"သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။" (ယောဟန် ၁၆:၁၂-၁၃)
ချစ်ရသော အမ ဝေါင် ခရစ်တော်၌ ငြိမ်သက်ခြင်းရှိပါစေ။ အမ၏စာကို လက်ခံရရှိတဲ့အတွက် ကျွန်မ အရမ်း ဝမ်းသာပါသည်။ အမ၏စာထဲတွင် “ကျွန်မအနေနှင့်ခရစ်တော်၌ ကျွန်မတို့ ယုံကြည်သူတွေဟာ ဗတ္တိဇံ ခံပြီး ဖြစ်သောကြောင့် ကျွန်မတို့သည် ဒုတိယအကြိမ်မွေးဖွားပြီး ကယ်တင်ခြင်းခံရကာ အလုံးစုံအသစ်ပြုပြင်သော သတ္တဝါ ဖြစ်လာပြီဟု အမြဲတမ်း ယုံကြည်ထားသည်၊ ထို့ကြောင့် ကျွန်မတို့သည် သခင် တစ်ခါက မိန့်ဆိုဖူးသည် အတိုင်း ‘ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့’ (မာကု ၁၆:၁၆)။ ကျွန်မတို့သည် ကောင်းကင် နိုင်ငံတော်သို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မှီ လေသည်။ သို့သော် အချို့သော ညီအစ်ကို ညီအစ်မများဆိုသည်မှာ၊ ငါတို့က ဗတ္တိဇံခံပြီး ဖြစ်ပြီး ခရစ်တော်ရဲ့ ကယ်တင်ခြင်းကို လက်ခံပြီးဖြစ်သော်လည်း ငါတို့သည် အပြစ်၌ ရှင်သန်လျက်ရှိပြီး အပြစ်၏ ချည်နှောင်မှုကို မဖယ်ရှားနိုင်ဘူး၊ အဲဒါကြောင့် ငါတို့သည် ကောင်းကင် နိုင်ငံတော်သို့ ဝင်ရောက်ရန် နောက်ဆုံးသော ကာလ၌ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် စင်ကြယ်စေခြင်းတို့ကို လက်ခံရမည်ဖြစ်ပါတယ်။ ကျွန်မသည် ဤအရာနှင့် ပတ်သက်၍ အလွန် စိတ်ရှုပ်မိပါသည်။ လူတို့သည် ဗတ္တိဇံခံခြင်းဖြင့် ကယ်တင်ခြင်းခံရ၍ ကောင်းကင်နိုင်ငံ့တော်သို့ ဝင်ရောက်နိုင်မည်လား။” အစ်မမေးသောမေးခွန်းသည်လည်း ခရစ်တော်၌ ဖြစ်သော ညီအစ်ကို မောင်နှမတို့ကို လည်း ပဟေဠိများ ဖြစ်စေလေသည်။ ပြီးလျှင် ကျွန်မ က ခြွင်းချက် တစ်ခုမဟုတ်ပါ။ ထို ပဟေဠိဖြစ်ခဲ့ခြင်းသည် လတ်တလောအချိန်က တရားဟောဆရာမ အစ်မလီမှနေပြီး ယခုအမြင်ရှုထောင့်နှင့် ပတ်သက်သည့် ဒေသနာတစ်ခုကို ဟောကြားသည့် အစည်းအဝေးတစ်ခုကို တက်သောအချိန်မှသာလျှင် ဆရာမ ဟောကြားသည့်ဒေသနာသည် ကျွန်မနှလုံးသား၌ ထူးခြားတဲ့ တောက်ပမှုကို ခံစားရစေပြီးလျှင် ကျွန်မသည်လည်း ဗိတ္တိဇံ နှင့် ကောင်းကင်နိုင်ငံတော် သို့ ဝင်ရောက်ခြင်းတို့အကြားက ဆက်နွယ်မှုကို နားလည်လာခဲ့ပါသည်။ ထို့နောက် ကျွန်မ သည် အစ်မတို့ကို ထိုနေ့က စစ်စတာ မိဿဟာပြုခဲ့သည့် အရာနှင့် ကျွန်မရရှိသည့် အကျိုးအမြတ်များကို ဝေငှပါမည်။ “မဿဲ ၂၈:၁၉-၂၀ တွင် ဆိုသည်မှာ ‘သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြ လော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့ အား မိန့်တော်မူ၏။’ ဟူ၍ဖြစ် သည်။ ဤ ကျမ်းချက်များမှ ကျွန်မတို့တွေ့နိုင်သည်မှာ၊ ဗတ္တိဇံခံခြင်းသည် သခင်ယေရှုရဲ့အမှုကို ရိုးရာဓလေ့ အရ လက်ခံ ခြင်းမျိုးဖြစ်ပြီး၊ ထိုအရာက ကျွန်မတို့၏ တရားဝင် ခရစ်ယာန် ဖြစ်လာခြင်း ကို ကိုယ်စားပြုပြီး သခင့်ရှေ့သို့ ပြန်လာခြင်းဖြစ်သည်။ ဤသည်မှာ ကျွန်မတို့သည် သခင်၏ စောင်မခြင်းနှင့် ကွယ်ကာခြင်း တို့အပြင် ကောင်းကြီးမင်္ဂလာတို့ကို ပါ ခံစားနိုင်သည်ကိုလည်း ကိုယ်စားပြုတဲ့အပြင် ကျွန်မတို့သည် အပြစ်ဖြေရာယဇ်ကို ရရှိခြင်းကို လည်း ကိုယ်စားပြုလေသည်။ သို့သော် ဤသည် မှာ ကျွန်မတို့သည် ဒုတိယအကြိမ်မွေးဖွားပြီး ကယ်တင်ခြင်းခံရကာ ကောင်းကင်နိုင်ငံတော် သို့ဝင်နိုင်သည်ကို မဆိုလို။ ကျွန်မတို့သည် အပြစ်မှ လွှတ်ငြိမ်းခွင့်ရ ပြီးဖြစ်သော်လည်း ကျွန်မတို့သည် အပြစ်မပြုဘဲ မနေနိုင် မကြာခဏ အပြစ်ကျူးလွန်လျက် ရှိသည်ကို ဝန်ခံရမည်ဖြစ်သည်။ ဥပမာအားဖြင့် နာမည်နှင့် ဂုဏ်ဒြပ် နောက်ကို လိုက်၍ ကျွန်မတို့သည် လိမ်ညာ၍ လှည့်စား ကြဆဲဖြစ်သည်။ ကျွန်မတို့၏ အကျိုးစီးပွားများကို အခြားသူများသည် ထိခိုက်စေပါက ကျွန်မတို့သည် သူတို့ကို မုန်းနိုင်သေးသည် သခင်ယေရှု လိုအပ်သည့်အတိုင်း စိတ်ရှည်ခြင်း နှင့် သည်းခံခြင်း တို့ကို လုံးလုံးလျားလျား ကျင့်ဆောင်ခြင်းငှါ မတတ်စွမ်းနိုင်ပေ။ ကျွန်မတို့သည် သဘာဝဘေးအန္တရာယ် နှင့် လူလုပ် ကပ်ဘေး သို့မဟုတ် စစ်ဆေးစီရင်ခံရခြင်း နှင့် အတိဒုက္ခ များကို ကြုံတွေ့ရ သောအခါ ဘုရားသခင်ကို အပြစ်တင် ၍ သစ္စာဖောက်ကြလေသည်။ ဘုရားသခင်၏ အမှုသည် ကျွန်မတို့ ကိုယ်ပိုင် အတွေးအမြင်များနှင့် မကိုက်ညီပါက ကျွန်မတို့သည် ဘုရားသခင်ကို ငြင်းဆန်သည်၊ ဝေဖန်ပြီးအတိုက်အခံလုပ်ကြလေသည်။ ဤသည်တို့မှာ လူများအားလုံး တွေ့မြင်ရန် အချက်များပင် ဖြစ်ပါသည်။ ကျမ်းစာကဆိုသည်မှာ ‘အကြောင်းမူကား၊ ငါသည်သန့်ရှင်းတော်မူသောကြောင့်၊ သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့ ဟု ကျမ်းစာလာသတည်း’ (၁ပေ ၁:၁၆)။ ပြီးနောက် သခင်ယေရှုဆိုသည်မှာ ‘ငါအမှန်အကန်ဆိုသည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။’ (ယောဟန် ၈:၃၄-၃၅) ဟု ဖြစ်ပါသည်။ ထို့ကြောင့် ဘုရားသခင်သည် သန့်ရှင်းတော်မူသောကြောင့် မိမိကိုယ်ကို အပြစ်မှ လွှတ်မြောက်ပြီးသူများနှင့် သန့်စင်ပြီးသူတို့သာလျှင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ခွင့် ရကြမည်ဖြစ်သည်။ ခရစ်တော်၌ ကျွန်မတို့ ယုံကြည်သူများသည် ဗိတ္တိဇံ ခံယူပြီးသော်လည်း ကျွန်မတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိဆဲ ဖြစ်ပြီး အပြစ်ပြုနိုင်ဆဲဖြစ သည့်အပြင် ဘုရားသခင် ကို အာခံတော်လှန် နိုင်ဆဲဖြစ်သည်။ ကျွန်မတို့သည် သန့်စင်ခြင်းမခံရသေးသည့်အပြင်၊ ပြောင်းလဲခြင်းလဲ မရှိသေး၍ အလုံးစုံ အသစ်ပြုပြင်ထားသော သတ္တဝါလည်း မဖြစ်သေးပေ။ ထို့ကြောင့် ကျွန်မတို့သည် ဘုရားသခင်၏ နိုင်ငံတော်သို့ဝင်ရောက်ရန် မည်သို့ အရည်အချင်း ပြည့်မှီနိုင်မည်နည်း။ ထို့နောက် အစ်မတစ်ယောက်သည် ကျွန်မတို့အား နှုတ်ကပတ်တော်များမှ ကျမ်းပိုဒ် တစ်ပိုဒ်ကို ဝေငှလေသည်။” “ သင်ကဲ့သို့ အပြစ်သားတစ်ဦးသည် ရွေးနှုတ်ခြင်း ခံရပြီးစဖြစ်ပြီး မပြောင်းလဲသေး၊ သို့မဟုတ် ဘုရားသခင်အားဖြင့် ပြည့်စုံခြင်းသို့ မရောက်သေး သူအနေနှင့် သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီနိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်ဆိုလျှင် သင့်ကို ယေရှုက ကယ်တင်ခဲ့သည်မှာ မှန်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင့်ကို အပြစ်သားအဖြစ် မရေတွက်သော်လည်း ၎င်းက သင်သည် အပြစ်ကင်းပြီး မသန့်ရှင်းသူမဟုတ်ကြောင်း သက်သေပြခြင်း မဟုတ်ပေ။ သင်သည် မပြောင်းလဲသေးပါက သင်သည် မည်ကဲ့သို့လျှင် သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်းသဏ္ဌာန်အားဖြင့် သင်သည် မသန့်ရှင်းခြင်း၊ အတ္တနှင့် ညစ်ကျယ်ကျယ်ဖြစ်ခြင်းတို့ဖြင့် ဖွဲ့စည်းထားသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲ ဖြစ်သည်၊ ယုတ္တိရှိလိုက်သည့် ဖြစ်ခြင်း။ သင်သည် သင်၏ ဘုရားသခင်ထံကို ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ပျောက်ဆုံးနေသည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသည်၊ သို့သော် သင်သည် မပြောင်းလဲသေး။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီရန် လိုသေးသောကြောင့် ဘုရားသခင်သည် သင့်ကို ပြောင်းလဲရန်နှင့် သန့်စင်စေရန် အလုပ်တို့ကို ကိုယ်တိုင် လုပ်ရမည်။ သင်သည် အကယ်၍ ကယ်နုတ်ခြင်းကို ခံရရုံသာဖြစ်ပါက သင်သည် သန့်ရှင်းခြင်းကို