ကက်သလစ်ဝါဒ- ကောင်းကင်နိုင်ငံနှင့်ဆိုင်သော ကျွန်မ၏ အိပ်မက် အကောင်အထည်ဖော်ခြင်းအတွက် နောက်ဆုံးတွင် မျှော်လင့်ချက်ရှိပြီ (၁) ရှေလာ၊ ကင်ညာနိုင်ငံ ကောင်းကင်နိုင်ငံအိပ်မက်နှင့်ဆိုင်သော မျိုးစေ့ကို စိုက်ခြင်း
ကျွန်မသည် ကက်သလစ် မိသားစုတွင် မွေးဖွားခဲ့ပါသည်၊ ငယ်စဉ်မှစ၍ ကျွန်မ၏ အဘွားက ဆုတောင်းရမည့်ပုံနှင့် ကက်သလစ် ဘာသာဓလေ့များကို လိုက်နာရမည့်ပုံတို့ကို သွန်သင်ခဲ့သည်။ ကျွန်မ ၁၅ နှစ်ရောက်သောအခါ၊ ကောင်းမှုကုသိုလ်ပြုလုပ်ခြင်း နှင့် အခြားသူများကို မေတ္တာထားခြင်းကဲ့သို့သော ကက်သလစ် ယုံကြည်မှုဆိုင်ရာ အယူဝါဒများကို စတင်ဆောင်ရွက်ခဲ့ပြီး အသင်းတော်ထဲက ဘာသာဓလေ့မျိုးစုံတို့တွင် ပါဝင်လုပ်ဆောင်ခဲ့သည်။ ဘုန်းတော်ကြီးက ဤအယူဝါဒများကို ကျင့်သုံးခြင်းအားဖြင့်သာ ကျွန်မတို့ ဘုရားသခင်ကို ယုံကြည်သူ အစစ်အမှန်များဖြစ်နိုင်သည်၊ ပြီးလျှင် ဘုရားသခင် ပြန်ကြွလာသည့်အခါတွင် ကောင်းကင်နိုင်ငံထဲကို ကျွန်မတို့ ဆောင်ယူခံရလိမ့်မည်ဟု မကြာခဏပြောတတ်လေသည်။ ထို့ကြောင့် ကျွန်မအနေဖြင့် ဘုရားသခင် ချစ်သောသူတစ်ဦးဖြစ်လာနိုင်ဖို့၊ သူ၏ ကောင်းကြီးမင်္ဂလာများ ရရှိဖို့ နှင့် ကောင်းကင်နိုင်ငံထဲသို့ ချီဆောင်ခံရဖို့ အသင်းတော်၏ ဘာသာရေးထုံးတမ်းဓလေ့များကို လိုက်နာပြီး အသင်းတော်၏ လှုပ်ရှားမှုများတွင် လုံးဝ တက်တက်ကြွကြွပါဝင်ရမည်ဟု မိမိကိုယ်ကို မကြာခဏ ပြောခဲ့သည်။
0 Comments
|
Click & Join usတံဆိပ်များ
All
|