ယုံကြည်ခြင်း သက်သေခံချက်- ဘုရားသခင်အပေါ် မှီခိုပြီးနောက်တွင် အသက်ကြီးသူ အမျိုးသမီးတစ်ဦး၏ အသည်းရေဖျဉ်းစွဲခြင်းက အံ့သြဖွယ်ရာ ပျောက်ကင်းသည် အယ်ဒီတာ့မှတ်ချက်- “ကျွန်မ ဘုရားသခင်ကို ယုံကြည်တယ်၊ ဒီတော့ ဘာလို့ ဒီနာမကျန်းမှုမျိုးကို ကျွန်မ ခံစားရတာလဲ။ ဘာလို့ ဘုရားသခင်က ကျွန်မကို မကွယ်ကာတာလဲ။” ကျွန်တော်တို့ နေမကောင်းဖြစ်သည့်အခါ ဘုရားသခင်အပေါ် ဤမကျေနပ်မှုမျိုးများ ရှိတတ်ကြသည်။ ဤအဖြစ်အပျက်ထဲက အမျိုးသမီးသည်လည်း ခြွင်းချက်မဟုတ်ပါ။ သူမ၏ အခြေအနေ ဆိုးရွားလာသောအခါ သူမသည် နာမကျန်းဖြစ်ခြင်း၏ နှိပ်စက်မှုဒဏ်ကို မခံနိုင်သောကြောင့် ဘုရားသခင်ကို စတင်အပြစ်တင်လာသည်၊ သို့သော် ဘုရားသခင်ထံ သူမ အမှန်တကယ် ဆုတောင်းပြီး၊ ကိုယ်တော်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီမံခန့်ခွဲမှုများကို ကျိုးနွံနာခံသောအခါ၊ သူမသည် မိမိ၏ သေမျိုးဖြစ်ခြင်းကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ပြီး သူမ၏ အခြေအနေမှာ အံ့သြဖွယ်ရာ တိုးတက်လာလေသည်။ သူမ၏ အတွေ့အကြုံ အဘယ်အရာဖြစ်ခဲ့သည်ကို သင်သိလိုပါသလား။ ကျေးဇူးပြု၍ ဆက်လက်ဖတ်ရှုပါ။
0 Comments
အင်ဒိုင်း၊ တောင်ကိုရီးယား ဤနှုတ်ကပတ်တော်များသည် ထိုသို့သော သြဇာအာဏာကို သယ်ဆောင်သဖြင့် ဘုရားသခင်၏ အသံတော် ဖြစ်ရပေမည်
ညီမ ဂျင် မိတ်သဟာယပြုခဲ့သည့် အရာမှာ အလွန်ဆန်းသစ်ပြီး သစ်လွင်သည်၊ ဘာသာတရားထဲတွင် ယခင်က ကျွန်မ လုံးဝမကြားဖူးသည့် အရာများဖြစ်သည်ကို ကျွန်မ ခံစားခဲ့ရသည်။ သူမ၏ မိတ်သဟာယမှတဆင့်၊ ယခင်က ကျွန်မ နားမလည်ခဲ့သည့် သမ္မာကျမ်းစာထဲက ကျမ်းချက်များစွာကို ကျွန်မ နားလည်လာခဲ့ပြီး၊ သူမကို ကျွန်မ အလွန်လေးစားမိပါသည်။ ကျွန်မက သူမကို၊ “ညီမ၊ သခင့်ကို အစ်မတို့အားလုံး ယုံကြည်ကြတယ်လေ၊ ဒီတော့ ဘယ်လိုဖြစ်ပြီး အသင်းတော်တွေထဲက ခြောက်ကပ်မှုအတွက် အကြောင်းရင်းတွေအကြောင်းကို ညီမက အရမ်းကို ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုနိုင်တာလဲ။ ပြီးတော့၊ ဘုရားသခင်ရဲ့ အမှုတော်သစ်ကို အစ်မတို့ ဘယ်မှာ သွားရှာနိုင်လဲ” ဟု မေးလိုက်သည်။ သုံးပါးတစ်ဆူ၏ နက်နဲမှုကို စူးစမ်းစစ်ဆေးခြင်း၊ ကျွန်မသည် ခမည်းတော်နှင့် သားတော် တို့၏ ဆက်နွယ်မှုကို နားလည်သဘောပေါက်ခဲ့သည် (၂) ဒန်ဒန် အမေရိကန်နိုင်ငံ ခမည်းတော်နှင့် သားတော်တို့၏ ယူဆချက် နောက်ကွယ် မှ အကြောင်းအရင်း ထို့နောက် ကျွန်မက “ ညီမရေ၊ ကျွန်မမှာ နောက်ထပ် မေးခွန်းတစ်ခုရှိတယ်။ ဘုရားသခင်က တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင် ဆိုရင်၊ ဘာကြောင့် သခင်ယေရှုက