"သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။" (ယောဟန် ၁၆:၁၂-၁၃)
မည်သို့သောသူမျိုးသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်မည်ကို ကျွန်မ နောက်ဆုံးတွင် နားလည်သဘောပေါက်ခဲ့သည် (၁) အာရှီး မလေးရှား
ကျွန်မ အသက် ၁၂ နှစ်တွင်၊ သခင်ယေရှုကို စတင်ယုံကြည်ခဲ့ပြီး ခရစ်ယာန်တစ်ယောက် ဖြစ်လာခဲ့သည်။ ကျွန်မ စတင်ယုံကြည်ပြီးနောက် တနင်္ဂနွေနေ့ ဝတ်ပြုကိုးကွယ်ခြင်း နှင့် သမ္မာကျမ်းစာ လေ့လာခြင်း အုပ်စုများတွင် နိုးကြားစွာနှင့် စွဲစွဲမြဲမြဲဖြင့် တက်ရောက်ခဲ့ပါသည်။ သမ္မာကျမ်းစာလေ့လာခြင်း အစည်းအဝေးများတွင် ကျွန်မတို့က တိမောသေ သြဝါဒစာ ဒုတိယစောင် ၄:၇-၈ “ ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါအဘို့သိုထားလျက်ရှိ၏။” ကို မကြာခဏ ဆွေးနွေးခဲ့ပါသည်။ ခရစ်ယာန်များအနေဖြင့် ကျွန်မတို့အပေါ်တွင် ဖြောင့်မတ်ခြင်းသရဖူကို အပ်နှင်းမည်ဖြစ် သောကြောင့် ကျွန်မတို့က ရှင်ပေါလုကို အတုခိုးပြီး၊ ပြေးလွှားကြိုးစားကာ အမှုတော်များ ထမ်းဆောင်သင့်သည်ဟု တွေးကြပါသည်။ ကျွန်မတို့၏ သင်းအုပ်ဆရာက ကောင်းကင် နိုင်ငံတော်သည် ကြိုးစားအားထုတ်မှုအားဖြင့် ဝင်ရောက်နိုင်ပြီး၊ သခင့်အမှုတော်ကို ဇွဲကောင်းကောင်းဖြင့် ပြုရန် နှင့် ရှာဖွေရန် တို့အတွက် ကျွန်မတို့ ကြိုးစားအားထုတ်သမျှ ကာလပတ်လုံး၊ သခင်ပြန်ကြွလာသည့်အချိန်တွင်၊ ကိုယ်တော် သည် ကျွန်မတို့ အား ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်မည်ဟု ပြောကာ မကြာခဏ အားပေးခဲ့ပါသည်။ ထိုသွန်သင်ချက်သည် ဘုရားသခင်ကို ကျွန်မ၏ ယုံကြည်မှုတွင် အခြေခံအုတ်မြစ် ဖြစ်လာပြီး၊ ကျွန်မအနေဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် လုံလောက်သည့် “ တန်ဖိုး” စုပေါင်းရရှိလာရန်၊ ကိုယ်တော်ကြွ တော်မူသည့်အချိန်တွင် ကျွန်မသည် ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်ခြင်းခံရရန် တို့အတွက် အသင်းတော် အစေခံခြင်း အလုပ်တွင် ပါဝင်ဖို့ မိမိစွမ်းအားရှိသမျှ လုပ်ဆောင်မည့် အကြောင်း မိမိကိုယ်ကို ကျိန်ဆိုခဲ့ပါသည်။
0 Comments
ရှိလီ ဂျပန်နိုင်ငံ
ဘုရားသခင်နှင့် တွေ့ဆုံရန် လေထဲသို့ ချီဆောင်ခံရခြင်းကို စိတ်ကူးယဉ်မှုများ ၂၀၁၄ ခုနှစ်တွင် အစ်မတစ်ယောက်က ကျွန်မကို သခင်ယေရှု၏ ဧဝံဂေလိတရားတော်ကို ဟောကြားခဲ့သည်။ ဘုရားသခင်ကို စတင်ယုံကြည်ပြီးနောက်တွင်၊ ကျွန်မက အစည်းအဝေးများကို စိတ်အားထက်သန်စွာ သွားခဲ့ပြီး၊ အစည်းအဝေးတစ်ခုတွင် ကျွန်မ၏ သင်းအုပ်ဆရာက “ သခင်ယေရှုက ‘သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့ပြင်ဆင်စရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။’ (ရှင်ယောဟန် ၁၄:၂-၃) လို့ မိန့်တော်မူပြီး ရှင်ပေါလုကလည်း ‘ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်။’ (၁ သက်သာ ၄:၁၇) လို့ပြောခဲ့တယ်။ သခင်သည် ကျွန်တော်တို့အတွက် နေရာတစ်ခုကို ပြင်ဆင်တော်မူခဲ့ပြီ၊ ပြီးတော့ သခင်ပြန်ကြွလာတဲ့ အချိန်မှာ၊ ကျွန်တော်တို့က သခင်နဲ့ တွေ့ဆုံဖို့ လေထဲကို တိုက်ရိုက်ချီဆောင်ခံရမယ်၊ အဲဒီနောက်မှာ ကျွန်တော်တို့က သခင်နဲ့ ထာဝရရှိမယ်။ ကောင်းကင်နိုင်ငံတော်ရဲ့ နံရံတွေက နဂါးသွဲ့ကျောက် တွေနဲ့ လုပ်ထားပြီး၊ လမ်းတွေက ရွှေတွေနဲ့ ဆောက်ထားတယ်၊ ပြီးတော့ အားလုံးက ကျွန်တော်တို့ လိုချင်မဲ့ ကျောက်မျက်ရတနာတွေ၊ မဟူရာ နဲ့ ကျောက်စိမ်း တွေချည်းပဲ။ အဲဒီမှာ နာကျင်မှု ဒါမှမဟုတ် ညှင်းပန်းနှိပ်စက်မှု၊ မျက်ရည် ဒါမှမဟုတ် စိတ်မချမ်းမြေ့စရာ ဆိုတာ တစ်ခုမှ မရှိဘူး၊ ပြီးတော့ နှစ်သက်ခံစားဖို့ အဆုံးမရှိတဲ့ ကောင်းကြီးမင်္ဂလာတွေပဲရှိတယ်…” ဟု ပြောခဲ့ပါသည်။ကျွန်မ သင်းအုပ်ဆရာ၏ ဒေသနာတွင် စိတ်အားထက်သန်မှုကို ကြားရသည့် အချိန်တွင်၊ ကျွန်မလည်း တစ်နေ့တွင် ကောင်းကင်ဘုံသို့ ဘုရားသခင်၏ ချီဆောင်ခံရပါက နှစ်သက်ပျော်ရွှင်ဖွယ်ကောင်း မည်ဟု ကျွန်မတွေးခဲ့ မိသည်။ |
Click & Join us(မာကု ၁၆:၁၆)။"ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့" တံဆိပ်များ
All
|