သမ္မာကျမ်းစာ၏ မှန်ကန်သည့် အမြင်ရှုထောင့်ကို လက်ခံခြင်းအားဖြင့် သခင့်ပြန်ကြွလာခြင်းကို ကျွန်မကြိုဆိုသည် စင်းနင်း မလေးရှား
သတင်းကောင်း- သခင်ပြန်ကြွလာခဲ့ပြီ ကျွန်မက ခရစ်ယာန်တစ်ယောက်ဖြစ်ပြီး ကျွန်မ ငယ်စဉ်က ကျွန်မအဒေါ်၏ သခင့်ကို ယုံကြည်ခြင်း နောက်လိုက်ခဲ့ကာ တနင်္ဂနွေဝတ်ပြုခြင်းကို ကျွန်မ တို့ မကြာခဏ တက်ရောက်ခဲ့ပါသည်။ ၂၀၁၇ အကုန်နီးပါးတွင် အလုပ်ထဲ၌ အလွန်အလုပ်ရှုပ်သော ကြောင့် ကျွန်မသည် အသင်းတော် စုဝေးပွဲများကို တက်ရောက်ဖို့ အချိန်မရှိကြောင်း သိခဲ့ရသောကြောင့် ကျွန်မက အွန်လိုင်း သမ္မာကျမ်းစာလေ့လာခြင်း အတန်းများကို စတင်တက်ရောက်ခဲ့ပါသည်။ ကျွန်မ အစ်မ ဆူးကို ကျွန်မ သမ္မာကျမ်းစာ လေ့လာခြင်း အုပ်စု၌ ဆုံခဲ့ပြီး၊ သူမသည် အတော်အတန် မေတ္တာကရုဏာကြီးမားသည်ကို တွေ့ခဲ့ရသည်။ ကျွန်မမှာ မည်သည့်မေးခွန်းများ ရှိပါစေ၊ သူမက ကျွန်မ ပြဿနာများ ပြေလည်သွားစေရန် ကျွန်မနှင့် အမြဲတမ်း စိတ်ရှည်လက်ရှည် မိတ်သဟာယ ပြုပေးခဲ့သည်။ နောက်ပိုင်းတွင် အစ်မဆူးက သခင်က နောက်ဆုံးသောကာလတွင် ပြန်ကြွလာပြီး ဖြစ်သည့်အပြင်၊ အမှုတော်အဆင့်သစ်ကို ပြုနေ ကြောင်း၊ ကျွန်မတို့အပြစ်များကို တရားစီရင်ရန် နှင့် သန့်စင်ရန် သူ့နှုတ်ကပတ်တော်များကို အသုံးပြုနေ ကြောင်းနှင့် သူက သန့်စင်ခံရပြီးသူများကို သူ့ နိုင်ငံတော်ထဲသို့ ဦးဆောင်လိမ့်မည် ဖြစ်ကြောင်း တို့ကို ကျွန်မကို သက်သေခံခဲ့သည်။ သူမက ကျွန်မကို အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကိုလည်း ဖတ်ပြခဲ့ပြီး၊ ဘုရားသခင်၏ အမှုတော်အဆင့်သုံးဆင့်၊ ဘုရားသခင့် နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် ဆိုင်ရာ နက်နဲမှု နှင့် ဘုရားသခင့် နာမတော်၏ နက်နဲမှု တို့ကဲ့သို့ သမ္မာတရား များအကြောင်း မိတ်သဟာယပြုခဲ့ပါသည်။ ကျွန်မ ဤအရာများအကြောင်း လုံးဝမကြားခဲ့ဖူး သည့်အပြင် ဤနည်းလမ်းကို လန်းဆန်းပြီး သစ်လွင် သည်ဟု ခံစားခဲ့ရသည်၊ ပြီးလျှင် ကျွန်မက သူမတရားဟောကြားခဲ့သည့် နည်းလမ်းကို ဆက်ပြီး လေ့လာလိုခဲ့သည်။
0 Comments
ရာမဒီ ဖိလစ်ပိုင်
