ယုံကြည်ခြင်း သက်သေခံချက်- ဘုရားသခင်အပေါ် မှီခိုပြီးနောက်တွင် အသက်ကြီးသူ အမျိုးသမီးတစ်ဦး၏ အသည်းရေဖျဉ်းစွဲခြင်းက အံ့သြဖွယ်ရာ ပျောက်ကင်းသည် အယ်ဒီတာ့မှတ်ချက်- “ကျွန်မ ဘုရားသခင်ကို ယုံကြည်တယ်၊ ဒီတော့ ဘာလို့ ဒီနာမကျန်းမှုမျိုးကို ကျွန်မ ခံစားရတာလဲ။ ဘာလို့ ဘုရားသခင်က ကျွန်မကို မကွယ်ကာတာလဲ။” ကျွန်တော်တို့ နေမကောင်းဖြစ်သည့်အခါ ဘုရားသခင်အပေါ် ဤမကျေနပ်မှုမျိုးများ ရှိတတ်ကြသည်။ ဤအဖြစ်အပျက်ထဲက အမျိုးသမီးသည်လည်း ခြွင်းချက်မဟုတ်ပါ။ သူမ၏ အခြေအနေ ဆိုးရွားလာသောအခါ သူမသည် နာမကျန်းဖြစ်ခြင်း၏ နှိပ်စက်မှုဒဏ်ကို မခံနိုင်သောကြောင့် ဘုရားသခင်ကို စတင်အပြစ်တင်လာသည်၊ သို့သော် ဘုရားသခင်ထံ သူမ အမှန်တကယ် ဆုတောင်းပြီး၊ ကိုယ်တော်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီမံခန့်ခွဲမှုများကို ကျိုးနွံနာခံသောအခါ၊ သူမသည် မိမိ၏ သေမျိုးဖြစ်ခြင်းကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ပြီး သူမ၏ အခြေအနေမှာ အံ့သြဖွယ်ရာ တိုးတက်လာလေသည်။ သူမ၏ အတွေ့အကြုံ အဘယ်အရာဖြစ်ခဲ့သည်ကို သင်သိလိုပါသလား။ ကျေးဇူးပြု၍ ဆက်လက်ဖတ်ရှုပါ။
0 Comments
အင်ဒိုင်း၊ တောင်ကိုရီးယား ပထမဆုံးအကြိမ် သခင့်ကို ကျွန်မ တွေ့ဆုံရပြီး ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို တွေ့ကြုံရသည်
၂၀၁၀ ခုနှစ်တွင်၊ ကျွန်မသည် ကျွန်မ၏ ခင်ပွန်းနှင့်အတူ တောင်ကိုရီးယားသို့ ပြောင်းလာခဲ့ကြပြီး အိမ်အနီးတွင်ရှိသည့် ဘုရားကျောင်းတစ်ခုတွင် သခင်ယေရှုကို စတင်ယုံကြည်ခဲ့သည်။ ဝတ်ပြုအစည်းအဝေးများတွင်၊ သင်းအုပ်ဆရာက “ကားတိုင်၏ ကယ်တင်ခြင်း” လမ်းခရီး နှင့် “လောကလူတို့ကို ဘုရားသခင် ချစ်တော်မူသည်”တို့ကို မကြာခဏ ဟောပြောခဲ့ပြီး သခင်ယေရှု၏ ကြီးမြတ်သော ချစ်ခြင်းမေတ္တာကြောင့် ကျွန်မ၏ စိတ်နှလုံး အလွန်အမင်း လှုပ်ရှားခဲ့သည်။ သခင့်ကို ကျွန်မ ဆုတောင်းသည့်အခါတိုင်းတွင်၊ သူ ကျွန်မဘေးတွင် ရှိသကဲ့သို့ ခံစားရပြီး ကျွန်မ၏ စိတ်နှလုံးက ငြိမ်သက်ခြင်းနှင့် လုံခြုံခြင်း ခံစားချက်တို့ဖြင့် ပြည့်လျှမ်းခဲ့ပါသည်။ ထိုအချိန်က၊ သင်းအုပ်ဆရာ၏ တရားဒေသနာများကို