ရယူရန် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ပြောင်းလဲခြင်းနှင့် ပြည့်စုံခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏ အလုပ်တွင် အဆင့်တစ်ဆင့်ကို လွတ်သွားခဲ့သည့်အတွက် ဤနည်းလမ်းအားဖြင့် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေး ပြည့်မီလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ရာ ရွေးနုတ်ခြင်းကို မကြာသေးမီက ရရှိသော အပြစ်သား တစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေအနှစ်ကို တိုက်ရိုက် အမွေဆက်ခံရန် စွမ်းဆောင်နိုင်မည်မဟုတ်ပေ။”
ဤကျမ်းပိုဒ်ကို နားထောင်ခြင်းနှင့် ထိုအစ်မ၏ မိဿဟာယ ဖွဲ့မှုတို့ အပြီးတွင် ကျွန်မ နားလည်ခဲ့သည်မှာ၊ ကျေးဇူးတော် ကာလတွင် သခင် ယေရှုသည် သခင့်၏ ရွေးနှုတ်ခြင်းအမှုကို သာလျှင် ဆောင်ရွက်လေသည်။ သခင်၌ ယုံကြည်ခြင်း အားဖြင့် ကျွန်မတို့၏အပြစ်များသည် ဖြေလွှတ်ပြီဖြစ်ပြီး ကျွန်မတို့၏ ယုံကြည်ခြင်းအားဖြင့် ကျွန်မတို့သည် ကယ်တင်ခြင်း ရပြီဖြစ်သည်။ သို့သော် ဤ ကယ်တင်ခံရခြင်းသည် ပညတ်တရားအားဖြင့် အပြစ်ရှိကြောင်းထင်ရှားစေခြင်း နှင့် သေဒဏ်ချမှတ်ခံရ ခြင်းတို့ မဟုတ်တော့ပေ။ ဆိုလိုသည်မှာ ကျွန်မတို့သည် ကောင်းကောင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ခြင်း ရှိမရှိကို မဆိုထားနှင့်၊ အပြည့်အဝသန့်စင်ခြင်းပင် မရှိဟု ဖြစ်ပါသည်။ ဤသို့ ဖြစ်ရခြင်း အကြောင်းမှာ သခင်ယေရှု၌ ကျွန်မတို့၏ ယုံကြည်ခြင်းသည် ကျွန်မတို့၏ အပြစ်များကို လွတ်ပြီဖြစ် သော်လည်း၊ ကျွန်မတို့၏ အပြစ်ရှိသောသဘာဝသည် ကျွန်မတို့အထဲတွင် အမြစ်တွယ်လျက်ရှိပြီး ကျွန်မတို့သည် ဘုရားသခင်ကို အာခံနိုင်သေးကာ၊ သစ္စာဖောက်နိုင်သေးသည့်အပြင်၊ ဘုရားသခင်ကိုလည်း ရန်သူတစ်ယောက်ကဲ့သို့ သတ်မှတ်နိုင်သေးပါသည်။ သိသာစွာပင် အကယ်၍ ကျွန်မတို့၏ စာတန်နတ်ဆိုးကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ကို မဖျောက်ဖျက်နိုင်ပါက ကျွန်မတို့သည် ကောင်းကင် နိုင်ငံတော်သို့ ဝင်ရောက်ရန် အရည်အချင်းမပြည့်ဖြစ်လိမ့်မည်။ သခင်ယေရှုဆိုသည်မှာ “ သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။” (ယောဟန် ၁၆:၁၂-၁၃) သခင့်၏ နှုတ်ကပတ်တော်တို့ သည် အလွန်ပင် ရှင်းလင်းလေသည်။ ကျေးဇူးတော် ကာလတွင် သခင်ယေရှုသည် လူများကယ်တင်ခြင်း ရရှိရန် အတွက် လိုအပ်သည့် သမ္မာတရားအားလုံးကို မည်သည့်အခါမျှ ပေးအပ်ခဲ့ခြင်း မရှိပါ။ လူများအနေဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စာတန်နတ်ဆိုးကဲ့သို့ စိတ်သဘောထားများမှ လွတ်မြောက်ကာ၊ သန့်စင်ခြင်းကို ရရှိနိုင်ရန် အခွင့်ပေးမည့် သမ္မာတရားများဖြစ်သည့် ပိုမိုနက်နဲပြီး၊ ပိုမိုမြင့်မားသည့် သမ္မာတရားများ ရှိနေပါသေးသည်။ သခင်ယေရှုသည် ဤသမ္မာတရားများအား လူသားတို့ကို မမိန့်ဆိုခဲ့သည့်အကြောင်းမှာ ထိုအချိန်က လူတို့သည် ထိုသမ္မာတရားတို့ကို ခံနိုင်ရန် လိုအပ်သော ဝိညာဉ်အသက်တာ ကင်းမဲ့နေခဲ့ကြသောကြောင့် ဖြစ်ပါသည်။ လူသည် နောက်ဆုံးသောကာလ၌ သခင်ယေရှု ပြန်လာပြီး ကိုယ်တော်၏ အမှုတော်ကို ဆောင်ရွက်ချိန်ထိ စောင့်ရမည်ဖြစ်သည်။ သခင်သည် သူ၏ တရားစီရင်ခြင်းအမှုနှင့် ပြစ်တင်ဆုံးမခြင်းအမှုတို့အားဖြင့် ကျွန်မတို့၏ အပြစ်ရှိသော သဘာဝမှ နှံ့စပ်စွာသန့်စင်ပေးပြီး၊ ကျွန်မတို့ကို အပြစ်၏ချည်နှောင်ခြင်းမှ လွတ်မြောက်စေကာ၊ မွန်မြတ်သန့်စင်မှုကို ရရှိစေပြီး ကောင်းကင်နိုင်ငံတော်သို့ ကယ်တင် ခံရမည် ဖြစ်သည်။ ဤသည်မှာ ကျမ်းစာရှိ ပရောဖက်ပြုခြင်းများကို ပြီးပြည့်စုံစေသည်၊ “ ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။” (ယောဟန် ၁၂:၄၈) “ ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။ ငါတို့ကို ရှေ့ဦးစွာ စစ်ကြောအချိန်ရှိပြီ။” (၁ပေ ၄:၁၇) ထို့ကြောင့် ကျွန်မတို့၏ ဗတ္တိဇံခံခြင်းသည် ကျွန်မတို့အနေဖြင့် ဒုတိယအကြိမ်မွေးဖွားပြီး၊ ကယ်တင်ခြင်းခံရကာ၊ အလုံးစုံ အသစ်ပြုပြင်သော သတ္တဝါဖြစ်ပြီဟု ဆိုလိုခြင်းမဟုတ်ပါ။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်း အမှုကို လက်ခံခြင်းအားဖြင့်သာလျှင် ကျွန်မတို့သည် သန့်စင်ခြင်းရရှိရန် နှင့် ကောင်းနိုင်ငံတော်သို့ ဝင်ရောက်ရန် အခွင့်အလမ်း ရရှိနိုင်မည် ဖြစ်ပါသည်။ အစ်မဝေါင်၊ ဤသည်မှာ ကျွန်မ၏ နားလည်မှု အချို့ဖြစ်ပြီး သင်သည်လည်း ဤသည်မှ အကျိုးအမြတ်ရနိုင် ရန် မျှော်လင့် ပါသည်။ အကယ်၍ သင်သည် အတွေးအမြင်အသစ်များ သို့မဟုတ် ဉာဏ်အလင်း တစ်စုံတစ်ရာရရှိပါက ကျေးဇူးပြု၍ ကျွန်မ ကို စာရေးဝေငှပေးပါ။ ရိုးသားစွာဖြင့်၊ စစ်စတာ လင်း
0 Comments
Leave a Reply. |
Click & Join us(မာကု ၁၆:၁၆)။"ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့" တံဆိပ်များ
All
|