ကက်သလစ်ဝါဒ- ကောင်းကင်နိုင်ငံနှင့်ဆိုင်သော ကျွန်မ၏ အိပ်မက် အကောင်အထည်ဖော်ခြင်းအတွက် နောက်ဆုံးတွင် မျှော်လင့်ချက်ရှိပြီ (၂) ရှေလာ၊ ကင်ညာနိုင်ငံ သန့်စင်ခံရခြင်းနှင့် ကောင်းကင်နိုင်ငံထဲ ဝင်ရောက်ခြင်းဆီသို့ လမ်းကြောင်း အစ်မ လီလီက၊ “ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်၊ ရှင် လုံးဝ မှန်ပါတယ်။ ကောင်းကင်နိုင်ငံထဲ ကျွန်မတို့ ဝင်ချင်တယ်ဆိုရင်၊ ကျွန်မတို့ရဲ့ အပြစ်နဲ့ ပြည့်ဝမှုကို ကျွန်မတို့ လုံးဝ ဖြေရှင်းရမှာဖြစ်တယ်။ ဒီတော့ အပြစ်နဲ့ ပြည့်တဲ့ သဘာဝကနေ ကျွန်မတို့ ဘယ်လို လွတ်မြောက်ပြီး သန့်စင်ခံရနိုင်သလဲ။ ဒီအတွက်၊ ကျွန်မတို့အနေနဲ့ သခင်ယေရှုရဲ့ အမှုတော်နဲ့ အဲဒီအမှုတော်ရရှိခဲ့တဲ့ ရလဒ်တွေအပြင် အပြစ်ကို အပြည့်အဝ စွန့်ပစ်ခြင်း လမ်းကြောင်းကို နားလည်ရပါမယ်။ အရင်ဆုံး ဘုရားနှုတ်ကပတ်တော်တွေရဲ့ ကျမ်းပိုဒ်အချို့ကို ဖတ်ရအောင်၊ ‘ရွေးနုတ်ခြင်းခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ မရောက်သေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေနှင့် သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်ဆိုလျှင် သင့်ကို ယေရှုက ကယ်တင်ခဲ့ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင့်ကို အပြစ်သားအဖြစ် မရေတွက်သည်မှာ မှန်သော်လည်း ၎င်းက သင်သည် အပြစ်ကင်းပြီး မသန့်ရှင်းသူမဟုတ်ကြောင်း သက်သေပြခြင်း မဟုတ်ပေ။ သင်သည် မပြောင်းလဲသေးပါက မည်ကဲ့သို့လျှင် သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ ကံကောင်းလိုက်မည့် ဖြစ်ခြင်း။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ပျောက်ဆုံးခဲ့ပြီ။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသည်၊ သို့သော် သင်သည် မပြောင်းလဲသေး။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်အလို့ငှာ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင်လုပ်ရမည်။ သင်သည် အကယ်၍ ရွေးနုတ်ခြင်းကို ခံရရုံသာဖြစ်ပါက သင်သည် မွန်မြတ်သန့်ရှင်းခြင်းကို ရယူရန် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့်အတွက် ဤနည်းလမ်းအားဖြင့် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ရာ မကြာသေးမီက ရွေးနုတ်ခံရသော အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေအနှစ်ကို တိုက်ရိုက်အမွေဆက်ခံရန် စွမ်းဆောင်နိုင်မည်မဟုတ်ပေ။’ (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍”) ‘ယေရှုသည် လူသားတို့အကြားတွင် အလုပ်များစွာ လုပ်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ် အားလုံးအတွက် ရွေးနုတ်ကယ်တင်ခြင်းကိုသာ ပြီးမြောက်စေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သည်။ သို့သော် လူသားတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို ပယ်ရှင်းမပေးခဲ့ပါ။ စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ် လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန်ယိုယွင်းဖျက်ဆီးခဲ့သော လူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့အပြစ်မှ ခွင့်လွှတ်ခြင်းခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကို ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန်ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အား ပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခုဆီသို့ ဆောင်ကြဉ်းခဲ့သည်။ သူ၏အုပ်စိုးမှုကို နာခံသူအားလုံးသည် ပိုမြင့်သော သမ္မာတရားနှင့် ပိုကြီးမြတ်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ သူတို့သည် အလင်းတွင် အမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကိုလည်း ရကြလိမ့်မည်။’ (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)”
