တရားစီရင်မှုအပေါ် ကျွန်မ၏ အထင်လွဲမှားမှုကို သုတ်သင်ဖယ်ရှင်းခြင်းအားဖြင့် ကျွန်မသည် သခင်ပြန်ကြွလာခြင်းကို ကြိုဆိုနိုင်ခဲ့သည် ဂျင်ရီ အမေရိကန်နိုင်ငံ
အစည်းအဝေးတစ်ခုတွင် သခင်ပြန်ကြွလာမည့် သတင်းကောင်းကို ကြားသိရခြင်း ၂၀၁၆ ခုနှစ်တွင် ကျွန်မသည် သခင့်ကို စတင်ယုံကြည်ခဲ့ပြီး၊ အစည်းအဝေးများကို သီတင်းပတ်တိုင်း တက်ရောက်ခဲ့သည်။ နောက်ပိုင်းတွင် ညီမအသစ်တစ်ယောက်သည် ကျွန်မတို့ အစည်းအဝေး များကို စတင်လာရောက်ခဲ့သည်။ သူမနှင့် အစည်းအဝေးအချို့ ပြုလုပ်ပြီး နောက်ပိုင်းတွင်၊ သူမစကားများသည် မတူညီသော ကျမ်းချက်များစွာ နှင့်ပတ်သက်ပြီး နားလည်ရပိုမိုလွယ်ကူ စေနိုင် ကြောင်းကို ကျွန်မ တွေ့ရှိခဲ့ရပါသည်။ လူတိုင်းသည် သူမအားဖြင့် ကောင်းမွန်သော ထောက်ပံ့မှုကို ရရှိသည်ဟု ခံစားရပြီး၊ ကျွန်မသည် သူမအား အလွန် အထင်ကြီးအားကျခဲ့သည်။ကျွန်မက “သူက အရမ်းငယ်တာပဲ၊ ဒါပေမဲ့ သူ့အသက်အရွယ်နဲ့ မလိုက်အောင်ကို သမ္မာကျမ်းစာအကြောင်း မိတ်သဟာယပြုတဲ့အခါမှာ ငါတို့သင်းအုပ် ဆရာထက် သာနေတယ်။ သူက သမ္မာကျမ်းစာကို ဒါမျိုး ဘယ်လိုလုပ် ပြီးဖတ်နိုင်တာလဲ” ဟု တွေးမိသည်။သိလိုစိတ်ဖြင့် ကျွန်မက သူမကို “ညီမ သမ္မာကျမ်းစာကို နားလည်တာက အားကျဖို့ကောင်းတယ်။ အဲဒါကို ဘယ်လိုလုပ်ပြီး ဒီလောက်အများကြီး နားလည်နေရ တာလဲ ”နှစ်ကိုယ်ကြားမေးခဲ့သည်။ သူမက ပိုမိုရှင်းလင်းစွာနှင့် နားလည်သဘောပေါက် နိုင်အောင် ညီအစ်ကိုမောင်နှမများ မိတ်သဟာယပြုသည့် နောက်ထပ် အစည်းအဝေးတစ်ခု ကိုလည်း တက်ရောက်ခဲ့ကြောင်းပြောပြီး၊ ကျွန်မကိုလည်း လာရောက် နားထောင်ရန် ဖိတ်ခေါ်လေသည်။ ထိုဖိတ်ခေါ်မှုကို ကျွန်မက ပျော်ရွှင်စွာ သဘောတူခဲ့ပါသည်။
0 Comments
|
Click & Join usတံဆိပ်များ
All
|