ကြားနာဖို့ ဘုရားကျောင်းကို အပတ်တိုင်း အချိန်မီ ကျွန်မတက်ရောက်ခဲ့ပြီး ကျမ်းစာကို နေ့တိုင်း စေ့စေ့စပ်စပ် ဖတ်ရှုခဲ့ကာ တစ်နှစ်အတွင်း တစ်အုပ်လုံးပြီးအောင် လုပ်နိုင်ခဲ့သည်။ နောက်ဆုံးသောကာလတွင် ကျွန်မတို့ကို ကောင်းကင်နိုင်ငံတော်ထဲသို့ ချီမဖို့ရန် သူပြန်လာမည်ဟူသော သခင်ယေရှု၏ ပရောဖက်ပြုချက်များကို ကျွန်မ ဖတ်ခဲ့ရပါသည်၊ ထို့ကြောင့် ကျွန်မ ကိုယ်ပိုင်ဘဝတစ်သက်တာအတွင်း သခင်၏ ပြန်ကြွလာခြင်းကို ကြိုဆိုနိုင်မည်ဟု ကျွန်မ မျှော်လင့်ခဲ့သည်။ ကက်သလစ်ဝါဒ- ကောင်းကင်နိုင်ငံနှင့်ဆိုင်သော ကျွန်မ၏ အိပ်မက် အကောင်အထည်ဖော်ခြင်းအတွက် နောက်ဆုံးတွင် မျှော်လင့်ချက်ရှိပြီ (၁) ရှေလာ၊ ကင်ညာနိုင်ငံ ကောင်းကင်နိုင်ငံအိပ်မက်နှင့်ဆိုင်သော မျိုးစေ့ကို စိုက်ခြင်း
ကျွန်မသည် ကက်သလစ် မိသားစုတွင် မွေးဖွားခဲ့ပါသည်၊ ငယ်စဉ်မှစ၍ ကျွန်မ၏ အဘွားက ဆုတောင်းရမည့်ပုံနှင့် ကက်သလစ် ဘာသာဓလေ့များကို လိုက်နာရမည့်ပုံတို့ကို သွန်သင်ခဲ့သည်။ ကျွန်မ ၁၅ နှစ်ရောက်သောအခါ၊ ကောင်းမှုကုသိုလ်ပြုလုပ်ခြင်း နှင့် အခြားသူများကို မေတ္တာထားခြင်းကဲ့သို့သော ကက်သလစ် ယုံကြည်မှုဆိုင်ရာ အယူဝါဒများကို စတင်ဆောင်ရွက်ခဲ့ပြီး အသင်းတော်ထဲက ဘာသာဓလေ့မျိုးစုံတို့တွင် ပါဝင်လုပ်ဆောင်ခဲ့သည်။ ဘုန်းတော်ကြီးက ဤအယူဝါဒများကို ကျင့်သုံးခြင်းအားဖြင့်သာ ကျွန်မတို့ ဘုရားသခင်ကို ယုံကြည်သူ အစစ်အမှန်များဖြစ်နိုင်သည်၊ ပြီးလျှင် ဘုရားသခင် ပြန်ကြွလာသည့်အခါတွင် ကောင်းကင်နိုင်ငံထဲကို ကျွန်မတို့ ဆောင်ယူခံရလိမ့်မည်ဟု မကြာခဏပြောတတ်လေသည်။ ထို့ကြောင့် ကျွန်မအနေဖြင့် ဘုရားသခင် ချစ်သောသူတစ်ဦးဖြစ်လာနိုင်ဖို့၊ သူ၏ ကောင်းကြီးမင်္ဂလာများ ရရှိဖို့ နှင့် ကောင်းကင်နိုင်ငံထဲသို့ ချီဆောင်ခံရဖို့ အသင်းတော်၏ ဘာသာရေးထုံးတမ်းဓလေ့များကို လိုက်နာပြီး အသင်းတော်၏ လှုပ်ရှားမှုများတွင် လုံးဝ တက်တက်ကြွကြွပါဝင်ရမည်ဟု မိမိကိုယ်ကို မကြာခဏ ပြောခဲ့သည်။ သုံးပါးတစ်ဆူ၏ နက်နဲမှုကို စူးစမ်းစစ်ဆေးခြင်း၊ ကျွန်မသည် ခမည်းတော်နှင့် သားတော် တို့၏ ဆက်နွယ်မှုကို နားလည်သဘောပေါက်ခဲ့သည် (၂) ဒန်ဒန် အမေရိကန်နိုင်ငံ ခမည်းတော်နှင့် သားတော်တို့၏ ယူဆချက် နောက်ကွယ် မှ အကြောင်းအရင်း ထို့နောက် ကျွန်မက “ ညီမရေ၊ ကျွန်မမှာ နောက်ထပ် မေးခွန်းတစ်ခုရှိတယ်။ ဘုရားသခင်က တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင် ဆိုရင်၊ ဘာကြောင့် သခင်ယေရှုက သူတပည့်တော်တွေကို ဆုတောင်း နည်းသင်ပေးတဲ့အချိန်မှာ ဘုရားသခင်ကို ကောင်းကင်ဘုံက ခမည်းတော်လို့ ခေါ်ခဲ့တာလဲ။ ပြီးတော့ ကိုယ်တော်က ဗိတ္တိဇံခံယူချိန်မှာ၊ သန့်ရှင်းသော ဝိညာဉ်တော်က သခင်ယေရှုဟာ ဘုရားသခင်ရဲ့ ချစ်သောသားဖြစ်ကြောင်း ဘာဖြစ်လို့ သက်သေခံ ခဲ့တာလဲ။ အဲဒါက ဘာကို ဆိုလိုတာလဲ” ဟု သူမကို မေးခဲ့ပါသည်။ ရှင်မင်း၊ အမေရိကန်ပြန်ထောင်စု မြူများ လွင့်ပျောက်သွားပြီး ကောင်းကင်ပြာကို ကျွန်တော် မြင်ရသည် ဒီဇင်ဘာ ၂ ရက်နေ့၊ နေ့လည်စာစားပြီးနောက်တွင် ညီအကိုမောင်နှမများနှင့် ကျွန်တော် ဆက်၍ တွေ့ဆုံဆွေးနွေးခဲ့သည်။ ဆုတောင်းပြီးနောက်တွင် မည်သည့် သမ္မာတရားရှုထောင့်အား ကျွန်တော်တို့ မိတ်သဟာယပြုချင်သည်ကို အစ်မလူက မေးသည်။ ကျွန်တော်၏ ရှုပ်ထွေးမှုများနှင့် အတွေးအမြင်တို့ကို သူမအား စိတ်အားထက်သန်စွာ- “ သခင်က အမျိုးသမီးတစ်ယောက်အဖြစ် လူ့ဇာတိခံယူတယ်ဆိုတာက သမ္မာကျမ်းစာ အထောက်အထား ရှိကိုမရှိတာပါ။ သခင်ယေရှုက အမျိုးသားတစ်ယောက်ဖြစ်ခဲ့တယ်။ ဒါကြောင့် ဘုရားသခင် ဒုတိယအကြိမ်ကြွလာခြင်းကလည်း သေချာပေါက် အမျိုးသားတစ်ယောက်အနေနဲ့ပဲ ထပ်ပြီးဖြစ်ရမယ်” ဟု ကျွန်တော် ပြောခဲ့ပါသည်။ အစ်မလူက ပြောသည်။ “ အရင်ဆုံး ကျမ်းစာနဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တောတွေကို ကြည့်ကြည့်ရအောင်။ ‘အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။ မြေကြီးသည်အဆင်းသဏ္ဍာန်မရှိ၊ လွတ်လပ်လဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏။’ (ကမ္ဘာဦးကျမ်း ၁:၁-၂) ‘ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအဆင့်အသီးသီးတို့၌ ၎င်းတို့၏ကိုယ်ပိုင် လက်တွေ့ကျသော ရည်ရွယ်ချက်များ ရှိသည်။ ထိုစဉ်အချိန်က ယေရှုကြွလာခဲ့သောအခါ၊ သူသည် အမျိုးသားတစ်ဦး ဖြစ်ခဲ့သည်၊ သို့သော် ယခုတစ်ကြိမ် ဘုရားသခင်ကြွလာသောအခါ သူသည် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဤအရာမှ ဘုရားသခင်သည် အမျိုးသားနှင့် အမျိုးသမီးကို သူ၏အမှုအတွက် ဖန်ဆင်းခဲ့သည်ဆိုခြင်းကို သင်မြင်နိုင်သည်၊ ထို့ပြင် သူ့အနေနှင့် ကျားမခွဲခြားခြင်း မရှိပေ။ သူ၏ဝိညာဉ်တော် ကြွလာသည့်အခါတွင် သူ့အနေဖြင့် မည်သည့် ဇာတိခန္ဓာဖြစ်စေ သူ့ကို ကိုယ်စားပြုနိုင်သည့် ဇာတိခန္ဓာကို ယူတင်နိုင်ပေသည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ဘုရားသခင် ခံယူသော ဇာတိခန္ဓာဖြစ်နေသရွေ့ ယင်းသည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်။ အကယ်၍ ယေရှုကြွလာခဲ့သည့် အချိန်တွင် သူ့အနေဖြင့် အမျိုးသမီးအသွင်နှင့် ပေါ်လာခဲ့ပါလျှင်၊ တစ်နည်းအားဖြင့် အကယ်၍ သားယောက်ျားမဟုတ်ဘဲ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်သော သမီးမိန်းကလေးဖြစ်ခဲ့လျှင် အမှု၏ထိုအဆင့်သည် ထပ်တူညီစွာ ပြီးပြည့်စုံခဲ့မည်ပင် ဖြစ်သည်။ အကယ်၍ ထိုကဲ့သို့သာ ဖြစ်ခဲ့မည်ဆိုပါက၊ ယခုလက်ရှိ အမှု၏အဆင့်သည် အမျိုးသားအားဖြင့် ပြီးမြောက်ရမည်ဖြစ်ပြီး၊ အမှုသည်လည်း ထပ်တူညီစွာပင် ပြီးမြောက်လာမည် ဖြစ်သည်။ အဆင့်အသီးသီးတွင် လုပ်ဆောင်ခဲ့သော အမှုသည် ရည်ရွယ်ချက် အတူတူပင် ဖြစ်သည်။ မည်သည့်အဆင့်၏ အမှုကမျှ ထပ်ကျော့မပြန်သကဲ့သို့ အခြားအဆင့်တစ်ခုနှင့်လည်း ကွဲပြားဆန့်ကျင်ခြင်း မရှိချေ။’ ‘လူ့ဇာတိခံယူသော ဘုရားသခင်သည် အနှစ်ချုပ်အားဖြင့် လိင်သတ်မှတ်ချက် မရှိပေ။ ဘုရားသခင်သည် ယောက်ျားနှင့် မိန်းမ နှစ်မျိုးစလုံးကို ဖန်ဆင်းခဲ့ပြီး၊ သူသည် ကျား၊မ အကြား ခွဲခြားမှု မပြုပေ။’” ရှင်မင်း၊ အမေရိကန်ပြန်ထောင်စု ဘုရားသခင်ရှေ့သို့ ကျွန်တော် ပြန်လာနိုင်ခြင်းမှာ လုံးလုံးလျားလျား သူ၏ ကျေးဇူးပြုခြင်းနှင့် သနားကြင်နာမှုကြောင့်ဖြစ်သည်။ ထူထပ်သည့် မြူတို့အား ပပျောက်စေပြီး အပြာရောင် မိုးကောင်းကင်ကို ကျွန်တော့်အား မြင်ခွင့်ပေးသည့်အရာမှာ သြဇာအာဏာနှင့် ပြည့်နေသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ပင်ဖြစ်သည်။ ကျွန်တော် လိုက်လျှောက်ခဲ့သည့် လမ်းကြောင်းကို စဉ်းစားကြည့်သည့်အခါတွင် အမှန်တကယ်ပင် အတက်အကျများလွန်းလှသည်။ သမ္မာကျမ်းစာ၏ မှန်ကန်သည့် အမြင်ရှုထောင့်ကို လက်ခံခြင်းအားဖြင့် သခင့်ပြန်ကြွလာခြင်းကို ကျွန်မကြိုဆိုသည် စင်းနင်း မလေးရှား