0 Comments
ရှင်မင်း၊ အမေရိကန်ပြန်ထောင်စု မြူများ လွင့်ပျောက်သွားပြီး ကောင်းကင်ပြာကို ကျွန်တော် မြင်ရသည် ဒီဇင်ဘာ ၂ ရက်နေ့၊ နေ့လည်စာစားပြီးနောက်တွင် ညီအကိုမောင်နှမများနှင့် ကျွန်တော် ဆက်၍ တွေ့ဆုံဆွေးနွေးခဲ့သည်။ ဆုတောင်းပြီးနောက်တွင် မည်သည့် သမ္မာတရားရှုထောင့်အား ကျွန်တော်တို့ မိတ်သဟာယပြုချင်သည်ကို အစ်မလူက မေးသည်။ ကျွန်တော်၏ ရှုပ်ထွေးမှုများနှင့် အတွေးအမြင်တို့ကို သူမအား စိတ်အားထက်သန်စွာ- “ သခင်က အမျိုးသမီးတစ်ယောက်အဖြစ် လူ့ဇာတိခံယူတယ်ဆိုတာက သမ္မာကျမ်းစာ အထောက်အထား ရှိကိုမရှိတာပါ။ သခင်ယေရှုက အမျိုးသားတစ်ယောက်ဖြစ်ခဲ့တယ်။ ဒါကြောင့် ဘုရားသခင် ဒုတိယအကြိမ်ကြွလာခြင်းကလည်း သေချာပေါက် အမျိုးသားတစ်ယောက်အနေနဲ့ပဲ ထပ်ပြီးဖြစ်ရမယ်” ဟု ကျွန်တော် ပြောခဲ့ပါသည်။ အစ်မလူက ပြောသည်။ “ အရင်ဆုံး ကျမ်းစာနဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တောတွေကို ကြည့်ကြည့်ရအောင်။ ‘အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။ မြေကြီးသည်အဆင်းသဏ္ဍာန်မရှိ၊ လွတ်လပ်လဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏။’ (ကမ္ဘာဦးကျမ်း ၁:၁-၂) ‘ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအဆင့်အသီးသီးတို့၌ ၎င်းတို့၏ကိုယ်ပိုင် လက်တွေ့ကျသော ရည်ရွယ်ချက်များ ရှိသည်။ ထိုစဉ်အချိန်က ယေရှုကြွလာခဲ့သောအခါ၊ သူသည် အမျိုးသားတစ်ဦး ဖြစ်ခဲ့သည်၊ သို့သော် ယခုတစ်ကြိမ် ဘုရားသခင်ကြွလာသောအခါ သူသည် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဤအရာမှ ဘုရားသခင်သည် အမျိုးသားနှင့် အမျိုးသမီးကို သူ၏အမှုအတွက် ဖန်ဆင်းခဲ့သည်ဆိုခြင်းကို သင်မြင်နိုင်သည်၊ ထို့ပြင် သူ့အနေနှင့် ကျားမခွဲခြားခြင်း မရှိပေ။ သူ၏ဝိညာဉ်တော် ကြွလာသည့်အခါတွင် သူ့အနေဖြင့် မည်သည့် ဇာတိခန္ဓာဖြစ်စေ သူ့ကို ကိုယ်စားပြုနိုင်သည့် ဇာတိခန္ဓာကို ယူတင်နိုင်ပေသည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ဘုရားသခင် ခံယူသော ဇာတိခန္ဓာဖြစ်နေသရွေ့ ယင်းသည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်။ အကယ်၍ ယေရှုကြွလာခဲ့သည့် အချိန်တွင် သူ့အနေဖြင့် အမျိုးသမီးအသွင်နှင့် ပေါ်လာခဲ့ပါလျှင်၊ တစ်နည်းအားဖြင့် အကယ်၍ သားယောက်ျားမဟုတ်ဘဲ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်သော သမီးမိန်းကလေးဖြစ်ခဲ့လျှင် အမှု၏ထိုအဆင့်သည် ထပ်တူညီစွာ ပြီးပြည့်စုံခဲ့မည်ပင် ဖြစ်သည်။ အကယ်၍ ထိုကဲ့သို့သာ ဖြစ်ခဲ့မည်ဆိုပါက၊ ယခုလက်ရှိ အမှု၏အဆင့်သည် အမျိုးသားအားဖြင့် ပြီးမြောက်ရမည်ဖြစ်ပြီး၊ အမှုသည်လည်း ထပ်တူညီစွာပင် ပြီးမြောက်လာမည် ဖြစ်သည်။ အဆင့်အသီးသီးတွင် လုပ်ဆောင်ခဲ့သော အမှုသည် ရည်ရွယ်ချက် အတူတူပင် ဖြစ်သည်။ မည်သည့်အဆင့်၏ အမှုကမျှ ထပ်ကျော့မပြန်သကဲ့သို့ အခြားအဆင့်တစ်ခုနှင့်လည်း ကွဲပြားဆန့်ကျင်ခြင်း မရှိချေ။’ ‘လူ့ဇာတိခံယူသော ဘုရားသခင်သည် အနှစ်ချုပ်အားဖြင့် လိင်သတ်မှတ်ချက် မရှိပေ။ ဘုရားသခင်သည် ယောက်ျားနှင့် မိန်းမ နှစ်မျိုးစလုံးကို ဖန်ဆင်းခဲ့ပြီး၊ သူသည် ကျား၊မ အကြား ခွဲခြားမှု မပြုပေ။’” ရှင်မင်း၊ အမေရိကန်ပြန်ထောင်စု ဘုရားသခင်ရှေ့သို့ ကျွန်တော် ပြန်လာနိုင်ခြင်းမှာ လုံးလုံးလျားလျား သူ၏ ကျေးဇူးပြုခြင်းနှင့် သနားကြင်နာမှုကြောင့်ဖြစ်သည်။ ထူထပ်သည့် မြူတို့အား ပပျောက်စေပြီး အပြာရောင် မိုးကောင်းကင်ကို ကျွန်တော့်အား မြင်ခွင့်ပေးသည့်အရာမှာ သြဇာအာဏာနှင့် ပြည့်နေသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ပင်ဖြစ်သည်။ ကျွန်တော် လိုက်လျှောက်ခဲ့သည့် လမ်းကြောင်းကို စဉ်းစားကြည့်သည့်အခါတွင် အမှန်တကယ်ပင် အတက်အကျများလွန်းလှသည်။ |
Click & Join usတံဆိပ်များ
All
|