ယုံကြည်ခြင်း သက်သေခံချက်- ဘုရားသခင်အပေါ် မှီခိုပြီးနောက်တွင် အသက်ကြီးသူ အမျိုးသမီးတစ်ဦး၏ အသည်းရေဖျဉ်းစွဲခြင်းက အံ့သြဖွယ်ရာ ပျောက်ကင်းသည် အယ်ဒီတာ့မှတ်ချက်- “ကျွန်မ ဘုရားသခင်ကို ယုံကြည်တယ်၊ ဒီတော့ ဘာလို့ ဒီနာမကျန်းမှုမျိုးကို ကျွန်မ ခံစားရတာလဲ။ ဘာလို့ ဘုရားသခင်က ကျွန်မကို မကွယ်ကာတာလဲ။” ကျွန်တော်တို့ နေမကောင်းဖြစ်သည့်အခါ ဘုရားသခင်အပေါ် ဤမကျေနပ်မှုမျိုးများ ရှိတတ်ကြသည်။ ဤအဖြစ်အပျက်ထဲက အမျိုးသမီးသည်လည်း ခြွင်းချက်မဟုတ်ပါ။ သူမ၏ အခြေအနေ ဆိုးရွားလာသောအခါ သူမသည် နာမကျန်းဖြစ်ခြင်း၏ နှိပ်စက်မှုဒဏ်ကို မခံနိုင်သောကြောင့် ဘုရားသခင်ကို စတင်အပြစ်တင်လာသည်၊ သို့သော် ဘုရားသခင်ထံ သူမ အမှန်တကယ် ဆုတောင်းပြီး၊ ကိုယ်တော်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီမံခန့်ခွဲမှုများကို ကျိုးနွံနာခံသောအခါ၊ သူမသည် မိမိ၏ သေမျိုးဖြစ်ခြင်းကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ပြီး သူမ၏ အခြေအနေမှာ အံ့သြဖွယ်ရာ တိုးတက်လာလေသည်။ သူမ၏ အတွေ့အကြုံ အဘယ်အရာဖြစ်ခဲ့သည်ကို သင်သိလိုပါသလား။ ကျေးဇူးပြု၍ ဆက်လက်ဖတ်ရှုပါ။
0 Comments
|
Click & Join usတံဆိပ်များ
All
|