အင်ဒိုင်း၊ တောင်ကိုရီးယား ပထမဆုံးအကြိမ် သခင့်ကို ကျွန်မ တွေ့ဆုံရပြီး ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို တွေ့ကြုံရသည်
၂၀၁၀ ခုနှစ်တွင်၊ ကျွန်မသည် ကျွန်မ၏ ခင်ပွန်းနှင့်အတူ တောင်ကိုရီးယားသို့ ပြောင်းလာခဲ့ကြပြီး အိမ်အနီးတွင်ရှိသည့် ဘုရားကျောင်းတစ်ခုတွင် သခင်ယေရှုကို စတင်ယုံကြည်ခဲ့သည်။ ဝတ်ပြုအစည်းအဝေးများတွင်၊ သင်းအုပ်ဆရာက “ကားတိုင်၏ ကယ်တင်ခြင်း” လမ်းခရီး နှင့် “လောကလူတို့ကို ဘုရားသခင် ချစ်တော်မူသည်”တို့ကို မကြာခဏ ဟောပြောခဲ့ပြီး သခင်ယေရှု၏ ကြီးမြတ်သော ချစ်ခြင်းမေတ္တာကြောင့် ကျွန်မ၏ စိတ်နှလုံး အလွန်အမင်း လှုပ်ရှားခဲ့သည်။ သခင့်ကို ကျွန်မ ဆုတောင်းသည့်အခါတိုင်းတွင်၊ သူ ကျွန်မဘေးတွင် ရှိသကဲ့သို့ ခံစားရပြီး ကျွန်မ၏ စိတ်နှလုံးက ငြိမ်သက်ခြင်းနှင့် လုံခြုံခြင်း ခံစားချက်တို့ဖြင့် ပြည့်လျှမ်းခဲ့ပါသည်။ ထိုအချိန်က၊ သင်းအုပ်ဆရာ၏ တရားဒေသနာများကို ကြားနာဖို့ ဘုရားကျောင်းကို အပတ်တိုင်း အချိန်မီ ကျွန်မတက်ရောက်ခဲ့ပြီး ကျမ်းစာကို နေ့တိုင်း စေ့စေ့စပ်စပ် ဖတ်ရှုခဲ့ကာ တစ်နှစ်အတွင်း တစ်အုပ်လုံးပြီးအောင် လုပ်နိုင်ခဲ့သည်။ နောက်ဆုံးသောကာလတွင် ကျွန်မတို့ကို ကောင်းကင်နိုင်ငံတော်ထဲသို့ ချီမဖို့ရန် သူပြန်လာမည်ဟူသော သခင်ယေရှု၏ ပရောဖက်ပြုချက်များကို ကျွန်မ ဖတ်ခဲ့ရပါသည်၊ ထို့ကြောင့် ကျွန်မ ကိုယ်ပိုင်ဘဝတစ်သက်တာအတွင်း သခင်၏ ပြန်ကြွလာခြင်းကို ကြိုဆိုနိုင်မည်ဟု ကျွန်မ မျှော်လင့်ခဲ့သည်။
0 Comments
ရှင်းရွမ် သြစတြေးလျ ဘုရားသခင်မှာ တစ်သမတ်တည်းဖြစ်သော အမှန်တကယ် ရှိပါသလား။ သခင်ယေရှုက ယောက်ျားအဖြစ်နှင့် ဇာတိပကတိကို လာရောက်ခဲ့သည်၊ သို့သော်လည်း ဤသည်မှာ ဘုရားသခင်က ယောက်ျားဖြစ်သည်ဟု ညွှန်ပြနေပါသလား။ ဤသည်မှာ မည်သူမျှ ပြတ်သားစွာ မရှင်းပြနိုင်သည့် မေးခွန်းတစ်ခုဖြစ်သည်။ ထို့အပြင် ကျွန်မသည် ဘုရားသခင်ကို သိကျွမ်းခြင်း တစ်စုံတစ်ရာမရှိခဲ့သောကြောင့် ဘုရားသခင်၏ လိင်နှင့် ပတ်သက်ပြီး အယူအဆများအပြည့်ရှိသည်မှာ ကျွန်မသည် သခင့်ကို ကြိုဆိုရန် အခွင့်အလမ်းကိုပင် လက်လွတ်လုနီးပါးဖြစ်ခဲ့သည်။ ထို့ကြောင့် အောက်တွင် ကျွန်မ၏ အတွေ့အကြုံအကြောင်းကို လူတိုင်းကို ပြောပြမည် ဖြစ်ပြီး၊ ယင်းမှာ အထောက်အကူ ဖြစ်လိမ့်မည်ဟု မျှော်လင့်ပါသည်။
ရာမဒီ ဖိလစ်ပိုင်
သခင့်ကို နှစ်များစွာ ယုံကြည်ခဲ့သည့် ခရစ်ယာန် တစ်ယောက် အနေဖြင့် သင်းအုပ်ဆရာများက သူတို့၏ ဒေသနာများတွင် “ ကျွန်တော်တို့လို ယုံကြည်သူတွေက ကျွန်တော်တို့ အပြစ်တွေကနေ ရွေးနှုတ်ခံရပြီး၊ အပြစ် ဖြေခဲ့ပြီး ဖြစ်တယ်။ သခင်ကြွလာတဲ့အချိန်မှာ၊ ကိုယ်တော် က ကျွန်တော်တို့ကို ကောင်းကင်နိုင်ငံတော် ထဲကို တိုက်ရိုက်ချီဆောင်လိမ့်မယ်” ဟု ပြောသည်ကို ကျွန်မ မကြာခဏ ကြားဖူးပါသည်။ သို့သော်လည်း ကျွန်မက သခင့်ကို ပြန်ကြွလာရန် နှင့် ကျွန်မတို့အား ကောင်းကင်နိုင်ငံတော်တွင်းသို့ ခေါ်ဆောင်ရန် စိတ်မရှည်စွာ စောင့်ဆိုင်းနေခဲ့စဉ်တွင်၊ ကျွန်မအတွက် အထူးသဖြင့် နာကျင်ဖွယ်နှင့် စိတ်ရှုပ်ထွေးဖွယ် တစ်စုံ တစ်ခု ဖြစ်ပျက်ခဲ့ပါသည်။ ဒါဆိုရင် ဒါက ဘုရားသခင်က လူ့ဇာတိခံယူပြီး ပြန်ကြွလာခြင်းရဲ့ အရေးပါမှုပေါ့
ဝိန်ဝိန် အမေရိက “ နင် ဝိန်ဝိန်လား” “ ကျင်ချီလား” “ အိုး ဝိန်ဝိန် အရင်က ငါ့အိမ်နီးနားချင်းကြီး။ နင်နဲ့ဝင်တိုးတာ အံ့သြစရာပဲ။ ငါတို့မတွေ့ဖြစ်တာနှစ်တွေတော်ကြာပြီးတော့မှ တခြားနိုင်ငံတစ်နိုင်ငံမှာ ထပ်တွေ့ကြတယ်။ ဒါ တကယ်ကို သခင့်ရဲ့ စီစဉ်မှုပဲ။” “ ဟုတ်တယ် တကယ်ပဲ။ သခင့်ကျေးဇူးတော်ပါပဲ။” … |
Click & Join usတံဆိပ်များ
All
|