"သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။" (ယောဟန် ၁၆:၁၂-၁၃)
မည်သို့သောသူမျိုးသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်မည်ကို ကျွန်မ နောက်ဆုံးတွင် နားလည်သဘောပေါက်ခဲ့သည် (၂) အာရှီး မလေးရှား
မိတ်သဟာယပြုရန် အတွက် ကျွန်မ အွန်လိုင်းသို့ နောက်တစ်ခေါက်တက်သည့် အချိန်တွင် ကျွန်မ အစ်ကိုကို “ ကျွန်မတို့တွေက အလုပ်ကြိုးစား၊ အမှုတော်ထမ်းဆောင်ပြီး၊ စိတ်အားထက်သန်စွာ အသုံးခံရင်းနဲ့ မမှန်ကန်တဲ့ ရည်ရွယ်ချက် တွေ အများကြီးထားရှိတယ်ဆိုတာရယ်၊ ကျွန်မတို့ မကြာခဏ ဘုရားသခင်ကို အပြစ်ကျူးလွန်ပြီး ခုခံတယ်ဆိုတာရယ်၊ ပြီးတော့ ကျွန်မတို့ ဘုရားသခင်ရဲ့ အလိုတော်ကို မဆောင်ရွက်ဘူး ဆိုတာတွေ အားလုံး မှန်ပါတယ်။ ဖခမည်းတော်အလိုတော်ကို ဆောင်ရွက်တဲ့သူတွေသာလျှင် ကောင်းကင် နိုင်ငံတော်ကို ဝင်ရောက်နိုင်မယ် လို့ သခင်ယေရှုက မိန့်တော်မူတာကြောင့် အဲဒီအကြောင်းပြချက်အားဖြင့် ကျွန်မတို့တွေက ဘုရားသခင်ရဲ့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ မထိုက်တန်သေးဘူး ဖြစ်တယ်။ ဒါပေမဲ့ ဒီမေးခွန်းက ကျွန်မက စိတ်ရှုပ်စေတုန်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ သင်းအုပ်တရာက သခင်ယေရှုက ကျွန်မတို့အပြစ်တွေအားလုံးကို အပြစ်မှလွှတ်ပေးပြီးဖြစ်တယ်လို့ မကြာခဏပြောပြီး၊ ကျွန်မတို့က အပြစ်မဲ့ကြောင်း၊ ကျွန်မတို့ ယုံကြည်လို့ ကျွန်မတို့က ဖြောင့်မတ်သူတွေလို့ အခေါ်ခံရကြောင်း နဲ့ သခင်ကြွလာတဲ့အချိန်မှာ ကျွန်မတို့က ကောင်းကင်ဘုံကို တိုက်ရိုက်ချီဆောင်ခြင်းခံရမှာ ဖြစ်ကြောင်းတွေကို ပြောခဲ့လို့ ဖြစ်တယ်။ သူက ဘာဖြစ်လို့ အဲဒီလိုပြောရတာလဲ။ ဒီအကြောင်း နဲ့ပတ်သက်ပြီး အစ်ကို မိတ်သဟာယပြုတာကို ကျွန်မကြား ချင်တယ်” ဟု မေးခဲ့သည်။
0 Comments
ရှိလီ ဂျပန်နိုင်ငံ
ဘုရားသခင်နှင့် တွေ့ဆုံရန် လေထဲသို့ ချီဆောင်ခံရခြင်းကို စိတ်ကူးယဉ်မှုများ ၂၀၁၄ ခုနှစ်တွင် အစ်မတစ်ယောက်က ကျွန်မကို သခင်ယေရှု၏ ဧဝံဂေလိတရားတော်ကို ဟောကြားခဲ့သည်။ ဘုရားသခင်ကို စတင်ယုံကြည်ပြီးနောက်တွင်၊ ကျွန်မက အစည်းအဝေးများကို စိတ်အားထက်သန်စွာ သွားခဲ့ပြီး၊ အစည်းအဝေးတစ်ခုတွင် ကျွန်မ၏ သင်းအုပ်ဆရာက “ သခင်ယေရှုက ‘သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့ပြင်ဆင်စရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။’ (ရှင်ယောဟန် ၁၄:၂-၃) လို့ မိန့်တော်မူပြီး ရှင်ပေါလုကလည်း ‘ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်။’ (၁ သက်သာ ၄:၁၇) လို့ပြောခဲ့တယ်။ သခင်သည် ကျွန်တော်တို့အတွက် နေရာတစ်ခုကို ပြင်ဆင်တော်မူခဲ့ပြီ၊ ပြီးတော့ သခင်ပြန်ကြွလာတဲ့ အချိန်မှာ၊ ကျွန်တော်တို့က သခင်နဲ့ တွေ့ဆုံဖို့ လေထဲကို တိုက်ရိုက်ချီဆောင်ခံရမယ်၊ အဲဒီနောက်မှာ ကျွန်တော်တို့က သခင်နဲ့ ထာဝရရှိမယ်။ ကောင်းကင်နိုင်ငံတော်ရဲ့ နံရံတွေက နဂါးသွဲ့ကျောက် တွေနဲ့ လုပ်ထားပြီး၊ လမ်းတွေက ရွှေတွေနဲ့ ဆောက်ထားတယ်၊ ပြီးတော့ အားလုံးက ကျွန်တော်တို့ လိုချင်မဲ့ ကျောက်မျက်ရတနာတွေ၊ မဟူရာ နဲ့ ကျောက်စိမ်း တွေချည်းပဲ။ အဲဒီမှာ နာကျင်မှု ဒါမှမဟုတ် ညှင်းပန်းနှိပ်စက်မှု၊ မျက်ရည် ဒါမှမဟုတ် စိတ်မချမ်းမြေ့စရာ ဆိုတာ တစ်ခုမှ မရှိဘူး၊ ပြီးတော့ နှစ်သက်ခံစားဖို့ အဆုံးမရှိတဲ့ ကောင်းကြီးမင်္ဂလာတွေပဲရှိတယ်…” ဟု ပြောခဲ့ပါသည်။ကျွန်မ သင်းအုပ်ဆရာ၏ ဒေသနာတွင် စိတ်အားထက်သန်မှုကို ကြားရသည့် အချိန်တွင်၊ ကျွန်မလည်း တစ်နေ့တွင် ကောင်းကင်ဘုံသို့ ဘုရားသခင်၏ ချီဆောင်ခံရပါက နှစ်သက်ပျော်ရွှင်ဖွယ်ကောင်း မည်ဟု ကျွန်မတွေးခဲ့ မိသည်။ |
Click & Join us(မာကု ၁၆:၁၆)။"ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့" တံဆိပ်များ
All
|