန်ပြသည်။ အထူးသဖြင့် ဘုရားသခင်ကို လူသားက မည်ကဲ့သို့ ပစ်ပယ်သည့်အကြောင်း ဖော်ထုတ်ပြသည့် ထိုနှုတ်ကပတ်တော် များမှာ လူသည် စာတန်၏ပုံဆောင်မှု မည်ကဲ့သို့ ဖြစ်ကြောင်း၊ ဘုရားသခင်ကို ဆန့်ကျင်သော ရန်သူ့အင်အား မည်ကဲ့သို့ ဖြစ်ကြောင်းနှင့် စပ်လျဉ်း၍ ပြောထားခြင်းဖြစ်သည်။ သူ၏ တရားစီရင်ခြင်း အမှုကို ဆောင်ရွက်ရာတွင် ဘုရားသခင်သည် လူသား၏ သဘာဝကို စကားလုံး အနည်းငယ်မျှသာဖြင့် ရှင်းလင်းရန် ရိုးရှင်းစွာ မပြုပေ။ သူသည် ရေရှည်အတွက် ဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေး၏။ ထိုဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းတို့ကို သာမန်စကားလုံးဖြင့် အစားမထိုးနိုင်ပဲ၊ လူသားများ လုံးဝ မပိုင်ဆိုင်သော သမ္မာတရားအားဖြင့်သာ အစားထိုးနိုင်သည်။ ဤအမျိုးအစားပါ နည်းလမ်းများကသာ၊ တရားစီရင်မှုဟု စဉ်းစားယူဆရသည်။ ဤတရားစီရင်မှု အမျိုးအစားအားဖြင့်သာ လူသားကို သိမ်းပိုက်ရရှိနိုင်ပြီး ဘုရားသခင်ထံသို့ လုံးဝပါဝင် ဆက်ကပ်လာနိုင်ကာ ဆက်၍ ဘုရားသခင်နှင့် ပတ်သက်သည့် မှန်သော အသိတရားကို ရရှိလာပေမည်။ ဘုရားသခင်၏ မှန်သောမျက်နှာကို လူက သိနားလည်ခြင်း အကြောင်းနှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုအကြောင်း သမ္မာတရားတို့ကို တရားစီရင်ခြင်း အမှုက ယူဆောင်လာပါသည်။ တရားစီရင်ခြင်း အမှုသည် ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် သူ့အတွက် နားမလည်နိုင်သော နက်နဲရာများ တို့ကို အလွန်များပြားလှစွာဖြင့် သဘောပေါက် နားလည်မှု ရရှိလာစေရန် လူသားကို အခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ယိုယွင်းပျက်စီးသော အနှစ်သာရနှင့် ယိုယွင်းပျက်စီးမှု၏ ဇစ်မြစ်ကို သိနားလည်စေရန် အခွင့်ပေးလေ၏။ ထို့ပြင် လူသား၏ အကျည်းတန်မှုကိုပါ ရှာဖွေတွေ့ရှိ စေလေသည်။ ဤအကျိုးသက်ရောက်မှု အားလုံးတို့မှာ တရားစီရင်ခြင်း အမှုနှင့် ပတ်သက်၍ ဆောင်ယူရရှိခဲ့လေ၏။ အကြောင်းမှာ ဤအမှု၏ အခြင်းအရာသည် အမှန်တွင်တော့ ဘုရားသခင်အား ယုံကြည်သူ များ အားလုံးထံသို့ ဘုရားသခင်၏ သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ဖွင့်ပြပေးရန်ပင်ဖြစ်သည်။ ဤအမှုသည် ဘုရားသခင်ပြုသော တရားစီရင်ခြင်းအမှုပင် ဖြစ်ပေ၏။” သူက “ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက နောက်ဆုံးသောကာလမှာ ဘုရားသခင်က စီရင်ခြင်းအမှုတော်ကို