သခင့်ကို နှစ်များစွာ ယုံကြည်ခဲ့သည့် ခရစ်ယာန် တစ်ယောက် အနေဖြင့် သင်းအုပ်ဆရာများက သူတို့၏ ဒေသနာများတွင် “ ကျွန်တော်တို့လို ယုံကြည်သူတွေက ကျွန်တော်တို့ အပြစ်တွေကနေ ရွေးနှုတ်ခံရပြီး၊ အပြစ် ဖြေခဲ့ပြီး ဖြစ်တယ်။ သခင်ကြွလာတဲ့အချိန်မှာ၊ ကိုယ်တော် က ကျွန်တော်တို့ကို ကောင်းကင်နိုင်ငံတော် ထဲကို တိုက်ရိုက်ချီဆောင်လိမ့်မယ်” ဟု ပြောသည်ကို ကျွန်မ မကြာခဏ ကြားဖူးပါသည်။ သို့သော်လည်း ကျွန်မက သခင့်ကို ပြန်ကြွလာရန် နှင့် ကျွန်မတို့အား ကောင်းကင်နိုင်ငံတော်တွင်းသို့ ခေါ်ဆောင်ရန် စိတ်မရှည်စွာ စောင့်ဆိုင်းနေခဲ့စဉ်တွင်၊ ကျွန်မအတွက် အထူးသဖြင့် နာကျင်ဖွယ်နှင့် စိတ်ရှုပ်ထွေးဖွယ် တစ်စုံ တစ်ခု ဖြစ်ပျက်ခဲ့ပါသည်။ တရားစီရင်မှုအပေါ် ကျွန်မ၏ အထင်လွဲမှားမှုကို သုတ်သင်ဖယ်ရှင်းခြင်းအားဖြင့် ကျွန်မသည် သခင်ပြန်ကြွလာခြင်းကို ကြိုဆိုနိုင်ခဲ့သည် ဂျင်ရီ အမေရိကန်နိုင်ငံ
အစည်းအဝေးတစ်ခုတွင် သခင်ပြန်ကြွလာမည့် သတင်းကောင်းကို ကြားသိရခြင်း ၂၀၁၆ ခုနှစ်တွင် ကျွန်မသည် သခင့်ကို စတင်ယုံကြည်ခဲ့ပြီး၊ အစည်းအဝေးများကို သီတင်းပတ်တိုင်း တက်ရောက်ခဲ့သည်။ နောက်ပိုင်းတွင် ညီမအသစ်တစ်ယောက်သည် ကျွန်မတို့ အစည်းအဝေး များကို စတင်လာရောက်ခဲ့သည်။ သူမနှင့် အစည်းအဝေးအချို့ ပြုလုပ်ပြီး နောက်ပိုင်းတွင်၊ သူမစကားများသည် မတူညီသော ကျမ်းချက်များစွာ နှင့်ပတ်သက်ပြီး နားလည်ရပိုမိုလွယ်ကူ စေနိုင် ကြောင်းကို ကျွန်မ တွေ့ရှိခဲ့ရပါသည်။ လူတိုင်းသည် သူမအားဖြင့် ကောင်းမွန်သော ထောက်ပံ့မှုကို ရရှိသည်ဟု ခံစားရပြီး၊ ကျွန်မသည် သူမအား အလွန် အထင်ကြီးအားကျခဲ့သည်။ကျွန်မက “သူက အရမ်းငယ်တာပဲ၊ ဒါပေမဲ့ သူ့အသက်အရွယ်နဲ့ မလိုက်အောင်ကို သမ္မာကျမ်းစာအကြောင်း မိတ်သဟာယပြုတဲ့အခါမှာ ငါတို့သင်းအုပ် ဆရာထက် သာနေတယ်။ သူက သမ္မာကျမ်းစာကို ဒါမျိုး ဘယ်လိုလုပ် ပြီးဖတ်နိုင်တာလဲ” ဟု တွေးမိသည်။သိလိုစိတ်ဖြင့် ကျွန်မက သူမကို “ညီမ သမ္မာကျမ်းစာကို နားလည်တာက အားကျဖို့ကောင်းတယ်။ အဲဒါကို ဘယ်လိုလုပ်ပြီး ဒီလောက်အများကြီး နားလည်နေရ တာလဲ ”နှစ်ကိုယ်ကြားမေးခဲ့သည်။ သူမက ပိုမိုရှင်းလင်းစွာနှင့် နားလည်သဘောပေါက် နိုင်အောင် ညီအစ်ကိုမောင်နှမများ မိတ်သဟာယပြုသည့် နောက်ထပ် အစည်းအဝေးတစ်ခု ကိုလည်း တက်ရောက်ခဲ့ကြောင်းပြောပြီး၊ ကျွန်မကိုလည်း လာရောက် နားထောင်ရန် ဖိတ်ခေါ်လေသည်။ ထိုဖိတ်ခေါ်မှုကို ကျွန်မက ပျော်ရွှင်စွာ သဘောတူခဲ့ပါသည်။ အမှန်နှင့်အမှားကြား သိမြင်မှုသည် ခက်ခဲသည့် ခေတ်ကာလတွင် ခရစ်တော်၏အယောင်ကိုဆောင်သောသူကို သိမြင်ခြင်းအားဖြင့်သာ သခင့်အား ကျွန်မတို့ လက်ခံရရှိနိုင်သည် ထောင်ရှင်း မလေးရှား