သူတပည့်တော်တွေကို ဆုတောင်း နည်းသင်ပေးတဲ့အချိန်မှာ ဘုရားသခင်ကို ကောင်းကင်ဘုံက ခမည်းတော်လို့ ခေါ်ခဲ့တာလဲ။ ပြီးတော့ ကိုယ်တော်က ဗိတ္တိဇံခံယူချိန်မှာ၊ သန့်ရှင်းသော ဝိညာဉ်တော်က သခင်ယေရှုဟာ ဘုရားသခင်ရဲ့ ချစ်သောသားဖြစ်ကြောင်း ဘာဖြစ်လို့ သက်သေခံ ခဲ့တာလဲ။ အဲဒါက ဘာကို ဆိုလိုတာလဲ” ဟု သူမကို မေးခဲ့ပါသည်။ အမှန်နှင့်အမှားကြား သိမြင်မှုသည် ခက်ခဲသည့် ခေတ်ကာလတွင် ခရစ်တော်၏အယောင်ကိုဆောင်သောသူကို သိမြင်ခြင်းအားဖြင့်သာ သခင့်အား ကျွန်မတို့ လက်ခံရရှိနိုင်သည် ထောင်ရှင်း မလေးရှား
သင် ငွေအတု လက်ခံရရှိဖူးပါသလား။ တော်တော်များများက ရရှိဖူးသည်ဟု ဖြေကြလိမ့်မည်။ ငွေအတုများ ပေါများနေသည့် ခေတ်ကာလ၌ ကျွန်မတို့ရှိသည့်အခါတွင် သင်သည် ငွေအတုများ ရရှိမည်ကို ကြောက်၍ ပိုက်ဆံကို ငြင်းပယ်မည်လား။ ဘယ်လုပ်ပါ့မလဲ။ အဘယ်ကြောင့်ဆိုသော် သင်သည် အတုနှင့်အစစ်ကို ခွဲခြားသိမြင်နိုင်သည့်အခါတွင် သင်သည် မျက်စိစုံမှိတ်ပြီး သတိထားနေမည်မဟုတ်တော့ပေ။ ဤသို့ဆိုလျှင် သခင်ပြန်ကြွလာခြင်းအား အလွန်အမင်း မျှော်လင့်တောင့်တကြသည့် ခရစ်ယာန်တို့ဆိုလျှင် မည်သို့ပြုမည်နည်း။ ခရစ်တော်၏အယောင်ကိုဆောင်သောသူတို့ ပေါ်ပေါက်လာသည့်အရေးကိစ္စအား သူတို့မည်သို့ ကိုင်တွယ်မည်နည်း။ ခုခံကာကွယ်ပြီး ရှောင်ကြဉ်သင့်ပါသလား။ သို့မဟုတ် ဘုရားသခင်၏ အသံတော်အား အာရုံစိုက်၍ နားထောင်သင့်ပါသလား။ ဤသည်မှာ သခင်အား ကျွန်မတို့ လက်ခံရရှိနိုင်ခြင်း ရှိမရှိနှင့် သက်ဆိုင်ပါသည်။ တစ်ခါက ကျွန်မသည် ခရစ်တော်၏အယောင်ကိုဆောင်သောသူတို့၏ လှည့်စားခြင်းကို သတိပြုကာကွယ်နေပြီး သခင့်အား လက်ခံရရှိရန် အခွင့်အလမ်းအား လွဲချော်လုနီးပါး ဖြစ်ခဲ့ရသည်။ ဖန်ရှား အမေရိကန်နိုင်ငံ
ယခင်နေ့ရက်များ၌ အသင်းတော်တွင် များစွာသော စိတ်အားထက်သန်ခြင်း ရှိခဲ့သည် ကျွန်မမိသားစုသည် ကတ်သလစ်များဖြစ်ခဲ့သည်မှာ မျိုးဆက် နှင့် ချီခဲ့ပြီ ဖြစ်ပြီး၊ ကျွန်မသည် ဗိတ္တိဇံခံယူ သည့်အချိန် တွင် လသားအရွယ် သာရှိပါသေးသည်။ ကျယ်လောင်သော နှိုးစက်တစ်ခု၏ အသံဖြင့် အမြဲတမ်း နိုးရပြီးနောက်၊ ညပိုင်း ပွဲတော်အစီအစဉ်ကို တက်ရောက်ရန် ကျွန်မတို့အသင်းတော်သို့ အလောတကြီး မသွားမီ ကျွန်မ မိဘများက ကျွန်မကို အလျင်စလို ဆေးကြောသုတ်သင်ပြီး ဝတ်စားဆင်ယင်ပေးရန် အိပ်ရာထဲမှ ဆွဲခေါ်သွားခဲ့ကြလေ့ရှိခဲ့ သည်ကို ကျွန်မ အမှတ်ရမိပါသည်။ ကျွန်မမိဘများက တရုတ်ပြည်တွင် သခင့်ကို ယုံကြည်ကြသူ များသည် ညှင်းပန်း နှိပ်စက်ခြင်း ခံရပြီး၊ ဘုန်းတော်ကြီး များနှင့် ယုံကြည်သူများသည် မကြာခဏ ဖမ်းဆီး အကျဉ်းချခြင်း