သတင်းကောင်း- သခင်ပြန်ကြွလာခဲ့ပြီ ကျွန်မက ခရစ်ယာန်တစ်ယောက်ဖြစ်ပြီး ကျွန်မ ငယ်စဉ်က ကျွန်မအဒေါ်၏ သခင့်ကို ယုံကြည်ခြင်း နောက်လိုက်ခဲ့ကာ တနင်္ဂနွေဝတ်ပြုခြင်းကို ကျွန်မ တို့ မကြာခဏ တက်ရောက်ခဲ့ပါသည်။ ၂၀၁၇ အကုန်နီးပါးတွင် အလုပ်ထဲ၌ အလွန်အလုပ်ရှုပ်သော ကြောင့် ကျွန်မသည် အသင်းတော် စုဝေးပွဲများကို တက်ရောက်ဖို့ အချိန်မရှိကြောင်း သိခဲ့ရသောကြောင့် ကျွန်မက အွန်လိုင်း သမ္မာကျမ်းစာလေ့လာခြင်း အတန်းများကို စတင်တက်ရောက်ခဲ့ပါသည်။ ကျွန်မ အစ်မ ဆူးကို ကျွန်မ သမ္မာကျမ်းစာ လေ့လာခြင်း အုပ်စု၌ ဆုံခဲ့ပြီး၊ သူမသည် အတော်အတန် မေတ္တာကရုဏာကြီးမားသည်ကို တွေ့ခဲ့ရသည်။ ကျွန်မမှာ မည်သည့်မေးခွန်းများ ရှိပါစေ၊ သူမက ကျွန်မ ပြဿနာများ ပြေလည်သွားစေရန် ကျွန်မနှင့် အမြဲတမ်း စိတ်ရှည်လက်ရှည် မိတ်သဟာယ ပြုပေးခဲ့သည်။ နောက်ပိုင်းတွင် အစ်မဆူးက သခင်က နောက်ဆုံးသောကာလတွင် ပြန်ကြွလာပြီး ဖြစ်သည့်အပြင်၊ အမှုတော်အဆင့်သစ်ကို ပြုနေ ကြောင်း၊ ကျွန်မတို့အပြစ်များကို တရားစီရင်ရန် နှင့် သန့်စင်ရန် သူ့နှုတ်ကပတ်တော်များကို အသုံးပြုနေ ကြောင်းနှင့် သူက သန့်စင်ခံရပြီးသူများကို သူ့ နိုင်ငံတော်ထဲသို့ ဦးဆောင်လိမ့်မည် ဖြစ်ကြောင်း တို့ကို ကျွန်မကို သက်သေခံခဲ့သည်။ သူမက ကျွန်မကို အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကိုလည်း ဖတ်ပြခဲ့ပြီး၊ ဘုရားသခင်၏ အမှုတော်အဆင့်သုံးဆင့်၊ ဘုရားသခင့် နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် ဆိုင်ရာ နက်နဲမှု နှင့် ဘုရားသခင့် နာမတော်၏ နက်နဲမှု တို့ကဲ့သို့ သမ္မာတရား များအကြောင်း မိတ်သဟာယပြုခဲ့ပါသည်။ ကျွန်မ ဤအရာများအကြောင်း လုံးဝမကြားခဲ့ဖူး သည့်အပြင် ဤနည်းလမ်းကို လန်းဆန်းပြီး သစ်လွင် သည်ဟု ခံစားခဲ့ရသည်၊ ပြီးလျှင် ကျွန်မက သူမတရားဟောကြားခဲ့သည့် နည်းလမ်းကို ဆက်ပြီး လေ့လာလိုခဲ့သည်။ |
Click & Join usတံဆိပ်များ
All
|