သင် ငွေအတု လက်ခံရရှိဖူးပါသလား။ တော်တော်များများက ရရှိဖူးသည်ဟု ဖြေကြလိမ့်မည်။ ငွေအတုများ ပေါများနေသည့် ခေတ်ကာလ၌ ကျွန်မတို့ရှိသည့်အခါတွင် သင်သည် ငွေအတုများ ရရှိမည်ကို ကြောက်၍ ပိုက်ဆံကို ငြင်းပယ်မည်လား။ ဘယ်လုပ်ပါ့မလဲ။ အဘယ်ကြောင့်ဆိုသော် သင်သည် အတုနှင့်အစစ်ကို ခွဲခြားသိမြင်နိုင်သည့်အခါတွင် သင်သည် မျက်စိစုံမှိတ်ပြီး သတိထားနေမည်မဟုတ်တော့ပေ။ ဤသို့ဆိုလျှင် သခင်ပြန်ကြွလာခြင်းအား အလွန်အမင်း မျှော်လင့်တောင့်တကြသည့် ခရစ်ယာန်တို့ဆိုလျှင် မည်သို့ပြုမည်နည်း။ ခရစ်တော်၏အယောင်ကိုဆောင်သောသူတို့ ပေါ်ပေါက်လာသည့်အရေးကိစ္စအား သူတို့မည်သို့ ကိုင်တွယ်မည်နည်း။ ခုခံကာကွယ်ပြီး ရှောင်ကြဉ်သင့်ပါသလား။ သို့မဟုတ် ဘုရားသခင်၏ အသံတော်အား အာရုံစိုက်၍ နားထောင်သင့်ပါသလား။ ဤသည်မှာ သခင်အား ကျွန်မတို့ လက်ခံရရှိနိုင်ခြင်း ရှိမရှိနှင့် သက်ဆိုင်ပါသည်။ တစ်ခါက ကျွန်မသည် ခရစ်တော်၏အယောင်ကိုဆောင်သောသူတို့၏ လှည့်စားခြင်းကို သတိပြုကာကွယ်နေပြီး သခင့်အား လက်ခံရရှိရန် အခွင့်အလမ်းအား လွဲချော်လုနီးပါး ဖြစ်ခဲ့ရသည်။ ဒါဆိုရင် ဒါက ဘုရားသခင်က လူ့ဇာတိခံယူပြီး ပြန်ကြွလာခြင်းရဲ့ အရေးပါမှုပေါ့
ဝိန်ဝိန် အမေရိက “ နင် ဝိန်ဝိန်လား” “ ကျင်ချီလား” “ အိုး ဝိန်ဝိန် အရင်က ငါ့အိမ်နီးနားချင်းကြီး။ နင်နဲ့ဝင်တိုးတာ အံ့သြစရာပဲ။ ငါတို့မတွေ့ဖြစ်တာနှစ်တွေတော်ကြာပြီးတော့မှ တခြားနိုင်ငံတစ်နိုင်ငံမှာ ထပ်တွေ့ကြတယ်။ ဒါ တကယ်ကို သခင့်ရဲ့ စီစဉ်မှုပဲ။” “ ဟုတ်တယ် တကယ်ပဲ။ သခင့်ကျေးဇူးတော်ပါပဲ။” … သခင်ပြန်လည်ကြွလာခြင်းအား ကြိုဆိုခြင်း-သုံးပါးတစ်ဆူ၏နက်နဲမှုအား နောက်ဆုံးတွင် ထုတ်ဖော်ပြခဲ့ပြီ ဂျင်မီ အမေရိက
အယ်ဒီတာ့ အမှာစာ-“ သုံးပါးတစ်ဆူ” သည် ဘုရားသခင်နှင့် ပတ်သက်ပြီး ဘာသာရေးလောက၏ ကောက်ချက်ချချက်တစ်ခု ဖြစ်သည်။ ဤသီအိုရီသည် နှစ် ၂၀ဝ၀ နီးပါးကြာသည်အထိ ခရစ်ယာန်အများစုမှ လက်ခံပြီး အသိအမှတ်ပြုခဲ့ကြသည်။ အချို့ခရစ်ယာန်များသည် ဘုရားသခင်၏ သုံးပါးတစ်ဆူ သီအိုရီ တည်ရှိမှုနှင့်ပတ်သက်ပြီး မရှင်းမလင်းရှိကြ သော်လည်း ၎င်းမှာ ရှင်းပြရန် ခက်ခဲပြီး သုံးပါးတစ်ဆူဘုရားသည် ခရစ်ယာန်များ၏ စိတ်နှလုံးများထဲတွင် နက်နဲသောအရာတစ်ခုဖြစ်လာခဲ့သည်။ သုံးပါးတစ်ဆူသီအိုရီသည် သေချာစိစစ်၍ ရနိုင်ပါသလား။ ယေဟောဝါနှင့် ယေရှုကြားရှိ ဆက်နွယ်မှုသည် မည်သို့နည်း။ အောက်တွင်ပါရှိသည့် စာရေးသူ၏ အတွေ့အကြုံသည် သင့်အား ဤနက်နဲသောမှုကိုကူညီဖြေရှင်းပေးနိုင်မည်ဟု ကျွန်တော် ယုံကြည်ပါသည်။ ဖန်ရှား အမေရိကန်နိုင်ငံ
ယခင်နေ့ရက်များ၌ အသင်းတော်တွင် များစွာသော စိတ်အားထက်သန်ခြင်း ရှိခဲ့သည် ကျွန်မမိသားစုသည် ကတ်သလစ်များဖြစ်ခဲ့သည်မှာ မျိုးဆက် နှင့် ချီခဲ့ပြီ ဖြစ်ပြီး၊ ကျွန်မသည် ဗိတ္တိဇံခံယူ သည့်အချိန် တွင် လသားအရွယ် သာရှိပါသေးသည်။ ကျယ်လောင်သော နှိုးစက်တစ်ခု၏ အသံဖြင့် အမြဲတမ်း နိုးရပြီးနောက်၊ ညပိုင်း ပွဲတော်အစီအစဉ်ကို တက်ရောက်ရန် ကျွန်မတို့အသင်းတော်သို့ အလောတကြီး မသွားမီ ကျွန်မ မိဘများက ကျွန်မကို အလျင်စလို ဆေးကြောသုတ်သင်ပြီး ဝတ်စားဆင်ယင်ပေးရန် အိပ်ရာထဲမှ ဆွဲခေါ်သွားခဲ့ကြလေ့ရှိခဲ့ သည်ကို ကျွန်မ အမှတ်ရမိပါသည်။ ကျွန်မမိဘများက တရုတ်ပြည်တွင် သခင့်ကို ယုံကြည်ကြသူ များသည် ညှင်းပန်း နှိပ်စက်ခြင်း ခံရပြီး၊ ဘုန်းတော်ကြီး များနှင့် ယုံကြည်သူများသည် မကြာခဏ ဖမ်းဆီး အကျဉ်းချခြင်း ခံရသောကြောင့် ကျွန်မတို့သည် ပွဲတော် အစီအစဉ်ကို ညအချိန်တွင်သာ တက်ရောက်မှ လုံခြုံမည်ဟု ဆိုကြသည်။ ယင်းမှာ အလွန်ပင် အန္တရာယ်များ သော်လည်း၊ ကျွန်မတို့၏ အသင်းတော်မှ ညီအစ်ကိုမောင်နှမ များသည် အလွန်စိတ်အား ထက်သန်ပြီး ဆက်ကပ်အပ်နှံမှု ကြလေသည်။ ရာသီဉတု မည်သို့ရှိပါစေ၊ ပွဲတော် အစီအစဉ်ကို မည်သည့်နေရာ တွင် ပြုလုပ်ပါစေ၊ သူတို့သည် တစ်ယောက်နှင့် တစ်ယောက် အသေးစိတ်အချက်အလက်များကို လက်ဆင့် ကမ်းကာ၊ တက်ရောက် ရန် လူကြီးများနှင့် လူငယ်များကို ခေါ်ဆောင်လာရန် အလုအယက် ဆောင်ရွက်ကြပါသည်။ လူတိုင်း သည် ဓမ္မသီချင်းများ ကို သီဆိုကာ နှစ်သစ်ကူး တစ်ခုကဲ့သို့ စိတ်လှုပ်ရှားကြပြီးလျှင်၊ ယုံကြည်သူများစွာ တို့သည် တစ်ညလုံး