ဘယ်လိုပြုတော်မူမယ်ဆိုတာကို ပြတ်သားစွာ ရှင်းပြ တော်မူခဲ့တယ်။ ဘုရားသခင်က စီရင်ခြင်းအမှုတော်ကို ပြုဖို့ ကိုယ်တော်ရဲ့နှုတ်ကပတ်တော်ကို အသုံးပြုတော်မူတယ်၊ ဘုရားသခင် က လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့ သမ္မာတရား တစ်ခုလုံးကို ဖော်ပြတော်မူတဲ့အပြင် ဘယ်လိုထိခိုက် စော်ကားခြင်းကိုမျှ သည်းခံခြင်းမရှိတဲ့ ကိုယ်တော်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကိုလည်း ထုတ်ဖော်တော်မူတယ်၊ ပြီးနောက် ကျွန်တော်တို့က စာတန်အားဖြင့် မည်သို့ဖောက်ပြန် ပျက်စီးကြောင်း၊ ဘုရားသခင်ကို ကျွန်တော်တို့ရဲ့ ပုန်ကန်ခြင်းနဲ့ ခုခံခြင်းတို့ရဲ့ ဇစ်မြစ် အပြင်၊ ကိုယ်တော်က ဘယ်လို လူအမျိုးအစားကို ကယ်တင်ပြီး၊ ဘယ်လိုလူအမျိုးအစားကို အပြစ်ဒဏ်ပေးကာ သုတ်သင်ဖယ်ရှင်းမည် အကြောင်းတို့ကို ကျွန်တော်တို့ကို ပြောပြပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ ကယ်တင်ခြင်း ရရှိနိုင်ပြီး၊ သန့်စင်ခြင်းခံရမဲ့ လမ်းကြောင်းကို ကိုယ်တော်က ညွှန်ပြတော်မူခဲ့တယ်။ ကျွန်တော်တို့က ဘုရားသခင့်နှုတ်ကပတ်တော်တွေရဲ့ စီရင်ခြင်း နဲ့ ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံတဲ့ အချိန်မှသာလျှင်၊ ကျွန်တော်တို့က စာတန်အားဖြင့် ကျွန်တော်တို့ ဖောက်ပြန် ပျက်စီးခြင်း အချက်အလက်မှန်ကို ပြတ်သားရှင်းလင်းစွာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဥမာအားဖြင့် ကျွန်တော်တို့ရဲ့ မာနထောင်လွှားတဲ့ သဘာဝတွေရဲ့ ထိန်းချုပ်မှုအောက်မှာ ကျွန်တော်တို့က ကိုယ့်ထင်မြင်ယူဆချက်တွေနဲ့ မကိုက်ညီတဲ့ လူတစ်ယောက်ကို တွေ့တဲ့အချိန်မှာ၊ ကျွန်တော်တို့က သူတို့ကို တိုက်ခိုက်ပြီး ကြဉ်ကြတယ်။ ကျွန်တော်တို့က မကြာခဏ ကြွားဝါပြီး၊ အခြားသူတွေအထက်ကိုရောက်အောင် ကြိုးစား ရှာဖွေတဲ့အပြင်၊ ကျွန်တော်တို့ အသင်းတော် အလုပ်ကို လုပ်ချိန်မှာ အခြားသူတွေနှလုံးသားမှာ ကိုယ့်ကိုအထင်ကြီးအောင် လုပ်ကြ တယ်။ လူတွေနဲ့ ကျွန်တော်တို့ အပြန်အလှန်ဆက်ဆံရာမှာ ကိုယ့်ကိုယ်ပိုင် အကျိုးစီးပွားတွေကိုသာ အမြဲတမ်း ဆင်ခြင်သုံးသပ်ပြီး၊ ကိုယ့်ကိုယ်ပိုင် ပန်းတိုင်ကို အောင်မြင်ရရှိဖို့ အခြားသူတွေကို လှည့်စားပြီး အသုံးပြုလေ့ရှိတယ်။ ကျွန်တော်တို့က အလုပ်ကြိုးစား၊ အမှုတော်ထမ်းဆောင်၊ ဆင်းရဲဒုက္ခခံစားပြီး၊ အသုံးခံကာ အဲဒါတွေကို ကောင်းကင်နိုင်ငံတော်မှာ ကောင်းကြီးမင်္ဂလာတွေနဲ့ အလဲအထပ် လုပ်ဖို့၊ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစား အားထုတ်မှုတစ်ခု အနေနဲ့ ဆောင်ရွက်ပါတယ်။ အဲဒီလိုအရာ များစွာကို ကျွန်တော်တို့ ပြုလုပ်လေ့ရှိတယ်။ ကျွန်တော်တို့ အသက်ရှင်နေထိုင်တဲ့အရာက ဆိုးယုတ်တဲ့ သဏ္ဌာန်တစ်ခုသာ ဖြစ်တာကို ရှင်းလင်းပြတ်သားစွာ အမှန်တကယ် တွေ့မြင်တဲ့အချိန်မှာ၊ ကျွန်တော်တို့အထဲမှာ စစ်မှန်တဲ့ ဝန်ချတောင်းပန်ခြင်း ဖြစ်ပေါ်လာပြီး ဘုရားသခင်ရဲ့ စီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတို့ကို ပိုမိုလက်ခံလိုလာပြီး၊ သမ္မာတရားကို ရှာဖွေလိုလာတယ်။ တဖြည်းဖြည်းချင်း ဒီလုပ်ရပ်တွေကတစ်ဆင့် ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေရဲ့ ချည်နှောင့်မှုနဲ့ ကန့်သတ်ဘောင်ခတ်ခြင်းတွေက ရုန်းထွက် လွတ်မြောက်ပြီး၊ သန့်စင်ခြင်း ခံရမှာ ဖြစ်ပါတယ်။ အဲဒီအချိန်ကျ မှသာလျှင် ကျွန်တော်တို့က ဘုရားသခင်ရဲ့ ကောင်းကင်နိုင်ငံတော် ကို ဝင်ရောက်ဖို့ အရည်အသွေးပြည့်ဝပါမယ်” ဟု မိတ်သဟာယပြုခဲ့ပါသည်။ ကျွန်မအစ်ကို၏ မိတ်သဟာယဖွဲ့ခြင်းကို ကြားပြီးနောက်၊ ကျွန်မတို့က နောက်ဆုံးသောကာလက ဘုရားသခင်၏ စီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံခံစားရခြင်း မရှိသေးသောကြောင့် ကျွန်မတို့သည် အပြစ်၏ ချည်နှောင်ခြင်းမှ ရုန်းထွက်လွတ်မြောက်နိုင်ခြင်း မရှိကြောင်းကို ကျွန်မ နောက်ဆုံးတွင် နားလည်သဘောပေါက်ခဲ့ပါသည်။ ကျွန်မတို့သည် စာတန်အားဖြင့် ကျွန်မတို့၏ ဖောက်ပြန် ပျက်စီးခြင်းဆိုင်ရာ သမ္မာတရားကိုလည်းကောင်း၊ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် မည်သည့်ထိခိုက်စော်ကားခြင်းကိုမျှ လက်မခံသည်ကိုလည်းကောင်း နားလည် သဘောပေါက်ခြင်း မရှိခဲ့သောကြောင့် ကျွန်မတို့သည် မရည်ရွယ်ပဲနှင့် အပြစ်ကျူးလွန်မိနိုင်ပါသည်။ မည်မျှအလုပ်ကြိုးစားခြင်း၊ အမှုတော်ဆောင်ခြင်း၊ သမ္မာကျမ်းစာဖတ်ရှုခြင်း သို့မဟုတ် ဆုတောင်းခြင်းတို့သည် ထိုပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိပါ၊ ၎င်းသည် နောက်ဆုံးသောကာလမှ ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းနှင့် ပြစ်တင် ဆုံးမခြင်းတို့ကို လက်ခံဖို့ လိုအပ်ပါသည်။ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသည် သဘာဝများ ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များဆိုင်ရာ စီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ဖတ်ရှုခြင်း၊ စာတန် အားဖြင့် ကျွန်မတို့၏ ဖောက်ပြန်ပျက်စီးခြင်း ဆိုင်ရာအချက်များကို အမှန်တကယ်ပင် နားလည် သဘောပေါက်ခြင်း နှင့်၊ ကျွန်မတို့ ကိုယ်ပိုင် သဘာဝနှင့် အနှစ်သာရကိုလည်း အမှန်တကယ် နားလည်သဘောပေါက်ခြင်း တို့မှတစ်ဆင့် ကျွန်မတို့သည် စာတန်ကို ရွံရှာမုန်းတီး၊ သစ္စာဖောက်နိုင်ပြီး၊ ဘုရားသခင်ထံ စစ်မှန်စွာ ပြန်သွားကာ၊ နာခံနိုင်မည် ဖြစ်ပါသည်။ ကျွန်မတို့ ထိုသို့ပြုလုပ်သည့်အချိန်တွင် ကျွန်မတို့သည် အပြစ်၏ ချည်နှောင်ခြင်းမှ အမှန်တကယ် ရုန်းထွက်လွတ်မြောက်ခဲ့ပြီး၊ သန့်စင်ခြင်းကို ခံရမည် ဖြစ်သည်။ ကျွန်မသည် အဆုံးသတ်တွင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် လမ်းကြောင်းကို ရရှိခဲ့ပြီဟု ခံစားခဲ့ရပါသည်။ ထို့နောက်တွင် ကျွန်မအစ်ကိုက ကျွန်မကို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အက်ပလီကေးရှင်းကို ပေးပို့လိုက် သည်။ အစည်းအဝေးအပြီးတွင် ကျွန်မသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ဝဘ်ဆိုက် ကို သွားလည်ဖို့ရာ မစောင့်နိုင်တော့ပါ။ ကျွန်မသွားလည်ပြီးသည့်အချိန်တွင်၊ ကျွန်မသည် အလွန် နှစ်သက်သဘောကျမိပါသည်။ ဘုရားသခင့် အမှုတော်၏ နက်နဲမှုကို ဖော်ထုတ်သည့် နှုတ်ကပတ်တော်များ၊ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ ဆိုးယုတ်သည့် သဘာဝ နှင့် အနှစ်သာရ တို့ကို ဖော်ပြသည့် နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ကို ဖော်ပြသည့် နှုတ်ကပတ်တော်များ၊ လူသားမျိုးနွယ်အနေဖြင့် ဝင်ရောက်ခြင်း ကို လက်တွေ့လုပ်ဆောင်သည့် သမ္မာတရားဆိုင်ရာ ရှုထောင့်များကို ဖော်ပြသည့် နှုတ်ကပတ်တော်များ စသည်ဖြင့် ဘုရားသခင်သည် နှုတ်ကပတ်တော်အသစ်များစွာကို ဖော်ပြခဲ့ပြီး ဖြစ်ကြောင်း ကျွန်မတစ်ခါမျှ စိတ်မကူးခဲ့ပေ။… ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုရင်းဖြင့် ကျွန်မ၏နှလုံးသားသည် အမှန်တကယ်ပင် တို့ထိခြင်း ခံရပါသည်။ ကျွန်မသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ထုတ်လုပ်သည့် ဧဝံဂေလိရုပ်ရှင်များနှင့် အကတင်ဆက်မှု ဗီဒီယိုများကိုလည်း ကြည့်ခဲ့သည့်အပြင်၊ သက်သေခံချက် ဆောင်းပါး အမျိုးအစားအားလုံးကိုလည်း ဖတ်ရှုခဲ့ပါသည်။ ကျွန်မသည် သိုးသငယ်၏ မင်္ဂလာဆောင် စားပွဲတော်ကြီးသို့ ရောက်ရှိနေသည်ဟု အမှန်တကယ်ပင် ခံစားရပြီး၊ ကျွန်မ ဝိညာဉ်ရေးရာ အာသာဆန္ဒသည် လည်း တစ်ခါဖူးမျှ ထိုသို့ ကျေနပ်စေခြင်း မရှိခဲ့ပါ။ မျက်တောင်တစ်ခတ်ဟု သဘောရသည့် အချိန်တွင်ပင် ကျွန်မ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ခဲ့သည်မှာ နှစ်တစ်ဝက်ကျိုးသွားခဲ့ပြီး၊ အသင်းတော်တွင် ကျွန်မ တတ်နိုင်သမျှ တာဝန်များကိုလည်း ထမ်းဆောင်ခဲ့ပါသည်။ ကျွန်မ၏ အတွေ့အကြုံမှတစ်ဆင့် ကျွန်မသည် ဘုရားသခင့် အမှုတော်ဆိုင်ရာ အသိဉာဏ်ပညာကို အနည်းငယ် ရရှိခဲ့သည်။ ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းဆိုင်ရာ နှုတ်ကပတ်တော်၌ ထုတ်ဖော်ခြင်းတွင်၊ ကျွန်မ၏ မှားယွင်းသော ရှာဖွေမှုများနှင့် အမြင်ရှုထောင့်များအပြင် ကျွန်မ၏ ဆိုးယုတ် သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများဖြစ်သည့် မာန ထောင်လွှားခြင်း နှင့် အတ္တကြီးခြင်းကိုပါ နားလည်သဘောပေါက် လာခဲ့ပြီး၊ ရိုးသားသည့် လူတစ်ယောက် ဖြစ်ခြင်းသည် စစ်မှန်သည့် လူသား ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ရန် လမ်းခရီးဖြစ်ကြောင်း ကိုပါ နားလည် သဘောပေါက် လာခဲ့ပါသည်။ ကျွန်မ အပျက်သဘောဆောင်ပြီး၊ အားနည်း သည်ဟု ခံစားရတိုင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ထောက်ပံ့ပြီး ဖြည့်ဆည်းပေးသည့်အပြင် ဘုရားသခင်၏ ကျေးဇူးတော်နှင့် စစ်မှန်သည့် ချစ်ခြင်းမေတ္တာ တို့ကို ခံစားခွင့်ပေးသည်။ ကျွန်မသည် ဘုရားသခင်ကို ဆန့်ကျင်တော်လှန်ခြင်း သို့မဟုတ် ခုခံခြင်းတို့ပြုပါက၊ ဘုရားသခင်၏ ပြင်းထန်သည့်နှုတ်ကပတ်တော်များက ကျွန်မထံ သို့ လာရောက်ပြီး၊ ကျွန်မ၏ ကိုယ်ပိုင်ဖောက်ပြန် ပျက်စီးခြင်း ဆိုင်ရာ အမှန်တရားကို တွေ့မြင်ပါသည်။ နောက်ဆုံးသော ကာလမှ ဘုရားသခင်၏ အမှုတော်ဖြစ်သည့် လူသားမျိုးနွယ်ကို စီရင်ခြင်းနှင့် သန့်စင်ခြင်း တို့သည် လူများအတွက် အပြစ်၏ချည်နှောင်ခြင်းမှ အပြည့်အဝ ရုန်းထွက်လွတ်မြောက်ရန် တစ်ခုတည်းသော လမ်းခရီးဖြစ်ပြီး၊ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ရန် တစ်ခုတည်းသော လမ်းကြောင်းဟုလည်း အမှန်တကယ် ခံစားခဲ့ရပါသည်။ ခပ်သိမ်းသောအမှုကိစ္စတွင် အနန္တတန်ခိုးရှင်ဘုရားသခင် ဘုန်းတော်ထင်ရှားပါစေ။
0 Comments
Leave a Reply. |
Click & Join us(မာကု ၁၆:၁၆)။"ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့" တံဆိပ်များ
All
|