ခံရသောကြောင့် ကျွန်မတို့သည် ပွဲတော် အစီအစဉ်ကို ညအချိန်တွင်သာ တက်ရောက်မှ လုံခြုံမည်ဟု ဆိုကြသည်။ ယင်းမှာ အလွန်ပင် အန္တရာယ်များ သော်လည်း၊ ကျွန်မတို့၏ အသင်းတော်မှ ညီအစ်ကိုမောင်နှမ များသည် အလွန်စိတ်အား ထက်သန်ပြီး ဆက်ကပ်အပ်နှံမှု ကြလေသည်။ ရာသီဉတု မည်သို့ရှိပါစေ၊ ပွဲတော် အစီအစဉ်ကို မည်သည့်နေရာ တွင် ပြုလုပ်ပါစေ၊ သူတို့သည် တစ်ယောက်နှင့် တစ်ယောက် အသေးစိတ်အချက်အလက်များကို လက်ဆင့် ကမ်းကာ၊ တက်ရောက် ရန် လူကြီးများနှင့် လူငယ်များကို ခေါ်ဆောင်လာရန် အလုအယက် ဆောင်ရွက်ကြပါသည်။ လူတိုင်း သည် ဓမ္မသီချင်းများ ကို သီဆိုကာ နှစ်သစ်ကူး တစ်ခုကဲ့သို့ စိတ်လှုပ်ရှားကြပြီးလျှင်၊ ယုံကြည်သူများစွာ တို့သည် တစ်ညလုံး မအိပ်စက်ရသော်လည်း မြူးကြွနေ ကြဆဲသာ ဖြစ်ပါသည် … “ ယုံကြည်မှုကြောင့် ဖြောင့်မတ်သူဟု ခေါ်ခံရခြင်း” ကို နားလည်သဘောပေါက်မှု အသစ်တစ်ခုမှတစ်ဆင့် ကျွန်တော်သည် ပြန်ကြွလာသည့် သခင့်ကို ကြိုဆိုခဲ့သည် ကရီးမူး အမေရိကန်နိုင်ငံ စစ်မှန်သည့် ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် ကျွန်တော့် နှလုံးသားသည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ဖြင့် ပြည့်ဝသည် ကျွန်တော့်မိသားစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ဖူး သော်လည်း ၂၀၀၄ ခုနှစ်တွင် ကျွန်တော့် အဒေါ်နှင့် အတူ သခင်ယေရှုကို ယုံကြည်ရန် ပြောင်းလဲခဲ့သည်။ ထိုအချိန်က လူသားများသည် ဘုရားသခင်၏ ဖန်ဆင်းခံရ သူများဖြစ်ကြောင်း နှင့် ပစ္စုပ္ပန်အထိ လူသားမျိုးနွယ်၏ ရှင်သန်ခြင်းသည် သခင်ယေရှုက ကျွန်တော်တို့ကို ရွေးနှုတ်ရန် ကားတိုင်တင်ခံခြင်းကြောင့် ဖြစ်ကြောင်း တို့ကို နားလည်သဘောပေါက်ခဲ့သည့်အပြင်၊ သခင့် ချစ်ခြင်းမေတ္တာသည် အမှန်တကယ် ကြီးမြတ်ကြောင်း ကိုလည်း ခံစားခဲ့ရသည်။ အထူးသဖြင့် အမှုတော်ဆောင် များ တရားဟောပြီး သူတို့၏ ညီအစ်ကိုမောင်နှမများကို လည်ပတ်ကာ၊ ညီအစ်ကိုမောင်နှမများကို သူတို့၏ အခက်အခဲများအတွက် မည်သည့်အလျော်အစားမျှ မတောင်း ဆိုသည်ကို ကျွန်တော်တွေ့မြင် သည့်အချိန်တွင် ကျွန်တော်တို့ထိခံရပါသည်။ ထို့ကြောင့် ကျွန်တော်က ခရစ်ယာန်တစ်ယောက် အဖြစ် ဗိတ္တိဇံခံယူခဲ့သည်။ သခင့်ကို ယုံကြည်ပြီးနောက် ကျွန်တော်က သမ္မာကျမ်းစာကို ဖတ်ရှုခြင်း နှင့် ဒေသနာတော်ကို နားထောင်ခြင်းတို့ကို နှစ်သက်ခံစားခဲ့ပြီး၊ ကျွန်တော်က သမ္မာကျမ်းစာ ကျမ်းချက်များကို ဖတ်ရှုသည့်အချိန်တွင် “ ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ နှုတ်ဖြင့် ဝန်ခံရ၏။” (ရောမ ၁၀:၁၀-၁၁) “ ထိုကြောင့်၊ ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ရောက်လျှင်၊ ငါတို့သခင်ယေရှုခရစ် အားဖြင့် ဘုရားသခင့်ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ၏။” (ရောမ ၅:၁) ကျွန်တော့်ကို သခင်က ကျေးဇူးတော်များစွာ ပေးသည်ဟု ခံစားခဲ့ရသည်။ သခင်ယေရှုကို ယုံကြည်ခြင်းမျှသာလျှင် ကျွန်တော်တို့က ဖြောင့်မတ်သည်ဟု ခေါ်ဝေါ်ခြင်းခံရပြီး၊ ကျွန်တော်တို့၏ အပြစ်များကို ရွေးနှုတ်ခြင်းခံရ သည့်အပြင်၊ သခင်ကြွလာသည့်အချိန်တွင် ကောင်းကင် နိုင်ငံတော်ကို ချီဆောင်ခံရမည်ဖြစ်သည်။ ဤသည်တို့မှာ မယုံနိုင်လောက်သည့် ကောင်းကြီးမင်္ဂလာများဖြစ်သည်။ ကျွန်တော်တို့က အဆုံးသတ်အထိ ယုံကြည်မှုရှိရန် သစ္စာဝတ်ပြုထားပါသည်။ ကျွန်တော် မည်သည့် ပတ်ဝန်းကျင်မျိုးကို တွေ့ကြုံရပါစေ၊ ကျွန်တော်က ဆုတောင်းကာ၊ သမ္မာကျမ်းစာကို ဖတ်ရှုပြီး၊ ဘုရားသခင်ရှေ့တော်မှောက်တွင် အသက်ရှင်နေထိုင်မြဲ ဖြစ်သည်။ ထို့နောက်တွင် ကျွန်တော်က သမ္မာကျမ်းစာကို အလေးအနက်ထားပြီး နေ့စဉ်ဖတ်ရှုကာ၊ အစည်းအဝေး များတွင် သွက်လက်စွာ ပါဝင်သည့်အပြင်၊ ကျွန်တော် နှလုံးသားသည်လည်း ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ယုံကြည်မှုတို့ဖြင့် ပြည့် ဝလျက်ရှိပါသည်။ ဖြူသောပလ္လင်ကြီး ပေါ်မှ တရားစီရင်ခြင်း၏ ပရောဖက်ပြုချက်သည် မည်သို့ပြီးမြောက်လိမ့်မည်ကို ကျွန်တော်သိသည် နစ်ယန်း၊အမေရိကန်ပြည်ထောင်စု “ တဖန်တုံ၊ ဖြူသောပလ္လင်ကြီးကို၎င်း၊ ပလ္လင်ပေါ် မှာ ထိုင်တော်မူသောသူကို၎င်း ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူတို့ နေစရာအရပ်မရှိ။ သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင် တော်ရှေ့မှာ ရပ်နကြသည်ကို ငါမြင်၏။ စာစောင်များ ကို ဖွင့်ထား၏ အသက်စာစောင်တည်းဟူသော အခြား တပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန် သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင် ခြင်းကို ခံရကြ၏။” (ဗျာဒိတ်ကျမ်း ၂၀:၁၁-၁၂)
ဤကျမ်းပိုဒ်နှစ်ပိုဒ်ကိုကျွန်တော်ဖတ်သည့်အခါတိုင်းတွင်နောက်ဆုံးသောကာလတွင်ပြန်လည်ကြွလာသည့်သခင်မှလူသားမျိုးနွယ်အားတရားစီရင်နေသည့်ခမ်းနားလှသည့်မြင်ကွင်းကိုကျွန်တော်စိတ်ကူးထင်မြင်ကြည့်မိသည်။ထိုအချိန်ကာလတွင်သခင်ယေရှုသည်သူ၏လက်တွင်လူတိုင်း၏မှတ်တမ်းများရှိပြီးမိုးကောင်းကင်ပေါ်တွင်ပလ္လင်ဖြူကြီးပေါ်၌ထိုင်နေလိမ့်မည်ဖြစ်ပြီးလူအားလုံးကိုကြီးကျယ်ခမ်းနားစွာတရားစီရင်မည်ဟုတွေးထင်မိသည်။ကျွန်တော်သည်ဘုရားသခင်၏သတင်းကောင်းကိုမကြားရမီအထိဤအယူအဆကိုဆက်လက်စွဲကိုင်ထားခဲ့သည်။ |
Click & Join usတံဆိပ်များ
All
|