မအိပ်စက်ရသော်လည်း မြူးကြွနေ ကြဆဲသာ ဖြစ်ပါသည် … “ ယုံကြည်မှုကြောင့် ဖြောင့်မတ်သူဟု ခေါ်ခံရခြင်း” ကို နားလည်သဘောပေါက်မှု အသစ်တစ်ခုမှတစ်ဆင့် ကျွန်တော်သည် ပြန်ကြွလာသည့် သခင့်ကို ကြိုဆိုခဲ့သည် ကရီးမူး အမေရိကန်နိုင်ငံ စစ်မှန်သည့် ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် ကျွန်တော့် နှလုံးသားသည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ဖြင့် ပြည့်ဝသည် ကျွန်တော့်မိသားစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ဖူး သော်လည်း ၂၀၀၄ ခုနှစ်တွင် ကျွန်တော့် အဒေါ်နှင့် အတူ သခင်ယေရှုကို ယုံကြည်ရန် ပြောင်းလဲခဲ့သည်။ ထိုအချိန်က လူသားများသည် ဘုရားသခင်၏ ဖန်ဆင်းခံရ သူများဖြစ်ကြောင်း နှင့် ပစ္စုပ္ပန်အထိ လူသားမျိုးနွယ်၏ ရှင်သန်ခြင်းသည် သခင်ယေရှုက ကျွန်တော်တို့ကို ရွေးနှုတ်ရန် ကားတိုင်တင်ခံခြင်းကြောင့် ဖြစ်ကြောင်း တို့ကို နားလည်သဘောပေါက်ခဲ့သည့်အပြင်၊ သခင့် ချစ်ခြင်းမေတ္တာသည် အမှန်တကယ် ကြီးမြတ်ကြောင်း ကိုလည်း ခံစားခဲ့ရသည်။ အထူးသဖြင့် အမှုတော်ဆောင် များ တရားဟောပြီး သူတို့၏ ညီအစ်ကိုမောင်နှမများကို လည်ပတ်ကာ၊ ညီအစ်ကိုမောင်နှမများကို သူတို့၏ အခက်အခဲများအတွက် မည်သည့်အလျော်အစားမျှ မတောင်း ဆိုသည်ကို ကျွန်တော်တွေ့မြင် သည့်အချိန်တွင် ကျွန်တော်တို့ထိခံရပါသည်။ ထို့ကြောင့် ကျွန်တော်က ခရစ်ယာန်တစ်ယောက် အဖြစ် ဗိတ္တိဇံခံယူခဲ့သည်။ သခင့်ကို ယုံကြည်ပြီးနောက် ကျွန်တော်က သမ္မာကျမ်းစာကို ဖတ်ရှုခြင်း နှင့် ဒေသနာတော်ကို နားထောင်ခြင်းတို့ကို နှစ်သက်ခံစားခဲ့ပြီး၊ ကျွန်တော်က သမ္မာကျမ်းစာ ကျမ်းချက်များကို ဖတ်ရှုသည့်အချိန်တွင် “ ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ နှုတ်ဖြင့် ဝန်ခံရ၏။” (ရောမ ၁၀:၁၀-၁၁) “ ထိုကြောင့်၊ ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ရောက်လျှင်၊ ငါတို့သခင်ယေရှုခရစ် အားဖြင့် ဘုရားသခင့်ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ၏။” (ရောမ ၅:၁) ကျွန်တော့်ကို သခင်က ကျေးဇူးတော်များစွာ ပေးသည်ဟု ခံစားခဲ့ရသည်။ သခင်ယေရှုကို ယုံကြည်ခြင်းမျှသာလျှင် ကျွန်တော်တို့က ဖြောင့်မတ်သည်ဟု