ရာမဒီ ဖိလစ်ပိုင်
သခင့်ကို နှစ်များစွာ ယုံကြည်ခဲ့သည့် ခရစ်ယာန် တစ်ယောက် အနေဖြင့် သင်းအုပ်ဆရာများက သူတို့၏ ဒေသနာများတွင် “ ကျွန်တော်တို့လို ယုံကြည်သူတွေက ကျွန်တော်တို့ အပြစ်တွေကနေ ရွေးနှုတ်ခံရပြီး၊ အပြစ် ဖြေခဲ့ပြီး ဖြစ်တယ်။ သခင်ကြွလာတဲ့အချိန်မှာ၊ ကိုယ်တော် က ကျွန်တော်တို့ကို ကောင်းကင်နိုင်ငံတော် ထဲကို တိုက်ရိုက်ချီဆောင်လိမ့်မယ်” ဟု ပြောသည်ကို ကျွန်မ မကြာခဏ ကြားဖူးပါသည်။ သို့သော်လည်း ကျွန်မက သခင့်ကို ပြန်ကြွလာရန် နှင့် ကျွန်မတို့အား ကောင်းကင်နိုင်ငံတော်တွင်းသို့ ခေါ်ဆောင်ရန် စိတ်မရှည်စွာ စောင့်ဆိုင်းနေခဲ့စဉ်တွင်၊ ကျွန်မအတွက် အထူးသဖြင့် နာကျင်ဖွယ်နှင့် စိတ်ရှုပ်ထွေးဖွယ် တစ်စုံ တစ်ခု ဖြစ်ပျက်ခဲ့ပါသည်။
0 Comments
တရားစီရင်မှုအပေါ် ကျွန်မ၏ အထင်လွဲမှားမှုကို သုတ်သင်ဖယ်ရှင်းခြင်းအားဖြင့် ကျွန်မသည် သခင်ပြန်ကြွလာခြင်းကို ကြိုဆိုနိုင်ခဲ့သည် ဂျင်ရီ အမေရိကန်နိုင်ငံ
အစည်းအဝေးတစ်ခုတွင် သခင်ပြန်ကြွလာမည့် သတင်းကောင်းကို ကြားသိရခြင်း ၂၀၁၆ ခုနှစ်တွင် ကျွန်မသည် သခင့်ကို စတင်ယုံကြည်ခဲ့ပြီး၊ အစည်းအဝေးများကို သီတင်းပတ်တိုင်း တက်ရောက်ခဲ့သည်။ နောက်ပိုင်းတွင် ညီမအသစ်တစ်ယောက်သည် ကျွန်မတို့ အစည်းအဝေး များကို စတင်လာရောက်ခဲ့သည်။ သူမနှင့် အစည်းအဝေးအချို့ ပြုလုပ်ပြီး နောက်ပိုင်းတွင်၊ သူမစကားများသည် မတူညီသော ကျမ်းချက်များစွာ နှင့်ပတ်သက်ပြီး နားလည်ရပိုမိုလွယ်ကူ စေနိုင် ကြောင်းကို ကျွန်မ တွေ့ရှိခဲ့ရပါသည်။ လူတိုင်းသည် သူမအားဖြင့် ကောင်းမွန်သော ထောက်ပံ့မှုကို ရရှိသည်ဟု ခံစားရပြီး၊ ကျွန်မသည် သူမအား အလွန် အထင်ကြီးအားကျခဲ့သည်။ကျွန်မက “သူက အရမ်းငယ်တာပဲ၊ ဒါပေမဲ့ သူ့အသက်အရွယ်နဲ့ မလိုက်အောင်ကို သမ္မာကျမ်းစာအကြောင်း မိတ်သဟာယပြုတဲ့အခါမှာ ငါတို့သင်းအုပ် ဆရာထက် သာနေတယ်။ သူက သမ္မာကျမ်းစာကို ဒါမျိုး ဘယ်လိုလုပ် ပြီးဖတ်နိုင်တာလဲ” ဟု တွေးမိသည်။သိလိုစိတ်ဖြင့် ကျွန်မက သူမကို “ညီမ သမ္မာကျမ်းစာကို နားလည်တာက အားကျဖို့ကောင်းတယ်။ အဲဒါကို ဘယ်လိုလုပ်ပြီး ဒီလောက်အများကြီး နားလည်နေရ တာလဲ ”နှစ်ကိုယ်ကြားမေးခဲ့သည်။ သူမက ပိုမိုရှင်းလင်းစွာနှင့် နားလည်သဘောပေါက် နိုင်အောင် ညီအစ်ကိုမောင်နှမများ မိတ်သဟာယပြုသည့် နောက်ထပ် အစည်းအဝေးတစ်ခု ကိုလည်း တက်ရောက်ခဲ့ကြောင်းပြောပြီး၊ ကျွန်မကိုလည်း လာရောက် နားထောင်ရန် ဖိတ်ခေါ်လေသည်။ ထိုဖိတ်ခေါ်မှုကို ကျွန်မက ပျော်ရွှင်စွာ သဘောတူခဲ့ပါသည်။ အမှန်နှင့်အမှားကြား သိမြင်မှုသည် ခက်ခဲသည့် ခေတ်ကာလတွင် ခရစ်တော်၏အယောင်ကိုဆောင်သောသူကို သိမြင်ခြင်းအားဖြင့်သာ သခင့်အား ကျွန်မတို့ လက်ခံရရှိနိုင်သည် ထောင်ရှင်း မလေးရှား
သင် ငွေအတု လက်ခံရရှိဖူးပါသလား။ တော်တော်များများက ရရှိဖူးသည်ဟု ဖြေကြလိမ့်မည်။ ငွေအတုများ ပေါများနေသည့် ခေတ်ကာလ၌ ကျွန်မတို့ရှိသည့်အခါတွင် သင်သည် ငွေအတုများ ရရှိမည်ကို ကြောက်၍ ပိုက်ဆံကို ငြင်းပယ်မည်လား။ ဘယ်လုပ်ပါ့မလဲ။ အဘယ်ကြောင့်ဆိုသော် သင်သည် အတုနှင့်အစစ်ကို ခွဲခြားသိမြင်နိုင်သည့်အခါတွင် သင်သည် မျက်စိစုံမှိတ်ပြီး သတိထားနေမည်မဟုတ်တော့ပေ။ ဤသို့ဆိုလျှင် သခင်ပြန်ကြွလာခြင်းအား အလွန်အမင်း မျှော်လင့်တောင့်တကြသည့် ခရစ်ယာန်တို့ဆိုလျှင် မည်သို့ပြုမည်နည်း။ ခရစ်တော်၏အယောင်ကိုဆောင်သောသူတို့ ပေါ်ပေါက်လာသည့်အရေးကိစ္စအား သူတို့မည်သို့ ကိုင်တွယ်မည်နည်း။ ခုခံကာကွယ်ပြီး ရှောင်ကြဉ်သင့်ပါသလား။ သို့မဟုတ် ဘုရားသခင်၏ အသံတော်အား အာရုံစိုက်၍ နားထောင်သင့်ပါသလား။ ဤသည်မှာ သခင်အား ကျွန်မတို့ လက်ခံရရှိနိုင်ခြင်း ရှိမရှိနှင့် သက်ဆိုင်ပါသည်။ တစ်ခါက ကျွန်မသည် ခရစ်တော်၏အယောင်ကိုဆောင်သောသူတို့၏ လှည့်စားခြင်းကို သတိပြုကာကွယ်နေပြီး သခင့်အား လက်ခံရရှိရန် အခွင့်အလမ်းအား လွဲချော်လုနီးပါး ဖြစ်ခဲ့ရသည်။ ဒါဆိုရင် ဒါက ဘုရားသခင်က လူ့ဇာတိခံယူပြီး ပြန်ကြွလာခြင်းရဲ့ အရေးပါမှုပေါ့
ဝိန်ဝိန် အမေရိက “ နင် ဝိန်ဝိန်လား” “ ကျင်ချီလား” “ အိုး ဝိန်ဝိန် အရင်က ငါ့အိမ်နီးနားချင်းကြီး။ နင်နဲ့ဝင်တိုးတာ အံ့သြစရာပဲ။ ငါတို့မတွေ့ဖြစ်တာနှစ်တွေတော်ကြာပြီးတော့မှ တခြားနိုင်ငံတစ်နိုင်ငံမှာ ထပ်တွေ့ကြတယ်။ ဒါ တကယ်ကို သခင့်ရဲ့ စီစဉ်မှုပဲ။” “ ဟုတ်တယ် တကယ်ပဲ။ သခင့်ကျေးဇူးတော်ပါပဲ။” … |
Click & Join usတံဆိပ်များ
All
|