အင်ဒိုင်း၊ တောင်ကိုရီးယား ဤနှုတ်ကပတ်တော်များသည် ထိုသို့သော သြဇာအာဏာကို သယ်ဆောင်သဖြင့် ဘုရားသခင်၏ အသံတော် ဖြစ်ရပေမည်
ညီမ ဂျင် မိတ်သဟာယပြုခဲ့သည့် အရာမှာ အလွန်ဆန်းသစ်ပြီး သစ်လွင်သည်၊ ဘာသာတရားထဲတွင် ယခင်က ကျွန်မ လုံးဝမကြားဖူးသည့် အရာများဖြစ်သည်ကို ကျွန်မ ခံစားခဲ့ရသည်။ သူမ၏ မိတ်သဟာယမှတဆင့်၊ ယခင်က ကျွန်မ နားမလည်ခဲ့သည့် သမ္မာကျမ်းစာထဲက ကျမ်းချက်များစွာကို ကျွန်မ နားလည်လာခဲ့ပြီး၊ သူမကို ကျွန်မ အလွန်လေးစားမိပါသည်။ ကျွန်မက သူမကို၊ “ညီမ၊ သခင့်ကို အစ်မတို့အားလုံး ယုံကြည်ကြတယ်လေ၊ ဒီတော့ ဘယ်လိုဖြစ်ပြီး အသင်းတော်တွေထဲက ခြောက်ကပ်မှုအတွက် အကြောင်းရင်းတွေအကြောင်းကို ညီမက အရမ်းကို ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုနိုင်တာလဲ။ ပြီးတော့၊ ဘုရားသခင်ရဲ့ အမှုတော်သစ်ကို အစ်မတို့ ဘယ်မှာ သွားရှာနိုင်လဲ” ဟု မေးလိုက်သည်။
0 Comments
အင်ဒိုင်း၊ တောင်ကိုရီးယား ပထမဆုံးအကြိမ် သခင့်ကို ကျွန်မ တွေ့ဆုံရပြီး ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို တွေ့ကြုံရသည်
၂၀၁၀ ခုနှစ်တွင်၊ ကျွန်မသည် ကျွန်မ၏ ခင်ပွန်းနှင့်အတူ တောင်ကိုရီးယားသို့ ပြောင်းလာခဲ့ကြပြီး အိမ်အနီးတွင်ရှိသည့် ဘုရားကျောင်းတစ်ခုတွင် သခင်ယေရှုကို စတင်ယုံကြည်ခဲ့သည်။ ဝတ်ပြုအစည်းအဝေးများတွင်၊ သင်းအုပ်ဆရာက “ကားတိုင်၏ ကယ်တင်ခြင်း” လမ်းခရီး နှင့် “လောကလူတို့ကို ဘုရားသခင် ချစ်တော်မူသည်”တို့ကို မကြာခဏ ဟောပြောခဲ့ပြီး သခင်ယေရှု၏ ကြီးမြတ်သော ချစ်ခြင်းမေတ္တာကြောင့် ကျွန်မ၏ စိတ်နှလုံး အလွန်အမင်း လှုပ်ရှားခဲ့သည်။ သခင့်ကို ကျွန်မ ဆုတောင်းသည့်အခါတိုင်းတွင်၊ သူ ကျွန်မဘေးတွင် ရှိသကဲ့သို့ ခံစားရပြီး ကျွန်မ၏ စိတ်နှလုံးက ငြိမ်သက်ခြင်းနှင့် လုံခြုံခြင်း ခံစားချက်တို့ဖြင့် ပြည့်လျှမ်းခဲ့ပါသည်။ ထိုအချိန်က၊ သင်းအုပ်ဆရာ၏ တရားဒေသနာများကို ကြားနာဖို့ ဘုရားကျောင်းကို အပတ်တိုင်း အချိန်မီ ကျွန်မတက်ရောက်ခဲ့ပြီး ကျမ်းစာကို နေ့တိုင်း စေ့စေ့စပ်စပ် ဖတ်ရှုခဲ့ကာ တစ်နှစ်အတွင်း တစ်အုပ်လုံးပြီးအောင် လုပ်နိုင်ခဲ့သည်။ နောက်ဆုံးသောကာလတွင် ကျွန်မတို့ကို ကောင်းကင်နိုင်ငံတော်ထဲသို့ ချီမဖို့ရန် သူပြန်လာမည်ဟူသော သခင်ယေရှု၏ ပရောဖက်ပြုချက်များကို ကျွန်မ ဖတ်ခဲ့ရပါသည်၊ ထို့ကြောင့် ကျွန်မ ကိုယ်ပိုင်ဘဝတစ်သက်တာအတွင်း သခင်၏ ပြန်ကြွလာခြင်းကို ကြိုဆိုနိုင်မည်ဟု ကျွန်မ မျှော်လင့်ခဲ့သည်။ ရှင်းရွမ် သြစတြေးလျ ဘုရားသခင်မှာ တစ်သမတ်တည်းဖြစ်သော အမှန်တကယ် ရှိပါသလား။ သခင်ယေရှုက ယောက်ျားအဖြစ်နှင့် ဇာတိပကတိကို လာရောက်ခဲ့သည်၊ သို့သော်လည်း ဤသည်မှာ ဘုရားသခင်က ယောက်ျားဖြစ်သည်ဟု ညွှန်ပြနေပါသလား။ ဤသည်မှာ မည်သူမျှ ပြတ်သားစွာ မရှင်းပြနိုင်သည့် မေးခွန်းတစ်ခုဖြစ်သည်။ ထို့အပြင် ကျွန်မသည် ဘုရားသခင်ကို သိကျွမ်းခြင်း တစ်စုံတစ်ရာမရှိခဲ့သောကြောင့် ဘုရားသခင်၏ လိင်နှင့် ပတ်သက်ပြီး အယူအဆများအပြည့်ရှိသည်မှာ ကျွန်မသည် သခင့်ကို ကြိုဆိုရန် အခွင့်အလမ်းကိုပင် လက်လွတ်လုနီးပါးဖြစ်ခဲ့သည်။ ထို့ကြောင့် အောက်တွင် ကျွန်မ၏ အတွေ့အကြုံအကြောင်းကို လူတိုင်းကို ပြောပြမည် ဖြစ်ပြီး၊ ယင်းမှာ အထောက်အကူ ဖြစ်လိမ့်မည်ဟု မျှော်လင့်ပါသည်။
သုံးပါးတစ်ဆူ၏ နက်နဲမှုကို စူးစမ်းစစ်ဆေးခြင်း၊ ကျွန်မသည် ခမည်းတော်နှင့် သားတော်တို့၏ ဆက်နွယ်မှုကို နားလည်သဘောပေါက်ခဲ့သည် (၁) ဒန်ဒန် အမေရိကန်နိုင်ငံ သုံးပါးတစ်ဆူသည် ပုဂ္ဂိုလ်ရေးရာ နက်နဲမှုတစ်ခုဖြစ်လာသည် ၂၀၁၈ ခုနှစ် မေလတွင် မိတ်ဆွေတစ်ယောက်၏ အားပေးခံရခြင်းဖြင့် ကျွန်မက ခရစ်ယာန်ယုံကြည်မှုကို ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရသည်။ သမ္မာကျမ်းစာကို ဖတ်ရှုခြင်းဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် ဖန်ဆင်းထားသည့် ကောင်းကင်ဘုံ၊ မြေကြီးနှင့် အရာအားလုံးနှင့် ကျွန်မတို့ လူသားများအားလုံးတို့သည် မြေမှုန့်မှနေပြီး ဘုရားသခင် ကိုယ်တော်တိုင် ဖန်ဆင်းခြင်း ကို ခံရတော်မူသည်။ ကျွန်မတို့က အခြေခံမှ ဆင်ကဲ့ပြောင်းလဲလာခြင်း လုံးဝမဟုတ်ပါ။ ကျွန်မတို့ သည် ဘုရားသခင်၏ ကိုယ်ပိုင် ဝင်သက်ဆိုင်ရာ အထောက်အပံ့မှ လုံးလုံးလျားလျား ဆက်ပြီး အသက်ရှင်နေထိုင်နိုင်ခြင်း ဖြစ်ပါသည်။ ကျွန်မသည် အလွန်ထိတ်လန့်ပြီး ကျွန်မ နှလုံးသားသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းနှင့် ကျေးဇူးတရား များတို့ဖြင့် ပြည့်နှက်နေခဲ့ပါသည်။ ရှင်မင်း၊ အမေရိကန်ပြန်ထောင်စု မြူများ လွင့်ပျောက်သွားပြီး ကောင်းကင်ပြာကို ကျွန်တော် မြင်ရသည် ဒီဇင်ဘာ ၂ ရက်နေ့၊ နေ့လည်စာစားပြီးနောက်တွင် ညီအကိုမောင်နှမများနှင့် ကျွန်တော် ဆက်၍ တွေ့ဆုံဆွေးနွေးခဲ့သည်။ ဆုတောင်းပြီးနောက်တွင် မည်သည့် သမ္မာတရားရှုထောင့်အား ကျွန်တော်တို့ မိတ်သဟာယပြုချင်သည်ကို အစ်မလူက မေးသည်။ ကျွန်တော်၏ ရှုပ်ထွေးမှုများနှင့် အတွေးအမြင်တို့ကို သူမအား စိတ်အားထက်သန်စွာ- “ သခင်က အမျိုးသမီးတစ်ယောက်အဖြစ် လူ့ဇာတိခံယူတယ်ဆိုတာက သမ္မာကျမ်းစာ အထောက်အထား ရှိကိုမရှိတာပါ။ သခင်ယေရှုက အမျိုးသားတစ်ယောက်ဖြစ်ခဲ့တယ်။ ဒါကြောင့် ဘုရားသခင် ဒုတိယအကြိမ်ကြွလာခြင်းကလည်း သေချာပေါက် အမျိုးသားတစ်ယောက်အနေနဲ့ပဲ ထပ်ပြီးဖြစ်ရမယ်” ဟု ကျွန်တော် ပြောခဲ့ပါသည်။ အစ်မလူက ပြောသည်။ “ အရင်ဆုံး ကျမ်းစာနဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တောတွေကို ကြည့်ကြည့်ရအောင်။ ‘အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။ မြေကြီးသည်အဆင်းသဏ္ဍာန်မရှိ၊ လွတ်လပ်လဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏။’ (ကမ္ဘာဦးကျမ်း ၁:၁-၂) ‘ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအဆင့်အသီးသီးတို့၌ ၎င်းတို့၏ကိုယ်ပိုင် လက်တွေ့ကျသော ရည်ရွယ်ချက်များ ရှိသည်။ ထိုစဉ်အချိန်က ယေရှုကြွလာခဲ့သောအခါ၊ သူသည် အမျိုးသားတစ်ဦး ဖြစ်ခဲ့သည်၊ သို့သော် ယခုတစ်ကြိမ် ဘုရားသခင်ကြွလာသောအခါ သူသည် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဤအရာမှ ဘုရားသခင်သည် အမျိုးသားနှင့် အမျိုးသမီးကို သူ၏အမှုအတွက် ဖန်ဆင်းခဲ့သည်ဆိုခြင်းကို သင်မြင်နိုင်သည်၊ ထို့ပြင် သူ့အနေနှင့် ကျားမခွဲခြားခြင်း မရှိပေ။ သူ၏ဝိညာဉ်တော် ကြွလာသည့်အခါတွင် သူ့အနေဖြင့် မည်သည့် ဇာတိခန္ဓာဖြစ်စေ သူ့ကို ကိုယ်စားပြုနိုင်သည့် ဇာတိခန္ဓာကို ယူတင်နိုင်ပေသည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ဘုရားသခင် ခံယူသော ဇာတိခန္ဓာဖြစ်နေသရွေ့ ယင်းသည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်။ အကယ်၍ ယေရှုကြွလာခဲ့သည့် အချိန်တွင် သူ့အနေဖြင့် အမျိုးသမီးအသွင်နှင့် ပေါ်လာခဲ့ပါလျှင်၊ တစ်နည်းအားဖြင့် အကယ်၍ သားယောက်ျားမဟုတ်ဘဲ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်သော သမီးမိန်းကလေးဖြစ်ခဲ့လျှင် အမှု၏ထိုအဆင့်သည် ထပ်တူညီစွာ ပြီးပြည့်စုံခဲ့မည်ပင် ဖြစ်သည်။ အကယ်၍ ထိုကဲ့သို့သာ ဖြစ်ခဲ့မည်ဆိုပါက၊ ယခုလက်ရှိ အမှု၏အဆင့်သည် အမျိုးသားအားဖြင့် ပြီးမြောက်ရမည်ဖြစ်ပြီး၊ အမှုသည်လည်း ထပ်တူညီစွာပင် ပြီးမြောက်လာမည် ဖြစ်သည်။ အဆင့်အသီးသီးတွင် လုပ်ဆောင်ခဲ့သော အမှုသည် ရည်ရွယ်ချက် အတူတူပင် ဖြစ်သည်။ မည်သည့်အဆင့်၏ အမှုကမျှ ထပ်ကျော့မပြန်သကဲ့သို့ အခြားအဆင့်တစ်ခုနှင့်လည်း ကွဲပြားဆန့်ကျင်ခြင်း မရှိချေ။’ ‘လူ့ဇာတိခံယူသော ဘုရားသခင်သည် အနှစ်ချုပ်အားဖြင့် လိင်သတ်မှတ်ချက် မရှိပေ။ ဘုရားသခင်သည် ယောက်ျားနှင့် မိန်းမ နှစ်မျိုးစလုံးကို ဖန်ဆင်းခဲ့ပြီး၊ သူသည် ကျား၊မ အကြား ခွဲခြားမှု မပြုပေ။’” တရားစီရင်မှုအပေါ် ကျွန်မ၏ အထင်လွဲမှားမှုကို သုတ်သင်ဖယ်ရှင်းခြင်းအားဖြင့် ကျွန်မသည် သခင်ပြန်ကြွလာခြင်းကို ကြိုဆိုနိုင်ခဲ့သည် ဂျင်ရီ အမေရိကန်နိုင်ငံ
အစည်းအဝေးတစ်ခုတွင် သခင်ပြန်ကြွလာမည့် သတင်းကောင်းကို ကြားသိရခြင်း ၂၀၁၆ ခုနှစ်တွင် ကျွန်မသည် သခင့်ကို စတင်ယုံကြည်ခဲ့ပြီး၊ အစည်းအဝေးများကို သီတင်းပတ်တိုင်း တက်ရောက်ခဲ့သည်။ နောက်ပိုင်းတွင် ညီမအသစ်တစ်ယောက်သည် ကျွန်မတို့ အစည်းအဝေး များကို စတင်လာရောက်ခဲ့သည်။ သူမနှင့် အစည်းအဝေးအချို့ ပြုလုပ်ပြီး နောက်ပိုင်းတွင်၊ သူမစကားများသည် မတူညီသော ကျမ်းချက်များစွာ နှင့်ပတ်သက်ပြီး နားလည်ရပိုမိုလွယ်ကူ စေနိုင် ကြောင်းကို ကျွန်မ တွေ့ရှိခဲ့ရပါသည်။ လူတိုင်းသည် သူမအားဖြင့် ကောင်းမွန်သော ထောက်ပံ့မှုကို ရရှိသည်ဟု ခံစားရပြီး၊ ကျွန်မသည် သူမအား အလွန် အထင်ကြီးအားကျခဲ့သည်။ကျွန်မက “သူက အရမ်းငယ်တာပဲ၊ ဒါပေမဲ့ သူ့အသက်အရွယ်နဲ့ မလိုက်အောင်ကို သမ္မာကျမ်းစာအကြောင်း မိတ်သဟာယပြုတဲ့အခါမှာ ငါတို့သင်းအုပ် ဆရာထက် သာနေတယ်။ သူက သမ္မာကျမ်းစာကို ဒါမျိုး ဘယ်လိုလုပ် ပြီးဖတ်နိုင်တာလဲ” ဟု တွေးမိသည်။သိလိုစိတ်ဖြင့် ကျွန်မက သူမကို “ညီမ သမ္မာကျမ်းစာကို နားလည်တာက အားကျဖို့ကောင်းတယ်။ အဲဒါကို ဘယ်လိုလုပ်ပြီး ဒီလောက်အများကြီး နားလည်နေရ တာလဲ ”နှစ်ကိုယ်ကြားမေးခဲ့သည်။ သူမက ပိုမိုရှင်းလင်းစွာနှင့် နားလည်သဘောပေါက် နိုင်အောင် ညီအစ်ကိုမောင်နှမများ မိတ်သဟာယပြုသည့် နောက်ထပ် အစည်းအဝေးတစ်ခု ကိုလည်း တက်ရောက်ခဲ့ကြောင်းပြောပြီး၊ ကျွန်မကိုလည်း လာရောက် နားထောင်ရန် ဖိတ်ခေါ်လေသည်။ ထိုဖိတ်ခေါ်မှုကို ကျွန်မက ပျော်ရွှင်စွာ သဘောတူခဲ့ပါသည်။ သခင်ပြန်လည်ကြွလာခြင်းအား ကြိုဆိုခြင်း-သုံးပါးတစ်ဆူ၏နက်နဲမှုအား နောက်ဆုံးတွင် ထုတ်ဖော်ပြခဲ့ပြီ ဂျင်မီ အမေရိက
အယ်ဒီတာ့ အမှာစာ-“ သုံးပါးတစ်ဆူ” သည် ဘုရားသခင်နှင့် ပတ်သက်ပြီး ဘာသာရေးလောက၏ ကောက်ချက်ချချက်တစ်ခု ဖြစ်သည်။ ဤသီအိုရီသည် နှစ် ၂၀ဝ၀ နီးပါးကြာသည်အထိ ခရစ်ယာန်အများစုမှ လက်ခံပြီး အသိအမှတ်ပြုခဲ့ကြသည်။ အချို့ခရစ်ယာန်များသည် ဘုရားသခင်၏ သုံးပါးတစ်ဆူ သီအိုရီ တည်ရှိမှုနှင့်ပတ်သက်ပြီး မရှင်းမလင်းရှိကြ သော်လည်း ၎င်းမှာ ရှင်းပြရန် ခက်ခဲပြီး သုံးပါးတစ်ဆူဘုရားသည် ခရစ်ယာန်များ၏ စိတ်နှလုံးများထဲတွင် နက်နဲသောအရာတစ်ခုဖြစ်လာခဲ့သည်။ သုံးပါးတစ်ဆူသီအိုရီသည် သေချာစိစစ်၍ ရနိုင်ပါသလား။ ယေဟောဝါနှင့် ယေရှုကြားရှိ ဆက်နွယ်မှုသည် မည်သို့နည်း။ အောက်တွင်ပါရှိသည့် စာရေးသူ၏ အတွေ့အကြုံသည် သင့်အား ဤနက်နဲသောမှုကိုကူညီဖြေရှင်းပေးနိုင်မည်ဟု ကျွန်တော် ယုံကြည်ပါသည်။ |
Click & Join usတံဆိပ်များ
All
|