ခေါ်ဝေါ်ခြင်းခံရပြီး၊ ကျွန်တော်တို့၏ အပြစ်များကို ရွေးနှုတ်ခြင်းခံရ သည့်အပြင်၊ သခင်ကြွလာသည့်အချိန်တွင် ကောင်းကင် နိုင်ငံတော်ကို ချီဆောင်ခံရမည်ဖြစ်သည်။ ဤသည်တို့မှာ မယုံနိုင်လောက်သည့် ကောင်းကြီးမင်္ဂလာများဖြစ်သည်။ ကျွန်တော်တို့က အဆုံးသတ်အထိ ယုံကြည်မှုရှိရန် သစ္စာဝတ်ပြုထားပါသည်။ ကျွန်တော် မည်သည့် ပတ်ဝန်းကျင်မျိုးကို တွေ့ကြုံရပါစေ၊ ကျွန်တော်က ဆုတောင်းကာ၊ သမ္မာကျမ်းစာကို ဖတ်ရှုပြီး၊ ဘုရားသခင်ရှေ့တော်မှောက်တွင် အသက်ရှင်နေထိုင်မြဲ ဖြစ်သည်။ ထို့နောက်တွင် ကျွန်တော်က သမ္မာကျမ်းစာကို အလေးအနက်ထားပြီး နေ့စဉ်ဖတ်ရှုကာ၊ အစည်းအဝေး များတွင် သွက်လက်စွာ ပါဝင်သည့်အပြင်၊ ကျွန်တော် နှလုံးသားသည်လည်း ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ယုံကြည်မှုတို့ဖြင့် ပြည့် ဝလျက်ရှိပါသည်။ ဖြူသောပလ္လင်ကြီး ပေါ်မှ တရားစီရင်ခြင်း၏ ပရောဖက်ပြုချက်သည် မည်သို့ပြီးမြောက်လိမ့်မည်ကို ကျွန်တော်သိသည် နစ်ယန်း၊အမေရိကန်ပြည်ထောင်စု “ တဖန်တုံ၊ ဖြူသောပလ္လင်ကြီးကို၎င်း၊ ပလ္လင်ပေါ် မှာ ထိုင်တော်မူသောသူကို၎င်း ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူတို့ နေစရာအရပ်မရှိ။ သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင် တော်ရှေ့မှာ ရပ်နကြသည်ကို ငါမြင်၏။ စာစောင်များ ကို ဖွင့်ထား၏ အသက်စာစောင်တည်းဟူသော အခြား တပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန် သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင် ခြင်းကို ခံရကြ၏။” (ဗျာဒိတ်ကျမ်း ၂၀:၁၁-၁၂)
ဤကျမ်းပိုဒ်နှစ်ပိုဒ်ကိုကျွန်တော်ဖတ်သည့်အခါတိုင်းတွင်နောက်ဆုံးသောကာလတွင်ပြန်လည်ကြွလာသည့်သခင်မှလူသားမျိုးနွယ်အားတရားစီရင်နေသည့်ခမ်းနားလှသည့်မြင်ကွင်းကိုကျွန်တော်စိတ်ကူးထင်မြင်ကြည့်မိသည်။ထိုအချိန်ကာလတွင်သခင်ယေရှုသည်သူ၏လက်တွင်လူတိုင်း၏မှတ်တမ်းများရှိပြီးမိုးကောင်းကင်ပေါ်တွင်ပလ္လင်ဖြူကြီးပေါ်၌ထိုင်နေလိမ့်မည်ဖြစ်ပြီးလူအားလုံးကိုကြီးကျယ်ခမ်းနားစွာတရားစီရင်မည်ဟုတွေးထင်မိသည်။ကျွန်တော်သည်ဘုရားသခင်၏သတင်းကောင်းကိုမကြားရမီအထိဤအယူအဆကိုဆက်လက်စွဲကိုင်ထားခဲ့သည်။ |
Click & Join usတံဆိပ်များ
All
|